• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

မြန်မာသည် ကိုဗစ်နိုင်တင်း ချိန်ကိုက်ဗုံး ဖြစ်သည်။ အသက်များကို ကယ်နိုင်ပါဦးမည်လော

by ဧရာဝတီ
26 July 2021
in အယ်ဒီတာ့အာဘော်
A A
မန္တလေးတွင် ကိုဗစ်နိုင်တင်းဖြင့် သေဆုံးသွားသူတဦးကို သယ်ဆောင်လာစဉ် / ဧရာဝတီ

မန္တလေးတွင် ကိုဗစ်နိုင်တင်းဖြင့် သေဆုံးသွားသူတဦးကို သယ်ဆောင်လာစဉ် / ဧရာဝတီ

130.9k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာသိမ်းယူမှုနှင့် နောက်ဆက်တွဲအခြေအနေများသည် မြန်မာ့ကျန်းမာရေးစနစ်ကို ပြိုလဲစေပြီး နိုင်ငံ၏ ကိုဗစ်နိုင်တင်း တုံ့ပြန်မှုကို ဖရိုဖရဲဖြစ်စေခဲ့သည်။ ယနေ့ မြန်မာနိုင်ငံသည် ခေါင်းဆောင်မှု၊ ရည်မှန်းချက်နှင့် စနစ်ကျသော စီမံခန့်ခွဲမှု ကင်းမဲ့နေသောကြောင့် ကိုဗစ်နိုင်တင်း ကပ်ဆိုး ကျရောက်နေသည်။

သမားတော်များစွာနှင့် သူနာပြုများစွာသည် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို ပြတ်ပြတ်သားသား ထောက်ခံသောကြောင့် ပုန်းအောင်းနေကြရသည်။ သို့မဟုတ် ဖမ်းဆီး အကျဉ်းချခံထားကြရသည်။

စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုကို ထောက်ခံသော ကျန်းမာရေးဝန်ထမ်း အများအပြားကို စစ်ကောင်စီက ဖမ်းဆီးထားသည်။ စစ်အုပ်စုသည့် အောက်ဆီဂျင်အိုးများ၊ ကာကွယ်ရေးပစ္စည်းများနှင့် ဆေးဝါးများကို ၎င်းတို့အတွက် သုံးရန် လိုက်လံလုယက်နေသည်ဟု အတိုက်အခံ တက်ကြွလှုပ်ရှားသူများနှင့် ပရဟိတအဖွဲ့များက ပြောသည်။ ကိုဗစ်နိုင်တင်း လူနာအများအပြားမှာ အောက်ဆီဂျင်နှင့် စနစ်တကျဆေးဝါးကုသမှု ဆိုးဆိုးရွားရွား လိုအပ်နေသည်။

လွန်ခဲ့သည့် ကြာသပတေးနေ့ တရက်တည်းတွင် ကိုဗစ်နိုင်တင်းကူးစက်မှုသစ် ၆၇၀၁ ခုရှိပြီး သေဆုံးမှု ၃၁၉ ခုရှိသည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာလုယူမှုနောက်ပိုင်း အမြင့်မားဆုံးဖြစ်သည်။ သို့သော် ပြည်သူများသည် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အသက်ငင်ပြီး ၎င်းတို့၏နေအိမ်များတွင်ပင်သေဆုံးနေကြသောကြောင့် အမှန်တကယ် ရောဂါကူးစက်သေဆုံးမှုများသည် ထိုစာရင်းများထက် လွန်စွာပိုမိုများပြားကြောင်း ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် နာရေးကူညီမှုအသင်းများက ပြောသည်။ မီးသင်္ဂြိုဟ်စက်များသည် သေဆုံးမှုနှုန်းကို အမီလိုက်နိုင်ခြင်း မရှိတော့ပေ။

ကိုရိုနာဗိုင်းရပ်စ်သည် စစ်တပ်အတွင်းတွင်လည်း အလျှင်အမြန် ပျံ့နှံ့နေသကဲ့သို့ ဝန်ကြီးအများအပြားလည်း ကူးစက်ခံရကာ ဆေးရုံတင်ထားရသည်။ ထောင်များအတွင်း ကူးစက်မှုမြင့်မားနေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တဦးမှာ ထောင်တွင်းပိုးကူးစက်မှုကြောင့် မကြာသေးမီက သေဆုံးရသည်။ အမည်ဆိုး ကျော်ကြားလှသော အင်းစိန်ထောင်တွင် သောကြာနေ့က ၃ နာရီကြာသည့် ဆန္ဒပြပွဲဖြစ်ပေါ်ပြီး ကျပ်တည်းသောအခြေအနေများတွင် ကိုဗစ်နိုင်တင်း လူနာများကို စနစ်တကျစောင့်ရှောက်ကုသပေးရန် အကျဉ်းသားများက စစ်ကောင်စီကို တောင်းဆိုကြသည်။

တချိန်တည်းတွင် ရန်ကုန်ရှိ မီးသင်္ဂြိုဟ်စက်များတွင် အလောင်းများပုံနေပြီး ကိုဗစ်နိုင်တင်း ကူးစက်ရောဂါကိုင်တွယ်ရာတွင် စစ်ကောင်စီသည် လွန်စွာညံ့ဖျင်းသောကြောင့် ရာပေါင်းများစွာသော လူနာများသေဆုံးနေကြောင်း သက်သေပြနေသည်။

ယခုရက်ပိုင်း ရုပ်အလောင်းများ စုပုံနေသည့် ရန်ကုန်မြို့က သုသာန်များ (ဓာတ်ပုံ – CJ)

စစ်ကောင်စီ၏ ကူးစက်ရောဂါကိုင်တွယ်မှုကို ပြည်သူလူထုက လုံး၀ မယုံကြည်ကြပေ။

ဇူလိုင်လ ပထမသုံးပတ်အတွင်းတွင်ပင် လူပေါင်း ၂၂၀၀ ကျော်သေဆုံးရသည်။ ထိုမျှသေဆုံးမှု မြင့်မား နေသောကြောင့် မြန်မာနိုင်ငံသည် ကိုဗစ်နိုင်တင်းအန္တရာယ် အများဆုံးအဆင့်ဖြစ်သည့် အဆင့် ၄ သို့ ရောက်နေကြောင်း အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်တားဆီးရေး ဌာနက သတ်မှတ်ထားသည်။

တချိန်တည်းတွင် တိုင်းရင်းသားပြည်နယ်များ အထူးသဖြင့် ချင်း၊ ကယား၊ ကရင်နှင့် ကချင်ပြည်နယ်များတွင် လက်နက်ကိုင်ပဋိပက္ခ အခြေအနေသည် ဆိုးရွားနေပြီး ထောင်ပေါင်းများစွာသော ပြည်သူများသည် ကျေးရွာများနှင့် နေအိမ်များကို စွန့်ခွာထွက်ပြေးနေရသည်။ ကုလသမဂ္ဂနှင့် အကူအညီပေးရေးအဖွဲ့များ၏ အဆိုအရ စစ်အာဏာသိမ်းပြီးနောက် ဝေးကွာသော နယ်စပ်ဒေသများတွင် နောက်ထပ်လူပေါင်း ၂၃၀၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးရကြောင်း သိရသည်။

စစ်တပ်နှင့် နိုင်ငံတဝှမ်းမှ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများအကြား ဆယ်စုနှစ်များစွာကြာသည့် လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၅ သိန်းကျော်အပြင် နောက်ထပ် ၂၃၀၀၀၀ ကျော် ထပ်မံထွက်ပြေးရခြင်းဖြစ်သည်။

ယခုအခါ ကိုဗစ်နိုင်တင်း ကူးစက်မှု မြင့်မားလာခြင်းကို ကိုင်တွယ်ရန် လူသားချင်းစာနာမှု အကူအညီများပေးရေး နိုင်ငံတကာ အသိုက်အဝန်းနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် ကြားဝင်ပေးရန် တောင်းဆိုမှုများမြင့်မားလာသည်။ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံကို ကူညီရန် နယ်စပ်အခြေစိုက် လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် လူသားချင်းစာနာရေးစင်တာများ တည်ထောင်ရေးတို့တွင် အဓိကအခန်းမှ ပါဝင်နိုင်ကြမည်ဖြစ်သည်။

လက်ရှိအချိန်သည် အသက်များကို ကယ်တင်ရန် အချိန်ကျရောက်နေကြောင်း လေ့လာသူများအပြားက ပြောကြားထားပြီး လူသားချင်းစာနာမှုအရ ကြားဝင်ဆောင်ရွက်ရန် တောင်းဆိုကြသည်။ သို့သော် ထိုသို့သော အားထုတ်မှုများကို စစ်ကောင်စီက အမြတ်ထုတ်မည်ကိုလည်း ၎င်းတို့စိုးရိမ်နေကြသည်။

အဓိကပြဿနာမှာ ကုလသမဂ္ဂနှင့် မြန်မာ၏ အိမ်နီးချင်းနိုင်ငံများက အကူအညီပေးခွင့်တောင်းလျှင် စစ်ကောင်စီက ခွင်ပြုမည်လားဟူသည့် ပြဿနာဖြစ်သည်။ လက်ရှိအချိန်အထိ စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မည်သည့်ပြည်ပနိုင်ငံကိုမျှ အကူအညီတောင်းခြင်း မရှိပေ။

အိမ်နီးချင်းနိုင်ငံများက လှူဒါန်းမည့် ကာကွယ်ဆေး ၂ သန်းအနက် တရုတ်ကလှူဒါန်းသည့် ကိုဗစ်နိုင်တင်းကာကွယ်ဆေး ၇၃၀၀၀၀ ကျော် ကြာသပတေးက ရန်ကုန်သို့ ရောက်ရှိလာသည်။ သို့သော် ထိုကာကွယ်ဆေးများကို စစ်ကောင်စီက ပြည်သူလူထုအတွက် မည်သို့လုပ်ပေးမည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

စနစ်ကျသော ကုသမှု နည်းပါးပြီး ကာကွယ်ဆေးကို လူအများစုကြီး မရသောကြောင့် ကိုရိုနာဗိုင်းရပ်စ်အကြီးအကျယ် ကူးစက်နေသည့် လက္ခဏာများပြသနေပြီး လူဦးရေ ၅၄ သန်းရှိသောနိုင်ငံတွင် ကပ်ရောဂါအခြေအနေတွင် ဆိုးရွားသည့် သတင်းများထွက်ပေါ်နေချိန် အကူအညီကို အကောင်းဆုံး မည်သို့လုပ်ဆောင်ရမည် ဆိုသည်မှာ ပြဿနာဖြစ်နေသည်။

အကူအညီပေးနိုင်သူများ ရှိသည်။ သို့သော် ကူညီရတော့မည်လားဆိုသည့် ကိစ္စမှာ မေးခွန်းထုတ်ရန်ဖြစ်နေသည်။

RelatedPosts

တရုတ်၊ ရုရှား အကူအညီဖြင့် စစ်အုပ်စုက စစ်ရာဇဝတ်မှုများ ကျူးလွန်နေမှု အမေရိကန် နှုတ်ဆိတ်

တရုတ်၊ ရုရှား အကူအညီဖြင့် စစ်အုပ်စုက စစ်ရာဇဝတ်မှုများ ကျူးလွန်နေမှု အမေရိကန် နှုတ်ဆိတ်

23 December 2025
1.8k
အိန္ဒိယ-မြန်မာ နယ်စပ်၌ ဝမ်းပျက်ဝမ်း‌လျှောကြောင့် စစ်ဘေးရှောင် အပါအဝင်  ၇ ဦး သေဆုံး

အိန္ဒိယ-မြန်မာ နယ်စပ်၌ ဝမ်းပျက်ဝမ်း‌လျှောကြောင့် စစ်ဘေးရှောင် အပါအဝင် ၇ ဦး သေဆုံး

14 November 2025
289
“ချစ်ခြင်းများစွာဖြင့်” မော်စကိုမှ နေပြည်တော်သို့ လက်နက်ရောင်းပေးနေသည်

“ချစ်ခြင်းများစွာဖြင့်” မော်စကိုမှ နေပြည်တော်သို့ လက်နက်ရောင်းပေးနေသည်

13 November 2025
729

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Is a COVID-19 Time Bomb; Can Lives Be Saved? ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

NUG ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ တိုင်းရင်းသားဒေသများ ကာကွယ်ဆေး ထိုးနိုင်ရေး ရည်ရွယ်

ကိုဗစ်တတိယလှိုင်းကို ဘာသာရေးအဖွဲ့များလည်း ကိုယ်ထူကိုယ်ထ ရင်ဆိုင်နေရ

ကျန်းမာရေးနှင့် သုဿာန်က သေစာရင်း အဆမတန် ကွာဟနေ

မြန်မာနယ်စပ် တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှု မြင့်မားနေ

Your Thoughts …
Tags: COVID-19ကျန်းမာရေးစနစ်ချိန်ကိုက်ဗုံးစစ်အာဏာသိမ်းယူမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

မြန်မာနိုင်ငံရှိ နေရာဒေသတချို့မှ KTV၊ ဘား၊ အနှိပ်ခန်း တို့ကို ဖမ်းဆီးမှုများ ပြုလုပ်နေစဉ် / ရဲဇာနည်

တောင်ကြီးမြို့ရှိ KTV အယောင်ပြ ပြည့်တန်ဆာလုပ်ငန်း လုပ်သူများအား ဖမ်းဆီး

by လဲ့လဲ့
7 September 2020
30.4k

COVID-19 ကာလအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ဖွင့်လှစ်ခွင့် မရှိသေးသည့် သက်ဖူးဝေ KTV အား စက်တင်ဘာ ၆ ရက်တွင် ဝင်ရောက်စစ်ဆေးရာတွင် ၎င်းတု့ိ ၇ ဦးအား ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

Next Post
ရန်ကုန်မြို့ နွယ်အေးဗလီရှေ့တွင် အောက်ဆီဂျင် ဖြည့်ရန် တန်းစီစောင့်ဆိုင်းနေကြသူများ  / ဧရာဝတီ

အောက်ဆီဂျင်အိုး ၁၀၀ ကို ကြားဖြတ်ယူခဲ့ကြောင်း ကရင်စီမံကောင်စီဝင် ဗိုလ်မှူးကြီး ဝန်ခံ

ဆင်းရဲနွမ်းပါးသည့် လူဦးရေသည်လည်း လာမည့် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် နှစ်ဆအထိ မြင့်တက် သွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည် / ဧရာဝတီ

မြန်မာ့စီးပွားရေး အနုတ် ၁၈ ရာခိုင်နှုန်းထိ ကျနိုင်ဟု ကမ္ဘာ့ဘဏ်ဆို

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved