သတင်း

တပ်မတော် အာဏာသိမ်းမှုအပေါ် ရခိုင် CSO ကွန်ရက် ကန့်ကွက်

Want create site? Find Free WordPress Themes and plugins.

မြန်မာ့တပ်မတော်၏ အာဏာသိမ်းမှုအား ရခိုင်အရပ်ဘက် အဖွဲ့အစည်းများ ကွန်ရက်အနေဖြင့် ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ကြောင်း ဖေဖော်ဝါရီလ ၄ ရက် ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ထားသည်။

ပြည်သူများ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ ခေါင်းဆောင်များ အပါအဝင် တရားမဝင် ဖမ်းဆီး ထိန်းသိမ်းခံထားရသူများအား ချက်ချင်း လွှတ်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်မှ ဦးဆောင်အဖွဲ့ဝင် တဦးဖြစ်သူ ဦးသန်းလှက “ကျနော်တို့ ထုတ်ပြန်ရတဲ့ အကြောင်းအရင်းက လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုအပေါ် လက်မခံဘူး။ နောက်ပြီးတော့ အာဏာရှင် စနစ်ကို အကောင်ထည်ဖော်နေတဲ့ ဘယ်အဖွဲ့အစည်းပင်မဆို ပေါင်းစပ်ပါဝင်တဲ့ နိုင်ငံရေး ပါတီတွေ၊ အဖွဲ့အစည်းတွေကို ပြင်းထန် စွာ ရှုတ်ချတယ်။ အဲဒီ သဘောမျိုးနဲ့ ထုတ်ပြန်ရတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်သော နည်းများဖြင့် ပြည်သူများ၏ အာဏာဖီဆန် ရေးလှုပ်ရှားမှု(Civil Disobedience Movement ) ကို ကြိုဆိုထောက်ခံကြောင်း ၊ ရခိုင်နိုင်ငံရေး ပါတီများ၊ စစ်ရေးနှင့် အခြား အရပ်ဘက်အင်အားစုများ အနေ ဖြင့် ရခိုင်ပြည်သူလူထု၏ အသက်၊ အိုးအိမ်များကို ဖျက်စီးခဲ့သော အာဏာသိမ်း အစိုးရ ယန္တရားများတွင် မည်သည့် နည်း နှင့်မျှ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ ပါဝင် ပတ်သက်ခြင်း မရှိရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယနေ့ ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင်လည်း စစ်တွေတက္ကသိုလ်မှ ဆရာ/မ များမှာ တပ်မတော် အာဏာ သိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် (Civil Disobedience Movement ) ဖဲကြိုနီ ကမ်ပိန်းတခုကို ပြုလုပ်ကာ ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

You may also like these stories:

အာဏာသိမ်း အစိုးရ၏ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်သည့် အရှိုချင်းအမျိုးသားပါတီ

မိမိလုပ်နိုင်စွမ်းထက်ပိုသည့် အခြေအနေဟု အောင်လအင်ဆန်ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading