• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာနယ်စပ် တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှု မြင့်မားနေ

by ဧရာဝတီ
21 July 2021
in သတင်း
A A
ရွှေလီရှိ နိုင်ငံခြားသားများအတွက် မြို့တော်ဝန်ဆောင်မှု ရုံး / China Daily

ရွှေလီရှိ နိုင်ငံခြားသားများအတွက် မြို့တော်ဝန်ဆောင်မှု ရုံး / China Daily

15.9k
VIEWS
Share on FacebookShare on Twitter

အင်္ဂါနေ့က တရုတ်နိုင်ငံတွင် ဇန်နဝါရီလနောက်ပိုင်း ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှု အများဆုံးဖြစ်ခဲ့ပြီး ထိုသို့ မြင့်မားလာခြင်းမှာ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်သို့ ပြည်ပမှ ကူးစက်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

တရုတပြည်မကြီးတွင် ဇူလိုင်လ ၁၉ ရက်နေ့က ကူးစက်မှုသစ် ၆၅ ခု မှတ်တမ်းတင်ထားပြီး ထိုမတိုင်မီတရက်က ကူးစက်မှုသစ် ၃၁ ခုသာရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ကြေညာချက်တစောင်တွင်ဖေါ်ပြသည်။ ထိုကူးစက်မှုအရေအတွက်သည် ကူးစက်မှုသစ် ၉၂ ခုရှိသည့် ဇန်နဝါရီလ ၃၀ ရက်နေ့နောက်ပိုင်း အမြင့်မားဆုံး နေ့စဉ်တွေ့ရှိမှုဖြစ်သည်။

ဇူလိုင်လ ၁၉ ရက်က ကူးစက်မှုသစ် အများစုမှာ ပြည်ပမှ ဝင်လာသော ကူးစက်မှုများဖြစ်ပြီး ယူနန်ပြည်နယ်တွင် ပြည်ပမှ လာသော ကူးစက်မှုသစ် ၄၁ ခုရှိပြီး ထိုကူးစက်ခံရသူများအားလုံးမှာ မြန်မာနိုင်ငံမှ မကြာသေးမီက ပြန်လာသော တရုတ် နိုင်ငံသားများတွင် ဖြစ်သည်။

ယူနန်ပြည်နယ်တွင် ယခုတကြိမ်ကူးစက်မှုသည် ဇူလိုင်လ ၄ ရက်နေ့က စတင်ခြင်းဖြစ်ပြီး တရုတ်မြန်မာနယ်စပ် မြို့ငယ်များဖြစ်သော ရွှေလီနှင့် လုံချွမ်တွင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဇွန်လမှစတင်ပြီး ကူးစက်မှုနှုန်း လွန်စွာမြင့်မားနေသည်။

ရွှေလီသည် ကပ်ရောဂါကူးစက်မှု စတင်ပြီးနောက် စတုတ္ထအကြိမ်မြောက် ကူးစက်ခံရခြင်းဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့က ပြည်တွင်းကူးစက်မှု ၇ ခုရှိပြီး လုံချွမ်တွင် ပြည်တွင်းကူးစက်မှု တခုရှိသည်။

ရွှေလီသည် လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့နှင့် နယ်နိမိတ် ကီလိုမီတာ ၄၀၀၀ ဆက်စပ်နေသည့် ယူနန်ပြည်နယ်မှ အဓိက ကုန်းတွင်း သယ်ယူပို့ဆောင်ရေးလမ်းဆုံဖြစ်သည်။

ယူနန်တွင်ဖြစ်ပွားသော ယခုကူးစက်မှုသည် တရုတ်နိုင်ငံတွင် အလွန်ကူးစက်မြန်သော ဒယ်လ်တာမျိုးကွဲမှ အစုလိုက်အပြုံလိုက်ကူး စက်မှုများအနက် ဒုတိယမြောက်ဖြစ်သည်။ ပထမအကြိမ် ဒယ်လ်တာမျိုးကွဲ အစုလိုက်အပြုံလိုက်ကူးစက်မှုကို မေလနှင့် ဇွန်လများက တောင်ပိုင်းရှိ ကွမ်းတုံ ပြည်နယ်တွင် တွေ့ရသည်။

ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ကျုံကော်ရင်သည် တနင်္ဂနွေနေ့က ရွှေလီသို့ရောက်လာပြီး နောက်ထပ်ကူးစက်မှု တားဆီးရန် သံမဏိခံတပ် တည်ထောင်မည်ဖြစ်ကြောင်း ပြောသည်။

မြန်မာနှင့် ရှည်လျှားစွာ ထိစပ်နေသည့် ဆစ်ဆောင်ပါနား ခရိုင်တွင် ရဲတပ်ဖွဲ့က လမ်းများအားလုံးတွင် စစ်ဆေးရေးစခန်းများ ထူထောင်ပြီး ယာဉ်အဝင်အထွက်အားလုံးကို စစ်ဆေးနေသည်။

ဆစ်ဆောင်ပါနားခရိုင် မြို့ပြဒေသ ကျင်ဟုန်ပြင်ပတွင် ခရီးသွားခြင်းကို အားမပေးဘဲ လင်ကန့့်၊ ပူအားနှင့် ရွှေလီစသည့် အနီးရှိမြို့များကို ဝင်ရောက်ရန် အထူးခွင့်ပြုချက် လိုအပ်သည်။

ကိုးကား။ ။ Reuters

You may also like these stories:

ကိုဗစ်ကြောင့် တရုတ် – မြန်မာ နယ်စပ်ဂိတ်အားလုံး ယာယီပိတ်

ကိုဗစ် တတိယလှိုင်းကြား မြန်မာနိုင်ငံ ကျရှုံးနေသည်

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
93

ကိုဗစ်ကုသရေး ပရဟိတဆရာဝန် ၅ ဦး ထောင်ချောက်ဆင် အဖမ်းခံရ

တရုတ်ကာကွယ်ဆေးထိုး နိုင်ငံအများစု ကိုဗစ်ကူးစက်မှု မြင့်နေဆဲ

Your Thoughts …
Tags: ကိုဗစ်ကူးစက်မှုတရုတ်နိုင်ငံမြန်မာနယ်စပ်ယူနန်ရွှေလီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာနယ်စပ်အနီး တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုများ စတင်

မြန်မာနယ်စပ်အနီး တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုများ စတင်

by ဧရာဝတီ
25 November 2023
8.1k

အတိုချုံး ထုတ်ပြန်ချက်တွင် အချိန်နှင့် တပ်ဖွဲ့ဝင်အရေအတွက် အသေးစိတ်ကို ဖော်ပြထားခြင်းမရှိပေ။

TNLA အပစ်ရပ်ဖို့ တရုတ် ခြိမ်းခြောက် စာပို့

TNLA အပစ်ရပ်ဖို့ တရုတ် ခြိမ်းခြောက် စာပို့

by ဧရာဝတီ
30 August 2024
7.6k

သတိပေးစာတွင် TNLA အနေဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဟု မျှော်လင့်ကြောင်း၊ နယ်စပ်ဒေသခံများ၊ မြန်မာပြည်တွင်းရှိ တရုတ်လုပ်ငန်းများ၊ ပစ္စည်းဥစ္စာနှင့် တရုတ်နိုင်ငံသား အသက်လုံခြုံရေး ထိခိုက်စေသည့် အန္တရာယ်ရှိသော စစ်ရေးအပြုအမူများ ပပျောက်အောင် လုပ်ဆောင်ရမည်

ကျားဖြန့်နှိမ်နင်းရေး မြန်မာစစ်ခေါင်းဆောင် ကိုယ်လွတ်ရုန်းဖို့ ကြိုးစားနေ

ကျားဖြန့်နှိမ်နင်းရေး မြန်မာစစ်ခေါင်းဆောင် ကိုယ်လွတ်ရုန်းဖို့ ကြိုးစားနေ

by စွယ်တော်
22 December 2025
5.3k

ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲလုပ်သည်။ ထိုင်းနှင့် တရုတ် အရာရှိကြီးများကိုလည်း ဖိတ်ကြားပြီး ဖြိုချဖျက်ဆီးထားသော KK Park သို့ ခေါ်ပြခဲ့သည်။

မြန်မာနယ်စပ်အနီး တရုတ် စစ်ရေးလေ့ကျင့်

မြန်မာနယ်စပ်အနီး တရုတ် စစ်ရေးလေ့ကျင့်

by ဧရာဝတီ
2 April 2024
4.3k

PLA တောင်ပိုင်းစစ်ဒေသအနေဖြင့် အရေးပေါ်အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းရန် အမြဲအသင့်ရှိပြီး နိုင်ငံအချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနှင့် ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်အား ပြတ်ပြတ်သားသား ကာကွယ်သွားမည်

ဗန်းမော်မြို့

ဗန်းမော်မြို့

by ဧရာဝတီ
31 August 2024
4k

ဗန်းမော်မြို့သည် တရုတ် နယ်စပ်နှင့် ၅၁ မိုင်မျှသာ ဝေးသဖြင့် ရှေးအခါက တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု အတွက် အရေးပါလှသော မြို့တမြို့ ဖြစ်ခဲ့သည်။

တရုတ်ရာဇဝတ်ဂိုဏ်းတွေကို စစ်ကောင်စီ တကယ်တိုက်ဖျက်မှာလား

တရုတ်ရာဇဝတ်ဂိုဏ်းတွေကို စစ်ကောင်စီ တကယ်တိုက်ဖျက်မှာလား

by ဧရာဝတီ
3 September 2023
3.3k

သောင်ရင်းမြစ်တလျှောက်က ခြံဝန်းကြီးတွေရဲ့ နောက်ကွယ်မှာ ဖြစ်ပွားနေတဲ့ အဓမ္မစေခိုင်းမှုတွေ၊ လူကုန်ကူးမှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ထွက်ပြေးလာကြသူတွေကတဆင့် သိရှိလာရတာပါ။

Next Post
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနဲလ်

စစ်ကောင်စီ ဖမ်းဆီးထားသော သြစတြေးလျ စီးပွားရေးအကြံပေး ကိုဗစ် ကူးစက်မှု အန္တရာယ်ရှိနေ

အဆိုတော် တင်ဇာမော်  / Tin Zar Maw's Facebook

အဆိုတော် တင်ဇာမော်နဲ့ သူ့ရဲ့မိခင် COVID-19 ကူးစက်ခံထားရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved