• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမေရိကန် စစ်ဗိုလ်ချုပ်တွေနဲ့ သမ္မတ ထရမ့် အချင်းများ

by ဧရာဝတီ
10 September 2020
in သတင်း
A A
သမ္မတ ထရမ့်နှင့် ပင်တဂွန်ရှိ စစ်ခေါင်းဆောင်များ ဆက်ဆံရေးက ခပ်တန်းတန်းဖြစ်နေသည်

သမ္မတ ထရမ့်နှင့် ပင်တဂွန်ရှိ စစ်ခေါင်းဆောင်များ ဆက်ဆံရေးက ခပ်တန်းတန်းဖြစ်နေသည်

22.9k
VIEWS
Share on FacebookShare on Twitter

အမေရိကန်စစ်အရာရှိကြီးများသည် လက်နက်ထုတ်လုပ်သူများပျော်ရွှင်စေရန် စစ်တိုက်နေလိုကြောင်း သမ္မတ ထရမ့်က စွပ်စွဲလိုက်ပြီးနောက် အမေရိကန်တပ်မတော် ထိပ်တန်းဗိုလ်ချုပ်ကြီးတဦးက တပ်မတော်အကြီးအကဲများသည် အမေရိကန် အမျိုးသားလုံခြုံရေး အကျိုးစီးပွားဖြစ်သောအခါနှင့် နောက်ဆုံးရွေးစရာ လမ်းအဖြစ်သာ တပ်ဖွဲ့များကို စစ်မြေပြင်သို့ စေလွှတ်ခြင်းအား ထောက်ခံခဲ့ကြောင်း ပြောကြားလိုက်သည်။

ပင်တာဂွန်ခေါင်းဆောင်များကို ထရမ့်၏ တနင်္လာနေ့က ဝေဖန်ပြောကြားချက်နှင့်ပတ်သက်ပြီး မေးမြန်းသောအခါ အမေရိကန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျိမ်းစ်  မက်ကွန်ဗီးက ထိုကိစ္စကို တိုက်ရိုက်ဖြေဆိုခြင်းမရှိဘဲ စစ်တပ်သည် နိုင်ငံရေး၏ ပြင်ပတွင်သာရှိနေမည်ဖြစ်ကြောင်း အထူးသဖြင့် ရွေးကောက်ပွဲနီးချိန်တွင် နိုင်ငံရေးနှင့်ပတ်သက်မည်မဟုတ်ကြောင်း ပြောသည်။

“ဒီခေါင်းဆောင်အများအပြားမှာ တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ သားတွေ သမီးတွေရှိကြတယ်။ သူတို့တော်တော်များများမှာ စစ်မြေပြင်ကို ထွက်သွားခဲ့တဲ့ အခုလောလောဆယ် စစ်မြေပြင်ကို ရောက်နေတဲ့ သားသမီးတွေရှိကြတယ်” ဟု ထရမ့်က ရာထူးခန့်အပ်ထားသည့် မက်ကွန်းဗီးလ်က အမေရိကန် စစ်တပ်ကို အထူးပြုသည့် မီဒီယာတခုဖြစ်သော Defense One နှင့်အွန်လိုင်း ဆွေးနွေးပွဲတခုတွင်ပြောသည်။

“တပ်ထိပ်တန်းခေါင်းဆောင်တွေဟာ အမျိုးသားလုံခြုံရေးအတွက် နောက်ဆုံးအနေနဲ့ လိုအပ်မှသာလျှင် တပ်တွေကို စေလွှတ်ဖို့ကို ထောက်ခံမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ ထောက်ခံအကြံပြုချက်တွေ ပေးတဲ့အခါ အရမ်းကိုပဲ အလေးအနက်ထားပါတယ်” ဟု သူပြောသည်။

ထရမ့်သည်  အငြိမ်းစားဗိုလ်ချုပ်ကြီးများကို အစောပိုင်းက သူ၏ အစိုးရတွင် ထိပ်တန်းရာထူးများပေးပြီးနောက်  ပင်တဂွန်ခေါင်းဆောင်များနှင့် ပြဿနာများ ပိုမိုဖြစ်ပွားလာသည်။

ထရမ့်သည် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်ကို ယှဉ်ပြိုင်ပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြန်လည်ရွေးကောက်ပွဲဝင်ရန် ရှိနေသည်။

တနင်္လာနေ့က ကျင်းပသည့် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်း ထရမ့်က ဘိုင်ဒင်ကို ဝေဖန်ပြီး ဘိုဒင်သည် အဆုံးမရှိသော စစ်ပွဲများကို လိုလားသူဖြစ်ကြောင်းပြောကြားပြီးနောက် သူကိုယ်တိုင်ခန့်အပ်ထားသော စစ်ခေါင်းဆောင်များကို ဝေဖန်ကာ ထိုသူများသည် ကာကွယ်ရေး ကန်ထရိုက်တာများ ကျေနပ်စေရန် ပြဿနာများကို စိတ်ဝင်စားနေသူများဖြစ်ကြောင်းပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

“စစ်တပ်နဲ့ ကျနော်နဲ့ အဆင်ပြေနေတယ်လို့ ကျနော်ပြောတာ မဟုတ်ဘူး။ စစ်သားတွေနဲ့တော့ ချစ်ခင်တယ်။ ပင်တဂွန်က ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့တော့ မချစ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ဗုံးလုပ်တဲ့၊ လေယာဉ်လုပ်တဲ့ အံ့သြစရာ ကုမ္ပဏီတွေကျေနပ်အောင် အရာရာလုပ်ပေးဖို့ စစ်တိုက်ဖို့ကလွဲပြီး ဘာမှမလုပ်ချင်လို့ဘဲ”

ဟု ထရမ့်ပြောသည်။

“ ဒါပေမယ့် ကျနော်တို့ကတော့ အဆုံးမရှိ စစ်ပွဲကနေ ထွက်နေပြီ။ တချို့လူတွေက အိမ်ကို ပြန်မလာချင်ကြဘူး။ တချို့လူတွေက ငွေတွေ ဆက်ပြီး သုံးချင်ကြတယ်။ ကမ္ဘာလုံးဆိုင်ရာ ဝါဒီတွေရဲ့ သွေးအေးအေးနဲ့ သစ္စာဖောက်မှုတွေ တခုပြီးတခုဖြစ်နေတယ်။ ဖြစ်ခဲ့တာက ဒါပဲ” ဟု သူပြောသည်။

လက်ရှိ တာဝန်ထမ်းဆောင်ဆဲ သမ္မတတဦးက ထိုကဲ့သို့သော ဝေဖန်မှုမျိုး ပြုလုပ်သည်မှာ လွန်စွာရှားပါးလှသည်။

ထရမ့်၏ ဝေဖန်မှုသည် ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါ၊ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ကြည်းတပ်ဗိုလ်ချုပ်ကြီး မာ့ခ် မိုင်လေနှင့် အခြားစစ်တပ်ခေါင်းဆောင်များကို ရည်ရွယ်ခြင်း မဟုတ်ကြောင်း အိမ်ဖြူတော်အရာရှိချုပ် မာ့ခ်မဲဒိုးက အင်္ဂါနေ့တွင်ပြောသည်။

“ဒီပြောကြားချက်က ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ အသိုင်းအဝန်းကိုသာ ရည်ရွယ်ပါတယ်” ဟု အမေရိကန်ကာကွယ်ရေးအသိုင်းအဝန်းနှင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သည့်အသိုင်းအဝန်းကို ရည်ရွယ်ကာ Fox News သို့သူပြောသည်။

မဲဒိုးက မည်သည့်အမည်ကိုမျှ ထုတ်ဖေါ်ပြောဆိုခြင်း မရှိသလို ပင်တဂွန်မှ ထိပ်တန်းပုဂ္ဂိုလ်များဟု ထရမ့် ဆိုလိုသူများသည် မည်သူတို့ဖြစ်သည်ကိုလည်း ရှင်းလင်းခြင်း မရှိပေ။ အက်စပါနှင့် မ်ိုင်လေတို့ကို လက်ရှိရာထူးများတွင် ထရမ့်ကိုယ်တိုင်ခန့်ထားခြင်းဖြစ်သည်။

ဥရောပတွင် မြှပ်နှံခဲ့သော ကျဆုံး စစ်သားများသည် “အရှုံးသမားများ”သာဖြစ်ကြောင်း နှင့် အရေးမပါကြောင်း ယူဆသောကြောင့် ၂၀၁၈ ခုနှစ်က ပြင်သစ်ရှိ အမေရိကန် စစ်သင်္ချိုင်းသို့ သွားရန်ငြင်းဆန်ခဲ့ကြောင်း ထရမ့်က ပြောသည်ဆိုသည့် သတင်းဖေါ်ပြချက်များ အပြီးတွင် ထရမ့်က အထက်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။ ထိုသတင်းကို ထရမ့်က ငြင်းသည်။

ရီပတ်ဗလစ်ကန် သမ္မတနှင့် ပင်တဂွန်ခေါင်းဆောင်များအကြား သဘောထားကွဲလွဲနေသည့်အချက်များတွင် လူမျိုးရေး ခွဲခြားမှုနှင့် ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် စစ်တပ်များချထားရန် ထရမ့်က ခြ်ိမ်းချောက်ခြင်းလည်း ပါဝင်ပြီး ထိုသို့ခြ်ိမ်းခြောက်ခြင်းကို အက်စပါနှင့် မိုင်လေ နှစ်ဦးလုံးက ဆန့်ကျင်ကြသည်။

အမေရိကန်စစ်တပ် ထိပ်တန်းခေါင်းဆောင်ဖြစ်သော မိုင်လေက အနီးရှိ ဆန္ဒပြသူများကို အာဏာပိုင်များက ရာဘာကျည်များနှင့် ဓါတုပစ္စည်းများသုံးကာ ရှင်းလင်းခဲ့ပြီးနောက်  အိမ်ဖြူတော်အနီးရှိ ဘုရားကျောင်းသို့ ထရမ့်သွားရောက်ပြီး သမ္မာကျမ်းစာကိုင်ကာ ဓါတ်ပုံအရ်ိုက်ခံစဉ်က သူလိုက်ပါသွားခြင်းသည် အမှားတခုဖြစ်ကြောင်း မိုင်လေက ဇွန်လတွင်ပြောကြားခဲ့ဖူးသည်။

ထရမ့်သည် မကြာသေးမီကာလများအတွင်း အငြိမ်းစားဗိုလ်ချုပ်ကြီး မက်တစ် အပါအဝင် အငြိမ်းစား ထိပ်တန်း စစ်ဖက်ခေါင်းဆောင်များ၏ ဝေဖန်မှုကို ခံခဲ့ရသည်။ မက်တစ်သည် ထရမ့်အစိုးရ၏ ပထမ နှစ်နှစ်အတွင်း ကာကွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ထရမ့်သည် အမေရိကန်များကို သွေးကွဲအောင် လုပ်နေကြောင်း ဝေဖန်ခဲ့သည်။

ကိုးကား ။           ။ Reuters

You may also like these stories:

တင်းမာမှု မြင့်မားနေသော်လည်း ထရမ့်ပြန်လည်အရွေးခံရရန် တရုတ်မျှော်လင့်နေ

မညီမျှမှုတွေနဲ့ ရောဂါပိုးကူးစက်မှုတွေက အမေရိကန်ကို အားမကျစေပါ

အမေရိကန်-တရုတ် စစ်အေးသစ်က မြန်မာအတွက် အခက်လား အချက်လား

Your Thoughts …
Tags: စစ်ဗိုလ်ချုပ်သမ္မတ ထရမ့်အမေရိကန် စစ်တပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဗိုလ်ချုပ်တွေ အပိုင်သိမ်းထားတဲ့ ပဲခူးရိုးမက နိုင်ငံပိုင်သစ်တောမြေများ

ဗိုလ်ချုပ်တွေ အပိုင်သိမ်းထားတဲ့ ပဲခူးရိုးမက နိုင်ငံပိုင်သစ်တောမြေများ

by ဧရာဝတီ
22 July 2023
9.8k

ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) အုန်းမြင့်၏ မိသားစုပိုင်ကုမ္ပဏီများ၏ အမည်အားလုံးနီးပါးတွင် သီရိဘက်စုံပါရှိသည်။ ကုမ္ပဏီများ မှတ်ပုံတင်ရေးဦးစီးဌာန (DICA) က ထုတ်ပြန်ထားသည့်စာရင်းများအရ သီရိဘက်စုံ ကျောက်မျက်ကုမ္ပဏီ၏ ဒါရိုက်တာ စာရင်းတွင် ဒေါ်နုနုဆွေနှင့် ဒေါ်သီရိဆွေတို့ ဖြစ်သည်။

ငြိမ်းချမ်းရေး ပွဲစား၊ ငလျင် နိုင်ငံရေး၊ အနာဂတ် ရှိ မရှိ နဲ့ သံဝေဂ ရချိန်

ငြိမ်းချမ်းရေး ပွဲစား၊ ငလျင် နိုင်ငံရေး၊ အနာဂတ် ရှိ မရှိ နဲ့ သံဝေဂ ရချိန်

by စံရိပ်ငြိမ်
8 April 2025
3.8k

ဉာဏ်ရည် မြင့်ပေမယ့် လောဘ၊ ဒေါသ၊ မောဟ အမိုက် ကြီးစိုးလွန်း နေပြန်ရင်လည်း အမှန်တရားနဲ့ မနီးစပ်နိုင်ဘူး…အမိုက် ကြီးစိုးလွန်း နေသူတို့ အတွက် သံဝေဂ ရချိန်ဆိုတာ သူနဲ့ သူ့ပတ်ဝန်းကျင် အလုံးစုံ ပျက်သုဉ်းချိန် ရောက်ရင်တောင်...

စစ်ဗိုလ်ချုပ်တို့သာမက ဝန်ကြီးတချို့လည်း ရွေးကောက်ပွဲ ဝင်မည်

စစ်ဗိုလ်ချုပ်တို့သာမက ဝန်ကြီးတချို့လည်း ရွေးကောက်ပွဲ ဝင်မည်

by ဧရာဝတီ
16 September 2025
2.3k

စစ်ခေါင်းဆောင်၏အမိန့်အရ စစ်ကော်မရှင် ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ စစ်ဗိုလ်ချုပ်များ၊ စစ်တပ်အငြိမ်းစားအရာရှိများအပါအယောက် ၂၀ မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သို့ ကူးပြောင်းရန် စာရင်းထပ်မံ ထွက်ရှိ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ (ရုပ်/သံ)

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ (ရုပ်/သံ)

by ဧရာဝတီ
7 February 2025
1k

အခု စစ်အာဏာသိမ်းတာ လေးနှစ်ပြည့်ပါပြီ။ စစ်အာဏာသိမ်းမှုကို ဘယ်သူတွေက အဓိက ဦးဆောင် အကောင်အထည် ဖော်ခဲ့ကြပါသလဲ။ အာဏာသိမ်းမှု လေးနှစ်အကြာမှာ ဒီလူတွေရဲ့ လားရာကရော ဘယ်လို ရှိပါလဲ။

၇၄ကြိမ်မြောက် တပ်မတော်နေ့အတွက် ဝတ်စုံပြည့်လေ့ကျင့်သည့် အခမ်းအနား / CINCDS

စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ ရာထူး အပြောင်းအလဲ ပြုလုပ်

by ဧရာဝတီ
5 October 2022
17.8k

စစ်တပ်ရာထူး အပြောင်းအလဲသည် စစ်ခေါင်းဆောင် သဘောကျသူများအား ရာထူးတိုးပေးခြင်း ဖြစ်ပြီး အနာဂတ် စစ်ဘက်နှင့် အရပ်ဘက် တာဝန်များတွင် ခေါင်းဆောင်အဖြစ် ရာထူးပေးရန် လျာထားခံရသူများ ဖြစ်နိုင် ကြောင်း

မန္တလေး နန်းမြို့ရိုးနှင့် ကျုံးရေပြင် / Sitt Thwe Kyaw

မန္တလေး နန်းမြို့ရိုးနှင့်ကျုံးသည် အာဏာရှင် အဆက်ဆက် အသုံးချခံ မဟုတ်

by ဧရာဝတီ
30 October 2021
15k

နောက်ဆုံးမင်းဆက် စိုးစံသွားသည့် ရတနာပုံ နန်းမြို့ရိုး နံဘေးရှိ စင်တင်တေးဂီတ၌ မြန်မာစကား မပြော တတ်သော သူများ၏ အပြိုင်အဆိုင် ကြေးကြီးပေးကာ ပန်းကုံးစွပ်သည့်ပွဲကို မန္တလေးသားများက ဝင်ကြေး ၃ ကျပ် ပေး၍ ငေးမော ကြည့်ရသော...

Next Post
၂၀၁၉ ဇွန်လ ၂၇ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လှစ်သည့် မင်းဘူး မြို့နယ်ရှိ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ  / Myanmar State Counsellor Office

ဆိုလာပါဝါစီမံကိန်း တရုတ်ကုမ္ပဏီများသာ တင်ဒါအောင်မည့် အခြေအနေရှိ

မန်းမြန်မာ ဈေးချိုပလာဇာ / ဇော်ဇော် / ဧရာဝတီ

မန်းမြန်မာပလာဇာက ပိုးတွေ့ဝန်ထမ်းနှင့် ဆက်စပ်သူ ၁၀၀ ခန့် Quarantine ထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved