• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော်မှ ဖမ်းထားသူများ သတင်းအစအန ပျောက်နေ၍ မိသားစုပူပန်

by ဧရာဝတီ
5 February 2021
in သတင်း
A A
COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force) ၏ အဖွဲ့ခေါင်းဆောင် ဦးရဲမင်းဦး

COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force) ၏ အဖွဲ့ခေါင်းဆောင် ဦးရဲမင်းဦး

36.3k
VIEWS
Share on FacebookShare on Twitter

တပ်မတော်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှစ၍ ဖမ်းဆီးခံထားရသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၏ သတင်းအစအန ပျောက်ကာ အဆက်အသွယ်ပြတ် နေသဖြင့် မိသားစုဝင်များက စိုးရိမ်များ ရှိနေသည်။

မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ဟု မသိရှိရသူများမှာ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ဗကသများ အဖွဲ့ချုပ် အမှုဆောင်ဟောင်း မင်းသွေးသစ်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ စာရေးဆရာ မောင်သာချိုနှင့် ဦးထိန်လင်းဦး၊ အဆိုတော် စောဖိုးခွား၊ ရွှေညဝါ ဆရာတော်နှင့် We Love Yangon အဖွဲ့ဝင်ဟောင်း ဦးအောင်ဇော်ဦး တို့ဖြစ်ပြီး၊ ရန်ကုန် တိုင်း အစိုးရအဖွဲ့ဝင်များဖြစ်သည့် ဝန်ကြီး ဦးရဲမင်းဦး၊ ဦးနိုင်ငံလင်း၊ ဒေါ်နီလာကျော်၊ ဒေါ်မိုးမိုးစုကြည်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင် တို့ ဖြစ်သည်။

တပ်မတော်က ဖမ်းဆီးခံရသူများထဲတွင်ပါဝင်သည့် နိုင်ငံရေးလောက၌ ထင်ရှားသူတဦး ဖြစ်သော ၈၈ ကျောင်းသား ခေါင်း ဆောင် ကိုမြအေးမှာလည်း မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေသည့်အပြင် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေ သည့် ကောလဟလများကြောင့် ၎င်း၏ မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။

ကိုမြအေး၏ သမီးဖြစ်သူ မဝတ်ရည်ရနံ့ ကလည်း “ဖမ်းဆီးခံရတဲ့နေ့က စပြီး ဒီကနေ့ထိ အခြေအနေဘယ်လိုလဲဆိုတာ ကြားသိရတာ မရှိပါဘူး။ မိသားစုအနေနဲ့ဆိုရင် အနည်းဆုံး ဘယ်နေရာ ရောက်နေလဲ၊ ကျန်းမာရေး ကောင်းလားဆို တာကတော့ ကြားချင်တယ်” ဟု ပြောသည်။

ကိုမြအေးကို လာဖမ်းဆီးစဉ်က နေအိမ်မှာ လိုအပ်သည့် အဝတ်အထည်၊ အစားအသောက်အချို့ထည့်ပေးလိုက်သော် လည်း ဖေဖော်ဝါရီ ၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် အရပ်ဝတ်ဖြင့် အမျိုးသား၂ ဦး ရောက်လာပြီး ကိုမြအေးအတွက် လို အပ်သည့် ပစ္စည်းများ ထည့်ပေးရန် မိသားစုထံ တောင်းခံပြီး ပြန်သွားပြီးနောက်တွင် မည်သည့် သတင်းတစုံတရာမှ မရရှိ တော့ခြင်း ဖြစ်သည်ဟု သိရသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ တပ်မတော် အာဏာသိမ်းစဉ်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးမြ အေးအား ခေါ် ဆောင်သွားစဉ်

ဖေဖော်ဝါရီ ၃ ရက်တွင် ကိုမြအေးကို တပ်မတော်၏ စစ်ကြောရေးစခန်း၌ ဖမ်းဆီးထားစဉ် ရိုက်နှက်ကာ လက်လွန်သဖြင့် ဆုံးပါးသွားပြီ ဟူသည့် သတင်းများမှာလည်း လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည်မှာ၂ ရက်ရှိပြီ ဖြစ် သည်ဆိုသည့် ကောလဟလများကြောင့် မိသားစုဝင်များက ကိုမြအေးကို စိတ်ပူပန်နေပါသည် ဟုလည်း မဝတ်ရည်ရနံ့ က ဆိုသည်။

ဆက်လက်ပြီး ၎င်းက “ဒါမျိုးတွေ မဖြစ်တော့ဘူးလို့ ထင်ထားတာ ရုတ်တရက်ကြီး ဖြစ်သွားတော့ ဘာလုပ်ရမှန်း ဘာကိုင် ရမှန်း မသိဘူး။ ပိုဆိုးတာက သတင်းလည်း မကြားရတော့ တော်တော်ဆိုးတယ်။ အင်တာနက်ပေါ်မှာ အတည်ပြုခြင်း မရှိ ဘဲ ကောလဟလတွေကို မဖြန့်ပါနဲ့လို့ပဲ တောင်းဆိုချင်ပါတယ်” ဟုလည်း ပြောသည်။

ဖမ်းဆီးခံထားရသည့် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၏ ဇနီး ဒေါ်ခင်စန္ဒာဝင်းကလည်း “အခုထက်ထိ ဘယ်မှာမှန်း မသိသေး ဘူး။ ၃ ရက် ညနေ ၅ နာရီလောက်မှာ အရပ်ဝတ်နဲ့ လူတွေက သူ့အဝတ်အစားတွေ လာယူတယ်။ အဲဒီညနေက သူက ငပိ ကြော်လေး ယူခဲ့ပါတဲ့ မှာတယ်။ ကျမတို့လည်း အကျယ်ချုပ်ကျတော့ ဈေးသွားမရတော့ လာယူသူတွေကိုပဲ ပိုက်ဆံပေးပြီး ဝယ်ပေးပါ ပြောရတယ်။ ကျမ စိတ်မကောင်းဘူး” ဟု ပြောသည်။

ခင်ပွန်းဖြစ်သူ၏ သတင်း အချက်အလက် တစုံတရာကိုမှ မရသဖြင့် စိုးရိမ်နေပြီး မိသားစုဝင်တဦးအနေဖြင့် ဦးနိုင်ငံလင်း ၏ ကျန်းမာရေး၊ ၎င်းကို ချုပ်နှောင်ထားသည့် အခြေအနေကို သိလိုသည်ဟု ဒေါ်စန္ဒာဝင်းက ပြောသည်။

ဒေါ်ခင်စန္ဒာဝင်း သည်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရဝန်ကြီးများ အိမ်ရာတွင် အကျယ်ချုပ် ချုပ်နှောင် ခံထားရကာ အပြင်ထွက်ခွင့် ပိတ်ပင်ခံထားရသည်။

 

အကျယ်ချုပ် ချုပ်နှောင်ခံထားရသဖြင့် ပြင်ပမှ အစားအသောက်များ လာပို့ရာတွင် ခြံဝင်းအပြင်သို့ ထွက်ယူရာ၌ တံခါးမ ကြီးကို အပြည့်မဖွင့်ပေးဘဲ အကျဉ်းထောင်တွင် အကျဉ်းသားများ ခါးကုန်းထွက်ရသည့် ပုံစံဖြင့် ထွက်ရသည့် တံခါးပေါက် အသေးကိုသာ ဖွင့်ပေးခြင်း၊ အကျဉ်းသူတဦးကဲ့သို့ ဆက်ဆံခံရခြင်းများ ကြုံတွေ့ နေရသည်ဟုလည်း ဒေါ်ခင်စန္ဒာဝင်းက ပြောသည်။

ဆက်လက်ပြီး ဒေါ်ခင်စန္ဒာဝင်းက “ကျမတို့ ခေါင်းဆောင်က ပြောထားတယ် အဆိုးဆုံးကို မျှော်လင့်ထားပါတဲ့။ ဒါပေမယ့် အကောင်းဆုံး ဖြစ်အောင်တော့ လုပ်နေရမယ်။၂၀၀၇ တည်းက ပြောထားတာ ကျမတို့က နားထဲမှာ စွဲနေပါတယ်။ အဆိုး ဆုံးထိ တွေးထားပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးခံထားရသည့် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး၏ မိသားစုဝင်တဦးကလည်း ဖေဖော် ဝါရီ ၁ ရက် မနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားစဉ်ကတည်းက ဒေါ်နော်ပန်းသဉ္ဇာမျိုးနှင့် အဆက်အသွယ် ပြတ်တောက် သွားခြင်း ဖြစ်သည်ဟု ပြောသည်။

ဒေါ်နော်ပန်းသဉ္ဇာမျိုး၏ မိသားစုဝင်က “ကျမတို့ အကျိုးအကြောင်းလည်း ဘာမှမသိရဘူး။ ခေါ်သွားတဲ့နေ့ကနေ ဒီနေ့ဆို ၅ ရက်ရှိပြီ သူနေကောင်းလား၊ ကျန်းမာလား၊ အဓိက ရှေ့ဆက်ပြီး သူ့ဘယ်တော့ ပြန်လာမလဲ ဘာသတင်းမှ ကျမတို့ မရ ဘူး။ အကုန်လုံးက စိုးရိမ်နေတယ်။ အမြန်ဆုံး သူနဲ့ ပြန်ဆုံချင်တယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်ကြီးဆိုသူ တဦးက ဖေဖော်ဝါရီ ၃ ရက်တွင် မိသားစုထံ ဆက်သွယ်လာသော်လည်း ဒေါ်နော်ပန်းသဉ္ဇာမျိုးနှင့် ပတ်သက်၍ သတင်းတစုံတရာ ပြောဆိုခြင်းမရှိဘဲ အရပ်ဝတ်ဖြင့် လာယူမည့် သူများလက်ထဲသို့ အဝတ်အစားနှင့် အစားအသောက်အချို့ထည့်ပေးရန်သာ ပြောဆိုသည်ဟု သိရသည်။

မိသားစုဝင်များက အဝတ်အစားအပြင် တကိုယ်ရည်သုံး ပစ္စည်းများ၊ ငပိကြော်နှင့် ချဉ်ပေါင်ကြော်များ ထည့်ပေးလိုက် သည်ဟု သိရသည်။

အဆိုပါ မိသားစုဝင်က “ကျမတို့က ဘယ်နှရက်စာ ထည့်ပေးရမလဲဆိုတော့ ကုန်ရင် လာပြန်တောင်းမယ်တဲ့။ တကယ် တော့ ကျမတို့ အဓိက သိချင်တာ ကျန်းမာရေး၊ သူ နေကောင်းလား စိတ်ပူတယ်။ ဝန်ကြီးက ရင်ကျပ်တာ၊ အရိုးကျီးပေါင်း ရောဂါအခံရှိတယ်။ ဆေးအတွက် ကျမတို့က စိတ်ပူလို့ မေးတော့ သူတို့ဆီမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးတယ်၊ စိတ် မပူပါနဲ့ပဲ ပြောတယ်” ဟု ဆိုသည်။

မိသားစုဝင်များအနေဖြင့် ဒေါ်နော်ပန်းသဉ္ဇာမျိုးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုပါသည် ဟုလည်း ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
37
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
761
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
218

 

တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လူတဦးတယောက်ကို အကြောင်းမဲ့ ဖမ်းဆီး ခြင်း မပြုရဘဲ ဖမ်းဆီးပါကလည်း ၂၄ နာရီအတွင်း တရားရုံးတင်ရမည်ဖြစ်ရာ ယခုအခါ ဖမ်းဆီးခံထားသူများက ဥပဒေကို ချိုးဖောက် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပြောသည်။

“မိသားစုက သတ္တိရှိရင် သတင်းစာရှင်းလင်းပွဲလုပ်လို့ ရတယ်။ သတင်းစာရှင်းလင်းပွဲ မလုပ်ရဘူးလို့ ပိတ်ထားတာ မရှိဘူး။ ဒါ အခြေခံဥပဒေကို ချိုးဖောက်တာ၊ ဒီလူတွေကို ရုံးရှေ့ထုတ်လာရမယ်။ ဘာကြောင့် ဖမ်းထားတယ်ဆိုတာကို ရှင်းရှင်း လင်းလင်း ပြောပြရမယ်။ တရားသူကြီး ခွင့်ပြုချက် မရဘဲ ဖမ်းထားလို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့ကို ရမန်ယူသလို သူတို့ကိုလည်း အကြောင်းတခုခု ပေးရမယ်။ ဥပဒေက အမျိုးမျိုး လုပ်လို့ မရပါဘူး” ဟု ၎င်းကပြော သည်။

မိသားစုအနေဖြင့် ဥပဒေအရ အခွင့်အရေး ချိုးဖောက်ခံနေရသည်ကို သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ လူအများသိနိုင်ရန် ပြောဆိုခြင်း၊ တောင်းဆိုခြင်းများ လုပ်နိုင်သည်ဟု ဦးကြီးမြင့်က အကြံပြုပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ဖြစ်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို နေအိမ်တွင် အကျယ်ချုပ် အဖြစ် ချုပ်နှောင်ထားသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းပြုစုထားချက်အရ တပ်မတော်က အာဏာ သိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ စုစုပေါင်း ၁၄၀ ကျော် ဖမ်း ဆီး ခံထားရသည်။

You may also like these stories:

ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီး

ဖမ်းထားသူများ လွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီ တညီတညွတ်တည်း တောင်းဆို

ပြည်သူတင်သည့် အစိုးရ ပြန်လာနိုင်ရေး ကြိုးစားသွားမည်ဟု NLD အမတ်များပြော

Your Thoughts …
Tags: ဖမ်းဆီးခံထားရသူရန်ကုန်တိုင်းအကျယ်ချုပ်အာဏာသိမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
18.4k

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ဖြစ်သည်။

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ)

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ)

by ဧရာဝတီ
28 August 2024
8.5k

စစ်တပ်က အာဏာာသိမ်းပြီးနောက် နောက်တဆင့် ရာထူးတိုးပေးခြင်းခံရသည့် မောင်နှမ နှစ်ယောက်ရှိသည်။ သူတို့နှစ်ဦးမှာ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့သည် မောင်နှမ အရင်းများ ဖြစ်ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုံဟောင်း  / ဧရာဝတီ

အာဏာသိမ်းည ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအဖွဲ့များရှိမနေ

by ဧရာဝတီ
12 July 2021
78.7k

စစ်တပ်အာဏာသိမ်းစဉ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဝင်ရောက်စီးနင်းရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များရှိမနေ ဘဲ စကားပြောစက်များသာတွေ့ခဲ့သည်ကို ယနေ့တရားခွင် စစ်မေးမှုများအရ ပေါ်ပေါက်ကြောင်း ရှေ့နေများက ပြောသည်။

သမ္မတလုပ်မယ်ဆိုရင် တပ်ချုပ်တာဝန်ကို ရပ်စဲရဲလား(ရုပ်/သံ)

သမ္မတလုပ်မယ်ဆိုရင် တပ်ချုပ်တာဝန်ကို ရပ်စဲရဲလား(ရုပ်/သံ)

by ဧရာဝတီ
29 January 2025
1.3k

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲကိုကျင်းပပြီး အာဏာပြန်လွှဲမယ်လို့ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန် ကတည်းက ပြောထားခဲ့ပေမယ့် လက်ရှိအချိန်ထိ ရွေးကောက်ပွဲ မကျင်းပနိုင်သေးဘဲ ၂၀၀၈ အခြေခံဥပဒေကို လိုသလို အသုံးပြုပြီး အာဏာကို ဆက်လက်ရယူထားဆဲဖြစ်ပါတယ်။

လုပ်သားထု အင်အား ဆုံးရှုံးမယ်

လုပ်သားထု အင်အား ဆုံးရှုံးမယ်

by ယဉ်မွန်
22 February 2024
1.1k

မကြာသေးမီက အတည်ပြုလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် ပြည်တွင်းမှာရှိတဲ့ လူငယ်တွေဟာ အလုံးအရင်းနဲ့ နိုင်ငံကို စွန့်ခွာဖို့ ဆုံးဖြတ်လာတာတွေဟာ တိုင်းပြည်အနာဂတ်တွေလည်း ပျောက်ကွယ်သွားတာလို့ စီးပွားရေးပညာရှင်တဦးဖြစ်တဲ့ ဦးစိန်ဌေးက ပြောပါတယ်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ (ရုပ်/သံ)

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ (ရုပ်/သံ)

by ဧရာဝတီ
7 February 2025
1k

အခု စစ်အာဏာသိမ်းတာ လေးနှစ်ပြည့်ပါပြီ။ စစ်အာဏာသိမ်းမှုကို ဘယ်သူတွေက အဓိက ဦးဆောင် အကောင်အထည် ဖော်ခဲ့ကြပါသလဲ။ အာဏာသိမ်းမှု လေးနှစ်အကြာမှာ ဒီလူတွေရဲ့ လားရာကရော ဘယ်လို ရှိပါလဲ။

Next Post
Makeup Artist မေဦးမောင် / May Oo Maung's Facebook

“အာဏာသိမ်းမှုအပေါ် အမှောင်ခေတ်ကို ပြန်မသွားလိုဘူး”လို့ မိတ်ကပ် မေဦးမောင် ဆို

အခြေခံလစာတိုးမြှင့်ရေး ဆန္ဒပြပွဲတခု / ဧရာဝတီ

လုပ်သားသန်းချီ ရှိသည့် အထည်ချုပ်ကဏ္ဍ ဆန်ရှင်ပိတ်ခံရမည်ကို စိုးရိမ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved