• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန်းမြန်မာပလာဇာက ပိုးတွေ့ဝန်ထမ်းနှင့် ဆက်စပ်သူ ၁၀၀ ခန့် Quarantine ထား

by မြတ်ပြည့်ဖြိုး
10 September 2020
in သတင်း
A A
မန်းမြန်မာ ဈေးချိုပလာဇာ / ဇော်ဇော် / ဧရာဝတီ

မန်းမြန်မာ ဈေးချိုပလာဇာ / ဇော်ဇော် / ဧရာဝတီ

17.1k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှ COVID -19 ပိုးတွေ့လူနာ အမျိုးသမီးနှင့် ထိတွေ့ခဲ့သော မိသားစုဝင်များနှင့် ဝန်ထမ်း များ အပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀ ခန့်အား သက်ဆိုင်ရာ Quarantine စင်တာများတွင် အသွားအလာ ကန့် သတ်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာမှာ အလှကုန်ဆိုင်မှ အရောင်းဝန်ထမ်း ဖြစ်ကာ၊ လက်ရှိတွင် မန်းမြန်မာ ပလာဇာနှင့် ဈေးချိုတို့ အား Lockdown ချရန် ကိစ္စကို တိုင်း ကိုဗစ်ကော်မတီမှ တာဝန်ရှိသူများနှင့် ဆွေးနွေးဆဲ ဖြစ်ကြောင်း မန္တလေး ဒု မြို့ တော်ဝန် ဦးရဲမွန်က ဧရာဝတီကို ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက် ထုတ်ပြန်ချက်အရ မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ်နှင့် မိတ္ထီ လာမြို့နယ်တို့တွင် ကိုဗစ် ပိုးတွေ့ လူနာ ၁ ဦးစီ တွေ့ရှိရကြောင်း ပါရှိသည်။

ဦးရဲမွန်က “ဒီဈေးကြီးတွေက စည်ပင် ကော်မတီရဲ့ စီမံခန့်ခွဲမှု လက်အောက်ရှိတာ မှန်ပေမယ့် ဈေးပိတ်ဖို့၊ မပိတ်ဖို့ကျ ကိုဗစ်ကော် မတီ အစည်းအဝေးကျမှ ဆုံးဖြတ်မှာ။ အဲဒီတော့ မနက်ဖန်လောက် ဆိုရင်တော့ အခြေအနေ သိရမယ်” ဟု ဆိုသည်။

ပုသိမ်ကြီးမြို့နယ်မှ လူနာအမျိုးသမီးသည် အသက် ၃၄ နှစ် အရွယ် ဖြစ်ပြီး စက်တင်ဘာ ၈ ရက်က အနံ့ မရတော့ သဖြင့် မန္တလေးဆေးရုံကြီးသို့ လာရောက် ပြသခဲ့ပြီး ဓာတ်ခွဲ နမူနာရယူခဲ့ရာ စက်တင်ဘာ ၉ ရက် ညက သူမ၏ ဓာတ်ခွဲအဖြေတွင် ပိုးတွေ့ရှိခြင်း ဖြစ်သည်ဟု မန္တလေး အထွေထွေ ရောဂါ ကုဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာ စုစုဒွေးက ဧရာဝတီကို ပြောသည်။

“လူနာရဲ့အခြေအနေ ကောင်းပါတယ်။ ပြီးတော့ သူနဲ့ ထိတွေ့ခဲ့တဲ့ Contact တွေကို လိုက်နေပြီး အသွားအလာ ကန့် သတ်မှုတွေ လုပ်နေပါပြီ” ဟု ၎င်းက ပြောဆိုသည်။

မန်းမြန်မာပလာဇာနှင့် ဈေးချိုတို့သည် လူဝင်၊ လူထွက် စည်ကားသည့် လက်ကားဈေးကြီးများ ဖြစ်သဖြင့် ပိုးတွေ့လူနာ တွေ့ရှိပြီးနောက် ၎င်းဈေးကြီးများအား ပိတ်ရန်အတွက် သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိအထိ ဈေး ပြန် လည် ပိတ်သိမ်းရန် တရားဝင် ညွှန်ကြားချက် မရရှိသေးကြောင်း ဈေးချို အကျိုးတော်ဆောင် အဖွဲ့ အတွင်းရေးမှူး ဦးမင်းမင်းက ဧရာဝတီကို ပြောသည်။

“ဒီဈေးကြီးတွေက လက်ကားဈေးကြီးတွေလည်း ဖြစ်တော့ ပိတ်ထားတာ ထက်စာရင်တော့ ဖွင့်နေတာက အရောင်း အဝယ်ရော၊ အလုပ်အကိုင် အခွင့်အလမ်းအတွက်ပါ အားလုံး အဆင်ပြေကြတာပေါ့။ အခု ပိုးတွေ့လူနာနဲ့ ထိတွေ့တဲ့ သူတွေကို လိုအပ်တဲ့ အသွားအလာ ကန့်သတ်မှုတွေ လုပ်နေပြီဆိုတော့ အဲဒီလူတွေရဲ့ ဆေးစစ်ချက်အဖြေတွေကို ကြည့်ပြီး ဈေးပိတ်သင့်၊ မသင့် အခြေအနေ တခု ထွက်လာမှာပါ” ဟု ၎င်းက ဆိုသည်။

COVID 19 ရောဂါ ဒေသတွင်းကူးစက်မှု ကာကွယ်နိုင်ရန်အတွက် မန္တလေးဈေးချို အပါအဝင် လက်ကားဈေးကြီး ၇ ခု အား မတ်လဆန်းမှ စတင်ကာ ၂ လနီးပါး ပိတ်ခဲ့ရပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် အညီ မေလ၂၂ ရက်က ပြန်လည် ဖွင့်လှစ်ခွင့် ရခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့နံနက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် ပိုးတွေ့လူနာ ၂၀၀၉ ဦးနှင့် သေဆုံးသူ ၁၄ ဦး အထိ ရှိပြီဖြစ်သည်။

You may also like these stories:

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
361
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
50

အစ္စလာမ်ဘာသာဝင်များ ကိုဗစ်ကြောင့် သေဆုံးပါက မီး မသဂြိုဟ်ရန် ဘာသာရေးအဖွဲ့ချုပ်ပြော

COVID-19 ကြောင့် ရန်ကုန်တရားရုံးချိန်းများ ရွှေ့ဆိုင်း

ပြည်တွင်း လေကြောင်းခရီးစဉ်အားလုံး စက်တင်ဘာ ၁၁ ရက်မှ စ၍ ခေတ္တရပ်ဆိုင်းမည်

Your Thoughts …
Tags: Quarantineကိုဗစ်လူနာမန်းမြန်မာပလာဇာ
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုများ  / အေးငြိမ်းနိဗ္ဗာန် လူမှုကူညီရေး အသင်း

Quarantine နေရာ ဝင်ရောက် တိုက်ခိုက်သူများကို အမှုဖွင့်တရားစွဲတင်

by ဒီလှိုင်းဝင်း
10 April 2020
69.3k

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ရွှေကျင်ကွက်သစ်ရှိ အေးငြိမ်းနိဗ္ဗာန် လူမှုကူညီရေး အသင်းရုံးတွင် ဖွင့်လှစ်ထားသော Facility Quarantine သတ်မှတ်နေရာသို့ ဝင်ရောက် တိုက်ခိုက်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်တရားစွဲတင်ထားကြောင်း ပုသိမ်ကြီးမြို့နယ် မြို့မရဲစခန်းမှ သိရသည်။

ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်

အင်းယားလိတ်ဟိုတယ်ကို အဝင်အထွက်ပိတ်ပြီး လူ ၂၀၀ ကျော် Quarantine ထား

by အောင်သီဟ
1 April 2020
28.3k

ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်ဝန်းအတွင်း လူ ၂၀၀ ကျော်ကို အသွားအလာ ကန့်သတ်ကာ စောင့်ကြည့်ထားကြောင်း သိရသည်။

သရုပ်ဆောင် ရီရီပွင့်ဖြူ  / Yi Yi Pwint Phyu's Facebook

မိခင်ကို အနီးကပ် ပြုစုခဲ့ပေမယ့် ကိုဗစ် မကူးအောင် နေထိုင်ပုံ ရီရီပွင့်ဖြူ မျှဝေ

by ဧရာဝတီ
23 July 2021
13.9k

“အမေ့ကို ၂၂ ရက် အနီးကပ် ပြုစုခဲ့ပေမယ့် ကိုဗစ် မကူးခဲ့ပါဘူး။ COVID ကြီးကို အနီးကပ် ကြုံတွေ့ရတာ တကယ့်ကို ကြောက်ဖို့ ကောင်းပါတယ်”

ကန့်ဘလူမြို့ ဆိုင်းဘုတ် / vitalnewsnow

ကန့်ဘလူ၌ Quarantine ဝင်နေသူ ၁ ဦးထံမှ မူးယစ်ဆေးဝါး ဖမ်းမိ

by လဲ့လဲ့
27 April 2020
19.1k

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ရှိ အထက်ကျောင်းတွင် ရန်ကုန်မှ ဇီးကုန်းသို့ ပြန်လာပြီး Quarantine ဝင်နေသူ အမျိုးသား ၁ ဦးထံမှ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိသည်ဟု

သရုပ်ဆောင် ရှိန်းတင်ထူး / Shein Tin Htoo's Facebook

သရုပ်ဆောင် ရှိန်းတင်ထူးရဲ့ မိဘနှစ်ပါး COVID-19 ကူးစက်ခံထားရ

by ယုဖြူဟန်
9 November 2020
5.2k

“အားလုံးလည်း ဂရုစိုက်ကြပါ။ ကျနော်ဆို အိမ်ထဲကနေ မထွက်တာ ၄ လလောက် ရှိပြီ။ ဘယ်လိုဖြစ်လဲတော့ မပြောတတ်ဘူးပေါ့ဗျာ” လို့ ရှိန်းတင်ထူးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်စဉ် / စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး / facebook

Quarantine စင်တာအတွင်း မူးယစ်ရမ်းကားသူများ ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

by လဲ့လဲ့
21 September 2020
16.4k

မူးယစ်ရမ်းကားသူ ၇ ဦးသည် ကလေးမြို့ရှိ လက်ပံချောင်း၊ မင်းလှ၊ စမ်းမြို့၊ ပျဉ်းတောဦး၊ တာဟန်း ရပ်ကွက်များတွင် နေထိုင်ကြသူဖြစ်ပြီး လွန်ခဲ့သည့် စက်တင်ဘာ ပထမ အပတ်က တရုတ်နိုင်ငံမှ ပြန်ရောက်လာပြီး ကလေးတက္ကသိုလ်တွင် Quarantine ဝင်နေကြခြင်းဖြစ်သည်။

Next Post
ICC ရောက် တပ်မတော်သား၂ ဦး က လွတ်လပ်တဲ့ သက်သေဖြစ်လာမလား

ICC ရောက် တပ်မတော်သား၂ ဦး က လွတ်လပ်တဲ့ သက်သေဖြစ်လာမလား

ရန်ကုန်မြို့ရှိ အနှေးယာဉ်လုပ်သားများကို ကိုဗစ်ကာကွယ်ရေး ပညာပေးလုပ်ငန်းအချို့ ဆောင်ရွက်စဉ် / ထက်ဝေ / ဧရာဝတီ

ကိုဗစ်ပိုးတွေ့လူနာ ၃၀ ဦးခန့် အထူး ကြပ်မတ်ကုသမှု ခံယူနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved