• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Stay at Home ကာလ အပြင်ထွက်လျှင် အရေးယူမည်ဆိုသည်မှာ မမှန်ဟု တိုင်းအစိုးရ ထုတ်ပြန်

by ထက်ခေါင်လင်း
23 September 2020
in သတင်း
A A
ကိုဗစ် ဒုတိယလှိုင်းကြောင့် လူအသွားအလာကျဲသွားသည့် ရန်ကုန်အား စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

ကိုဗစ် ဒုတိယလှိုင်းကြောင့် လူအသွားအလာကျဲသွားသည့် ရန်ကုန်အား စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

42.5k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း၌ ကိုကိုးကျွန်းမြို့နယ်မှ လွဲ၍ ကျန်မြို့နယ်အားလုံးရှိ ပြည်သူများအား Stay at Home နေရန် ကြေညာထားရာ ထိုကာလ အိမ်အပြင် ထွက်ခွင့်ရှိသူမဟုတ်ဘဲ နေအိမ်၊ ရပ်ကွက်ပြင်ပသို့ ထွက်မည်ဆိုပါက အရေးယူမည်ဆိုသည့် သတင်း မှာ မမှန်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က စက်တင်ဘာ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

လူမှုကွန်ရက် Facebook စာမျက်နှာအချို့တွင် ရပ်ကွက်အတွင်း နေအိမ်ပြင်ပ ထွက်ခွင့်မရှိသူများ ထွက်မည်ဆိုလျှင် ထောင်ဒဏ် ၁ နှစ်(သို့မဟုတ်) ငွေဒဏ် ၃ သိန်း ပေးဆောင်ရမည်ဆိုကာ ရပ်ကွက် အချို့တွင် လိုက်လံကြေညာသည် ဆိုသည့် ကောလာဟလများ ထွက်ပေါ်နေရာ ထိုသတင်းများသည် သတင်းအမှားများသာဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာနှင့် Website တို့တွင်လည်း ကြေညာထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူတဦးက “ကျနော်တို့ အဲဒီလို ဒီ စက်တင်ဘာ ၂၄ ကနေ အောက်တိုဘာ ၇ ရက်ကြားကာလ ထိန်းချုပ်ရေး လုပ်နိုင်အောင်ဆိုပြီး ဗဟိုကော်မတီရဲ့ အစီအမံအတိုင်းပဲ ကျနော်တို့လုပ်တယ်။ အိမ်ထဲက ထွက်လာလို့ ဥပဒေအရ အရေးယူဖို့ကိုတော့ ကျနော်တို့ မညွှန်ကြားထားပါဘူး” ဟု ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
520
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
42
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
89

ထိုကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ တိုင်းအတွင်းရေးမှူးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ထံ ဖုန်းဆက်သွယ်မေးမြန်းသော်လည်း လက်ခံ ဖြေကြားခဲ့ခြင်းမရှိပေ။

Stay at Home ကာလတွင်း ရပ်ကွက်အုပ်ချုပ်ရေးအပြင် ရပ်မိရပ်ဖများနှင့် စုပေါင်းတိုင်ပင်ကာ လမ်းတိုင်းကို လုံခြုံရေး လုပ်ရန်အတွက် စီမံထားပြီးဖြစ်သော်လည်း အရေးယူရန်ဆိုသည့် ကိစ္စကို သက်ဆိုင်ရာကလည်း ညွန်ကြားထားခြင်း မရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က ပြောသည်။

ဦးအောင်ထိုက်က “အဲဒီလို အရေးယူဖို့အထိတော့ ကျနော်တို့ကို ဘာမှညွှန်ကြားထားတာ မရှိပါဘူး။ ယူမယ်၊ မယူဘူး ဆိုတာ ကျနော်တို့ မသိဘူး။ ကျနော်တို့ကို ညွှန်ကြားထားတာတော့ လမ်းတွေကို လုံခြုံရေးချပြီး လူအဝင်အထွက် စိစစ် မယ်၊ ကြပ်မတ်မယ်။ ဒါကလည်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ကျနော်တို့ကို လုပ်ဖို့ ညွှန်ကြား ထားတာ” ဟု ဆိုသည်။

သို့သော် သင်္ဃန်းကျွန်းမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦနေဘုန်းလတ် (ခ) ဦးနေမျိုးကျော် ကမူ ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် “၂၁ ရက်နေ့ မနက်ကစ အသက်ဝင်တဲ့ အမိန့် မလိုက်နာသူတွေများစွာ တွေ့နေရပါတယ်။ မနက် ဖြန်မှာ စစ်ဆေးမေးမြန်းမှုတွေ၊ ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေ ရှိလာနိုင်ပါတယ်။ လိုက်နာကြဖို့ မေတ္တာရပ်ခံပါ တယ်”ဟု ရေးသားထားသည်။

ထိုသို့ရေးသားထားခြင်းနှင့် ပတ်သက်၍ ဧရာဝတီက ဦးနေဘုန်းလတ်ကို မေးမြန်းရာတွင် ၎င်း အနေဖြင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေဖြင့် အရေးယူမည် မယူမည်ကို မသိသော်လည်း စက်တင်ဘာ ၂၁ ရက်နေ့မှ ထုတ်ပြန်ခဲ့သည့် ကျန်းမာ ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အရေးယူလျှင် ယူ၍ရကြောင်း၊ ထို့အတွက် ပြည်သူများ အနေဖြင့် Stat at Home ကာလအတွင်း အရေးမကြီးဘဲ နေအိမ်အပြင်မထွက်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း ပြောသည်။

“အရေးယူတာ၊ မယူတာက အုပ်ချုပ်ရေးအပိုင်းပေါ့။ ကျနော်တို့က ပြည်သူတွေ အနေနဲ့ အခန့်မသင့်ရင် ကျန်းမာရေး ထုတ်ပြန်ချက်အရ အရေးယူခံရနိုင်တယ်ဆိုတာ သိထားဖို့တော့ လိုတယ်။ သူတို့ (တိုင်းအစိုးရအဖွဲ့) က ဘယ်လို ဆုံးဖြတ်တယ်ဆိုတာ ကျနော်တို့ မပြောတတ်ပေမယ့် အခုကျန်းမာရေး ထုတ်ပြန်ချက် အတိုင်းအရဆို မတော်တဆ အရေးယူခံရနိုင်တယ်”ဟု ၎င်းက ဆိုသည်။

ယခုကာလအတွင်း ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်နေထိုင်လျှင် ပိုးကူးစက်ပြန့်ပွားမှုနှုန်းကို မကြာခင် ထိန်းချုပ်လာနိုင်မည်ဟု မျှော်လင့်ကြောင်း၊ သို့ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် တချို့သော Quarantine မူဝါဒများနှင့် ပတ်သက်ပြီး ပြောင်းလဲသင့်ကြောင်း ဒေါက်တာကျော်စွာဦးက သုံးသပ်သည်။

အထူးသဖြင့် ဖျားနာသောလူနာတိုင်း မဟုတ်သော်လည်း တချို့သော လူနာများကို နှာခေါင်းတို့ဖတ် နမူနာယူခြင်း၊ အနံ့ ပျောက်သည့် သူများအတွက် သီးခြား Quarantine စင်တာများထားရှိကာ ချက်ချင်းစစ်ဆေးပြီး အနှုတ်လက္ခဏာဆိုလျှင် နေအိမ်တွင်သာ သီးခြားနေထိုင်စေခြင်း၊ မြို့နယ်အလိုက် Quarantine စင်တာများထားရှိကာ ကိုယ့်မြို့နယ်နှင့်ကိုယ် တာဝန်ယူ စေခြင်း စသည်တို့ကို ပြုလုပ်သင့်ကြောင်း ၎င်းက ပြောသည်။

သင်္ကန်းကျွန်းမြို့နယ်မှာ ကိုဗစ်ကာကွယ်ရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်စွာဦးက “အဲဒီလိုလုပ်မှသာ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေရော၊ လုပ်အားပေးတွေရော အပေါ်မှာ ရှိနေတဲ့ ဝန်ထုတ်ဝန်ပိုးကို လျော့ချလို့ရမှာပေါ့။ အခုက အောက်ခြေမှာ လုပ်နေရသူတွေမှာလည်း အခက်အခဲပေါင်းများစွာ ရှိနေသလို အပေါ်က စီမံခန့်ခွဲရသူတွေမှာလည်း အခက်ခဲတွေ ရှိနေတာပဲ။ ဒီလကုန်အထိတော့ နည်းနည်း စောင့်ကြည့်ရ မယ်။ ဒီလကုန်အထိ ထပ်ထပ်တိုးနေဦးမယ်ဆို ကျန်းမာရေး ဝန်ကြီးဌာနက ပိုပြီးတင်းကျပ်တဲ့ စည်းမျဉ်းတွေ ထပ်ထုတ် မလား တော့ မသိဘူး” ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု အချိန်တိုကာလအတွင်း မြင့်တက်လာမှုကြောင့် တိုင်းအတွင်း ရှိ ကိုကိုးကျွန်း မြို့နယ်မှအပ ကျန်မြို့နယ်များရှိ ပြည်သူများအနေဖြင့် Stay at Home နေထိုင်ရန်၊ ကူးစက်ခံရသူများတွင် ခရီးသွားရာဇဝင် မရှိသူများ၊ အတည်ပြုလူနာများနှင့် ထိတွေ့မှု မရှိသူများစွာ ပါဝင်လာခြင်းကြောင့် ပိူးကူးစက် ပျံ့နှံ့မှုအား ထိရောက်စွာ ထိန်းချုပ်နိုင်ရန် Stay at Home ပြုလုပ်ရခြင်း ဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

ဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့ ညနေအထိ သတင်းထုတ်ပြန်ချက်များအရ မြန်မာတနိုင်ငံလုံးတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၆၉၅၉ ဦးရှိပြီး သေဆုံးသူ ၁၂၉ ဦးအထိ ရှိနေပြီဖြစ်သည်။ ယခုလပိုင်းအတွင်း ကူးစက်မှုနှုန်း အမြင့်မားဆုံးက ရန်ကုန်တိုင်းဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၄ ထောင်ကျော်အထိ ရှိနေပြီဖြစ်သည်။

You may also like these stories:

Hotel Mandalay မှ အမျိုးသမီးဝန်ထမ်း ၂၃ ဦး ကိုဗစ်ပိုးကူးစက်ခံရ

ဧရာဝတီတိုင်း ခရိုင် ၆ ခု၌ ကိုဗစ်ပိုးတွေ့လူနာများ ထားရှိရန် နေရာများတိုးချဲ့

တချို့ မချောမွေ့မှုတွေကို နားလည်ပေးဖို့လိုတယ်

Your Thoughts …
Tags: Stay at homeကိုဗစ်ပိုးကူးစက်မှုရန်ကုန်တိုင်းအစိုးရ
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
1.1k

လူအမြောက်အမြား သေဆုံးထိခိုက်မှုတွေရှိနေတဲ့ လက်ရှိ ငလျင်ဘေးမှာ ဒေါ်အောင်ဆန်းစုကြည်သာလုပ်ကိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်တွေကို အများကြီးကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NLD အစိုးရလက်ထက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

စာပေ၊ ဂီတ အနုပညာရှင်များ

ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ

by ဧရာဝတီ
17 August 2021
31.8k

၁၉၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မိန့်ခွန်းပြောနေတဲ့ ဓာတ်ပုံကို ရိုက်ကူး မှတ်တမ်းတင်ခဲ့သူ ဖြစ် ပြီး အရေးအခင်း လှုပ်ရှားမှုတွေကို ရုပ်သံရိုက်ကူးကာ အမေရိကန် သံရုံးမှတဆင့် ကမ္ဘာကို ချပြခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

တရုတ်ကွန်မြူနစ်ခေါင်းဆောင်များ၏ ဓာတ်ပုံများ တန်းစီချိတ်ဆွဲထားသည်

တရုတ်ကွန်မြူနစ်ပါတီ၏ ခေတ်သစ်တခုအစပြုခြင်း

by သက်ထားမောင်
29 October 2022
7.5k

ရှီကျင့်ဖျင် တခေတ် စတင်တည်ဆောက်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ ၅ နှစ်ကာလသည် အလွယ်တကူတော့ မဟုတ်ပေ။

ပုဂံခေတ်ကတည်းက သန္ဓေတည် ပေါက်ဖွားလာခဲ့တဲ့ ယွန်း ပညာကြီး တိမ်ကောသွားမှာ ပုဂံသားတွေ စိုးရိမ်နေကြပြီ / ဇော်ဇော် / ဧရာဝတီ

ပုဂံ ယွန်းထည်လုပ်ငန်း အသက်ငင်နေပြီ

by ဇူးဇူး
25 July 2020
8.5k

ယွန်းထည်ဈေးကွက်ဟာလည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပေါ်မှာပဲ ရာနှုန်းပြည့်နီးပါး အမှီသဟဲ ပြုနေရတာပါ။

၂၀၁၉ ခုနှစ်ဇွန်လ က သားမက်ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း သိန်းနိုင်၏ နာရေးတွင် တွေ့ရသူ ဦးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်

ဦးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် တို့တွင် ကိုဗစ်ပိုးတွေ့

by ဧရာဝတီ
13 August 2021
72.5k

တပ်မတော်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ကို နေပြည်တော်ရှိ ခုတင် ၁၀၀၀ စစ်ဆေးရုံတွင် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ

Next Post
မဲ မပေးလို့ ငါအလုပ် မလုပ်ဘူး ဆိုတာမျိုးက နိုင်ငံရေးသမားတွေမှာ မရှိဘူး

မဲ မပေးလို့ ငါအလုပ် မလုပ်ဘူး ဆိုတာမျိုးက နိုင်ငံရေးသမားတွေမှာ မရှိဘူး

၁၉၉၀ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပသော အစည်းအဝေးတခုတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး စောမောင်

သမိုင်းထဲက ၁၉၉၀ ရွေးကောက်ပွဲနှင့် ဗိုလ်ချုပ်မှူးကြီးစောမောင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved