• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Quarantine စင်တာအတွင်း မူးယစ်ရမ်းကားသူများ ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

by လဲ့လဲ့
21 September 2020
in သတင်း
A A
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်စဉ် / စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး / facebook

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်စဉ် / စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး / facebook

16.4k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ကလေးတက္ကသိုလ်တွင် Quarantine ဝင်နေသူ လူငယ် ၇ ဦးသည် မူးယစ် သောက်စားပြီး နိုင်ငံပိုင် ကျောင်းတံခါးကို ဖျက်ဆီးခဲ့သဖြင့် ၎င်းတို့ကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်ထားသည်ဟု တာဟန်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ဇော်မိုးအောင်က ဧရာဝတီသို့ ပြောသည်။

ကျူးလွန်သူ ၇ ဦးမှာ မောင်လားပတ်တလွန်း၊ မောင်ဇိုးမိန်းထန်း၊ မောင်ဗန်လားဟရဲ၊ မောင်ဗန်ဘွဲ့အုပ်၊ မောင် ဘွဲ့နှောင် အုပ်၊ မောင်ချမ်းမင်းဦးနှင့် မောင်ထင်းနွန်မွောင်းတို့ဖြစ်ပြီး ၎င်းတို့ကို သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲ မှု ဥပဒေအပြင် နိုင်ငံတော်ပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆(၁)ဖြင့် စက်တင်ဘာ ၂၀ ရက်က အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ဒုရဲအုပ် ဇော်မိုးအောင်က“စင်တာကတော့ ဒီနေ့မှ သဘာဝဘေးနဲ့ အမှုဖွင့် အရေးယူတယ်။ သူတို့ကို ၆(၁)နဲ့ ကတော့ အမှုဖွင့်ထားပြီးသားပါ”ဟု ပြောသည်။

မူးယစ်ရမ်းကားသူ ၇ ဦးသည် ကလေးမြို့ရှိ လက်ပံချောင်း၊ မင်းလှ၊ စမ်းမြို့၊ ပျဉ်းတောဦး၊ တာဟန်း ရပ်ကွက်များတွင် နေထိုင်ကြသူဖြစ်ပြီး လွန်ခဲ့သည့် စက်တင်ဘာ ပထမ အပတ်က တရုတ်နိုင်ငံမှ ပြန်ရောက်လာပြီး ကလေးတက္ကသိုလ်တွင် Quarantine ဝင်နေကြခြင်းဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
18
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
15
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
31

ကလေးတက္ကသိုလ်၊ ဗန္ဓုလအဆောင်တွင် Quarantine ဝင်နေသည့် မောင်လားပတ်တလွန်း အပါအဝင် ၇ ဦးသည် စက်တင်ဘာလ ၁၇ ရက်၊ ည ၂ နာရီခွဲအချိန်ခန့်တွင် မူးယစ်သောက်စားကာ စင်တာတွင် နေထိုင် စားသောက်ရေး အဆင်မပြေမှုကို အကြောင်းပြကာ ဆူပူအော်ဟစ်သောင်းကျန်းခဲ့ကြောင်း၊ တာဝန်ကျ လူမူကူညီရေးအဖွဲ့များ အုပ်ချုပ်ရေး မှူးများ၏ တားမြစ်မှုကို လက်မခံသလို စင်တာ၏ စည်းကမ်းများ အား မလိုက်နာဘဲ ကျောင်းတံခါးမှန် ၂ ချပ်ကို ရိုက်ခွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၇ ဦးကို စင်တာထိန်းသိမ်းရေးတာဝန်ခံ ဦးကျော်ဇေယျာဖြိုးက တရားလိုပြုလုပ်ကာ စက်တင်ဘာလ ၂၀ ရက်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု အထက်ချင်းတွင်းလူငယ်ကွန်ရက်မှ အမှုဆောင် ဒါရိုက်တာ ဦးကျော်သက်ဝင်းထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ အတွင်းရေးမှူး တဦးလည်း ဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေး ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးကလည်း အဆိုပါစည်းကမ်းဖောက်ဖျက်သူ ၇ ဦးကို တရားစွဲထားပြီး Quarantine ပြီးပါက အရေးယူမှုပြုလုပ်မည်ဟု ဆိုသည်။

ကလေးမြို့နယ်တွင် စက်တင်ဘာလအတွင်း၌ ယခုအမှုအပါအဝင် စင်တာစည်းကမ်းချိုးဖောက်သဖြင့် အရေး ယူထားသည့် အမှု ၂ မှုရှိပြီဟု သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ စက်တင်ဘာလ ၂ဝ ရက်အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၂၀ ဦးရှိပြီး စက်တင်ဘာ ၁၉ ရက်အထိ စောင့်ကြည့်လူနာ ၁၁၀ ဦး၊ Quarantine ဝင်နေသူ ၄၄၀၆ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

You may also like these stories:

နေပြည်တော်တွင် ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက်ခံရမှုကြောင့် လူသေဆုံးမှုအထိ ရှိလာ

လက်ရှိဖြစ်နေတဲ့ အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်

Your Thoughts …
Tags: Quarantineမူးယစ်သောက်စား
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုများ  / အေးငြိမ်းနိဗ္ဗာန် လူမှုကူညီရေး အသင်း

Quarantine နေရာ ဝင်ရောက် တိုက်ခိုက်သူများကို အမှုဖွင့်တရားစွဲတင်

by ဒီလှိုင်းဝင်း
10 April 2020
69.3k

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ရွှေကျင်ကွက်သစ်ရှိ အေးငြိမ်းနိဗ္ဗာန် လူမှုကူညီရေး အသင်းရုံးတွင် ဖွင့်လှစ်ထားသော Facility Quarantine သတ်မှတ်နေရာသို့ ဝင်ရောက် တိုက်ခိုက်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်တရားစွဲတင်ထားကြောင်း ပုသိမ်ကြီးမြို့နယ် မြို့မရဲစခန်းမှ သိရသည်။

ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်

အင်းယားလိတ်ဟိုတယ်ကို အဝင်အထွက်ပိတ်ပြီး လူ ၂၀၀ ကျော် Quarantine ထား

by အောင်သီဟ
1 April 2020
28.3k

ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်ဝန်းအတွင်း လူ ၂၀၀ ကျော်ကို အသွားအလာ ကန့်သတ်ကာ စောင့်ကြည့်ထားကြောင်း သိရသည်။

သရုပ်ဆောင် ရီရီပွင့်ဖြူ  / Yi Yi Pwint Phyu's Facebook

မိခင်ကို အနီးကပ် ပြုစုခဲ့ပေမယ့် ကိုဗစ် မကူးအောင် နေထိုင်ပုံ ရီရီပွင့်ဖြူ မျှဝေ

by ဧရာဝတီ
23 July 2021
13.9k

“အမေ့ကို ၂၂ ရက် အနီးကပ် ပြုစုခဲ့ပေမယ့် ကိုဗစ် မကူးခဲ့ပါဘူး။ COVID ကြီးကို အနီးကပ် ကြုံတွေ့ရတာ တကယ့်ကို ကြောက်ဖို့ ကောင်းပါတယ်”

ကန့်ဘလူမြို့ ဆိုင်းဘုတ် / vitalnewsnow

ကန့်ဘလူ၌ Quarantine ဝင်နေသူ ၁ ဦးထံမှ မူးယစ်ဆေးဝါး ဖမ်းမိ

by လဲ့လဲ့
27 April 2020
19.1k

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ရှိ အထက်ကျောင်းတွင် ရန်ကုန်မှ ဇီးကုန်းသို့ ပြန်လာပြီး Quarantine ဝင်နေသူ အမျိုးသား ၁ ဦးထံမှ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိသည်ဟု

သရုပ်ဆောင် ရှိန်းတင်ထူး / Shein Tin Htoo's Facebook

သရုပ်ဆောင် ရှိန်းတင်ထူးရဲ့ မိဘနှစ်ပါး COVID-19 ကူးစက်ခံထားရ

by ယုဖြူဟန်
9 November 2020
5.2k

“အားလုံးလည်း ဂရုစိုက်ကြပါ။ ကျနော်ဆို အိမ်ထဲကနေ မထွက်တာ ၄ လလောက် ရှိပြီ။ ဘယ်လိုဖြစ်လဲတော့ မပြောတတ်ဘူးပေါ့ဗျာ” လို့ ရှိန်းတင်ထူးက ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး / သီဟလွင် / ဧရာဝတီ

လက်ရှိဖြစ်နေတဲ့ အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်

by သဇင်လှိုင်
15 September 2020
49k

ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေးနဲ့ ပတ်သက်ပြီး မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်နေသည်ကို သိရှိနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် ဧရာဝတီသတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။

Next Post
၂၀၂၀ ခုနှစ် မေလအတွင်းက ရွှေပြည်သာစက်မှုဇုန်အတွင်း ခွဲစိတ်ခန်းသုံး ဝတ်ရုံများ ချုပ်နေသော အလုပ်သမားများ / အောင်ကျော်ထက်

ကိုဗစ်ကပ်ရောဂါကာလ အလုပ်သမားအခွင့်အရေး ပိုကာကွယ်ရန် လိုအပ်

တပ်မတော်သား ၃ဦးကို မုဒိမ်းမှုဖြင့် အမှုဖွင့်ခဲ့သည့် ဦးဂါကျေးရွာသူ အမျိုးသမီး  / မင်းအောင်ခိုင်  / ဧရာဝတီ

ဦးဂါရွာသူအမှု ကျူးလွန်သူ တပ်မတော်သား ၃ ဦးကို စစ်တရားရုံးတွင် စစစ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

10 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved