• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးမှ ၂ ဦး ထပ်မံသေဆုံး

by The Irrawaddy
26 February 2021
in သတင်း
A A
ဖေဖော်ဝါရီ ၂၀ မန္တလေးတွင် စစ်သားများနှင့် ရဲများက ပစ်ခတ်ဖြိုခွင်းသောကြောင့် ဒဏ်ရာရသူတဦးအား သယ်ထုတ်လာစဉ် / ဧရာဝတီ

ဖေဖော်ဝါရီ ၂၀ မန္တလေးတွင် စစ်သားများနှင့် ရဲများက ပစ်ခတ်ဖြိုခွင်းသောကြောင့် ဒဏ်ရာရသူတဦးအား သယ်ထုတ်လာစဉ် / ဧရာဝတီ

13.3k
VIEWS
Share on FacebookShare on Twitter

ဒဏ်ရာရပြီး ရက်အတန်ကြာတွင် မန္တလေးမှ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူ နှစ်ဦး ထပ်မံသေဆုံးသောကြောင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း သေဆုံးသူ အနည်းဆုံး ၆ ဦးအထိ ရှိပြီးဖြစ်သည်။

စနေနေ့က မန္တလေးမှ သင်္ဘောကျင်းတခုတွင် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများကို စီးနင်းတိုက်ခိုက်မှုတွင် ရဲနှင့် စစ်တပ်က ကျည်ဆံအစစ်များ၊ ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများနှင့် လေးခွများကို အသုံးပြုခဲ့သည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
20
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
217
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
3.3k

ပြည်သူ့ဝန်ထမ်းများကို အတင်းအကျပ် လုပ်ငန်းခွင်သို့ ပြန်သွားခိုင်းသည်ကို ကာကွယ်တားဆီးရန် ဆန္ဒပြသူများသည် လမ်းမများသို့ ရောက်လာကြသည်။

ဆန္ဒပြသူ ၂ ဦး ပွဲချင်းပြီး သေဆုံးကာ အခြားသူ ၂၅ ဦး ဒဏ်ရာရသည်။

အပြင်းအထန် ဒဏ်ရာရသော ဆန္ဒပြသူများအပါအဝင် လူ ၈၃ ဦး ဖမ်းဆီးခံရပြီး ဆေးကုသမှု မရရှိပေ။

ခြေထောက်တွင် ကျည်ဆံထိမှန်သော အသက် ၂၆ နှစ်အရွယ် ဆန္ဒပြသူ ကိုရာဇာအောင်သည် မန္တလေးရှိ စစ်ဆေးရုံတခုတွင် ဗုဒ္ဓဟူးနေ့တွင် သေဆုံးပြီး သူ့ကို ကုသပေးသည့် ဆေးဘက်ဆိုင်ရာ အရည်အသွေးအပေါ် မေးခွန်းများ ထွက်ပေါ်နေသည်။

စစ်အာဏာပိုင်များက ဖမ်းဆီးထားသူများကို ခေါ်ဆောင်မသွားမီ ၎င်းတို့ကို အသေးစားကုသမှုအနည်းငယ်မှ လွဲပြီး ကုသပေးခွင့်မပေးကြောင်း ကိုရာဇာအောင်ကို ကုသရန် ကြိုးစားခဲ့သူ မန္တလေးမှ စေတနာ့ဝန်ထမ်းဆရာဝန် ဒေါက်တာ အေးငြိမ်းသူက ကြာသပတေးနေ့တွင် ဧရာဝတီသို့ပြောသည်။

ကိုရာဇာအောင်ကို စနစ်တကျ ကုသပေးပါက ခြေထောက်တွင် ရရှိသော ဒဏ်ရာကြောင့်သေဆုံးစရာ အကြောင်းမရှိကြောင်း ထိုဆရာဝန်ပြောသည်။

ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည့် အသက် ၄၈ နှစ်အရွယ် ကိုကြည်စိုး၏ အလောင်းကို အာဏာပိုင်များက တနင်္ဂနွေနေ့တွင် သူ၏မိသားစုသို့ ပြန်လည်ပေးအပ်သည်။

ဖေဖော်ဝါရီ ၂၀ ခေါ်ဆောင်မသွားမီ ရဲကားပေါ်တွင် ခြေထောက်တွင်ဒဏ်ရာရထားသူ ကိုရာဇာအောင်အား ကျန်းမာရေးဝန်ထမ်းက စစ်ဆေးကြည့်ရှုနေစဉ်

အသက် ၂၂ နှစ်အရွယ် ခင်ပွန်းဖြစ်သူ ကိုတင်ထွန်းအောင်သည် လက်တွင် ဒဏ်ရာရထားသော်လည်း စစ်ဆေးရုံမှ စနစ်တကျ ကုသပေးခြင်း မရှိကြောင်း မန္တလေးမှ မစုလတ်ဝင်းက ကြာသပတေးနေ့တွင် ဧရာဝတီ သတင်းဌာနသို့ပြောသည်။

သူ့ကို ယခုအခါ ထောင်တွင် ဖမ်းထားသည်ဟု ဆိုသည်။ “ကျမ သူ့ကို အိမ်ပြန်ခေါ်ပြီး ကုသပေးချင်တယ်” ဟု မစုလတ်ဝင်းပြောသည်။

စနေနေ့တွင် အသက် ၁၆ နှစ်အရွယ် ကိုဝေယံထွန်းနှင့် အသက် ၃၆ နှစ်အရွယ် ကိုသက်နိုင်ဝင်းတို့ကို လုံခြုံရေးတပ်များက ပစ်သတ်ခဲ့သည်။

ထိုနေ့ညနေပိုင်းတွင်ပင် ကင်းစောင့်နေသော ကိုတင်ထွဋ်ဟိန်းကို အရပ်ဝတ် ဝတ်ထားသော ရဲများက ရန်ကုန်ရှိ ရွှေပြည်သာမြို့နယ်တွင် ပစ်သတ်ခဲ့ကြောင်း သတင်းများက ဆိုသည်။ ထိုရဲများစီးလာသော ကားသည် ညမထွက်ရအမိန့်ကို ချိုးဖေါက်သောကြောင့် စစ်မေးနေစဉ် ထိုသို့ အသတ်ခံရခြင်းဖြစ်သည်။

နေပြည်တော် ဆန္ဒပြပွဲများတွင် ရဲက ပစ်သတ်ခံရသော ကျောင်းသူ မမြသွဲ့သွဲ့ခိုင် တပတ်ကြာပြီးနောက် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ဆေးရုံတွင်သေဆုံးသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပွဲအပြီး အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကို မန္တလေး၊ မြစ်ကြီးနား၊ ပဲခူး၊ မြဝတီ၊ သံတွဲ၊ နေပြည်တော်၊ မော်လမြိုင်နှင့် မြောင်းမြတို့တွင် ဖြိုခွဲသည်။

ရဲနှင့်စစ်တပ်သည် ရေအမြောက်များ၊ မျက်ရည်ယိုဗုံးများ၊ လေးခွများ၊ ရာဘာကျည်များ၊ ကျည်အစစ်များနှင့် ခဲသီးဖြင့် ပစ်ခတ်ရသည့် လေသေနတ်များကို အသုံးပြုကြသည်။

ဆန္ဒပြပွဲများကို သတင်းယူသည့် သတင်းသမားအများအပြားလည်း နံပါတ်တုတ်များ လေးခွများဖြင့် တိုက်ခိုက်ခံရသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့် အသက် ၅ နှစ်အရွယ်တဦး အပါအဝင် လူပေါင်း ၁၀၀ ကျော်မှာ ရဲနှင့် စစ်တပ်ကြောင့် ဒဏ်ရာများ ရရှိခဲ့ပြီးဖြစ်သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူကိုစစ်တပ်က အကြမ်းဖက်ခြင်းအား စက်မှုထိပ်သီး ၇ နိုင်ငံဖြစ်သော ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ နိုင်ငံခြာရေး ဝန်ကြီးများကိ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့တွင် ရှုတ်ချသည်။

လက်နက်မဲ့သူများကို ကျည်အစစ်ဖြင့် ပစ်ခတ်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိကြောင်း ပူးတွဲကြေညာချက်တစောင်ကိုလည်း ၎င်းတို့ ထုတ်ပြန်သည်။

စစ်တပ်နှင့် ရဲသည် လူ့အခွင့်အရေးနှင့် နိုင်ငံတကာ ဥပဒေများကို လိုက်နာရမည်ဖြစ်ကြောင်း ထိုကြေညာချက်က ဆိုသည်။

အရာရှိများ၊ ခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်က်ိုယ်စားလှယ်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင်များ၊ ဘုန်းတော်ကြီးများ၊ စာရေးဆရာများ၊ ဆန္ဒပြသူများနှင့်သပိတ်မှောက်နေသော ပြည်သူ့ဝန်ထမ်းများအပါအဝင်လူ အနည်းဆုံး ၇၂၈ ဦးကို ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP )က ကြာသပတေးနေ့တွင် ထုတ်ပြန်ထားသည်။

စစ်အစိုးရသည် ပိုမိုများပြားစွာ ဖမ်းဆီးနေကြောင်းနှင့် ဥပဒေအများအပြားကိုလည်း တရားမဝင်ပြင်ဆင်နေကြောင်း AAPP မှ ကို အောင်မျိုးကျော်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Two More Anti-Myanmar Regime Protesters Die in Mandalay ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုအပေါ် UN အထူးကိုယ်စားလှယ် မေးခွန်းထုတ်

ဆန္ဒပြ အလုပ်သမားများကို ဖိအားပေး ခြိမ်းခြောက်မှုများ ရပ်တန့်ရန် ILO သတိပေး

ကျိုင်းတုံတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၄ ဦး ဖမ်းခံထားရ

ဆန္ဒပြ၍ ဖမ်းခံရသည့် သံတွဲဒေသခံ ၄ ဦး မိသားစုနှင့် တွေ့ခွင့်မရ

Your Thoughts …
Tags: CDMကျည်ဆံထိမှန်စစ်အာဏာသိမ်းမှုထပ်မံသေဆုံးမန္တလေးသင်္ဘောကျင်း
The Irrawaddy

The Irrawaddy

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
ဒါရိုက်တာ သြရသ / ဧရာဝတီ

“ပြည်သူတွေကို ထိမှန်တာ ကျနော်တို့ကို မှန်သလို ခံစားရတယ်”

၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒြာမိုဒီ နေပြည်တော်သို့ ရောက်လာစဉ် / PTI

တရုတ်ကြောင့် မြန်မာ့အာဏာသိမ်းမှု အိန္ဒိယ သတိထား တုံ့ပြန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate