• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုးညှင်းမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းများကို စစ်တပ် ဝင်ရှာဖွေ

by ဧရာဝတီ
5 April 2021
in သတင်း
A A
ပြီးခဲ့သည့် Easter Sunday နေ့တွင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ဆုတောင်းခြင်းအစီအစဉ် ပြုလုပ်နေစဉ် / KBC

ပြီးခဲ့သည့် Easter Sunday နေ့တွင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ဆုတောင်းခြင်းအစီအစဉ် ပြုလုပ်နေစဉ် / KBC

6.1k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းများကို မသင်္ကာမှု ဟူသည့် ခေါင်းစဉ်ဖြင့် စစ်တပ်က ဝင်ရောက် ရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

ဧပြီ ၃ ရက်က မိုးညှင်းမြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်၏ ဘုရားကျောင်း၊ ရိုမန်ကက်သလစ် အသင်းတော်၏ ဘုရားကျောင်းဝန်း၊ အင်္ဂလိကန်အသင်းတော်၏ ဘုရားကျောင်းဝန်းကိုလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ လက် အောက်ခံ တပ်ဖွဲ့များက ဝင်ရောက် ရှာဖွေခဲ့သည်။

မိုးညှင်းမြို့ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ သင်းအုပ်ဆရာ Rev. အောင်ဆိုင်းက “သူတို့က ရိုးရိုး ဝင်ရှာတာ တောင် မဟုတ်ပါဘူး။ လမ်းဘေး ဘက်လေးတန် အကုန်လုံခြုံရေး အပြည့်ယူတယ်။ ကျောင်းဝင်းထဲက အဆောက်အဦး အားလုံးကို ခြံစည်းရိုးကျော် ဝင်တယ်။ ဖွင့်ထားတဲ့ တံခါးပေါက်ကနေတော့ အရာရှိ ဆိုသူက ဝင်လာတယ်။ ဝင်လာပြီး ဘာမှမမေးဘဲ သင်းအုပ်ဆရာရဲ့မီးဖိုချောင်၊ အိမ် အကုန်ဝင်ရှာတယ်” ဟု ပြောသည်။

ဘုရားကျောင်းဝင်းအတွင်းသို့ စစ်သားများ ဝင်လာရာတွင်လည်း ဘာသာရေး ဆရာများကို တစုံတခု ပြောဆိုခြင်း မရှိဘဲ စီးနင်းရှာဖွေပြီး မည်သည့်အတွက်ကြောင့် ရှာဖွေသည်လဲဟု မေးမြန်းမှသာ ဆန္ဒပြရာတွင် အလံကိုင်အဖြစ် ပါဝင်သူကို ဘုရားကျောင်းဝင်းအတွင်း ရှိသည်ဟု သတင်း အတိအကျ ရရှိထားခြင်း၊ သင်းအုပ်ဆရာတဦး အကြောင်းကိုလည်း သတင်း ရရှိထားခြင်းတို့ကြောင့် ရှာဖွေခြင်း ဖြစ်ပါသည်ဟု ပြန်ပြောကြောင်း သိရသည်။

ဘုရားကျောင်းဝင်း အတွင်းရှိ အဆောက်အအုံများ၊ စတိုခန်းအပြင် သင်းအုပ်ဆရာ၏ နေအိမ်၊ အခန်း၊ အမှိုက်ပုံးများအား လုံးကိုပါ ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြသည်။

Rev. အောင်ဆိုင်းက “ဘာသာရေးနဲ့ဆိုင်တဲ့ မြေနေရာက ဓမ္မတရားကို ဝေငှပေးတဲ့ နေရာပါ။ မသင်္ကာလို့ ဝင်ရှာမယ် ဆို ရင်တောင် ဒီမှာရှိတဲ့ တာဝန်ခံ၊ သင်းအုပ်ရဲ့ခွင့်ပြုချက်၊ ခြံဝင်းထဲက သူရဲ့ခွင့်ပြုချက်နဲ့ ဝင်ရမှာပါ။အခုက စစ်ဆင်ရေး ပုံစံနဲ့ ဝိုင်းပြီး လက်နက်တကားကားနဲ့ ဝင်ရှာတာက အင်မတန်မှ မဖြစ်သင့်တဲ့ မလုပ်သင့်တဲ့ အရာမို့ ကျနော်က ပြင်းထန်စွာ ရှုတ်ချပါတယ်။ ဘာသာရေးမြေနေရာတောင် ဒီလိုလုပ်တာ သာမန်ပြည်သူတွေ အိမ်ဆို ပြောစရာ မရှိတော့ဘူး။ အင်မတန် ကို မလုံခြုံနိုင်တော့ဘူး” ဟု ဆိုသည်။

မိုးညှင်းမြို့မှ ဘုရားကျောင်းဝန်း ၃နေရာလုံးကို ဝင်ရောက် ရှာဖွေသွားသော်လည်း ဘာသာရေးဆိုင်ရာ ပစ္စည်းများနှင့် ဘာသာရေးဆရာများ၊ အသင်းသူအသင်းသားများသာ ရှိသဖြင့် စစ်တပ်က ပြန်သွားခဲ့သည်ဟု သိရသည်။

မိုးညှင်းမြို့ဒေသခံတဦးဖြစ်ပြီး ကက်သလစ်အသင်းတော်မှ အသင်းသား တဦးက “အဲဒီနေ့က နေ့လယ်ပိုင်း ဘုရားကျောင်း တွေမှာ ရှာခံရချိန် ကျနော်တို့လည်း စစ်ခံရတယ်။ ကျောင်းဝင်းနားမှာ ဆိုင်ကယ်နဲ့ ရပ်နေလို့ ဆိုင်ကယ်Tool Boxအကုန် စစ်တယ်။ နောက်ပြီး မြို့ထဲက ဆန္ဒပြလူငယ်တွေကိုလည်း လိုက်ရှာတာ ရှိနေတယ်”ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်တွင်းရှိ ဘာသာရေးကျောင်းဝင်းများကို ဝင်ရောက်စီးနင်း ရှာဖွေ သည်မှာ နှစ်ကြိမ် ရှိပြီဖြစ်သည်။

ပထမတကြိမ်က မတ် ၁၃ ရက် ညသန်းခေါင်ယံအချိန်တွင် မြစ်ကြီးနားမြို့ နောင်နန်းကချင်ခရစ်ယာန်ဓမ္မတက္ကသိုလ် / နောင်နန်း ကျမ်းစာကျောင်း (KTCS) ကို ဝင်ရောက်ရှာဖွေခြင်း ဖြစ်သည်။

နောင်နန်းကျမ်းစာကျောင်းကို ဝင်ရောက်ရှာဖွေစဉ်က ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ကို ကြိုတင်အကြောင်း ကြားပြီး ဘာသာရေးနယ်မြေအတွင်း ဝင်ရောက်ခွင့်ပြုရန် ပြောဆိုကာ ရှာဖွေခဲ့သော်လည်း မိုးညှင်းမြို့ရှိ ဘုရားကျောင်း ဝင်းများကို ဝင်ရှာရာတွင် တစုံတရာ ပြောဆိုခြင်း မရှိဘဲ ခြံကျော် ဝင်ကာရှာဖွေခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

KBC ၏ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော်ကြီး ဒေါက်တာ ခလမ်ဆမ်ဆွန်က “ကျနော်တို့ ဘာသာရေး အသင်းအဖွဲ့ဆိုတာ အမြဲတမ်း အမှန်တရားဘက်က ရပ်တည်ပြီး ဟောပြောသွန်သင်နေတဲ့ အဖွဲ့အစည်းတွေပါ။ ခရစ်ယာန်ပဲမဟုတ်ဘူး၊ ဗုဒ္ဓ ဘာသာ၊ဟိန္ဒူ၊ မွတ်စလင်အားလုံးပါ။ ဘာသာရေးဆိုတာ အမှန်တရား ဘက်က အမြဲရပ်တည်ပြောဆို သွန်သင်နေတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဘာသာရေး အဆောက်အဦးတွေ ဘုရားကျောင်းတွေမှာ ရှာဖွေတာ မသင်္ကကာဖြစ်ခြင်းက အတော် အရုပ်ဆိုးပါတယ်။ အကျည်းတန်စေပါတယ်” ဟု ပြောသည်။

သာသနာ့ နယ်မြေဝင်းများကို ဝင်ရောက်ရာတွင် သက်ဆိုင်ရာ ဘာသာရေးဆရာများထံ ခွင့်တောင်းခြင်း မပြုဘဲ လက်နက် လူအင်အား အပြည့်ဖြင့် ဝင်ရောက် စီးနင်းသည့် အသွင်ဖြင့် လုပ်ဆောင်ခြင်းက အာဏာရှင်ဆန်သည် ဟုလည်း ဒေါက်တာ ခလမ်ဆမ်ဆွန် က ဆိုသည်။

ဆက်လက်ပြီး ဒေါက်တာခလမ်ဆမ်ဆွန်က “အာဏာရှင်ဆန်ဆန် လက်နက်အားကိုးပြီး နိုင်ထက်စီးနင်း ရှာတာမျိုးကို ဘယ်ဘာသာရေး အဆောက်အဦးမှာ ဖြစ်ဖြစ်၊ ဘယ်ဘုရားကျောင်းမှာဖြစ်ဖြစ် မသင့်တော်တဲ့ လုပ်ငန်းမျိုး ဖြစ်ပါတယ်။ ခရစ်ယာန် ဘာသာ အရရော ဗုဒ္ဓဘာသာအရရော ဘုရားကျောင်းဝင်းဆိုတာ သန့်ရှင်းတဲ့နယ်မြေ ဖြစ်ပါတယ်။ သန့်ရှင်းတဲ့ နယ်မြေမှာ သေနတ်တွေ ဖိနပ်တွေနဲ့ နိုင့်ထက်စီးနင်း လုပ်တာက ဘုရားမပြောနဲ့ လူတောင်မကြိုက်ပါဘူး” ဟုလည်း ဆို သည်။

စစ်တပ်သည် မတ် ၁ ရက်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ရှိ KBC ဘုရားကျောင်းဝန်းခြံတံခါးကို ဖျက်ဆီး ကာ ကျောင်းဝန်းထဲမှ ဓမ္မဆရာများ၊ ဘုရားကျောင်းဝန်းမှ သာသနာ့ဝန်ထမ်းများ စုစုပေါင်း ၁၀ ဦးကျော်ကို ဖမ်းဆီးခဲ့ သည်။

ဖမ်းဆီးရာတွင် ဘုရားကျောင်းဝန်းအတွင်း သေနတ်များ ပစ်ဖောက်ကာ ဖမ်းဆီးခဲ့ပြီး မသင်္ကာမှုဖြင့် ရဲစခန်းတွင် ချုပ်နှောင် ထားခဲ့ကာ မတ် ၂ရက်မှ ပြန်လွှတ်ပေးခဲ့သည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
93
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
25

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
40

ထိုစဉ်ကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် လူငယ်များ ဘုရားကျောင်းဝန်းအတွင်း ပြေးဝင် ပုန်းသည်ဟု သတင်း ရသဖြင့် ဝင်ရောက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရသည်။

KBC သည် မြန်မာနိုင်ငံတွင်း ဇုန်နယ်အသင်းတော်များ အဖွဲ့ ၁၅ ဖွဲ့၊ အသင်းတော်ပေါင်း ၄၂၉ ၊ အသင်းသူအသင်းသား ပေါင်း ၄ သိန်းကျော်ဖြင့် ဖွဲ့စည်းထားကာ ကချင်လူထု၏ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ အခန်းကဏ္ဍများတွင် ဦးဆောင် ပါဝင်နေပြီး ကချင်လူထုအပေါ် သြဇာသက်ရောက်မှုကြီးသည့် ဘာသာရေး အဖွဲ့အစည်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းထားသည်နှင့် ပတ်သက်၍ KBC က အာဏာရှင်စနစ်ကို လက်မခံကြောင်း ပြောဆိုထားပြီး တရား မျှတသည့်နိုင်ငံ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ရန် နေ့စဉ် ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်လျက် ရှိသည်။

You may also like these stories:

စစ်ကောင်စီတပ်များက YBS ယာဉ်များကို ရပ်ခိုင်းပြီး ခရီးသည်များကို ကန်ကျောက်ရိုက်နှက်

လားရှိုးတွင် ခရစ်ယာန်ဘုရားကျောင်းကို ရဲအင်အားဖြင့် တံခါးများဖျက်၍ စီးနင်း

Your Thoughts …
Tags: ခရစ်ယာန်ဘုရားကျောင်းဝင်းစစ်တပ်မိုးညှင်းမြို့ဝင်ရောက်ရှာဖွေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
22k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.9k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
13.6k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

by မောင်ကဝိ
24 July 2024
10.7k

USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

by ဧရာဝတီ
21 October 2024
9.6k

မကြာသေးမီ အောက်တိုဘာ ၁၄ ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာရောက်ခဲ့သည့် ခရီးအစဉ်အပြီး အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့)...

Next Post
ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတဦး ကိုင်ဆောင်ထားသော ကတ်ပြားတချပ် / ဧရာဝတီ

CDM သည် ဆယ်စုနှစ်များစွာ လှုပ်ရှားမှုအပေါ် အခြေခံတည်ဆောက်ထားသည်

KNU တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်း/Karen News

ဒေါ်အောင်ဆန်းစုကြည်လည်း အခုချိန်မှာ နားလည်လောက်ပြီ

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved