• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝင်ငွေအခက်အခဲဖြစ်လာမည့် CDM ဝန်ထမ်းများကို ပံ့ပိုးကူညီရေး စတင်

by ဧရာဝတီ
17 February 2021
in သတင်း
A A
နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံမှ ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြစဉ်  / ဧရာဝတီ

နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံမှ ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြစဉ် / ဧရာဝတီ

22.6k
VIEWS
Share on FacebookShare on Twitter

Civil Disobedience Movement တွင် ပါဝင်ပြီး နေရာထိုင်ခင်းနှင့် ဝင်ငွေ အခက်အခဲကို ရင်ဆိုင်ကြုံတွေ့ရတော့မည့် ဝန် ထမ်းများကို ပံ့ပိုးကူညီရေးအတွက် လှုပ်ရှားမှုများ စတင်နေပြီဖြစ်ကြောင်း လူမှုရေးနှင့် တက်ကြွလှုပ်ရှားသူများထံက သိရ သည်။

We Support Heros, 21 Savage Myanmar, ၂/၂၀၂၁ ခိုင်မြဲသောလက်များ, We Support Myanmar CDM Worker, SCDRD အစရှိသည့် အဖွဲ့အစည်းပေါင်းများစွာသည် CDM တွင် ပါဝင်ပြီး အခက်အခဲဖြစ်နေသူများကို ကူညီမှုများ ပြုလုပ် လျက်ရှိပြီး အလှူငွေများ ကောက်ခံလျက် ရှိသည်။

ထို့ပြင် တိုင်းနှင့်ပြည်နယ်အချို့တွင် မြို့နယ်အလိုက် CDM support team/ committee များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိ သည့်အပြင် တဦးတယောက်ချင်းစီမှ ကူညီထောက်ပံ့ပေးမှုများလည်း ရှိနေပြီ ဖြစ်သည်။

အစိုးရရုံးများ အခြေစိုက်သည့် နေပြည်တော်၌ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်း ၃,၀၀၀ ဝန်းကျင်ခန့်သည် Naypyitaw CDM Support Team သို့ အကူအညီတောင်းခံမှုများ ရှိနေကြောင်း သိရသည်။

Naypyitaw CDM Support Team မှ အဖွဲ့ဝင်တဦးက “တချို့ဝန်ထမ်းတွေဆိုရင် စားဝတ်နေရေးအတွက် ၅၀,၀၀၀ ဆို ၅၀,၀၀၀ ပေါ့။ တချို့ ဝေးလံတဲ့နေရာအထိ သွားရမယ့် တချို့ဝန်ထမ်းတွေကို ဆိုရင် ၁ သိန်းဖြစ် ၁ သိန်း။ သတ်မှတ်ချက် ရယ်လို့ မရှိဘဲ ကျနော်တို့ ဘတ်ဂျက်ပေါ် မူတည်ပြီးတော့ တချို့ကိုဆိုရင် အိမ်တိုင်ရာရောက်ထိ ပြန်ပြီး လိုက်ပို့တဲ့ အစီ အစဉ်တွေ လုပ်ပါတယ်။ လက်ရှိ အခြေအနေကတော့ နေပြည်တော်က ဝန်ထမ်းတွေကိုပဲ လုပ်တာပါ” ဟုဆိုသည်။

မန္တလေး အခြေစိုက် ကရုဏာမြန်မာ့ပရဟိတ လူငယ်များအသင်း အနေဖြင့်လည်း အသင်းတွင်ရှိသည့် ငွေကြေးအားလုံးကို CDM ဝန်ထမ်းများအတွက် ထောက်ပံ့ကူညီပေးရန် စီစဉ်ဆောင်ရွက်နေပြီး လက်ရှိအချိန်အထိ အကူအညီတောင်းခံသူများ ကို လစာအနေဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

“ညီမတို့အနေနဲ့ အကုန်လုံး တတ်နိုင်တဲ့ဘက်က Support ဖို့ အဆင်သင့်ပါ။ CDM မှာ မပါဝင်သေးတဲ့ CDM မှာ ပါဝင်ပေး ကြပါလို့ ပြောချင်ပါတယ်” ဟု မန္တလေး အခြေစိုက် ကရုဏာမြန်မာ့ပရဟိတ လူငယ်များအသင်း က ဆိုသည်။

ထို့ပြင် cdmmyanmar.org က အွန်လိုင်းမှ ကောက်ယူထားသည့် စာရင်းအရ CDM လှုပ်ရှားမှုတွင် ပါဝင်သူများကို လှူ ဒါန်းမည်ဟု ကတိပြုထားသူ တသိန်းနီးပါးရှိပြီး လှူဒါန်းမည်ဟု ကတိပြုထားသည့် ငွေပမာဏမှာ မြန်မာကျပ် ၈ ဒသမ၈ ဘီလီယံကျော်ခန့် ရှိသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ပြည်ပရောက် မြန်မာနိုင်ငံသားများကလည်း CDM လှုပ်ရှားသူများသို့ လှူဒါန်းမှုများလည်း ရှိနေပြီး၊ အနုပညာရှင်များ၏ လှူဒါန်းမှုများ၊ ပြည်တွင်းမှလည်း အသင်း အဖွဲ့များကလည်း CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများအတွက် စားနပ် ရိက္ခာများ ကူညီပံ့ပိုးပေးမှုလည်း ရှိနေသည်။

တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းယူပြီးခဲ့သည့်နောက်တွင် ဆေးတက္ကသိုလ် ပါမောက္ခချုပ်များ အပါ အဝင် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ရဲဝန်ထမ်းများ စသည့် နိုင်ငံတဝှမ်း နေရာဌာနအသီးသီးမှ ဝန်ထမ်း များသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အနေဖြင့် Civil Disobedient Movement ကို ပြုလုပ်လျက်ရှိသည်။

You may also like these stories:

ဗဟိုဘဏ် ဝန်ထမ်းများ CDM မှာ ပါဝင်ကြဖို့ အနုပညာရှင်များ မေတ္တာရပ်ခံ

စစ်ကောင်စီက လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများကို ဥပဒေမဲ့ ချိုးဖောက်လာဖွယ်ရှိ

Your Thoughts …
Tags: CDMလှူဒါန်းငွေဝန်ထမ်းအာဏာသိမ်းဆန့်ကျင်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

by ဧရာဝတီ
19 January 2024
21.6k

စစ်ကောင်စီသည် စစ်တက္ကသိုလ်လျှောက်လွှာ လက်ခံချိန်ကို တိုးပေးနေရပြီး ဗိုလ်လောင်းများအတွက် သာမက စစ်သားများအတွက်ပါ ဝင်ခွင့်သတ်မှတ်ချက်များ လျှော့ပေးနေရသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

by ခင်မမ
25 December 2023
16.1k

လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ် လိမ်ပါ၊ ကြာလျှင် လူတွေက အမှန်ထင်သွားလိမ့်မည်ဆိုသည့် စကားအတိုင်း မင်းအောင်လှိုင်နှင့် သူ့တပည့်များ အတိုင်အဖောက်ညီညီ ကျင့်သုံးနေကြ၏။

Next Post
ယနေ့နံနက်ပိုင်းက နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်သည့် "အမျိုးသားက ာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ" အစည်းအဝေး / တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့  / Facebook

စစ်ကောင်စီကို နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲရန် မြန်မာနိုင်ငံရှေ့နေများအဖွဲ့ အကြံပြု

သရုပ်ဆောင် အရိုင်း  / ဧရာဝတီ

“အာဏာသိမ်းလိုက်တာဟာ တိုင်းပြည်ရဲ့ မျက်နှာကို မကြည့်ရာ ရောက်တယ်”

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved