• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆန္ဒပြ အလုပ်သမားများကို ဖိအားပေး ခြိမ်းခြောက်မှုများ ရပ်တန့်ရန် ILO သတိပေး

by ဧရာဝတီ
25 February 2021
in သတင်း
A A
အမေရိကန်သံရုံးရှေ့ ဆန္ဒဖော်ထုတ်နေကြသော အလုပ်သမားများ / CTUM

အမေရိကန်သံရုံးရှေ့ ဆန္ဒဖော်ထုတ်နေကြသော အလုပ်သမားများ / CTUM

4.3k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်နေသည့် အလုပ်သမားများကို ထိပါးနှောင့်ယှက်ခြင်း၊ ခြိမ်း ခြောက်ခြင်းများ ရပ်တန့်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမာရေးရာအဖွဲ့ (ILO) က ကြေညာချက် ထုတ်ပြန် သတိပေး လိုက်သည်။

တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားများ အထူးသဖြင့် မိဝေးဖဝေး နေထိုင်နေရသည့် အမျိုးသမီး အလုပ်သမားငယ်များကို ပစ်မှတ်ထားပြီး တအိမ်တက်ဆင်း ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းတို့ကြောင့် ILO က ထိုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အာဏာသိမ်းကောင်စီသည် ဆန္ဒပြပွဲများတွင် စက်ရုံ အလုပ်သမားများ မပါဝင်စေရန်အတွက် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင် များနှင့် ချိတ်ဆက်ပြီး ဖိအားပေးမှုများ ပြုလုပ်နေကြောင်း အလုပ်သမားအဖွဲ့အစည်းများထံက သိရသည်။

“အလုပ်ရှင်က ဘာလုပ်လာလဲဆိုတော့ လက်ရှိနေထိုင်တဲ့ လိပ်စာတွေကို ပေးပါဆိုပြီး ကောက်လာတာ ရှိတယ်။ ဒါတွေက အလုပ်ရှင်နဲ့ စစ်တပ်နဲ့ တချို့သော စစ်တပ်နဲ့ အဖွဲ့ဝင်တွေ ပေါင်းပြီးတော့ သမဂ္ဂခေါင်းဆောင်တွေကို ဖိအားပေးလာတာ ပေါ့” ဟု မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။

လက်ရှိအခြေအနေတွင် အလုပ်သမားများ နေထိုင်ရာ ရပ်ကွက်ထဲတွင် စုံစမ်းမှုများ၊ အဆောင်ပိုင်ရှင်များကို စုံစမ်းမှုများကို အာဏာပိုင်အဖွဲ့အစည်းများက ပြုလုပ်နေကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ တဦးကလည်း ပြောသည်။

“အလုပ်သမားတွေနေထိုင်တဲ့ ရပ်ကွက်တွေမှာ လိုက်စုံစမ်းပြီးတော့ သမဂ္ဂခေါင်းဆောင်တဲ့အိမ်လား နီးစပ်ရာ ပတ်ဝန်းကျင် မှာ ဆိုက်ကားနင်းတဲ့ ဈေးရောင်းတဲ့ လူတွေကို လိုက်မေးတယ်။ အဆောင်ပိုင်ရှင်တွေကို မေးတယ်”ဟု ၎င်းက ပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
127
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
143
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
45

တပ်မတော်နှင့် ရဲတပ်ဖွဲ့များ၏ အနှောင့်အယှက်ပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းများသည်ကျေးလက်ဒေသရှိ ၎င်းတို့၏ မိသားစု များနှင့် ဝေးကွာသောရန်ကုန်ရှိ ပုဂ္ဂလိကလုပ်ငန်းများတွင် လုပ်ကိုင်နေသော အမျိုးသမီးများကို အဓိက ဦးတည်နေကြောင်း ILO ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

အလုပ်သမားများတွင် ခြိမ်းခြောက်ခံရခြင်း၊ အကြမ်းဖက်ခံမှုနှင့် ဖိအားပေးခြင်းများ မရှိဘဲ ၎င်းတို့၏ ဆန္ဒအတိုင်း လွတ် လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ စုဝေးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်များ ရှိကြောင်းလည်း ILO က ထုတ်ပြန်သည်။

You may also like these stories:

မြန်မာအပေါ် ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့က ဒဏ်ခတ်ပိတ်ဆို့မှု ပိုမိုလုပ်ဆောင်မည်ဟုဆို

ပစ်ခတ်မှုများ ရှိသော်လည်း ဆန္ဒပြသူများ ထပ်မံစုဝေး

Your Thoughts …
Tags: ILOခြိမ်းခြောက်ဆန္ဒပြဖိအားပေးလှိုင်သာယာအလုပ်သမား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

by ယုဖြူဟန်
8 March 2025
7.3k

ပြည်ပထွက်ခွာမည့် အလုပ်သမားများသာမက ပြည်ပမှ ခွင့်ပြန်အလုပ်သမားများပါ ပြန်လည်ထွက်ခွာခွင့်မရ ဘဲ ပိတ်မိနေကြောင်း

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

by ဧရာဝတီ
18 October 2023
6.6k

အခွန်ကင်းရှင်းကြောင်း အထောက်အထားမပြနိုင်ပါက သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း၊ ပြည်ပတွင် သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာသံရုံးများတွင် အခွန်တခါတည်းဆောင်ကာ သက်တမ်းတိုးနိုင်မည်

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

by ဧရာဝတီ
14 February 2024
6.2k

လတ်တလော စေလွှတ်ရန် ပြင်ဆင်နေသော အလုပ်သမားများကိုမူ ပုံမှန်အတိုင်း စေလွှတ်နိုင်ပြီး အလုပ်ခေါ်စာ အသစ်တင်ပြမှုများကိုသာ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

by ဧရာဝတီ
7 May 2024
5.9k

ပြည်ပထွက် အလုပ် လုပ်ခွင့်ကန့်သတ်ချက်ကို ပြန်လည်ဖြေလျှော့ခဲ့သော်လည်း အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်း အမျိုးသားများ၏ အလုပ်ခေါ်စာ (Demand Letter) များကို လက်ခံခြင်းမရှိသေးကြောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

by ဧရာဝတီ
24 February 2025
5.1k

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံအား ၇ နှစ်ကျော်ကြာ နစ်နာကြေးအဖြစ် ငွေကျပ်သိန်းပေါင်း ၈ သောင်းကျော်ပေးရန် နစ်နာသူအလုပ်သမားများနှင့် အလုပ်သမားရေးဆောင်ရွက်သူများက တောင်းဆိုထားကြောင်း

မြန်မာအလုပ်သမား လှုပ်ရှားမှု ရက်စက်ကြမ်းကြုတ်စွာ လက်စားချေခံနေရ

မြန်မာအလုပ်သမား လှုပ်ရှားမှု ရက်စက်ကြမ်းကြုတ်စွာ လက်စားချေခံနေရ

by ခိုင်ဇာအောင်
17 October 2024
4.2k

အာမခံကုမ္ပဏီတွေနဲ့ ဖက်ရှင်ကုန်အမှတ်တံဆိပ်တွေ အပါအဝင် နိုင်ငံစုံကုမ္ပဏီတွေ မြန်မာကနေ တာဝန်သိစွာ ထွက်ခွာဖို့ တောင်းဆိုတယ်။

Next Post
၂၀၂၁ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က သံတွဲမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည့် ဒေသခံများ

ဆန္ဒပြ၍ ဖမ်းခံရသည့် သံတွဲဒေသခံ ၄ ဦး မိသားစုနှင့် တွေ့ခွင့်မရ

ကျိုင်းတုံမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများ

ကျိုင်းတုံတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၄ ဦး ဖမ်းခံထားရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved