• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အင်းယားလိတ်ဟိုတယ်ကို အဝင်အထွက်ပိတ်ပြီး လူ ၂၀၀ ကျော် Quarantine ထား

by အောင်သီဟ
1 April 2020
in သတင်း
A A
ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်

ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်

28.3k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်ဝန်းအတွင်းရှိ COVID-19 ရောဂါပိုးရှိ လူနာ Case 15 အလုပ်လုပ်ကိုင်ခဲ့သည့် International SOS ဆေးခန်းရှိ လူအားလုံးနှင့် အင်းယားလိတ်ဟိုတယ် ဝန်ထမ်း၊ တည်းခိုနေသော ဧည့်သည်များ အပါအဝင် လူ ၂၀၆ ဦးကို အသွားအလာ ကန့်သတ်ကာ စောင့်ကြည့်ထားကြောင်း သိရသည်။

နောက်ဆုံးရရှိထားသော သတင်းများအရ အင်းယားလိတ်ဟိုတယ်တွင် တည်းခိုနေသော ဧည့်သည် ၉၀ ဦး၊ ဟိုတယ်ဝန်ထမ်း ၇၃ ဦး နှင့် SOS ဆေးခန်းဝန်ထမ်း ၄၃ ဦးတို့ အပါအဝင် စုစုပေါင်း ၂၀၆ ဦးကို ဟိုတယ် အတွင်း၌ပင် Quarantine ချထားခြင်း ဖြစ်ကြောင်း မရမ်းကုန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “ နေထိုင်စားသောက်ရေးကို အင်းယားလိတ်ကပဲ တာဝန်ယူ ပေးထားတယ်။ ဧည့်သည် တွေထဲက ၁၀ ယောက်က အဲဒီညကမှ (မတ်လ ၃၁) လာပြီး စားသောက်ကြတာပေါ့။ သူတို့ကိုပါ စောင့်ကြည့် နေထိုင်ခိုင်းလိုက်ပြီ။ ပေးမထွက်တော့ဘူး။ ဒါကတော့ အားလုံးအတွက် သင်ခန်းစာပဲ ဖြစ်နိုင်ရင် စားသောက်ဆိုင်တွေ မသွားဘဲ ပါဆယ်ပဲ ဝယ်ကြပါ” ဟု ဆိုသည်။

ယင်းအပြင် ထိုဆေးခန်းကို ယခုရက်ပိုင်းအတွင်း လာရောက် ပြသခဲ့သော လူများကို ရှာဖွေ ဖော်ထုတ်ကာ စောင့်ကြည့်သွားမည့် အစီအစဉ်များကိုလည်း ကျန်းမာရေး အဖွဲ့အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆက်လက် ဆောင်ရွက်နေကြောင်း ဦးရန်ရှင်းက ရှင်းပြသည်။

ထို လူ ၂၀၀ ကျော်အပြင် COVID 19 ရောဂါပိုးရှိသူ လူနာ နေထိုင်သော ဗဟန်းမြို့နယ် ဆရာစံ မြောက် အနောက် ရပ်ကွက်၊ အနောက်ဗဟိုလမ်းရှိ အခန်း ၁၂ ခန်း ပါရှိသော ၆ ထပ်တိုက်ကိုလည်း Quarantine ချထားပြီး အနောက်ဗဟိုလမ်းကိုလည်း ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ထားပြီး ဖြစ်ကြောင်း ဗဟန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ဧရာဝတီသို့ ပြောသည်။

၎င်းက “ လူနာက လေးလွှာမှာ နေခဲ့တာဆိုတော့ အဲဒီတိုက်မှာ ရှိတဲ့ လူတွေ အကုန်လုံးကို စောင့်ကြည့်နေတယ်။ လူကတော့ ၂၂ ဦးပေါ့။ အဲဒီလူနာ အခန်းကတော့ လူမနေတာ ၂ ရက်လောက်ရှိပြီ ဆိုတော့ သူတို့ အခန်းကတော့ ဘယ်သူမှမရှိဘူး” ဟု ဆိုသည်။

ယင်းအပြင် လူနာ၏ ခင်ပွန်းနှင့် မိသားစုဝင်များကို ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် စောင့်ကြည့်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

ဦးထွန်းမြင့်က ဆက်လက်၍ “အခု ဒီလူနာက COVID-19 ရောဂါပိုးရှိသူ လူနာ Case-8 ဖြစ်တဲ့ တိုးဂိုက် အမျိုးသမီးနဲ့ ဆက်စပ်မှု ရှိနေတဲ့ အနေအထားပါ။ ဘာကြောင့်လဲဆိုရင် မတ်လ ၂၅ ရက်နေ့က တိုးဂိုက်အမျိုးသမီးနဲ့ သူ့ ခရီးသွားတွေ (COVID 19 ရောဂါပိုးရှိသူ လူနာအမှတ် ၁၁၊ ၁၂၊ ၁၃)က အဲဒီ SOS ဆေးခန်းမှာ သွားပြခဲ့တာ ရှိ တယ်” ဟု ပြောသည်။

COVID 19 ရောဂါပိုးရှိ လူနာ Case 8 ဧည့်လမ်းညွှန်အမျိုးသမီးသည် မတ် ၂၅ ရက်နေ့မှ စတင်၍ ချောင်းဆိုး ခြင်း၊ အန်ခြင်း လက္ခဏာ များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မတ် ၂၆ ရက်နေ့တွင် လာ ရောက်ပြသခဲ့ရာ ပြင်းထန် အဆုတ်ရောင်ရောဂါ လက္ခဏာများ တွေ့ရှိရပြီး မတ်၂၇ ရက်နေ့တွင် ဓာတ်ခွဲ အဖြေအရ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအနောက် ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ခရီးသွား ၄ ဦးကို မတ်လ ၂၈ ရက်နေ့တွင် အသွားအလာကန့်သတ်ပြီး မတ်လ ၂၉ ရက်နေ့တွင် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ပြီး ထို ၄ ဦး အနက် ၃ ဦးမှာ (လူနာအမှတ် ၁၁၊ ၁၂၊ ၁၃) တို့တွင် မတ်လ ၃၀ ရက်နေ့ ဓာတ်ခွဲခန်းအဖြေအရ COVID 19 ရောဂါပိုး တွေ့ရှိခဲ့သည်။

COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ Case 15 သည် မတ် ၂၇ ရက်နေ့တွင် ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုးခြင်း စသော လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ် ၃၀ ရက်နေ့က ဗဟန်းမြို့ နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ သွားရောက်ပြသခဲ့ရာ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးသို့ ညွှန်းပို့ခဲ့၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှု ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဝေဘာဂီအထူးကုဆေးရုံကြီး သို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
377
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
52

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် COVID 19 ရောဂါပိုးတွေ့ရှိသူ ၁၆ ဦးအထိရှိသည့် အနက် အသက် ၆၉ နှစ်ရှိ အမျိုးသားမှာ ယမန်နေ့က သေဆုံးသွားခဲ့သည်။

You may also like these stories:

နေပြည်တော် စစ်ကြောရေးစခန်းတွင် ကိုဗစ်စောင့်ကြည့်လူနာ ၁ သောင်းခွဲထိ ထားနိုင်ရန် ပြင်ဆင်

မင်္ဂလာတောင်ညွှန့် လက်ကားဈေးကြီးများမှ လူသုံးကုန်နှင့် အထည်ဆိုင်များ ယာယီပိတ်

Covid-19 တွေ့ရှိသူ ပုဂ္ဂလိကဆေးခန်းရှိရာ အင်းယားလိတ်ဟိုတယ်ဝန်းကို Lockdown ချ

Your Thoughts …
Tags: Case 15Case 8COVID-19International SOS ဆေးခန်းQuarantineအင်းယားလိတ်ဟိုတယ်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

မြန်မာနိုင်ငံရှိ နေရာဒေသတချို့မှ KTV၊ ဘား၊ အနှိပ်ခန်း တို့ကို ဖမ်းဆီးမှုများ ပြုလုပ်နေစဉ် / ရဲဇာနည်

တောင်ကြီးမြို့ရှိ KTV အယောင်ပြ ပြည့်တန်ဆာလုပ်ငန်း လုပ်သူများအား ဖမ်းဆီး

by လဲ့လဲ့
7 September 2020
30.4k

COVID-19 ကာလအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ဖွင့်လှစ်ခွင့် မရှိသေးသည့် သက်ဖူးဝေ KTV အား စက်တင်ဘာ ၆ ရက်တွင် ဝင်ရောက်စစ်ဆေးရာတွင် ၎င်းတု့ိ ၇ ဦးအား ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

Next Post
အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့် ဖမ်းဆီး အမှုဖွင့်ခံခဲ့ရသည့် VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်း  / ဇော်ဇော် / ဧရာဝတီ

အကြမ်းဖက်ဥပဒေဖြင့် သတင်းသမားများကို တရားစွဲနေခြင်းအား ပြန်သုံးသပ်ရန် EPRN တောင်းဆို

မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံကြီး / မျိုးမင်းစိုး / ဧရာဝတီ

COVID-19 ရောဂါပိုးရှိသူ Case 16 လူနာနှင့် သားကို ဝေဘာဂီဆေးရုံသို့ ပို့ထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved