• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပူတာအိုတွင် ဆန္ဒပြသူများကို ပုဒ်မအမျိုးမျိုးတပ် တရားစွဲ

by ဧရာဝတီ
24 February 2021
in သတင်း
A A
ပူတာအိုမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်

ပူတာအိုမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်

9.2k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ပူတာအိုမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ ၅ ဦးကို ဖမ်းဆီးထားပြီး ပုဒ်မမျိုးစုံဖြင့် တရားစွဲ ဆိုထားကြောင်း သိရသည်။

ဆန္ဒပြရာတွင် ပါဝင်သည့် လိုက်လံ ဖမ်းဆီးခံနေရသူတဦးက “သဘာဝ ဘေးစီမံနဲ့ ပတ်သက်တာရယ် ၁၄၄ တို့၊ ၅၀၅ တို့ နဲ့၊ တချို့ကလည်း မတရားအသင်း ဆက်သွယ်တဲ့ဟာတွေနဲ့ တယောက်နဲ့ တယောက် မတူဘူး” ဟု ပြောသည်။

သို့သော် ယခုအမှုကို လိုက်လံ ဆောင်ရွက်ပေးနေသည့် ရှေ့နေကမူ လတ်တလောတွင် ဖမ်းဆီးခံထားရသူ များနှင့် တွေ့ဆုံခွင့် မရသေးသကဲ့သို့ မည်သည့်အမှုနှင့် တရားစွဲဆိုထားသည်ကိုလည်း အတိအကျ မသိရသေးဘဲ ရုံးထုတ် သည့် ရက်မှသာ အသေးစိတ် သိရမည်ဖြစ်ကြောင်း ဆိုသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

“အမှုကို ကိုင်ဖို့ပဲ စီစဉ်ထားတာ။ ကျမတို့ဘာမှ မသိရသေးဘူး။ ဘယ်ပုဒ်မတွေနဲ့ စွဲထားလည်း ဆိုတာလည်း မသိရသေး ဘူး။ သူတို့နဲ့ တွေ့ခွင့်မရသေးလို့လေ။ ရုံးထုတ်တဲ့နေ့ပဲ တွေ့ရမှာ။ မတ်လ ၅ ရက်လို့တော့ ပြောတာပဲ” ဟု ၎င်းက ဆိုသည်။

ပူတာအိုတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ ၉ ဦးကို လိုက်လံ ဖမ်းဆီးလျက်ရှိသည့် အနက် ၅ ဦး ဖမ်းဆီးခံထား ရပြီး ကျန် ၄ ဦးမှာ တိမ်းရှောင်နေဆဲဖြစ်ကြောင်း လိုက်လံ ဖမ်းဆီးခံနေရသူတဦးက ပြောသည်။

တရားစွဲခံရသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသည့် တိုင်းရင်းသားများ

“သပိတ်ခေါင်းဆောင်တွေပါ ဆိုပြီး ၅ ယောက်ကို စပြီး တရားစွဲခံရတယ်။ အဲဒီကနေ တယောက်ပြီး တယောက် တိုးလာတာ အခုဆိုရင် ကျနော်တို့ ပူတာအိုမှာ လောလောဆယ် ဖမ်းဖို့ လိုက်ရှာနေတဲ့ လူ ၉ ယောက်လောက် ရှိတယ်” ဟု ၎င်းက ပြော သည်။

ပူတာအိုမြို့နယ်တွင် တရက်လျှင်၂ နာရီခန့်သာ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်ပြီး ရုန်းရင်းဆန်ခတ်မှုများ မရှိသော်လည်း ယခု ကဲ့သို့ လိုက်လံဖမ်းဆီးခြင်းကြောင့် အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ဒေသခံအချို့က ပြောသည်။

ပူတာအိုမြို့တွင် ဖေဖော်ဝါရီလ၂၀ ရက် ညပိုင်းက ဒေသခံ ၉ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့သော်လည်း ၄ ဦးကို ဆန္ဒပြပွဲတွင် မပါဝင်သောကြောင့် ပြန်လည် လွှတ်ပေးလိုက်ပြီး ၅ ဦးကို နမ်ဟော့ အကျဉ်းထောင်တွင် ဆက်လက် ဖမ်းဆီးထားခြင်း ဖြစ် သည်။

ဖေဖော်ဝါရီ၂၀ ရက်၊ ည ၁၀ နာရီဝန်းကျင်တွင် ၎င်းတို့ တိမ်းရှောင်နေသည့် ကောင်းမှုလုံစေတီနှင့် မျက်နှာချင်းဆိုင် တောင် ကုန်းတွင် စစ်တပ်က အင်အားဖြင့် ဝိုင်းကာ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပူတာအိုမြို့တွင် ဖေဖော်ဝါရီ ၈ ရက်ကတည်းက လူငယ်အများစု ပါဝင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပြု လုပ်နေခြင်း ဖြစ်သည်။

You may also like these stories:

ပူတာအိုတွင် ဆန္ဒပြဒေသခံ ၉ ဦးကို တပ်မတော်က ပိတ်ဆို့ဖမ်းဆီး

ဆန္ဒပြပွဲများတွင် သတင်းထောက်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးတိုက်ခိုက်မှုများ ရှိနေ

Your Thoughts …
Tags: ဆန္ဒပြလူငယ်တရားစွဲပူတာအိုအာဏာရှင်ဆန့်ကျင်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အာဇာနည်တွေ နေတဲ့တိုင်းပြည်

အာဇာနည်တွေ နေတဲ့တိုင်းပြည်

by ကျော်စွာမိုး
19 July 2025
1.6k

ကမ္ဘာမကြေဘူး သီချင်းထဲက “အာဇာနည်တွေနေတဲ့တိုင်းပြည်” ဆိုတဲ့ စာသားဟာ ကျနော်တို့နိုင်ငံရဲ့ ခေတ်အဆက်ဆက်ကို ပြန်လေ့လာကြည့်ရင် အတော်မှန်တာ တွေ့ရပါတယ်။

ဦးတေဇ၊ မိုးဖုန်းဆရာတော်နှင့် ဦးသုခမိန္ဒတို့၏ ပူတာအို ခရီးစဉ် / Sao Su Kham

မိုင်းဖုန်းဆရာတော် ခရီးစဉ်နှင့်အတူ ခရိုနီဦးတေဇ ပြန်ပေါ်လာ

by ဧရာဝတီ
19 April 2023
11.8k

လတ်တလောတွင် စစ်ကောင်စီသည် ဦးတေဇ၏ ထူးအုပ်စုကို မြန်မာသို့ တလလျှင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ သန်း တန်သည့် စားအုန်းဆီများ တင်သွင်းခွင့်ပြုထားသည်။

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

by ဧရာဝတီ
26 October 2023
1.3k

ထန်တလန်မြို့ကို မီးရှို့တိုက်ခိုက်ခြင်း ဒုတိယနှစ်ပတ်လည်နေ့တွင် မနီလာရှိ တရားရေးဌာနသို့ ထိုသို့တိုင်ကြားခြင်းဖြစ်သည်။

ပူတာအိုမြို့

ပူတာအိုမြို့

by ဧရာဝတီ
21 December 2024
804

ပူတောင်းကို အင်္ဂလိပ်များ သိမ်းပိုက်ပြီး အင်္ဂလိပ် ဘာသာဖြင့် (PUTAO) ဟု ရေးရာမှ မြန်မာ အသံထွက် ပူတာအို ဖြစ်သွားကြောင်း သိရသည်။

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

by ဧရာဝတီ
18 October 2024
730

ဖမ်းဆီးခံလိုက်ရသည့် သပိတ်အဖွဲ့ဝင် ကိုရှိန်းဝေအောင်နှင့် ကိုပိုင်ဖြိုးမင်းတို့ ၂ ဦးတို့ကို လက်ရှိအချိန်ထိ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်ပြီး ကိုရှိန်းဝေအောင်၏ မိသားစုဝင် ၃ဦးလည်း ဖမ်းဆီးခံထားရကြောင်း

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

by ဧရာဝတီ
10 October 2025
649

ထိုင်းရဲတပ်ဖွဲ့မှ ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့ကို နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားစေမှု၊ ထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကို ထိပါးစေမှု၊ ထိုင်းလူမှုအသိုင်းအဝိုင်းကို မငြိမ်မသက်နှင့် အန္တရာယ်ဖြစ်စေမှု၊ ထိုင်းနိုင်ငံသားများ၏လုံခြုံမှုကို အန္တရာယ်ဖြစ်စေမှုစသည်တို့ဖြင့် တရားစွဲထားသည်။

Next Post
အာဏာသိမ်းပြီးစ နေပြည်တော်တွင် စစ်တပ်ချထားပြီး လမ်းပိတ်ထားစဉ်/ဧရာဝတီ

စစ်အာဏာသိမ်းမှုက စီးပွားရေးလုပ်ငန်းများအတွက် မိုင်းကွင်းတခုဖြစ်လာ

ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်အချို့

ဖမ်းဆီးထားသူများအား အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အနုပညာရှင်များ တောင်းဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved