• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ဒုတိယ သမ္မတ ဖြစ်လာဖွယ် ရှိ

by ထက်နိုင်ဇော်
25 November 2020
in သတင်း
A A
နေပြည်တော်တွင် တွေ့ ရသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း / ထက်နိုင်ဇော် / ဧရာဝတီ

နေပြည်တော်တွင် တွေ့ ရသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း / ထက်နိုင်ဇော် / ဧရာဝတီ

81.8k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရလက်ထက်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ၂၀၂၁ အလွန် NLD အစိုးရအဖွဲ့ တွင် တပ်မတော်မှ တင်သွင်းသည့် ဒုတိယ သမ္မတ ဖြစ်လာဖွယ် ရှိကြောင်း သိရသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းသည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၅၄ မှ ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်အဖြစ်မှ ကာကွယ်ရေး ဝန်ကြီး ဖြစ်လာသူတဦး ဖြစ်သည်။

“စစ်ဘက်ရော အရပ်ဘက်မှာရော အဆင်ပြေမယ့်သူမျိုးကို ရွေးမှာဆိုတော့ ဒုတိယ သမ္မတက သူပဲ ဖြစ်လာလိမ့်မယ်”ဟု တပ်မတော်နှင့် နီးစပ်သူတဦးက သုံးသပ်ပြောကြားသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ပြင်ဦးလွင်ဇာတိ ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ကို ၁၉၇၂ ခုနှစ်တွင် တက်ရောက်ခဲ့ကြောင်း၊ ၁၉၇၇ ခုနှစ်တွင် သိပ္ပံဘွဲ့ ကို သချာၤဘာသာဖြင့် ရရှိခဲ့ပြီး ၁၉၈၉ တွင် တွက်ချက်ရေး ဒီပလိုမာ၊ ၂၀၀၃ ခုနှစ်တွင် မဟာဝိဇ္ဇာ ဘွဲ့ (ကာကွယ်ရေး)တို့ကို ရရှိခဲ့ကြောင်း သိရသည်။

“သူက သချာၤနဲ့ ဘွဲ့ရတာ။ လူရည်ချွန်၊ နောက်ဆုံး မာစတာလည်း ရတယ်။ တပ်မတော် ကွန်ပြူတာ ဌာနကနေ ခြေလျင် ဘက်ကို ရောက်တယ်။ နောက်ဗိုလ်မှူးကြီး အဖြစ်နဲ့ မေမြို့က သုတေသနတပ်ကို ရောက်တယ်။ အရင်က ဗိုလ်မှူးကြီး အဆင့်တွေ ကိုင်ရတာ။ သူ့လက်ထက်မှာ ဗိုလ်မှူးချုပ်ဖြစ်တယ်။ အဲဒီကနေ ဒီဘက် ပြန်ရောက်လာတာ”ဟု တပ်မတော်နှင့် နီးစပ်သူက ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းကို ဒုတိယ သမ္မတလောင်းအဖြစ် ရွေးချယ်မှုသာ တကယ်ဖြစ်ခဲ့ပါက ၂၀၂၁ အလွန် အစိုးရ အ ဖွဲ့ နှင့် ပတ်သက်၍ တပ်မတော်ကသတိထား၍ ရွေးချယ်ပေးလိုက်ခြင်းဟု သုံးသပ်ရမည် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

“ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းဟာ တပ်မတော်ထဲမှာရော အများပြည်သူကြားမှာရော နာမည်ကောင်းရှိတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်တယ်။ သူ့ရဲ့ ဖြတ်သန်းမှုကလည်း တက္ကသိုလ်ကျောင်းသားဘဝ၊ အရပ်သား ဘဝ ဖြတ်သန်းမှုတွေက တပိုင်း၊ တပ်မ တော် အရာရှိအဖြစ် ဖြတ်သန်းမှုတပိုင်း တွေ့ ရတာကိုလည်း အလေးထားပြီးတော့ ထည့်တွက်တဲ့ ပုံစံမျိုး ရှိတယ်”ဟု ပြောသည်။

၎င်းက ဆက်၍ “အထူးသဖြင့် လွန်ခဲ့တဲ့ အစိုးရသက်တမ်း ၅ နှစ် အတွင်းမှာ အစိုးရ အဖွဲ့ အတွင်းမှာ ဝန်ကြီး အဖြစ်နဲ့ တာ ဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် အစိုးရ အဖွဲ့ နဲ့လည်း မစိမ်းတဲ့ ပုဂ္ဂိုလ်မျိုးပေါ့လေ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းပဲ ဆက်ဆံရေးကောင်းမယ့် ပုဂ္ဂိုလ်မျိုးကို ဦးစားပေး ရွေးခဲ့တယ်လို့ မြင်ပါတယ်”ဟု ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း တက်ရောက်ခဲ့သည့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၅၄ သည် စစ်တက္ကသိုလ် အပတ် စဉ် ၁၇၊ ၁၈ တို့နှင့် ခေတ်ပြိုင် ဖြစ်သဖြင့် သူမတိုင်မီ ၂၀၁၅ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်သည်လည်း စစ်တက္ကသိုလ် အပတ်စဉ် ၁၈ မှ ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက တပ်မတော်ပိုင် မြဝတီ သတင်းစာနှင့် အစိုးရပိုင် သတင်းစာတို့တွင် “ရန်ကုန် တက္ကသိုလ် ကျောင်းတော်သား ကျနော်”အမည်ဖြင့် ဆောင်းပါးတပုဒ် ရေးသားခဲ့သေးသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
292
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
42
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦး (ဓာတ်ပုံ – ဧရာဝတီ)

သူ၏ ဆောင်းပါးတွင် ၁၉၇၂ ခုနှစ်က တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်ပြီး ဆေးတက္ကသိုလ် အမှတ်မီသော်လည်း မိဘ များက ငွေကြေး မတတ်နိုင်ကြောင်း၊ ထောက်ပံ့မည့်သူ ရှိသည့်အခါ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်လို၍ အခြေခံ
သိပ္ပံ ပညာသင်ဆု လျှောက်ထားခဲ့ကြောင်း ရေးသားထားသည်။

မကြာမီ ကျင်းပတော့မည့် ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲအတွက် အထိမ်းအမှတ်အဖြစ် ၎င်းစိန်ရတု ကျောင်းသားဘဝအကြောင်းကို ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ရေးသားထားခြင်း ဖြစ်ပြီး စာရေးကောင်းသူတဦးဟု ခေါ်ဆိုနိုင်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ မေလက NLD ပါတီ ကြီးစိုးထားသည့် လွှတ်တော်က ကာကွယ်ရေး အသုံးစရိတ် များသဖြင့် တပ် မတော်ဘတ်ဂျက်ထဲမှ ကျပ် ဘီလီယံ ၁ သောင်းခန့် ဖြတ်တောက်သည့်အခါကလည်း ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ပြည်ထောင်စု လွှတ်တော်သို့ ကိုယ်တိုင်လာရောက် ရှင်းလင်းခဲ့သေးသည်။

လွှတ်တော်၏ ဘတ်ဂျက် ဖြတ်တောက်ခံရခြင်းကို မဲမခွဲဘဲ လက်ခံခဲ့သော်လည်း နိုင်ငံတော်အတွက် စစ်ဆင်ရေးနဲ့ လုံခြုံ ရေး တာဝန်များကို အသက်စွန့် ထမ်းဆောင်နေကြရသော စစ်မှုထမ်းများ၊ ရသင့် ရထိုက်သည့် ခံစားခွင့်များ မဆုံးရှုံးစေရန် အတွက် ပြည်ထောင်စု လွှတ်တော်က ဘတ်ဂျက်ကို မဖြတ်သင့်ကြောင်း တင်ပြခဲ့သေးသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းသည် အနေအထိုင် အေးဆေးတည်ငြိမ်သူတဦး ဖြစ်သဖြင့် ၎င်း ဒုတိယ သမ္မတ ဖြစ်လာပါက စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ပိုကောင်းလာနိုင်ကြောင်း NLD ပါတီမှ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

“အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အတွက် ရှု့ထောင့်တခုတည်းက ကြည့်ရင် တော်တော်လေး အဆင်ပြေမယ်လို့ ထင် တယ်။ သူက တခြား ဗိုလ်ချုပ်တွေလို လည်း မဟုတ်ဘူး။ ပုံစံတမျိုးပေါ့။ လွှတ်တော်မှာ မေးခွန်းတွေဘာတွေ မေးရင်လည်း သေချာ ရှင်းပြတယ်”ဟု ဦးအောင်လှိုင်ဝင်းက ပြောသည်။

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ ဒုတိယသမ္မတလောင်း ၁ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းခွင့်ရှိသည်။

ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် တပ်မတော်က ဒုတိယ သမ္မတလောင်းအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ကို အမည်စာရင်းများ တင်သွင်း ခဲ့ဖူးသည်။

လက်ရှိ ဒုတိယ သမ္မတလည်း ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၅ မှ ဖြစ် ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးလည်း လုပ်ဖူးသဖြင့် ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရ တက် လာသည့်အခါ ရန်ကုန်တိုင်း ဝန်ကြီးချုပ် အဖြစ် တာဝန်ပေးခံရသည်။

၂၀၁၂ ခုနှစ်တွင် ဒုတိယ သမ္မတ ဖြစ်နေသူ ဦးတင်အောင်မြင့်ဦး အနားယူသည့်အခါ ဦးမြင့်ဆွေကို ဒုတိယ သမ္မတအဖြစ် တင်ရန် ကြိုးပမ်းခဲ့သော်လည်း ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ)အရ ထိုစဉ်က ဦးမြင့်ဆွေ၏ သားဖြစ်သူမှာ သြစတေးလျနိုင်ငံသား ဖြစ်နေသဖြင့် မအောင်မြင်ခဲ့ပေ။

သို့သော် နောက်ပိုင်းတွင် ဦးမြင့်ဆွေ၏ သားဖြစ်သူမှာ နိုင်ငံသား ပြန်လည် လျှောက်ထားခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် NLD အစိုးရ လက်ထက်သို့ ရောက်သည့်အခါ တပ်မတော်မှ တင်ပြသည့် ဒုတိယ သမ္မတမှာ ဦးမြင့်ဆွေ ဖြစ်လာသည်။

ဦးမြင့်ဆွေသည် ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ ဒုတိယ သမ္မတ စသည့် ကြီးမားသည့် ရာထူးများ ရရှိခြင်းမှာ တပ်မတော် ခေါင်း ဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အလွန်သဘောကျ၍ ဖြစ်ပြီး ၎င်း၏ လူယုံသဖွယ် ဖြစ်နေသဖြင့် ယခုလို တာ ဝန်ပေးအပ်ခံရခြင်းဟု သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်လာပြီးနောက် မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတများမှာ ဦးဉာဏ်ထွန်း၊ ဦးတင်အောင်မြင့်ဦး၊ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးမြင့်ဆွေနှင့် ဦးဟင်နရီ ဗန်ထီးယူတို့ ဖြစ်ကြသည်။

You may also like these stories:

ဧရာဝတီဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေကြသူများ

ထရမ့်ထံမှ ဂျိုးဘိုင်ဒင်ဆီ အာဏာလွှဲပြောင်းရေး စပြီ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး ဆက်ရှိဦးမလား

Your Thoughts …
Tags: ကာကွယ်ရေး ဝန်ကြီးတပ်မတော်ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းဒုတိယ သမ္မတ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

by ဧရာဝတီ
29 October 2025
3.3k

စစ်တပ်အား အကြီးအကျယ်အထိနာစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်သည့်ရက်နှင့်တိုက်ဆိုင်စွာ ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတွင် TNLA က မြို့နှစ်မြို့ပြန်ပေးကာ အပစ်ရပ်သဘောတူခဲ့ပြီဖြစ်သည့်အတွက် ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ခဲ့သူများထဲတွင် အာရက္ခတပ်တော်(AA) တဖွဲ့တည်းသာ စစ်တပ်အား ဆက်လက်...

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

Next Post
ပုရစ်ကြော်ကောင်းကောင်း မှာစားနိုင်မယ့်နေရာများ (ရုပ်/သံ)

ပုရစ်ကြော်ကောင်းကောင်း မှာစားနိုင်မယ့်နေရာများ (ရုပ်/သံ)

မြန်မာနိုင်ငံအတွက် တပ်ချုပ်နဲ့ အတိုင်ပင်ခံတို့ရဲ့ ဆက်ဆံရေး အရေးကြီး (ရုပ်/သံ)

မြန်မာနိုင်ငံအတွက် တပ်ချုပ်နဲ့ အတိုင်ပင်ခံတို့ရဲ့ ဆက်ဆံရေး အရေးကြီး (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved