နိုင်ငံတော် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် ဆက်နွယ်သည့် လုပ်ငန်းများ၊ ထုတ်ကုန် များအား သုံးစွဲလုပ်ကိုင်ခြင်း မပြုရန် ဆန့်ကျင်မှုများ မြင့်တက်လျက် ရှိသည်။
လူထုအကြား ဆန့်ကျင်မှုများတွင် Mytel အော်ပရေတာ၊ မြန်မာဘီယာနှင့် ဆက်စပ် ထုတ်လုပ်သည့် ထုတ်ကုန်များ အား ရောင်းချပေးခြင်း မပြုတော့ကြောင်း စားသောက်ဆိုင် တချို့က တရားဝင် ထုတ်ပြန်ကြေညာခဲ့သလို ဝယ်ယူသုံးစွဲခြင်း မပြုရန်လည်း တိုက်တွန်းမှုများ ထွက်ပေါ်လျက် ရှိသည်။
ထို့ပြင် Mytel ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် နည်းပညာပိုင်းဆိုင်ရာ တာဝန်ယူ လုပ်ကိုင်နေသည့် အင်ဂျင်နီ ယာများက ဆက်လက် လုပ်ကိုင်လိုခြင်း မရှိဟုဆိုကာ အစုလိုက် နုတ်ထွက်မှုများလည်း ရှိနေသည်။
Mytel မှ နုတ်ထွက်လိုက်သည့် အင်ဂျင်နီယာတဦးက “စစ်အာဏာရှင်ကို ဆန့်ကျင်သောအားဖြင့် Mytel မှ အလုပ်တာ ဝန်များကို နုတ်ထွက် ရပ်နားလိုက်ပါတယ်” ဟု ထုတ်ဖော် ပြောဆိုထားသည်။
လက်ရှိအချိန်ထိ Mytel မှ နုတ်ထွက်ခဲ့သည့် နည်းပညာပိုင်းဆိုင်ရာ တာဝန်ယူထားသူ အင်ဂျင်နီယာ အယောက် ၁၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်အတွင်း Mytel FTTH ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှု ရယူသုံးစွဲနေသူ မခက်ခက်ဝင်းကလည်း တပ် မတော်က အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အနေဖြင့် ဆက်လက် သုံးစွဲတော့မည် မဟုတ်ကြောင်း ပြောသည်။
၎င်းက “မင်းအောင်လှိုင်ဟာမလို့ မသုံးချင်တော့တာ” ဟု ဆိုသည်။
ဂျပန် အဖျော်ယမကာ လုပ်ငန်းစု Kirin ကလည်း အာဏာသိမ်းမှုကို ရှုတ်ချသည့် အနေဖြင့် တပ်မတော်က ထိန်းချုပ်ထား သည့် မြန်မာ့စီးပွားရေးဦးပိုင်နှင့် ဖက်စပ်ရင်းနှီး လုပ်ကိုင်လျက်ရှိသည့် အဖျော်ယမကာလုပ်ငန်း ၂ ခုအား ရပ်ဆိုင်းကြောင်း ယနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် တပ်မတော်၏ လုပ်ရပ်သည် “ကျွန်ုပ်တို့၏ အဆင့်အတန်း၊ လူ့အခွင့်အရေး မူဝါဒများ နှင့် ဆန့်ကျင်နေသည်” ဟု ဖော်ပြထားသည်။
နိုင်ငံတကာတွင်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အပြင်းအထန် စွပ်စွဲဝေဖန်ခံနေရသည့် တပ်မတော်နှင့် ပတ် သက် ဆက်နွယ်နေသော ကုမ္ပဏီ၊ လုပ်ငန်း အဖွဲ့အစည်းများအား ပတ်သက်ခြင်းမရှိဘဲ ဆန့်ကျင်ရန် တိုက်တွန်းမှုများ ရှိနေ သကဲ့သို့ Burma Campaign UK အဖွဲ့ကလည်း တပ်မတော်နှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အမှတ်တံဆိပ် စာရင်း အား ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့သည်။
အဆိုပါ စာရင်းတွင် Mytel၊ မြန်မာဘီယာ၊ Red Ruby စီးကရက်တို့ အပါအဝင် ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေး၊ ဆောက် လုပ်ရေး၊ မီဒီယာ၊ ဖျော်ဖြေရေး၊ အစားအသောက်လုပ်ငန်း စသည်ဖြင့် စုစုပေါင်း လုပ်ငန်းအမျိုးအစား ၁၅ ခု ပါဝင်သည်။
You may also like these stories:
မြန်မာဘီယာနှင့် ဂျပန် Kirin လမ်းခွဲတော့မည်