သတင်း

ဦးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် တို့တွင် ကိုဗစ်ပိုးတွေ့

Want create site? Find Free WordPress Themes and plugins.

တပ်မတော်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ကို နေပြည်တော်ရှိ ခုတင် ၁၀၀၀ စစ်ဆေးရုံတွင် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ ယမန်နေ့က ကိုဗစ်ပိုးတွေ့ ရှိသည်ဟု အဖြေထွက်ကြောင်း နေပြည်တော်ရှိ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တခုက ဧရာဝတီသို့ အတည်ပြုသည်။

၎င်းက “နှစ်ယောက်စလုံးမှာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ ရှိတယ်လို့ အတည်ပြုချက် ရပါတယ်။ ဆေးရုံတက်နေတုန်းမှာ တွေ့တာပါ။ ကိုဗစ်ပိုးတွေ့လို့ ဆေးရုံကို တင်ထားတာမျိုး မဟုတ်ပါဘူး။ ပိုးတွေ့တယ် ဆိုပေမယ့်လည်း ကျန်းမာရေးက ကောင်းနေပါတယ်”ဟု ပြောသည်။

၁၉၃၃ ခုနှစ်က ကျောက်ဆည်မြို့တွင် မွေးဖွားခဲ့သည့် ဦးသန်းရွှေသည် ယခုအခါ အသက် ၈၈ နှစ်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်မှာ အသက် ၈၉ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။

ဦးသန်းရွှေနှင့် ဇနီးဖြစ်သူတို့သည် ၎င်းနေထိုင်လျက်ရှိသည့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ A 1 ခြံမှ ခုတင် ၁၀၀၀ စစ်ဆေးရုံသို့ ပြီးခဲ့သည့် အပတ်က ပြောင်းရွေ့သွားခဲ့ခြင်း ဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေခြင်း ဖြစ်ကြောင်း နေပြည်တော် အသိုင်းအဝိုင်းမှ သိရသည်။

ဆေးရုံတက်နေရသည့် ဦးသန်းရွှေ သေဆုံးပြီဆိုသော ကောလာဟလများ ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့က ထွက်ပေါ်ခဲ့သော်လည်း ဧရာဝတီ၏ စုံစမ်းမှုအရ ကျန်းမာရေး ကောင်းမွန်လျက်ပင် ရှိသေးကြောင်း သိရသည်။

၂၀၁၁ ခုနှစ်က မြန်မာ့နိုင်ငံရေးမှ အနားယူသွားခဲ့သည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် ပုံမှန် ဆေးစစ်လေ့ ရှိသူတဦး ဖြစ်ပြီး နိုင်ငံရပ်ခြားမှ သမားတော်များပင် ခေါ်ယူပြီး ဆေးကုသမှု ခံယူလေ့ ရှိသူတဦး ဖြစ်သည်။

You may also like these stories:

မြန်မာသည် ကိုဗစ်နိုင်တင်း ချိန်ကိုက်ဗုံး ဖြစ်သည်။ အသက်များကို ကယ်နိုင်ပါဦးမည်လော

ဗင်နီဇွဲလားလို မြန်မာနိုင်ငံ ချောက်ထဲခုန်ဆင်းနေသည်

မဲဆောက်တွင် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို တရက်ခြား၂၀၀ စီ ပြန်လည်ပို့ဆောင်

Did you find apk for android? You can find new Free Android Games and apps.
Loading