• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

Signal ကို ပြောင်းသုံးကြပြီ

by ဧရာဝတီ
29 September 2020
in IT
A A
Signal Application

Signal Application

18.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ Facebook က Messenger ကို အသုံးပြုသူတွေများသလို နိုင်ငံတကာမှာလည်း သုံးစွဲကြပါတယ်။ ဒါပေမဲ့ တဖက်နဲ့ တဖက် ဆက်ဆံရာမှာ ပိုပြီးလုံခြုံစိတ်ချရတဲ့ အခြား Software Application တွေကိုလည်း သုံးစွဲလာကြတာ တွေ့ရပါတယ်။ အဲဒီအထဲက လူသုံးများလာတဲ့ Application ကတော့ Signal ပဲ ဖြစ်ပါတယ်။

အတိုက်အခံ နိုင်ငံရေးသမားတွေ၊ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားသူတွေ၊ စုံစမ်းဖော်ထုတ်ရေးသားတဲ့ သတင်းစာဆရာတွေ (Investigative Journalists) ဟာ အခုဆိုရင် Signal ကို ပိုပြီး သုံးစွဲလာကြပြီ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် Signal ဟာ သူ့ကိုသုံးစွဲသူတွေရဲ့ အချက်အလက်တွေကို အတတ်နိုင်ဆုံး အလုံခြုံဆုံး ကာကွယ်ပေးနေတဲ့ အတွက်ကြောင့်ပဲ ဖြစ်တယ်လို့ မကြာသေးခင်က Time မဂ္ဂဇင်းမှာ ရေးသားထားပါတယ်။ သဘောကတော့ Signal သုံးစွဲပြီး Text Message ပို့သူ သို့မဟုတ် ဖုန်းနဲ့ပဲ ခေါ်ပြောပြော နှစ်ဖက်စလုံးဟာ လုံခြုံပြီး သူတို့နှစ်ယောက်ရဲ့ Message တွေကို ကြားကလူ ဒါမှမဟုတ် အာဏာပိုင်တွေက ဖောက်ဖတ်လို့ မရတာပဲဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်

သမ္မတ ထရမ့်ရဲ့ အစိုးရအဖွဲ့အထဲမှာတောင် (ထောက်လှမ်းရေး အဖွဲ့တွေအပါအဝင်) Signal ကို လုံခြုံစိတ်ချရတဲ့အတွက် သုံးစွဲတယ်လို့ မဂ္ဂဇင်းမှာ ရေးသားထားပါတယ်။

WhatsApp Application

Signal နဲ့ ဆင်တူတာကတော့ WhatsApp ဖြစ်ပြီး သူကတော့ Facebook ရဲ့ အောက်မှာ ရှိတာဖြစ်တယ်။ Signal ကတော့ Non-profit အဖွဲ့ဖြစ်ပါတယ်။ နာမည်ကြီး Edward Snowden က ၂၀၁၅ တုန်းက လူကြားထဲမှာပြောခဲ့တဲ့ စကားရှိပါတယ်။ ကျနော် Signal ကို နေ့စဉ်သုံးပါတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Signal ကို သုံးစွဲသူတွေ တဖြည်းဖြည်းနဲ့ များလာတာကို တွေ့နေရပါပြီ။

ဟောင်ကောင်မှာဆိုရင် တရုတ်အစိုးရက အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေကို ပြဌာန်းပြီးနောက်ပိုင်း ဟောင်ကောင်နေသူ အများစုဟာ Signal ကို ပြောင်းပြီး သုံးစွဲလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ Signal ရဲ့ အဓိကရည်မှန်းချက်ကတော့ သုံးစွဲသူတွေရဲ့ Privacy လို့ခေါ်တဲ့ ကိုယ်ရေးကိုယ်တာ အတွင်းရေးကို လုံးဝ ကာကွယ်ထားခြင်းပဲ ဖြစ်ပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
244
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146

Signal ကို ဒီနေ့သုံးစွဲသူတွေဟာ သန်းနဲ့ချီပြီး ကမ္ဘာနဲ့တဝှမ်းမှာရှိပေမယ့် WhatsApp ကို သုံးစွဲသူပေါင်းကတော့ ၂ ဘီလီယံရှိသွားပြီလို့ Time မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

မတည်ငြိမ်မှုတွေနဲ့ ပိုမိုရှုပ်ထွေးလာတဲ့ ကမ္ဘာကြီးမှာ ဒီလို လုံခြုံစိတ်ချရတဲ့ Application တွေကို သုံးစွဲသူတွေဟာ လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေး၊ အတွင်းရေးကို ပိုမိုပြီး အာရုံထားလာတာကို ပြနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း Signal ကို သုံးစွဲသူတွေ ရှိလာပြီဖြစ်ပါတယ်။ Messenger ဟာ စိတ်မချရတဲ့အတွက် Signal ကို ပြောင်းပြီး သုံးလာကြတာ ဖြစ်ပါတယ်။

You may also like these stories:

Messenger နဲ့ Facebook ကနေ အခမဲ့ ငွေလွှဲနိုင်တဲ့ Facebook Pay စနစ်ကို စတင် မိတ်ဆက်

Messenger မှာ နှစ်သက်ရာ မက်ဆေ့ချ်ကို ပြန် Reply လုပ်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ

Apple ကနေ Business Chat ပုံစံ iMessge ကို မိတ်ဆက်

Your Thoughts …
Tags: applicationMessengerSignal
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

Signal ပိတ်လိုက်ခြင်းကြောင့် ပြည်သူ့တို့ ဆက်သွယ်ရေးလမ်းကြောင်း ပိုခက်ခဲလာ

Signal ပိတ်လိုက်ခြင်းကြောင့် ပြည်သူ့တို့ ဆက်သွယ်ရေးလမ်းကြောင်း ပိုခက်ခဲလာ

by မိအိသဉ္ဇာမြင့်
20 July 2024
1.7k

Signal အက်ပလီကေးရှင်းသည် သုံးစွဲသူများအတွက် လုံခြုံမှုရှိပြီး အစိုးရများက ကြားဖြတ် ထောက်လှမ်းမှုများ မပြုလုပ်နိုင်သောကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ တော်လှန်ရေးအင်အားစုများ၊ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများနှင့် သတင်းမီဒီယာလုပ်ငန်းများတွင် လုပ်ကိုင်နေသူ အများစု အသုံးပြုကြောင်း

Facebook မှာ နှစ်ဖက်စလုံးက မက်ဆေ့တွေကို ပြန်ဖျက်နိုင်တဲ့ “Unsend” ရရှိတော့မှာ ဖြစ်ပါတယ်

မက်ဆေ့တွေကို နှစ်ဖက်လုံးမှာ ပြန်ဖျက်လို့ရတဲ့ လုပ်ဆောင်ချက်ကို Messenger မှာ ရရှိတော့မည်

by Nigma
15 October 2018
12.9k

Facebook ဟာ နှစ်ဖက်စလုံးက မက်ဆေ့တွေကို ပြန်ဖျက်နိုင်တဲ့ “Unsend” လုပ်ဆောင်ချက်ကို အသုံးပြုသူအားလုံးအတွက် ထုတ်ပေးသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်

နှစ်တိုင်းနှစ်တိုင်း အိန္ဒိယနိုင်ငံမှာ မြွေကိုက်ခံရခြင်းကြောင့် အသက်ဆုံးရှုံးမှုတွေ ဖြစ်ပွားနေပါတယ်

မြွေကိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ဖို့ Application တီထွင်လိုက်တဲ့ အမျိုးသား 

by ဟယ်လ်သင်
3 September 2019
10.7k

မြွေတွေကို အထူးပြု လေ့လာသူတဦးဖြစ်တဲ့ Jose Louies ဟာ အိန္ဒိယနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခုလို ပြဿနာတွေကို ဖြေရှင်းဖို့ သူ့ရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတော့တယ်။

Messenger ရဲ့ "Unsend" လုပ်ဆောင်ချက်အသစ်ဟာ စာပို့သူနဲ့ လက်ခံသူ နှစ်ဖက်စလုံးက မက်ဆေ့တွေကို ပြန်ဖျက်ပစ်နိုင်တဲ့ လုပ်ဆောင်ချက်တခုပါ

Messenger မှာ “Unsend” လုပ်ဆောင်ချက် စတင်ပါဝင်လာ

by Nigma
15 November 2018
14.7k

Messenger ရဲ့ "Unsend" ကနေ မက်ဆေ့တခုကို ၁၀ မိနစ်အတွင်း ပြန်ဖျက်နိုင်မှာဖြစ်ပြီး၊ မက်ဆေ့ဖျက်ထားတဲ့ နေရာကိုလည်း Chat ထဲမှာ ပြပေးထားမှာပါ။

မော်ဒယ် သန္တာလှိုင်ရဲ့ T Fitness Application

အိမ်မှာနေရင်း Workout လုပ်ကြမလား

by ယုဖြူဟန်
1 June 2020
6.9k

Zumba ချစ်သူတွေအတွက် Zoom App ကနေတဆင့် သင်ကြားလို့ရမယ့် Myanmar Zumba Online Class အကြောင်းကို ပြောပြပေးပါမယ်။

"Your Phone" App နဲ့ ဖုန်းထဲက data တွေကို PC ပေါ်မှာ အလွယ်တကူ ကြည့်နိုင်ပါတယ်

ဖုန်းနဲ့ Windows 10 ကွန်ပျူတာကို ချိတ်ဆက်ပြသပေးမယ့် “Your Phone” App

by Nigma
15 August 2018
5.3k

လောလောဆယ်တော့ Android ဖုန်းတွေနဲ့ပဲ ချိတ်လို့ရသေးပြီး၊ iPhone နဲ့တော့ မရသေးပါဘူး။

Next Post
ကိုဗစ်-၁၉ ရောဂါလူနာများအတွက် ဖွင့်ထားသော သုဝဏ္ဏ ယာယီဆေးရုံ / အောင်ကျော်ထက် / ဧရာဝတီ

ကိုဗစ်-၁၉ ကူးစက်မှု ၁ သောင်းကျော်လာပြီး ကျန်းမာရေးဝန်ထမ်းများ မဲဆွယ်ပွဲများကို သတိပေး

SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး / ဧရာဝတီ

ဦးခွန်ထွန်းဦး ဘာကြောင့် ပါတီ ဥက္ကဋ္ဌ ရာထူးက နှုတ်ထွက်သလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved