• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နေပြည်တော်တွင် ပါတီကြီး ၂ ခုကြား ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဆက်ဖြစ်နေ

by သီဟလွင်
5 November 2020
in သတင်း
A A
နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ ရသည့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာ / သီဟလွင် / ဧရာဝတီ

နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ ရသည့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာ / သီဟလွင် / ဧရာဝတီ

12.7k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့်အတိုက်အခံ ကြံ့ခိုင်ရေး ပါတီ တို့အကြား ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိပြီး ရဲစခန်းတွင် အမှုဖွင့်ခြင်း၊ နေပြည်တော်ကော်မရှင်ထံ အပြန်အလှန် တိုင်ကြားခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်တွင် နိုင်ငံရေးပါတီ ၆ ခု ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီတို့အကြား ပိုမို ပွတ်တိုက်မှုများ ရှိနေကြောင်း သိရသည်။

၎င်းတို့ ပါတီ ၂ ခု အပြင် အခြား ဝင်ပြိုင်မည့်ပါတီများမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့ ဖြစ်သည်။

ကြိုတင်မဲစတင်ပေးရသည့် အောက်တိုဘာ ၂၉ ရက်နေ့က NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းက ကော် မရှင်ဆိုင်ရာ စာရွက်စာတန်းများကို ဒက္ခိဏသီရိမြို့နယ်ရှိ ထန်းတပင် ကော်မရှင်ရုံးသို့ NLD ပါတီ တံဆိပ်ပါသည့်ကားနှင့် ပို့ဆောင်ခဲ့သည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး နေပြည်တော် ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ ခွဲထံသို့လည်း တိုင်ကြားခဲ့သည်။

ဦးသန့်ဇင်ထွန်းကမူ ၎င်းတင်ဆောင်လာသော ပစ္စည်များမှာ ကော်မရှင်စာရွက်စာတန်းများ မဟုတ်ဘဲ နေပြည်တော် ကော်မရှင်သို့ လူဒါန်းမည့် နှာခေါင်းစည်း ပါကင်ထုပ်များသာ ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။

ထိုကဲ့သို့ ကြံ့ခိုင်ရေးပါတီက လူမှုကွန်ရက်တွင် ဖော်ပြခြင်းမှာ ပြည်သူလူထုအမြင်တွင် ၎င်းအပေါ် ယုံကြည်မှု ပျက်ပြားရန် နှင့် ရွေးကောက်ပွဲအပေါ် ပြည်သူယုံကြည်မှု ပျက်ပြားရန် လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ဦးသန့်ဇင်ထွန်းက ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခြင်းများပြုလုပ်ခဲ့သည်။

ဦးသန့်ဇင်ထွန်းက“မဟုတ်မမှန်ဘဲနဲ့မှ ရွေးကောက်ပွဲကော်မရှင်အပေါ် ပြည်သူလူထုက ယုံကြည်မှုပျက်အောင်၊ ကျနော့် အ ပေါ်လည်း ယုံကြည်မှုပျက်အောင် နောက်တခါ မဲပေးတဲ့သူတွေ မဲလာမပေးအောင်ပေါ့နော် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတဲ့ အခြေအနေမျိုး ပြည်သူလူထုတွေ ထင်မြင်သွားအောင် ဒီလိုမျိုးတွေလုပ်တယ်လို့ပဲ ပြော ချင်တယ်”ဟု ပြောသည်။

ဦးသန့်ဇင်ထွန်းကိုယ်တိုင်က မဲရုံအနီးအနားထိ ပါတီ တံဆိပ်ပါသည့်ကားနှင့်လာရောက်ပြီး လူကိုယ်တိုင်မဲရုံထဲသို့ ဝင် ရောက်လာသောကြောင့် ကြံ့ခိုင်ရေးပါတီက မဲရုံကိုယ်စားလှယ်က ဓာတ်ပုံရိုက် မှတ်တမ်းတင်ခြင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ရွေး ကောက်ပွဲ အကြိုကာလတွင် အာဏာရပါတီက ပါတီတံဆိပ်များ၊ ပါတီအဆောင်အယောင်များကို မဲရုံများ အနီးအနားအထိ ထင်ထင်ပေါ်ပေါ် သုံးစွဲမှုများ ရှိနေသည်ဟု ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးမြင့်လှိုင်က ပြောသည်။

ဦးမြင့်လှိုင်က“အကြိုရွေးကောက်ပွဲကာလမှာပဲ လက်ရှိအစိုးရကနေပြီးတော့မှ မဲရုံတွေကိုအနီးကပ်သွားတာတို့ ပါတီ အ ဆောင်အယောင်တွေသုံးပြီးတော့မှ ကားနဲ့သွားတာတို့၊ မဲရုံမှာ ဖြစ်စဉ်လေးတွေ ပွတ်တိုက်မှုလေးတွေ ကျနော်တို့ ကြား တွေ့ရပါတယ်”ဟု ပြောသည်။

နိုဝင်ဘာ ၂ ရက်နေ့ကလည်း ဒက္ခိဏသီရိမြို့ နယ်၊ ချိုင်းကျေးရွာတွင် ကော်မရှင်အဖွဲ့ဝင်ကို ကြံ့ခိုင်ရေးပါတီကိုယ်စားပြု မဲရုံကိုယ်စားလှယ်က ကိုယ်ထိလက်ရောက် လက်သီးနှင့်ထိုးသည့်ဖြစ်စဉ်ဖြစ်သွားသောကြောင့် ရဲစခန်းတွင် အမှုဖွင့် တိုင် တန်းထားသည့် ဖြစ်စဉ်များလည်း ရှိသည်ဟု ဦးသန့်ဇင်ထွန်းက ဆိုသည်။

ယင်းနေ့ကဖြစ်စဉ်မှာ မဲလာပေးသူတဦးကို ကော်မရှင်တာဝန်ရှိသူတဦးက ပါတီနာမည်နှင့်လူနာမည်ကိုဖော်ပြပြီး ထိုပါတီကို မဲပေးရန်တိုက်တွန်းသောကြောင့် ကြံခိုင်ရေးပါတီ၏မဲရုံကိုယ်စားလှယ်က ထိုသို့မပြုလုပ်ရန်တားမြစ်ရာတွင် ရိုင်းစိုင်းစွာ ဆဲ ဆိုသောကြောင့် ပြန်လည်တုန့်ပြန်ခြင်းသာဖြစ်ပြီး ရုန်းရင်းဆန်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ဦးမြင့်လှိုင်က ရှင်းပြ သည်။

ကြိုတင်မဲပေးခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ အောက်တိုဘာ ၂၉ ရက်နေ့က ညောင်ကုန်းကျေးရွာမဲရုံတွင်လည်း မဲပေးရ သည့် UEC တံဆိပ်တုန်းခိုးယူခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ချိုင်းကျေးရွာမဲရုံတွင် ပါတီတခု၏ ဘေးတွင် အမှတ်ခြစ် အမှတ် အသားပါဝင်သော မဲလက်မှတ်စာရွက်တချို့ကို တွေ့ရှိရသည့်ဖြစ်စဉ်၊ ဒက္ခိဏရပ်ကွက်မဲရုံတခုတွင် မဲရုံဝန်ထမ်း ကျောင်း ဆရာမက အမျိုးသားလွှတ်တော်အတွက် မဲ ၂ ကြိမ်ပေးသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ မဲရုံကိုယ်စားလှယ်များအကြား ညှိုနှိုင်းမရသည့် အခြေအနေများ ဖြစ်ပေါ်နေသည်။

ထိုသို့ဖြစ်စဉ်များဖြစ်ပွားရာတွင် မဲရုံတွင်မဲပေးရသည့် တံဆိပ်တုံး ပျောက်သည့်ကိစ္စရပ်မျိုးသည် သာမာန် လုပ်မှား ကိုင်မှား ဖြစ်စဉ်မျိုး မဖြစ်နိုင်ဘဲ တမင်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်သော ကိစ္စရပ်မျိုးဖြစ်နိုင်သည်ဟု NLD ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းက သုံးသပ်သည်။

“ဘောပင်လိုမျိုး ပစ္စည်းမျိုးကိုယူသွားတယ်ဆိုရင် ဒါကသူ့အတွက်အသုံးဝင်တဲ့ ပစ္စည်းယူတာဖြစ်တဲ့အတွက် ယုတ္တိတန် တယ်။ တံဆိပ်တုန်းကို ခိုးတယ်ဆိုတာကတော့ ရည်ရွယ်ချက်ရှိတယ်။ မကောင်းတဲ့ အခြားရည်ရွယ်ချက်ရှိလို့ ခိုးတယ်လို့ပဲ ကျနော်တို့က ယူဆတယ်”ဟု ၎င်းက ပြောသည်။

ကြိုတင်မဲပေးသည့်ရက်မှာ ရှည်ကြာပြီး ထိုရက်များအတွင်း မဲလာပေးရာတွင် ကော်မရှင်အပါအဝင် နှစ်ဘက်ပါတီ၏ မဲရုံ ကိုယ်စားလှယ်များက ၎င်းတို့လိုက်နာရမည့် ကျင့်ဝတ်၊ ဥပဒေ၊ နည်းပဒေနှင့်မညီသော လုပ်ဆောင်မှုများရှိသောကြောင့် အငြင်းပွားရသည့်ဖြစ်စဉ်များ၊ မဲလာပေးသည့်မဲဆန္ဒရှင်ပြည်သူများကို မဲရုံကိုယ်စားလှယ်များက ကူညီပေးမှုများတွင် မိမိတို့ပါတီကိုမဲပေးရန် မဲဆွယ်စည်းရုံးသည့်အသွင်သဏ္ဍန်ဆောင်သည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲကမူ ရွေးကောက်ပွဲအကြိုကာလ အငြင်းပွားမှုများနှင့်ပတ်သက်၍ တက်လာသည့် အမှုကိစ္စတိုင်းကို ပြေလည်ဆောင် ဖြေရှင်းဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။

ဒက္ခိဏသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှဝင်းမောင်က “ကျနော်တို့ တက်လာသမျှ ပြေလည်အောင် ဖြေရှင်း လိုက်ပါတယ်။ ပြဿနာမဖြစ်အောင်ပေါ့။ ကြီးတဲ့အမှုငယ်အောင် သေးတဲ့ အမှုပပျောက်အောင် ကျနော်တို့ အဲလိုလေး ဖြေးရှင်းပေးပါတယ်”ဟု ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေတခုလုံးတွင် မြို့နယ် ၈ ခုရှိပြီး မဲပေးနိုင်သူဦးရေ ၉ သိန်းကျော်၊ မဲရုံပေါင်း ၆၄၆ ရုံ ရှိသည့် အနက် ဒက္ခိဏသီရိမြို့နယ်မှာ မဲပေးနိုင်သူဦးရေ သုံးသောင်းတစ်ထောင်ကျော်နှင့် မဲရုံ ၂၀ သာရှိသောကြောင့် မဲပေးနိုင် သည့် ဦးရေ နည်းပါးသည့် မြို့နယ်တခုလည်း ဖြစ်သည်။

အခြားမြို့နယ်များနှင့်နှိုင်းယှဉ်လျှင် မဲပေးနိုင်သူဦးရေးနည်းပါးသော်လည်း မဲစာရင်းများမှန်ကန်ရေးနှင့်ပတ်သက်၍ NLD ပါတီက မြို့ပေါ်ရပ်ကွက်မဲစာရင်းများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိပြီး ကြံ့ခိုင်ရေးပါတီက ကျေးရွာများတွင်ရှိသော မဲစာရင်းများ နှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေကြောင်း စုံစမ်း သိရှိရသည်။

မြို့ပေါ်ရပ်ကွက်ဖြစ်သည့် ဒက္ခိဏသီရိရပ်ကွက်တွင် ၂၀၁၅ ခုနှစ်က မဲပေးနိုင်သူဦးရေ ၂၁၀၀ ခန့်ရှိသော်လည်း ယခုအခါ မဲပေးနိုင်သူဦးရေ ၇၀၀၀ ကျော်ထိ တိုးလာသည်ကို သံသယရှိကြောင်း ဦးသန့်ဇင်ထွန်းက ပြောသည်။

“တမြို့နယ်လုံးမဲစာရင်းရဲ့ သုံးပုံတပုံရှိနေတယ်။ အဲဒီမဲစာရင်းတွေက မှန်လားမမှန်လား ကျနော်စစ်ဖို့ လိုပါတယ်။ ဒါကို စစ် နိုင်ဖို့ဆိုတာလည်း တကယ်ကျတော့ မြေပြင်မှာ ကျနော်တို့ စစ်ဆေးနိုင်ဖို့ဆိုတာကလည်း ခက်ခဲတယ်”ဟု ဦးသန့်ဇင် ထွန်းက ပြောသည်။

ကြံ့ခိုင်ရေးပါတီဘက်ကမူ အသက် ၁၈ နှစ်မပြည့်သေးသည့် လူငယ်များကို မဲစာရင်းတွင် ထည့်သွင်းဖော်ပြခြင်း၊ လက်တွေ့ မြေပြင်တွင် လူမရှိပဲ မဲစာရင်းထဲ နာမည်ပါနေခြင်းတို့ကို ကြံ့ခိုင်ရေးပါတီ မဲရုံကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း တချို့သောကျေးရွာများတွင် ထိုမဲစာရင်းအတိုင်းရှိနေသည့်အတွက် ဥပဒေကြောင်းအရဆောင်ရွက်ရမည့်နည်းလမ်းများ လမ်းညွှန်ပေးရန် ပါတီဌာနချုပ်ကို တင်ပြထားသည်ဟု ဦးမြင့်လှိုင်က ဆိုသည်။

“မဲစာရင်းတွေ မငြိမ်တာကတော့ စိုးရိမ်ဖွယ်ရာပဲ ဖြစ်ပါတယ်”ဟု ဦးမြင့်လှိုင်ကလည်း ပြောသည်။

ယင်းပါတီကြီး ၂ ခုမှ ယှဉ်ပြိုင်ကြမည့် ဦးသန့်ဇင်ထွန်းနှင့် ဦးမြင့်လှိုင်တို့သည် ၂၀၁၅ ရွေးကောက်ပွဲက ပြိုင်ဘက်ဟောင်း များဖြစ်ပြီး ထိုစဉ်က မဲပေးနိုင်သူဦးရေ ၂၂၀၀၀ ရှိသည့်အနက် ၁၇၀၀၀ ခန့်မဲလာပေးကြပြီး ဦးသန်စင်ထွန်းက မဲ ၂၁၀၀ ကျော်အကွာဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဦးမြင့်လှိုင်သည် ဦးသိန်းစိန်အစိုးရလက်ထက်က လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် ပြည်ထောင်စု ဝန် ကြီးအဖြစ် တာဝန်ယူခဲ့သလို တပ်မတော်အစိုးရ လက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန် ထမ်းဆောင် ခဲ့သူလည်းဖြစ်သည်။

ယခုအခါ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ကြံ့ခိုင်ရေးပါတီက မဲဆန္ဒရှင်ပြည်သူများကို ဆန်၊ ဆီများဝေငှကာ မဲထည့်ခိုင်း ခြင်း၊ ၁ မဲလျင် ငွေကျပ် ၁ သောင်းမှ ၄ သောင်းထိပေးမည်ဆိုကာ စည်းရုံးမှုများရှိနေသည်ဟု သတင်းစကားများ ကြား နေရသဖြင့် ယင်းကိစ္စများကိုလည်း ဖော်ထုတ်ရန် ကြိုးစားနေသည်ဟု ဦးသန့်ဇင်ထွန်းကပြောသည်။

ဦးမြင့်လှိုင်ကမူ မတရားသည့် နည်းလမ်းများကို အသုံးပြုမည် မဟုတ်ဘဲ အာဏာရပါတီဘက်က မတရားသည့်နည်းများကို အသုံးပြု အနိုင်ယူမည့်ဆိုပါကလည်း ဥပဒေဘောင်အတွင်းမှ အထောက်အထားခိုင်မာအောင် ပြုလုပ်သွားမည် ဖြစ် ကြောင်း၊ ၎င်း၏ ကိုယ်စားလှယ်များကိုလည်း မတရားသည့် နည်းလမ်းများဖြင့် အနိုင်ယူခြင်း လုံးဝမလုပ်ရန် တိတိကျကျ မှာကြားထားကြောင်း ပြောဆိုသည်။

“မတရားတဲ့နည်းလမ်းတွေ မသမာတဲ့နည်းလမ်းတွေနဲ့ အနိုင်ယူပြီးတော့မှ အစိုးရ ဖြစ်လာမယ်ဆိုရင်တော့ အကြပ်အတည်း တွေကို ကျော်လွန်ဖို့ ရင်ဆိုင်ရမှာ ဖြစ်သလို ပြည်သူတွေရဲ့ ခံစားချက် ပြင်းထန်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တာဖြစ်တဲ့အတွက် တိုင်းပြည်အတွက် အင်မတန် ရင်လေးစရာ ကောင်းပါတယ်”ဟု ၎င်းက ပြောသည်။

နေပြည်တော်သည် သမ္မတတိုက်ရိုက်အုပ်ချုပ်သည့် ပြည်ထောင်စုနယ်မြေတခု ဖြစ်ပြီး အခြားတိုင်းနှင့်ပြည်နယ်များကဲ့သို့ မဟုတ်ဘဲ အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂ နေရာသာ ရှိသည့် နယ်မြေလည်း ဖြစ်သည်။

နေပြည်တော်တွင် ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနား မြို့နယ်၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ် ဟူ၍ ၈ ခု ရှိရာ ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင် ဇေယျာသီရိမြို့နယ်မှလွဲ၍ ကျန်မြို့နယ်အားလုံးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
56
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
42
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
278

You may also like these stories:

ရွေးကောက်ပွဲနေ့ တည်ငြိမ်မှုရှိကြရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

မဲရုံ၌ NLD နှင့် USDP မဲရုံကိုယ်စားလှယ်များ ခိုက်ရန်ဖြစ်ပွားသဖြင့် အပြန်အလှန် အမှုဖွင့်

တချို့ မဲဆန္ဒနယ်ကို ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုတာမျိုး တွေ ဖြစ်လာနိုင်တယ်

Your Thoughts …
Tags: NLDကြံ့ခိုင်ရေးပါတီဒက္ခိဏသီရိမြို့နယ်နေပြည်တော်
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

Next Post
AA အဖွဲ့က ထုတ်ပြန်ထားသည့် ကိုယ်စားလှယ်လောင်း ၃ ဦး၏ ဓါတ်ပုံ  /  AA

ရွေးကောက်ပွဲ နီးကပ်လာချိန် တောင်ကုတ်မှ NLD အမတ်လောင်း ၃ ဦး ပြန်မလွတ်သေး

ပုသိမ်မြို့ရှိ ကိုဗစ်အတည်ပြုလူနာများကို ဆေးရုံသို့ပို့ဆောင်ရန် ခေါ်ယူစဉ် / ဧရာဝတီ

ပုသိမ်တွင် ကြိုတင်မဲကောက်သည့် မဲရုံမှူးအပါအဝင် လူ ၇ ဦးတွင် ကိုဗစ်ပိုးတွေ့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

24 hours ago
1.5k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved