• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးဂါရွာသူအမှု ကျူးလွန်သူ တပ်မတော်သား ၃ ဦးကို စစ်တရားရုံးတွင် စစစ်

by မင်းအောင်ခိုင်
21 September 2020
in သတင်း
A A
တပ်မတော်သား ၃ဦးကို မုဒိမ်းမှုဖြင့် အမှုဖွင့်ခဲ့သည့် ဦးဂါကျေးရွာသူ အမျိုးသမီး  / မင်းအောင်ခိုင်  / ဧရာဝတီ

တပ်မတော်သား ၃ဦးကို မုဒိမ်းမှုဖြင့် အမှုဖွင့်ခဲ့သည့် ဦးဂါကျေးရွာသူ အမျိုးသမီး / မင်းအောင်ခိုင် / ဧရာဝတီ

14.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှ အမျိုးသမီး ၁ ဦးကို တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်သည့် အပေါ် စစ်တရားရုံးဖြင့် စတင် စစ်ဆေးနေကြောင်း တပ်မတော် သတင်းပြန်ကြားရေးမှ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “စစ်နေပါပြီ။ သူတို့ ဝန်ခံပြီး ပြီးဖြစ်တဲ့အတွက် ခိုင်လုံနေတဲ့အတွက်ကြောင့် ဘယ်ဥပဒေတွေနဲ့ ငြိတယ်။ ဘယ်လို အပြစ်ပေးရမယ်ဆိုတာပဲ ရှိတော့မယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူ တပ်မတော်သား ၃ ဦးကို ရခိုင်ပြည်နယ်အတွင်းက သက်ဆိုင်ရာ တပ်ရင်းတခု၌ စစ်တရားရုံး ဖွဲ့ကာ စစ်ဆေးနေခြင်းဖြစ်ပြီး ဖြစ်ပေါ်နေသည့် အခြေအများကြောင့် သက်သေများကိုလည်း အဝေးရောက် သက်သေ ထွက်ချက်များ ရယူကာ စစ်ဆေးသွားမည် အခြေအနေ ရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ထိုသို့ စစ်တရားရုံးဖြင့် စစ်ဆေးရာတွင် အရပ်ဘက် အဖွဲ့အစည်းများ ဝင်ရောက် နားထောင်ရန် ဖိတ်ကြားမည့် ကိစ္စနှင့် ပတ်သက်ပြီး တိတိကျကျ မပြောဆိုနိုင်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “အရပ်ဘက် အဖွဲ့အစည်းတွေ ဝင်ရောက် နားထောင်ခွင့် ပေးမယ်၊ မပေးဘူးဆိုထက် ကျနော် ပြောနိုင်တာတခုက ထိရောက်ပြင်းထန်စွာ အရေးယူမယ်ဆိုတာ သတင်းထုတ်ပြန်ပြီး ဖြစ်သည့်အတွက် ၁၉၅၉ တပ်မတော် အက်ဥပဒေ အရရော၊ သူတို့ ကျူးလွန်ခဲ့သည့်အတွက် ပြစ်မှုအတွက် ရာဇသတ်ကြီး ဥပဒေတို့ဖြင့် အရေးယူသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သော ဇွန်လ ၂၉ ရက်က ဦးဂါကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတခုမှ တပ်ဖွဲ့ဝင် ၃ ဦး မှာ ယင်းနေ့ ညနေ ၁၁ နာရီ အချိန်ခန့်တွင် အသက် ၃၆ နှစ်အရွယ် ဒေါ်ဦးဌေးဝင်းဆိုသူ အမျိုးသမီးအား မိသားစုနှင့် အတူ ရှိနေစဉ် စစ်ဆေးစရာ ရှိသည်ဟု ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင် ဖြစ်သူ ဒေါ်ဦးဌေးဝင်းက သတင်း မီဒီယာများနှင့်တွေ့ဆုံကာ ပြောကြားထားသည်။

ထိုသို့ အဓမ္မပြုကျင့်ခဲ့ရသည့်အတွက် ကာယကံရှင် ဖြစ်သူ ဒေါ်ဦးဌေးဝင်းက ဇူလိုင် လ ၁၀ ရက် နံနက် ၁၀ နာရီကျော် အချိန်က စစ်တွေမြို့မ ရဲစခန်းသို့ လာရောက်ကာ အမှုဖွင့်လှစ်ခဲ့ သလို စစ်တွေဆေးရုံ၌လည်း ဆေးစစ်ချက်များ ခံယူ ခဲ့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
65
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
26
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
77

ထို တိုင်ကြားချက်အပေါ် စစ်တွေမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၁၁၄ ပူးပေါင်းပါဝင်မှု၊ ရာဇ သတ်ကြီး ပုဒ်မ ၃၆၆ မတရားသဖြင့် ကာမယှက်စပ်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိမ်းမှု စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။

ပြစ်မှုကျူးလွန်သော တပ်မတော်သားများနှင့် ပတ်သက်ပြီး တပ်မတော်က စစ်တရား ရုံးဖွဲ့ကာ အပြစ်ပေး အရေးယူရာ တွင် ပြစ်မှု ပြစ်ဒဏ် မည်မျှပေးသည်၊ ပြစ်မှုနှင့် ပြစ်ဒဏ်မျှတမှု ရှိမရှိ ဆိုသည်ကို ပွင့်လင်းမြင်သာစွာ ချပြခြင်း မရှိသည့် အတွက် လူအခွင့်အရေး လှုပ်ရှားသူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများက တပ်မတော်၏ စစ်တရားရုံးအပေါ်ဝေဖန်မှု ရှိသည်။

အဆိုပါ အရေးအား လိုက်ပါကူညီသူ ရခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ကတော့ ပြစ်မှုကျူးလွန်သူ တပ် မတော်သားများအား နယ်ဘက် တရားရုံးသို့ လွှဲပြောင်းပြီး အရေးယူနိုင်ရန် ကြိုးပမ်းကာ တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောသည်။

ဒေါ်ညိုအေးက “ဦးဂါရွာသူ အမှုနဲ့ ပတ်သက်ပြီး ဘယ်လို စစ်ဆေးနေတယ်ဆိုတာ အခုချိန်ထိတော့ ကျမတို့ကို တစုံတရာ အကြောင်းကြားတာ မရှိဘူး။ ဒီအပေါ်မှာ ကျမတို့က စိုးရိမ်ပူပန်မှု ရှိတယ်။ ဖြစ်စေချင်တာက ဒီအမှုကို အရပ်ဘက် တရား ဥပဒေ ရှေ့မှောက်ကို ရောက်စေချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်ဆင်ရေး တာဝန် ထမ်းဆောင်နေစဉ် ကာလ အတွင်း ဖြစ်ပွားခဲ့သည့်အတွက် ကျူးလွန်သူ တပ်မတော်သား ၃ ဦး အမှုကို အရပ်ဘက် တရားရုံးသို့ လွှဲပြောင်းပေးမည် မဟုတ်ဘဲ စစ်တရားရုံးဖြင့် စစ်ဆေးကာ တပ်မတော် အက်ဥပဒေ အရသော်လည်းကောင်း၊ နယ်ဘက် ဥပဒေ အရသော် လည်းကောင်း အပြစ်ပေး အရေးယူသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

You may also like these stories:

ဦးဂါရွာသူကို အဓမ္မကျင့်သည့် တပ်မတော်သား ၃ ဦး၊ စစ်တရားရုံးဖွဲ့ စစ်ဆေး ပြစ်ဒဏ်ပေးမည်

ဦးဂါရွာသူအမှု တရားမျှတမှုရရေး အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

Your Thoughts …
Tags: စစ်တရားရုံးတပ်မတော်သားအဓမ္မပြုကျင့်မှုဦးဂါရွာ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

by ဟိန်းထူးဈာန်
6 November 2024
13.9k

အင်းတော် အဓမ္မပြုကျင့်မှုများနှင့် ပတ်သက်ပြီး SNA ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကို မှတ်ချက်တောင်းရန် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

by Vincent MacIsaac
20 August 2024
5.1k

"ထောင်ထဲမှာနေတုန်းက ကျမ လုပ်ချင်တဲ့ တခုတည်းသောအရာက ဆက်လက် ဆန့်ကျင်ဖို့အတွက် ထောင်ကနေ လွတ်မြောက်ရေးပဲ"

အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးထားသည့် မျိုးမြင့်အောင် / မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

သမီးအရင်း ၂ ဦးအား အဓမ္မပြုကျင့်သည့် ဖခင်ကို ဖမ်းဆီး

by ဒီလှိုင်းဝင်း
16 July 2019
155.9k

မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် အသက် ၁၂ နှစ်အရွယ် ဆွံ့အနားမကြား သမီးနှင့် အသက် ၂၀ အရွယ် သမီးတို့ကို အဓမ္မပြုကျင့်ခဲ့သော ဖခင်ရင်းကို ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ပြည်ကြီး တံခွန်မြို့မရဲစခန်းက သိရသည်။

စစ်ကောင်စီ မုဒိန်းကျင့်ခံရသူများ တိုင်ကြားရန် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း

by ဧရာဝတီ
14 November 2022
5.3k

စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲရုံးနှင့် ထိုရုံးမှတပ်မှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ကြောရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အဓိက တာဝန်ရှိသူဖြစ်သည်။

လပွတ္တာမြို့ ဆိုင်းဘုတ် / ဆလိုင်းသန့်စင် / ဧရာဝတီ

၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ပထွေးနှင့်ခဲအိုကို ဖမ်းဆီး

by ဆလိုင်းသန့်စင်
4 July 2019
80.6k

အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြင့် ၎င်း၏ ပထွေးနှင့် ခဲအို ဖြစ်သူတို့ကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း

မယားပါသမီး ၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် မျိုးအောင် / အောင်မြသန်း / Ayeyarwaddy Times

မယားပါသမီး ၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်သည့် ပထွေး ဖမ်းဆီး

by ဆလိုင်းသန့်စင်
21 July 2018
50.1k

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပန်းတိုင်ကျေးရွာ၌ ငါးကန်စောင့် အလုပ်လုပ်ကိုင်သူ မျိုးအောင် (၃၀နှစ်)သည် ဇနီးမှ ပါသည့် အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်း သူ မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့် အတွက်...

Next Post
ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်းတချို့ကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

ကိုဗစ်ကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လျှော့ချပြေးဆွဲ

လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံ လုပ်ငန်းခွင်တခု / ဧရာဝတီ

CMP စက်ရုံများ ရပ်နားရမှု ရေရှည်တွင်ဈေးကွက် ပျောက်နိုင် ဟုဆို

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved