• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တရုတ်စီးပွားရေး ကောင်းကင်မှာ မိုးတိမ်တိုက်များ ဖွဲ့စည်းနေ

by ရန်နိုင်
29 September 2020
in ဆောင်းပါး
A A
၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၂ ရက် တရုတ်ပြည် အရှေ့မြောက် ဂျိလင်းခရိုင် ချန်ချုံးမြို့က ကားပြပွဲ / Xinhua

၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၂ ရက် တရုတ်ပြည် အရှေ့မြောက် ဂျိလင်းခရိုင် ချန်ချုံးမြို့က ကားပြပွဲ / Xinhua

15.4k
VIEWS
Share on FacebookShare on Twitter

တရားဝင်အားဖြင့် တရုတ်နိုင်ငံသည် ကမာ္ဘ့ ကပ်ရောဂါဖြစ်ပွားနေသည့့်တိုင် ၎င်း၏ စီးပွားရေးတိုးတက်မှု အလားအလာနှင့် ပတ်သက်၍ သတိထား အကောင်းမြင်နေဆဲဖြစ်ပြီး ကမာ္ဘ့ ဒုတိယအကြီးဆုံးစီးပွားရေးက ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသော ကျဆင်းမှုမှ တဖြည်းဖြည်း ပြန်လည်နာလန်ထူလာကြောင်း အခိုင်အမာ ပြောနေသည်။ သို့သော်လည်း လေ့လာသုံးသပ်သူများကမူ တိုင်းပြည်က ဝင်ငွေမြင့်မားသော နိုင်ငံများအဆင့်သို့ ဝင်ရောက်ရန် ကြိုးစားနေသည်နှင့် အမျှ မူဝါဒချမှတ်သူများအနေဖြင့် လာမည့်နှစ်များအတွင်း တည်ငြိမ်သော တိုးချဲ့မှုကို ထိန်းသိမ်းထားရန် ခက်ခက်ခဲခဲ လုပ်ရလိမ့်မည်ဟု ပြောကြသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးက ကြံ့ကြံ့ခံနိုင်စွမ်း ရှိနေဆဲဖြစ်ပြီး ပြင်ပအန္တရာယ်များ မြင့်တက်နေသည့်တိုင် အစိုးရထံတွင် လုံလောက်သော မူဝါဒ ကိရိယာများ ရှိနေသည်ဟု သမ္မတ ရှီကျင့်ဖျင်က မကြာသေးမီက ပြောကြားခဲ့သည်။

“ပြည့်စုံ လုံလောက်သော အလားအလာ၊ ကြီးမားသော ခံနိုင်ရည်၊ ခိုင်ခံ့သော တက်ကြွမှု၊ လှုပ်ရှားဆောင်ရွက်ရေး အတွက် ကျယ်ပြန့်သော နေရာများနှင့် အခက်အခဲများကို ဖြေရှင်းနိုင်သည့် မူဝါဒများစွာ ရှိနေခြင်းနှင့် အတူ တရုတ်စီးပွားရေး၏ အခြေခံ ဝိသေသလက္ခဏာများက မပြောင်းလဲသေး” ဟု သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ကြောင်း အစိုးရပိုင် Xinhua သတင်းဌာနက ကောက်နုတ်ဖော်ပြခဲ့သည်။

“အိုးစည်ဗုံမောင်း တီးနေရုံလောက်နဲ့ တရုတ်နိုင်ငံ ပြန်လည်နုပျိုလန်းဆန်းရေးကို အောင်မြင်အောင် ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ပါဘူး”

“ပိုမိုပြီး မတည်ငြိမ်တဲ့ မသေချာ မရေရာတဲ့ ကမာ္ဘတခုမှာ ကျနော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေရပါမယ်” ဟု သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပြီး မြင့်တက်လာသော အခက်အခဲများနှင့် စိန်ခေါ်မှုများကြားတွင် စိတ်အေးအေးထားရန် တိုက်တွန်းလိုက်သည်။

“အိုးစည်ဗုံမောင်း တီးနေရုံလောက်နဲ့ တရုတ်နိုင်ငံ ပြန်လည်နုပျိုလန်းဆန်းရေးကို အောင်မြင်အောင် ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ပါဘူး”ဟု သူက ပြောသည်။

ဟူဘဲ့ Hubei ပြည်နယ်ရှိ နိုင်ငံ၏ အလယ်ပိုင်းမြို့တော် ဝူဟန် Wuhan မှ ကူးစက်ကပ်ရောဂါ စတင်ခဲ့သည့် တရုတ်နိုင်ငံသည် ဒေသတွင်းတွင် ကျဆင်းမှုကို တောင့်ခံနိုင်ခဲ့သည့် စီးပွားရေး အနည်းငယ်ထဲမှ တခု ဖြစ်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က မကြာသေးမီက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် “ဖွံ့ဖြိုးတိုးတက်မှု အတွက် ပလက်ဖောင်းတခုကို ပေးသော ပြည်သူကျန်းမာရေး အားထုတ်ခြင်း၏ အောင်မြင်မှုများနှင့် အတူ” ယခုနှစ်တွင် ၁.၈ ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ် တွင် ၇.၇ ရာခိုင်နှုန်း ဖွံ့ဖြိုး လာလိမ့်မည်ဟု ADB က ခန့်မှန်းထားသည်။

သို့သော်လည်း ပိုမိုနက်ရှိုင်းသော ဖွဲ့စည်းတည်ဆောက်ပုံအဆင့်တွင်မူ တရုတ်၏စီးပွားရေးက ကုန်းတက်ကို ခက်ခဲစွာ ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံသည် ၂၀၁၉ ခုတွင် ရာစုနှစ်ဝက်နီးပါးအတွင်း အနိမ့်ဆုံးအနေဖြင့် GDP တိုးတက်မှု ၆.၁ ရာခိုင်နှုန်းဖြင့် စံချိန်တင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဆိုးရွားခဲ့သည်။ တိုင်းပြည်၏ စီးပွားရေးအင်အားက စတင် အားပျော့လာသည်နှင့်အမျှ ယခုနှစ် ပထမ သုံးလပတ်တွင် ၁၉၇၆ ခုနှစ်မှ စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး စီးပွားရေးကျဆင်းမှုတခုကို တရုတ်အစိုးရက ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပြီး အမျိုးသား စာရင်းအင်းဗျူရိုက ယခင်နှစ် အလားတူကာလနှင့် နှိုင်းစာလျှင် စီးပွားရေးက ၆.၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ဧပြီလ ၁၇ ရက်နေ့တွင် ကြေငြာခဲ့သည်။

အံ့သြစရာကောင်းသည်မှာ မေလ ၂၂ ရက်နေ့က ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ၏ နှစ်ပတ်လည် ပြည်သူ့ကွန်ဂရက် (CCP) အတွင်းတွင် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် GDP တိုးတက်မှု ရည်မှန်းချက်ကို ကြေငြာခြင်းမရှိခဲ့ပါ။

မည်သို့ဆိုစေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ဖြစ်လာရသော “ကြီးမားသည့် မသေချာ မရေရာမှု” ကို အာဏာပိုင်များက ကိုးကား၍ ရုန်းကန်နေရသော စီးပွားရေးနှင့် တိုးပွားလာနေသော နိုင်ငံတကာ၏ ရန်လိုမှုများကြားတွင် နိုင်ငံ၌ ရင်ဆိုင်နေရသော မတ်စောက်သည့် စိန်ခေါ်မှုများကို အသိအမှတ်ပြု ဝန်ခံခဲ့ခြင်းပင်။

တရုတ်နိုင်ငံ၏ GDP တွင် ၂၀၀၃ ခုနှစ်မှစ၍ ဂဏန်း ၂ လုံး တိုးတက်မှုနှုန်းကို နှစ်စဉ် မြင်တွေ့ ခဲ့ရပြီး ၂၀၀၇ ခုနှစ်တွင် ၁၄.၂ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးသို့ ရောက်ခဲ့သည့် အချိန်အထိ ဖြစ်သည်။ သို့သော်လည်း ထိုအချိန်မှ ကာလရှည်ကြာစွာ ကျဆင်းသွားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ၆.၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် တွင် ၆.၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။

COVID-19 ကို ထိုသို့ ကျဆင်းမှုအတွက် အပြစ်ပုံ၍ မရပါ။ တရုတ်နိုင်ငံ စီးပွားရေး၏ ခက်ခဲနေပြီးသား အခြေအနေကို အနည်းငယ် ပိုမို ဆိုးရွားစေရုံမျှသာ ဖြစ်သည်။ သို့သော်လည်း CCP က ၎င်း၏ဝါဒဖြန့်ချိမှုနှင့် အတူ အခြေအနေကို ဖုံးကွယ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ကျဆင်းရခြင်း၏ အကြောင်းရင်းများမှာ နှစ်ပေါင်းများစွာအတွင်း စုပုံလာခဲ့သော တရုတ်စီးပွားရေး၏ အခြေခံကျသော ပြဿနာများဖြစ်သည့် အလွန်အကျွံ ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်နိုင်မှု နိမ့်ကျခြင်း၊ နည်းပါးသော စားသုံးသူ သုံးစွဲမှုနှင့် လူဦးရေဆိုင်ရာ အပြောင်းအလဲများ ဖြစ်ကြသည်။

ပို၍ လေးနက်သော အခြေအနေတခုကိုပင် ကျွမ်းကျင်သူများက သတိပြုမိကြသည်။ တရုတ်ဆောက်လုပ်ရေး ဘဏ်နှင့် တရုတ်ဘဏ် တို့ကဲ့သို့ အကြီးစားဘဏ်များက သူတို့၏ ဆယ်စုနှစ်တခုအတွင်း အကြီးမားဆုံး အကျိုးအမြတ်ကျဆင်းမှုများကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ တရားဝင်ကိန်းဂဏန်းများအရ GDP က ၆.၈ ရာခိုင်နှုန်း ကျဆင်းသွားသည်ဆိုပြီး အစိုးရ၏ အမေရိကန်ဒေါ်လာ ၅၅၉ ဘီလီယံ (၇၃၆.၃ ထရီလီယံကျပ်) တန် ပြန်လည်ကုစားရေး အစီအစဉ်တခု (၎င်းကြောင့်လည်း ဖြစ်နိုင်သည်) ရှိသည့်တိုင် အမှန်တကယ် ကိန်းဂဏန်းများက ပိုမိုမြင့်မားဖွယ်ရှိသည်။

ကျဆင်းရခြင်း၏ အကြောင်းရင်းများမှာ နှစ်ပေါင်းများစွာအတွင်း စုပုံလာခဲ့သော တရုတ်စီးပွားရေး၏ အခြေခံကျသော ပြဿနာများဖြစ်သည့် အလွန်အကျွံ ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်နိုင်မှု နိမ့်ကျခြင်း၊ နည်းပါးသော စားသုံးသူ သုံးစွဲမှုနှင့် လူဦးရေဆိုင်ရာ အပြောင်းအလဲများ ဖြစ်ကြသည်။

၁၉၉၀ နှစ်များနှင့် ၂၀၀၀ နှစ်များ အတွင်း တရုတ်နိုင်ငံသည် ထိုအချိန်နှင့် သင့်လျော်သော နည်းလမ်းတခုဖြင့် ချမ်းသာကြွယ်ဝမှုကို ဖန်တီးခဲ့သည်။ စက်ရုံများ ကြီးထွားလာပြီး တကမာ္ဘလုံးအတွက် ယှဉ်ပြိုင်နိုင်သည့် ကုန်ပစ္စည်းများ ထုတ်လုပ်ခဲ့သည်။ မြို့ကြီးများနှင့် မြို့ငယ်များကို ဆက်သွယ်ထားသည့် မိုင်ပေါင်းများစွာ သော တံတားများနှင့် လမ်းများကို တည်ဆောက်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းက စီးပွားရေး၏ အကျိုးဖြစ်ထွန်းမှု အလားအလာများကို တိုးပွားစေရင်း လူအများအပြားအတွက် အလုပ်အကိုင်များနှင့် ဝင်ငွေရစေသော အခွင့်အလမ်းများကို ဖန်တီးပေးခဲ့သည်။

သို့သော်လည်း ထိုကဲ့သို့သော နည်းလမ်းများသည် တိုင်းပြည်၏ တိုးတက်မှု အလားအလာကို အမြဲတမ်း တိုးမြှင့်ပေးမည်မဟုတ်ပါ။ တံတားများနှင့် လမ်းများမှာ “လူသူမရှိသည့် မြို့များ” ကဲ့သို့ “ ဘယ်နေရာမှန်း မသိသည့်နေရာများ” တွင် တည်ဆောက်နေခဲ့သည်။

အခြေခံ အဆောက်အဦးများအတွက် အလွန်အကျွံ စရိတ်များအပြင် တရုတ်နိုင်ငံက ၎င်း၏ ချေးငွေရရှိနိုင်မှု စနစ်ကို တိုးချဲ့ခြင်းဖြင့် စားသုံးသူနှင့် လုပ်ငန်း အသုံးစရိတ်များကို တိုးမြှင့်နေသည်။ နိုင်ငံတွင် ပမာဏကြီးမားသော ကြွေးမြီများက ပြည်တွင်း၌သာမက ပြည်ပတွင်ပါ စုပုံနေသည်။ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စုစုပေါင်း ကော်ပိုရိတ်၊ အိမ်ထောင်စုနှင့် အစိုးရ ကြွေးမြီက အမေရိကန် ဒေါ်လာ ၄၀ ထရီလီယံအထိ မြင့်တက်လာခဲ့သည်။ ၎င်းသည် GDP ၏ ၃၀၀ ရာခိုင်နှုန်းခန့်ရှိပြီး ကမာ္ဘ့ကြွေးမြီ အားလုံး၏ ၁၅ ရာခိုင်နှုန်းဖြစ်သည်။

တရုတ်အစိုးရ၏ အကြီးအကျယ် ချေးယူမှုများကြောင့် S&P (ကြွေးပြန်ဆပ်နိုင်မှု အလားအလာကို တွက်ချက်သတ်မှတ် ပေးသည့် အမေရိကန် အခြေစိုက် လွတ်လပ်သော အဖွဲ့အစည်း) က ၎င်း၏ ခန့်မှန်းထားသော ကြွေးမြီနှင့် GDP အချိုးကို ၂၇၃ ရာခိုင်နှုန်းသို့ ပြန်လည် ပြင်ဆင်သတ်မှတ်ခဲ့သည်။ အထူးသဖြင့် ကော်ပိုရိတ်ကြွေးမြီများက ကြီးမားစွာ ရှိနေပြီး ပြန်ရလိမ့်မည် မဟုတ်သော ချေးငွေများနှင့် (စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်ရန် လုံလောက်ရမည့်) ဘဏ်များ၏ အရင်းအနှီးကြားတွင် အပြန်အလှန် သက်ရောက်မှု ကွင်းဆက် တခုကို ဖြစ်စေခဲ့သည်။

အင်အားကြီးနိုင်ငံများက တရုတ်နိုင်ငံနှင့် “လမ်းခွဲ”ရန် သူတို့၏ ရည်ရွယ်ချက်ကို ကြေငြာခဲ့ပြီးချိန်တွင် ဆော်ဒီအာရေဗျမှ ဒေါ်လာ ၁၀ ဘီလီယံတန် ရေနံချက် စက်ရုံကဲ့သို့ ကြီးမားသော စီမံကိန်းများကို ဖျက်သိမ်းခြင်းနှင့် အတူ ပါကစ္စတန်မှ စီမံကန်းများ အပါအဝင် Belt and Road Initiative (BRI) စီမံကိန်းအချို့ ကပ်ရောဂါကြောင့် နှောင့်နှေးဖွယ်ရှိကြောင်း သတင်းအချက်အလက်များက ဖော်ပြနေသည်။

ယခုအခါ အလုပ်သမား သန်း ၈၀ က ကပ်ရောဂါလွန် ကာလတွင် အလုပ်လက်မဲ့ ဖြစ် နေကြပြီး ယခုနှစ်အတွင်းတွင် နောက်ထပ် ၈.၇ သန်း အလုပ်အကိုင် ရှာဖွေသူများ (အလုပ်လက်မဲ့များ) စာရင်းသို့ ပါဝင်လာခဲ့ကြောင်း နောက်ဆုံး သတင်းများက ဖော်ပြနေသည်။

စီးပွားရေးက စတင် ကျဆင်းလာသည်နှင့်အမျှ တရုတ်နိုင်ငံမှ စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်း များစွာ ပိတ်ပစ်လိုက်ရခြင်းက အလုပ်သမားအင်အား အကြီးအကျယ် လျှော့ချရခြင်းသို့ ဦးတည်ခဲ့ပြီး လုပ်ခလစာ တိုးတက်မှုကို နှေးကွေး စေခဲ့သည်။ အလုပ်လက်မဲ့ ဖြစ်ခြင်းကို မြင့်တက်စေခဲ့သည်။ ၂၀၁၉ ခုနှစ် အစပိုင်းတွင် အလုပ်လက်မဲ့နှုန်း က ၅.၃ ရာခိုင် နှုန်း ရှိ ခဲ့သော်လည်း အစိုးရ အာဘော်ဖြစ်သော Global Times သတင်းစာက နှစ်ကုန်ခါနီးသည့် အချိန်တွင် ၂၀၂၀ ခုနှစ်၌ အလုပ်လက်မဲ့ဖြစ်မှု နောက်ထပ် မြင့်တက်လာခြင်းနှင့် လုပ်ခကျဆင်းခြင်းတို့နှင့် အတူ အခြေအနေ ပိုမို၍သာ ဆိုးရွားလာမည်ဖြစ်ကြောင်း ခန့်မှန်းချက်တခုကို ထုတ်ပြန်ခဲ့သည်။

ယခုအခါ အလုပ်သမား သန်း ၈၀ က ကပ်ရောဂါလွန် ကာလတွင် အလုပ်လက်မဲ့ ဖြစ် နေကြပြီး ယခုနှစ်အတွင်းတွင် နောက်ထပ် ၈.၇ သန်း အလုပ်အကိုင် ရှာဖွေသူများ (အလုပ်လက်မဲ့များ) စာရင်းသို့ ပါဝင်လာခဲ့ကြောင်း နောက်ဆုံး သတင်းများက ဖော်ပြနေသည်။

ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း ပြည်သူလူထု၏ ဝယ်ယူသုံးစွဲနိုင်စွမ်း အားကျဆင်းလာသည်နှင့်အမျှ တရုတ် လူသုံးကုန်ဈေးကွက်၏ အရွယ်အစားက ကျဆင်းလာခဲ့သည်။ နှစ်စဉ် တိုးတက်မှု ဂဏန်း ၂ လုံး ရှိနေကျ အခြားကဏ္ဍများ၊ ကားများနှင့် အိမ်ခြံမြေတို့တွင် ဝယ်လိုအားက ကျဆင်းနေသည်။ ချမ်းသာသော ကမ်းရိုးတန်း ဒေသများနှင့် ကုန်းတွင်းပိုင်း ဒေသများကြား ဝင်ငွေကြီးမားစွာ ကွာဟခြင်းက အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။

မေလ ၂၈ ရက်နေ့တွင် တရုတ် ဝန်ကြီးချုပ် လီကီချန်းက တရုတ်နိုင်ငံတွင် လစဉ်ဝင်ငွေ ယွမ် ၁၀၀၀ (ကျပ် ၁၉၄၀၀၀ ကျပ်) မျှသာ ရရှိသူ သန်း ၆၀၀ ကျော်ရှိကြောင်း ဝန်ခံခဲ့သည်။ ထိုပမာဏသည် တရုတ် မြို့တမြို့တွင် အခန်းငှားရန်ပင် လုံလောက်ခြင်း မရှိပါ။ အကယ်၍ (အားနည်းချက်များကို ဖုံးကွယ်ရန် အမြဲတမ်း ကြိုးစားနေသည့်) ကွန်မြူနစ်နိုင်ငံ တခု၏ ထိပ်တန်းခေါင်းဆောင်တဦးက ထိုသို့သော ကြေညာချက် တခုကို ထုတ်ဖော် ပြောဆိုခဲ့သည်ဆိုလျှင် ၎င်းသည် ပြဿနာ၏ အစွန်အဖျားမျှသာဖြစ်ကြောင်း စိတ်ချလက်ချ ယူဆ၍ ရနိုင်ပါသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ လူဦးရေ အနေအထားက စီးပွားရေး တိုးတက်မှုကို ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ပါ။ တရုတ်နိုင်ငံက အိုမင်းလာနေသည်။ အလုပ်လုပ် နိုင်သည့် လူဦးရေက ၂၀၁၂ ခုနှစ်မှ စ၍ လျော့နည်း ကျဆင်းလာခဲ့သည်။ ၁၉၇၉ ခုနှစ် တွင် စတင်ကျင့်သုံးခဲ့သော အိမ်ထောင်တခုလျှင် ကလေးတယောက်သာ မွေးရသည့် မူဝါဒ၏ မလွှဲမရှောင်သာသော ရလဒ်အနေဖြင့် ၂၀၅၀ ခုနှစ်တွင် အငြိမ်းစားများက တရုတ်လူဦးရေ၏ ၄၀ ရာနှုန်း အထိ ရှိလာလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြသည်။ ၎င်းသည် လူငယ်များအတွက် သင့်တင့် လျောက်ပတ်သော ဘဝ၊ တည်ငြိမ်မှုနှင့် အလုပ်အကိုင်ကို ဖန်တီးပေးရေးတွင် တရုတ်ကွန်မြူနစ်ပါတီ၏ စွမ်းဆောင်ရည်အတွက် စမ်းသပ်ချက် ဖြစ်သည်။ အဆိုပါအချက်များသည် သမ္မတ ရှီကျင့်ဖျင်၏ “တရုတ်အိပ်မက်” အတွက် အခြေခံများကို ဖွဲ့စည်းပေးသည်။ တရုတ်နိုင်ငံက ၎င်း၏ နိုင်ငံသားများအားလုံးအတွက် လူနေမှု အဆင့်အတန်းနှင့် အရည်အသွေးကို မြှင့်တင်ပေးရင်း ၂၀၂၀ ခုနှစ်တွင် တနိုင်ငံလုံး ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ရည်မှန်းထားသည်။

စီးပွားရေး အကျပ်အတည်းက နိုင်ငံရေး အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်။ သဘောထား ကွဲလွဲမှုများကို နုတ်ပိတ်ရန် ကြီးမားသော နှိမ်နင်းမှုတခု အကောင်အထည် ဖော်ရန် ရှိနေသည်။

သို့သော်လည်း စီးပွားရေးကျဆင်းမှုကြောင့် ထိုရည်မှန်းချက်ကို ရရှိရန် အလှမ်းဝေးနေသေးကြောင်း ၂၀၂၀ ခုနှစ် ပထမ ၉ လ က ပြသသည်။ ကူးစက်ရောဂါ၏ တိုက်ခိုက်ခြင်း ခံနေရသော ကမာ္ဘတခုတွင် တိုးတက်မှုနှုန်းကို ထိန်းထားရေးက ခက်ခဲလိမ့်မည် ဖြစ်သည်။ လယ်ယာမြေများ အကြီးအကျယ် ရေလွှမ်းမိုးခံခဲ့ရပြီးနောက် တရုတ်နိုင်ငံတွင် စားနပ်ရိက္ခာ အဓိကအကျပ်အတည်းတခုကို ကြုံတွေ့နေရပြီး ကမာ္ဘပေါ်တွင် ဒုတိယအကြီးဆုံး ဂျုံထုတ်လုပ်သူ ဖြစ်သည့် တရုတ်နိုင်ငံက အကြီးအကျယ် ပြန်လည်တင်သွင်းနေရသည့် အခြေအနေသို့ တွန်းပို့ခဲ့သည်။ သိုလှောင်ထားမှုများကို ထုတ်ပေးခဲ့သည့်တိုင် ပြည်တွင်း ပဲပုပ်ဈေးနှုန်းက ၃၀ ရာခိုင်နှုန်း သို့ ၂ ဆ မြင့်တက်သွားခဲ့သည်။ တရုတ်နိုင်ငံသည် စားနပ်ရိက္ခာ လုံလောက်အောင် ထုတ်လုပ်နိုင်ခြင်း မရှိဘဲ အမေရိကန်မှ ပြောင်းတင်သွင်းမှုက ၂၀၁၄ ခုနှစ်မှ စ၍ အမြင့်ဆုံး ဖြစ်လာခဲ့သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
120
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
389
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
229

စီးပွားရေး အကျပ်အတည်းက နိုင်ငံရေး အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်။ သဘောထား ကွဲလွဲမှုများကို နုတ်ပိတ်ရန် ကြီးမားသော နှိမ်နင်းမှုတခု အကောင်အထည် ဖော်ရန် ရှိနေသည်။

သူ၏ ပထမရာထူး သက်တမ်းအတွင်း ပါတီ တာဝန်ရှိသူ ၁.၃၄ သန်းကို အဂတိလိုက်စားမှုဖြင့် ဖယ်ရှားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် သူ့ကိုယ်သူ “ ပြည်သူ့သမ္မတနိုင်ငံ” ၏ တသက်တာ သမ္မတဖြစ်အောင် လုပ်ခဲ့သည့် ရှီကျင့်ဖျင်က ထိုအစီအစဉ်၏ တစိတ်တပိုင်း အနေဖြင့် အလားအလာရှိသော ပြိုင်ဘက်များကို ဖယ်ရှားရန် သန့်စင်ရေးအတွက် အမိန့်ပေးခဲ့သည်။ စက်တင်ဘာလ အစောပိုင်းတွင် တိုင်းပြည်အတွင်း အကြီးအကျယ် တုန်လှုပ်ဖွယ်ရာ တခု အနေဖြင့် ရဲနှင့် တရားရေးအရာရှိ နှစ်ဒါဇင်ကျော်ကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ သြဂုတ်လတွင် ရာနှင့် ချီသောအရာရှိများကို ရာထူးမှ ဖယ်ရှားခဲ့ခြင်းက နောက်ဆက်တွဲ ပေါ်လာခဲ့သည်။

ရှီကျင့်ဖျင်၏ အကြီးတန်း မဟာမိတ်တဦးက ယခုအချိန်သည် အရိုးထိအောင် စွဲနေသော အဆိပ်များကို ကုသနိုင်ရေး နိုင်ငံ၏ တရားရေးစနစ်မှ အကျင့်ပျက်နေသော အစိတ်အပိုင်းများအား သန့်စင်ရေးနှင့် ပါတီအပေါ် ပါးစပ်ဖြင့်သာ တာဝန်ထမ်းသည့် အရာရှိများကို ရှင်းလင်းရန် ဓားသွားကို အတွင်းဖက်သို့ လှည့်ရမည့် (အတွင်းရန်ကို နှိမ်နင်းရမည့်) အချိန်ဖြစ်ကြောင်း Wall Street Journal ဝေါစတြိဂျာနယ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဝေါစတြိဂျာနယ် သတင်းအရ သန်းချီသော ပါတီ ကေဒါများ ပစ်မှတ်ထားခံရနိုင်ဖွယ် ရှိနေသည်။

(ရန်နိုင်သည် မြန်မာနိုင်ငံ အရေးကို ပုံမှန်လေ့လာနေသူ တဦး၏ ကလောင်အမည်ဖြစ်သည်။ ဖော်ပြထားသည့် အမြင်များသည် စာရေးသူ၏ ကိုယ်ပိုင် အမြင်များသာဖြစ်သည်။ ၎င်း၏ Economic Clouds Gathering on China’s Horizon ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ထားဝယ် SEZ သို့ တရုတ်ကုမ္ပဏီများ အလုအယက်လာနေ

ကမ္ဘောဒီးယားစီမံကိန်း တရုတ်လုပ်ငန်းကို အမေရိကန် ပိတ်ဆို့အရေးယူ

ကိုဗစ်ကာလ ကုလသမဂ္ဂ အထွေထွေညီလာခံ တရုတ်နှင့် အမေရိကန် တင်းမာမှုက နေရာယူ

Your Thoughts …
Tags: COVID-19ကောင်းကင်တရုတ် စီးပွားရေးဖွဲ့စည်းနေမိုးတိမ်တိုက်များ
ရန်နိုင်

ရန်နိုင်

...

Similar Picks:

သုခုမ

သုခုမ

by တိုက်စိုး
20 January 2024
554

အလှအပ၊ အယဉ်အကြော့၊ အခန့်အသန့်ကို ပေးသူက ပေးနိုင်၍ လည်းကောင်း၊ ခံယူသူက ခံယူနိုင်၍ လည်းကောင်း၊ အရသာ ယူတတ်ခြင်းသည်၊ လူသား၏ ထူးခြားချက်၊ လူ့ဘဝနှင့် တိရစ္ဆာန်ဘဝ ကွာခြားချက်ဟု…

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

Next Post
ပလက်ဝမြို့ကို မြစ်တဖက်ကမ်းမှ မြင်ရစဉ်  / အောင်ကျော်ထက်  / ဧရာဝတီ

ပလက်ဝရှိ AA လှုပ်ရှားရာ နယ်မြေများ၌ ရွေးကောက်ပွဲ ကျင်းပရန် မသေချာ

Signal Application

Signal ကို ပြောင်းသုံးကြပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved