• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

CDM တွင် ပါဝင်သူများကို ညအချိန်မတော် လိုက်လံဖမ်းဆီး

by ဧရာဝတီ
12 February 2021
in သတင်း
A A
ယမန်နေ့ညက မန္တလေးမြို့ ဆရာတဦးနေအိမ်သို့ ခြံစည်းရိုးကျော်ဝင်လာသည့် ရဲအရာရှိများ

ယမန်နေ့ညက မန္တလေးမြို့ ဆရာတဦးနေအိမ်သို့ ခြံစည်းရိုးကျော်ဝင်လာသည့် ရဲအရာရှိများ

7.3k
VIEWS
Share on FacebookShare on Twitter

တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ Civil Disobedience Movement (CDM) လှုပ်ရှားမှုတွင် ပါဝင်နေသူများကို ညဘက် အချိန်မတော် လိုက်လံဖမ်းဆီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

CDM လှုပ်ရှားမှုတွင် ပါဝင်သည့် အောင်လံမြို့နယ် ဆရာဝန်ကြီးကို ယမန်နေ့ည၌ လာရောက် ဖမ်းဆီးသဖြင့် အောင်လံမြို့ တမြို့လုံးရှိ ပြည်သူများက ဆေးရုံသို့ လာရောက်ပြီး ဆရာဝန်ကြီးကို လုံခြုံသည့်နေရာတွင် စောင့်ရှောက်ပေးထားခဲ့ရသည်။

အလားတူပင် ဖေဖော်ဝါရီလ ၁၁ ရက် ညသန်းခေါင်ယံတွင် မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင် လွင်ကို ဖမ်းဆီးရန် ချမ်းအေးသာစံ စခန်းမှ လာရောက် ခေါ်ဆောင်သော်လည်း ပတ်ဝန်းကျင်မှ ပြည်သူများ ရောက်ရှိလာ သဖြင့် လက်လျှော့ပြီး ပြန်သွားခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းတိုက်နယ် ဆေးရုံအုပ် ဦးပြည့်ဖြိုးနိုင်ကိုမူ ဖေဖော်ဝါရီ ၁၂ ရက်၊ ညနေ ၄ နာရီ တွင် အရပ်ဝတ်များဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအချိန်အထိ မည်သည့်နေရာ၌ ချုပ်နှောင်ထားသည်ကို မသိရကြောင်း ဇနီးဖြစ်သူ ဒေါက်တာ ဖြူလဲ့သူက ပြောသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင်လည်း CDM ၌ ပါဝင်နေသည့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၆ ဦးကို အလုပ်ယာယီရပ်ဆိုင်းပြီး လစာ တဝက်နှုန်းသာ ခံစားခွင့်ပေးမည် ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ရုံးအမိန့်စာ တစောင်ထုတ်ပြန်ကာ ပြောဆိုထားသည်။  

လေရှီးမြို့ ဒေသခံ သုတေသန အလုပ်လုပ်ကိုင်သူ မဇင်မာအောင်က “သူတို့ ၆ ဦးက ဒေသခံ ဝန်ထမ်းတွေပါ။ ကျမတို့ ဒေသခံတွေက CDM ကို အားပေးတော့ ဒီလိုလုပ်တာကို မကြိုက်ပါဘူး။ သူတို့ကိုလည်း နိုင်ထက်စီးနင်း ပြုလုပ်တယ်လို့ ခံစားရတယ်” ဟု ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
7
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
62
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
21

ကယားပြည်နယ်တွင်လည်း CDM တွင် ပါဝင်နေသည့် ဝန်ထမ်းများကို လိုက်လံဖမ်းဆီးမှုများ ရှိနေသော်လည်း ပြည်သူ လူထုက ကာကွယ်ပေးထားသဖြင့် ဖမ်းဆီးခံရခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ 

CDM လှုပ်ရှားမှုတွင် ပါဝင်သူများကို လိုက်လံဖမ်းဆီးခြင်း၊ အလုပ်ပြန်လည်ဝင်ရောက်ရန် ရုပ်မြင်သံကြားနှင့် လူမှုကွန်ရက် စာမျက်နှာများမှတဆင့် တပ်မတော်က တိုက်တွန်းနေခြင်းသည် CDM လှုပ်ရှားမှုများ ထိရောက်မှု ရှိနေခြင်းကို ပြသနေကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။ 

ဒေါက်တာဖြူလဲ့သူက “CDM ကို ဆက်ပြီးတော့ လုပ်ကြမယ်။ အားမလျှော့ပါနဲ့။ ကျမတို့ CDM ကို သူတို့ ကြောက်နေတယ် ဆိုတာ ယုံကြည်နေပါတယ်။ ကျမတို့က ကြိုးစားပြီး တိုက်ရမှာပါ” ဟု တိုက်တွန်း ပြောဆိုသည်။ 

ထိုကဲ့သို့ လိုက်လံဖမ်းဆီးမှုများက CDM တွင် ပိုမို ပါဝင်လာအောင် လှုံ့ဆော်သည့် သဘောဖြစ်နေသည်ဟုလည်း စစ် အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီ (ကယားပြည်နယ်)မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “CDM မှာ ပါဝင်မှု ကောင်းအောင် ထပ်ပြီးလှုံ့ဆော်တဲ့ သဘောပဲလို့ ပြောချင်တယ်။ ကျနော်တို့ ပြည်နယ်မှာ CDM ပါဝင်တဲ့ ဝန်ထမ်းတွေ အားလုံးက မကြောက်ကြဘူး။ စစ်အာဏာရှင်စနစ်ကို တကယ်ပဲ ဖြုတ်ချချင်တဲ့ လူတွေချည်းပဲမလို့ လိုက်ဖမ်းလေလေ ကြွလေလေပဲ ဆိုတော့ လူထုနဲ့ တသားတည်းရှိတဲ့အတွက် လျော့သွားမလားဆိုတဲ့ စိုးရိမ်စရာမရှိဘူး။ ပိုတိုးလာဖို့ အားပိုကောင်းလာဖို့ပဲ ရှိတယ်” ဟု ဆိုသည်။ 

တပ်မတော်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စတင်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများ၏ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) သည် အာဏာသိမ်းပြီး ၁၂ ရက်မြောက်နေ့တွင် နိုင်ငံတဝန်းမှ ဆရာ ဝန်၊ သူနာပြု စသည့် ကျန်းမာရေး ဝန်ထမ်းများသာမက မြန်မာ့မီးရထား၊ မီးသတ်၊ ပညာရေး အပါအဝင် တခြားသော ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများလည်း ပါဝင်လာပြီး တဖြည်းဖြည်း အရှိန်မြင့်လာလျက်ရှိသည်။ 

You may also like these stories:

CDM လှုပ်ရှားမှု အရှိန်မြင့်လာ

Your Thoughts …
Tags: CDMဖမ်းဆီးဝန်ထမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

by ဧရာဝတီ
19 January 2024
21.6k

စစ်ကောင်စီသည် စစ်တက္ကသိုလ်လျှောက်လွှာ လက်ခံချိန်ကို တိုးပေးနေရပြီး ဗိုလ်လောင်းများအတွက် သာမက စစ်သားများအတွက်ပါ ဝင်ခွင့်သတ်မှတ်ချက်များ လျှော့ပေးနေရသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

by ဧရာဝတီ
23 November 2024
16.6k

ချုလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသူ ၂ ဦး၏ တက္ကသိုလ် တက်ရောက်ခွင့် လျှောက်ထားမှုကို သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်များအား အတည်ပြုပေးနိုင်ရန် ဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားခဲ့ကြောင်း

Next Post
ပြည်ပမှ အဖျက်အမှောင့် လုပ်ငန်းများကို စောင့်ကြည့် ကာကွယ်ရန် လူမှုကွန်ရက်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဖြစ်သည် / ကျော်ခ / ဧရာဝတီ

ဆိုက်ဘာလုံခြုံရေး ဥပဒေကြမ်းကို အရပ်ဘက် အဖွဲ့အစည်း၂၀၀ ကျော် ကန့်ကွက် ရှုတ်ချ

ယနေ့အင်းစိန်ထောင်မှ ပြန်လွှတ်လာသည့် မျိုးချစ် တဦး  / ဧရာဝတီ

လွတ်ငြိမ်းချမ်းသာခွင့်၌ မျိုးချစ်ဆိုသူများပါ လွတ်မြောက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved