• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော်၏ အာဏာသိမ်းလုပ်ရပ်အပေါ် RCSS ဆန့်ကျင်

by နန်းလွင်နှင်းပွင့်
1 February 2021
in သတင်း
A A
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်  / ငြိမ်းငြိမ်း

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် / ငြိမ်းငြိမ်း

109.8k
VIEWS
Share on FacebookShare on Twitter

လူထုရွေးချယ်တင်မြှောက်ထားသည့် အစိုးရကို ဖမ်းဆီးပြီး အာဏာသိမ်းသည့် တပ်မတော်၏ လုပ်ရပ်ကို ဆန့်ကျင်သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က ဧရာဝတီကို ပြောသည်။

RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက “အာဏာသိမ်းတဲ့ လုပ်ရပ်ကို ကျနော်တို့ RCSS အနေနဲ့ ဆန့်ကျင်တယ်။ ကျနော်တို့ RCSS က ဖက်ဒရယ်နဲ့ ဒီမိုကရေစီစံနှုန်းပေါ် ရပ်တည်ထားတာဆိုတော့ ဒီမိုကရေစီ နည်းအရ လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာသိမ်းတယ်ဆိုတော့ ဒါက ဒီမိုကရေစီစံနှုန်း နဲ့ မသွားတော့ဘူး။ ဒါ့ကြောင့် ကျနော်တို့ ဆန့်ကျင်တယ်” ဟု ပြောသည်။

တပ်မတော်က အာဏာသိမ်းလိုက်ခြင်းကြောင့် ယုံကြည်မှုပါ ထိခိုက်သည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လည်း ထိခိုက်ပါသည်ဟု ဗိုလ်မှူးခမ်းစံက ပြောသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ရေးထိုးပြီးနောက် ဆွေးနွေးနေသည့် နိုင်ငံရေးဆွေးနွေးပွဲများကို အစိုးရက ဦးဆောင်ဆွေးနွေးနေကာ နိုင်ငံရေးဆွေးနွေးမှုများမှ ရရှိသည့် သဘောတူညီချက်များမှ တဆင့် အနာဂတ်တိုင်းပြည်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် အပေါ်တွင် ဝိုင်းဝန်းတည်ဆောက်ကြရန် သဘောတူညီထားကြသည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
148
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
32
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
66

ယခုအခါ အစိုးရအဖွဲ့ကို ဖမ်းဆီးပြီး အာဏာသိမ်းကာ တပ်မတော်က အုပ်ချုပ်ရေးကဏ္ဍကို ဝင်ယူသဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အတွက်လည်း မျှော်လင့်ချက် ပျက်စေသည်ဟု ဗိုလ်မှူးခမ်းစံက ပြောသည်။

တပ်မတော်က အာဏာသိမ်းပြီးနောက် ကြေငြာချက်အမှတ် (၁/၂၀၂၁) ကို ထုတ်ပြန်ရာ ထိုထဲတွင် တနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင် ပါမည်ဟု ပါရှိသည်။

ဗိုလ်မှူးခမ်းစံက “အပစ်အခတ်ရပ်စဲရေးလုပ်တုန်းကတော့ တပ်မတော်နဲ့လုပ်တယ်။ ဒါပေမယ့် နိုင်ငံရေးဆွေးနွေး တယ်ဆိုတာက အစိုးရနဲ့ ဆွေးနွေးရတာပါ။ အဲ့ဒီ့ဆွေးနွေးလို့ရတဲ့ သဘောတူညီချက် Union Accord ကို လွှတ်တော်ထဲမှာ အတည်ပြုတာက နိုင်ငံရေးလမ်းစဉ်တခုပါ။ ဆွေးနွေးတာ အစိုးရနဲ့ ဆွေးနွေးတာပါ။ အခု အစိုးရကို အာဏာသိမ်းလိုက်ပြီဆိုတော့ ကျနော်တို့ ဘယ်လို ဆွေးနွေးမလဲ” ဟုလည်း ပြောသည်။

နိုင်ငံရေးသဘောတူညီချက်များ ရရှိရန် ဆွေးနွေးရာတွင် တပ်မတော်ဖြင့်သာ ဆွေးနွေးရခြင်း မဟုတ်ဘဲ အစိုးရက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ၊ ရွေးကောက်ပွဲများမှ လူထုက ရွေးချယ် တင်မြှောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ အားလုံးပါဝင်ကာ ဆွေးနွေးရခြင်း ဖြစ်သဖြင့် အာဏာသိမ်းခြင်းက ငြိမ်းချမ်းရေးဆက်ဆွေးနွေးရန်လည်း ထိခိုက်စေသည်ဟု RCSS က ယူဆကြောင်း သိရသည်။

တပ်မတော်အနေဖြင့် လက်နက်ဖြင့် အာဏာသိမ်းယူခြင်း မလုပ်ဘဲ နိုင်ငံရေးအကျပ်တည်းကို တွေ့ဆုံညှိနှိုင်းကာ ငြိမ်းချမ်းစွာ ဖြေရှင်းရန်လည်း တိုက်တွန်းသည်ဟု RCSS က ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ထားသည်။

RCSS/SSA သည် ရှမ်းလူမျိုးများ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးတို့အတွက် တော်လှန်ရေးလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ ဖြစ်သည်။

RCSS သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး အစိုးရဦးဆောင်သည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးနေသည့် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွ့ဲ တဖွဲ့ ဖြစ်သည်။

တပ်မတော်သည် ယနေ့မနက် ပိုင်းက ပြည်ထောင်စုအစိုးရအဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ အစိုးရအဖွ့ဲဝင်များ၊ အစိုးရသစ် ဖွ့ဲစည်းရေးအတွက် လွှတ်တော် တတ်မည့် ၂၀၂၀ ခုနှစ်အထွေထွေ ရွေးကောက်ပွဲမှ အနိုင်ရကိုယ်စားလှယ်များကို ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်။

တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို တနှစ်ရယူထားကာ ရွေးကောက်ပွဲပြန်ကျင်းပပေးပြီး တပ်မတော်မှ ကျင်းပပေးသည့် ရွေးကောက်ပွဲမှ အနိုင်ရမည့် ပါတီကို နိုင်ငံတော်တာဝန်လွှဲပြောင်းပေးမည်ဟု ထုတ်ပြန်ထားသည်။

Your Thoughts …
Tags: RCSSတပ်မတော်အာဏာသိမ်း
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
18.4k

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ဖြစ်သည်။

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

by မိုးစက်ငြိမ်းချမ်း
22 July 2023
13.5k

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

by ကိုဦး
9 March 2024
12.1k

SSPP ရော RCSS ပါ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ကို လုံးဝ လက်နက်ကိုင် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ)

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ)

by ဧရာဝတီ
28 August 2024
8.5k

စစ်တပ်က အာဏာာသိမ်းပြီးနောက် နောက်တဆင့် ရာထူးတိုးပေးခြင်းခံရသည့် မောင်နှမ နှစ်ယောက်ရှိသည်။ သူတို့နှစ်ဦးမှာ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့သည် မောင်နှမ အရင်းများ ဖြစ်ကြသည်။

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ

by Anthony Davis
13 August 2024
8.2k

အခြေခံအချက်အလက် သုံးခုအရ မြန်မာနိုင်ငံမြောက်ပိုင်းမှ နောက်ဆုံး တိုက်ပွဲများသည် ပဋိပက္ခ၏ အခြေအနေကို လုံးဝ ပြောင်းလဲသွားစေသည်။

Next Post
KNU Concerned Group  အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန် / ဟိန်းထက် / ဧရာဝတီ

အဓမ္မ အာဏာသိမ်းသည့် လုပ်ရပ်ကို ဆန့်ကျင်သည်ဟု KNU Concerned ပြော

ကျနော်တို့ ပေးခဲ့တဲ့ မဲတွေ သေနတ်နဲ့လုသွားတာကို မကျေနပ်ဘူး (ရုပ်/သံ)

ကျနော်တို့ ပေးခဲ့တဲ့ မဲတွေ သေနတ်နဲ့လုသွားတာကို မကျေနပ်ဘူး (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved