အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲကိုကျင်းပပြီး အာဏာပြန်လွှဲမယ်လို့ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန် ကတည်းက ပြောထားခဲ့ပေမယ့် လက်ရှိအချိန်ထိ ရွေးကောက်ပွဲ မကျင်းပနိုင်သေးဘဲ ၂၀၀၈ အခြေခံဥပဒေကို လိုသလို အသုံးပြုပြီး အာဏာကို ဆက်လက်ရယူထားဆဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ၂၀၂၅ နှစ်ကုန်ပိုင်း ဒါမဟုတ်ရင် ၂၀၂၆ နှစ်အစပိုင်းမှာ မဖြစ်မနေကျင်းပ နိုင်တယ်လို့ စစ်ကောင်စီထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို ကိုးကားပြီး သုံးသပ်တာတွေရှိနေသလို စစ်ခေါင်းဆောင်ဟာ သမ္မတရာထူးကို ရယူမယ်လို့ သုံးသပ်ချက်တွေကလည်း ရှိနေပါတယ်။
ဒါပေမယ့် လက်ရှိမြေပြင်မှာ တော်လှန်ရေးတပ်တွေ ပိုမိုအားကောင်းလာပြီးတော့ စစ်ကောင်စီဟာ မြို့ပေါင်း ၉၀ ကျော်ကို လက်လွှတ်ထားရတာကြောင့် ရွေးကောက်ပွဲကျင်းပနိုင်တဲ့ နယ်မြေဟာလည်း တနိုင်ငံလုံးကို ခြုံငုံ နိုင်ခြင်း မရှိတဲ့ အခြေအနေကို ရောက်ရှိနေတာပါ။
စစ်ခေါင်းဆောင်ဟာ မဖြစ်မနေ ရွေးကောက်ပွဲကို ကျင်းပပြီး ထွက်ပေါက်ရှာမယ်ဆိုရင် လက်ရှိ တပ်ချုပ်ရာထူးကို စွန့်လွတ်ပြီး သမ္မတရာထူးကို ရယူမလား၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကိုပဲ စွဲကိုင်ထားမလား ဆိုတဲ့အပေါ်မူတည်ပြီး အာဏာ ချုပ်ကိုင်နိုင်မှုဟာ စိန်ခေါ်ချက်နဲ့ အပြောင်းအလဲ ရှိလာနိုင်မှာဖြစ်ပါတယ်။
စစ်ကောင်စီဟာ သူတို့ကိုင်စွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲကို ဘယ်လို ကျင်းပနိုင် မလဲ၊ သမ္မတရာထူး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးတွေ ရဲ့ အာဏာချိန်ညှိနိုင်မှု၊ ဖြစ်လာနိုင်မယ့် အခြေအနေ တွေနဲ့ပတ်သက်လို့ ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ၊ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူး ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy