• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်အခြေစိုက် သတင်းထောက် ၃ ဦး စစ်ကြောရေး၌ စစ်ဆေးခံနေရ

by ဧရာဝတီ
17 April 2021
in သတင်း
A A
ဖမ်းဆီးခံရသည့် ကချင်သတင်းထောက် ၃ ဦး

ဖမ်းဆီးခံရသည့် ကချင်သတင်းထောက် ၃ ဦး

18.6k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက် ၃ ဦးကို မြောက်ပိုင်းတိုင်း စစ်ဌာ နချုပ်က ဖမ်းဆီးကာ စစ်ဆေးနေသည် ဟု သတင်းရရှိသည်။

ဖမ်းဆီးခံထားရသည့် သတင်းထောက် ၃ ဦးမှာ ကိုခရစ္စတိုဖာ၊ ကိုအဂျေနှင့် မမျိုးမြတ်မြတ်ပန်တို့ ဖြစ်ကာ ၎င်းတို့ ဖမ်းဆီး ခံရပြီး စစ်ကြောရေးတွင် စစ်ဆေးခံနေရသည်မှာ ၄ ရက် ရှိပြီ ဖြစ်သည်။

မြစ်ကြီးနား သတင်းဂျာနယ်၏ အယ်ဒီတာချုပ် ဒေါ်ဆိုင်းမိုင်က “သူတို့ကို ဖမ်းသွားပြီးကတည်းက စစ်ကြောရေးမှာပဲ ထိန်း သိမ်းထားတယ်။ မိသားစုတွေနဲ့ တွေ့ခွင့် မရဘူး။ သူတို့ကို ရက်ရက်စက်စက် နှိပ်စက်နေမှာကို စိုးရိမ်တယ်။ သတင်း ထောက်ထဲမှာ သူတို့က အလုပ် အကြိုးစားဆုံး။ ရှေ့တန်းမှာဆိုရင် အမြဲတမ်း ရှိတယ်။ သူတို့အသက်အန္တရာယ် ထိခိုက်မှာ ကို စိုးရိမ်တယ်” ဟု ပြောသည်။

ဧပြီ ၁၃ရက် ညက ကိုခရစ္စတိုဖာသည် လုပ်ဖော်ကိုင်ဖက် ကိုအဂျေ၏ ကားကို မောင်းသွားစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ပြီး၊ စစ်တပ်၏ ရိုက်နှက် ဖိအားပေးမှုကြောင့် လမ်းတွင် တဦးတည်း ဖြစ်နေသဖြင့် လာခေါ်ပေးရန် လှည့်ကွက်ဖြင့် ဖုန်းဆက်ရာမှ ကိုအဂျေနှင့် အခြားအမျိုး သားတဦးက လာသဖြင့် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်။

ကိုခရစ္စတိုဖာနှင့် ကိုအဂျေတို့ကို ဖမ်းဆီးပြီးနောက် ဧပြီ ၁၄ ရက်တွင် အိမ်စီးယာဉ်များ အသုံးပြု စီးနင်းလာကာ ယူနီဖောင်း ဝတ်ဆင်ထားခြင်း မရှိသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက မမျိုးမြတ်မြတ်ပန်ကို ၎င်း၏ နေအိမ်တွင် ဝင်ရောက် ဖမ်းဆီး သွားခြင်း ဖြစ်သည်။

မြစ်ကြီးနားသတင်းဂျာနယ်မှ အယ်ဒီတာအဖွဲ့နှင့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) အပြင် ဖမ်းဆီးခံ ထားရသည့် သတင်းထောက်များ၏ မိသားစုများမှ လိုက်လံစုံစမ်းသော်လည်း ယနေ့ထိ အဆက်အသွယ်ရခြင်း မရှိသေးပါ။

PCG က မြစ်ကြီးနားမြို့ ရဲတပ်ဖွဲ့ထံ မေးမြန်းစုံစမ်းရာ စစ်ကြောရေးတွင် ဖမ်းဆီးခံထားရခြင်း ဖြစ်ပြီး မမျိုးမြတ်မြတ်ပန် ထံမှ သိမ်းဆည်းမိသည့် ကွန်ပျူတာထဲတွင် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် အခြေအနေများကို သတင်းရေးသား ကာ အယ်ဒီတာအဖွဲ့ထံသို့ ပေးပို့ထားသည့် အီးမေးလ်များ၊ ရေးသားထားသည့် သတင်းဖိုင်များကို သက်သေအဖြစ် ရရှိ ထား ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်ဟု သိရသည်။

ထို့ပြင် မြစ်ကြီးနား သတင်းဂျာနယ်မှ အခြားသတင်းထောက် ၁၇ ဦးကို ဖမ်းဆီးရန် စာရင်းရှိသည်ဟု ကြားသိရသဖြင့် မြစ် ကြီးနား သတင်းဂျာနယ်တိုက်မှ ဝန်ထမ်းများ အားလုံးသည်လည်း ရှောင်တိမ်းနေရသည့် အခြေအနေ ဖြစ်သည်။

စစ်တပ်နှင့် ရဲသည် မတ်လအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို ရိုက်နှက်ဖြိုခွင်းစဉ်ကတည်းက မြစ်ကြီးနားအခြေစိုက် သတင်းထောက်များကိုလည်း လေးခွဖြင့် ပစ်ခတ်ခြင်း၊ ရိုက်နှက် ဖမ်းဆီးခြင်းများ ပြုလုပ်နေခြင်း ဖြစ် သဖြင့် သတင်းထောက်များမှာ သတင်းမီဒီယာ ဖြစ်ကြောင်း အမှတ်အသားများကို ဝတ်ဆင်၍ သတင်းယူရန် အခက်အခဲ နှင့် ရင်ဆိုင်ခဲ့ရသည်။

သတင်းမီဒီယာ ဥပဒေ၏ ပြဋ္ဌာန်းချက်များအရ သတင်းရယူနေသည့် သတင်းထောက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်း ဆီးခွင့် မရှိကြောင်း သတင်းသမားများ အသုံးပြုနေသည့် ကိရိယာများကိုပါ ဖျက်ဆီးခွင့် မရှိကြောင်း အတိအလင်းပြဋ္ဌာန်း ထားသည်။

သတင်းမီဒီယာ ဥပဒေ၏ အခန်း (၃) ၊ သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ၊ ပုဒ်မ (၇) တွင် သတင်းမီဒီယာသမားများ သည် စစ်မက်ဖြစ်ပွားရာ ဒေသ၊ အဓိကရုဏ်း၊ အရေးအခင်းနှင့် အများပြည်သူ ဆန္ဒပြရာ နေရာများတွင် သတင်းရယူခွင့်ရှိ ကြောင်း၊ သတင်းရယူနေချိန် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများက ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်းများနှင့် ကိရိ ယာများကို သိမ်းယူခြင်း၊ ဖျက်ဆီးခြင်းများမှ ကင်းလွတ်စေရမည် ဟုလည်း ပြဋ္ဌာန်းထားသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
71
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
678

မြစ်ကြီးနားမြို့တွင် တရားဝင် သတင်းမီဒီယာ မှတ်ပုံတင်ဖြင့် အခြေစိုက်ကာ သတင်းမီဒီယာ အလုပ် လုပ်ကိုင်နေသည့် ဌာနပေါင်း ၆ ခုထက် မနည်း ရှိသော်လည်း ယခုအခါ လုံခြုံရေး အခြေအနေကြောင့် ဌာနအသီးသီးမှ သတင်းထောက်များ မှာ တိမ်းရှောင်နေရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

မတ်၂၉ ရက်ကလည်း မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို စစ်တပ် နှင့် ရဲက ဖြိုခွင်းနေသည့် မြင်ကွင်းကို သတင်းရယူနေသည့် Kachinwaves သတင်းဌာနမှ သတင်းထောက် ကိုလရော်၊ The74 Media မှ သတင်းထောက် မချန်ဘူတို့ကို ရဲက ဖမ်းဆီးခဲ့သည်။

ကိုလရော်နှင့် မချန်ဘူ တို့ကိုလည်း ဖမ်းဆီးပြီး ပြန်လွတ်မပေးဘဲ မြစ်ကြီးနား အကျဉ်းထောင်သို့ ပို့ကာ အများပြည်သူ အကျိုးပျက်စီးစေမှု ဆိုင်ရာ ပုဒ်မ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)ဖြင့် မြစ်ကြီးနားရဲတပ်ဖွဲ့က တရားလိုလုပ်ကာ အမှုဖွင့်ထားသဖြင့် တရားရင်ဆိုင်နေရသည်။

စစ်တပ်သည် အာဏာသိမ်းပြီးနောက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေသည့် မြင်ကွင်းကို လမ်းပေါ်တွင် သတင်းယူနေသည့် သတင်းထောက်များကို ဖမ်းဆီးသည့်အပြင် နေအိမ်တွင် နေထိုင်နေသည့် သတင်းထောက်များကိုပါ ဝင်ရောက် ဖမ်းဆီးကာ စစ်ကြောရေးတွင် စစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ထိ တနိုင်ငံလုံးတွင် ဖမ်းဆီးခံရသည့် သတင်းထောက် ၆၈ ဦး ရှိပြီး သတင်းဌာန ၅ ခုသည် ထုတ်ဝေခွင့် ပိတ်သိမ်းခံထားရသည်။

ဖမ်းဆီးခံရသည့် သတင်းထောက်များထဲမှ ၃၅ ဦး ပြန်လွတ်လာသော်လည်း အခြား ၃၃ ဦးသည် ဖမ်းဆီးခံထားရဆဲ ဖြစ်ကာ အချို့သည်လည်း ပုဒ်မ ၅၀၅ (က) ဖြင့် တရားရင်ဆိုင်နေရသည်။

You may also like these stories:

ကိုဝေမိုးနိုင်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် သို့ ဖမ်းဆီးခေါ်ဆောင်

အရိုးရောဂါအထူးကု ဆရာဝန်ကြီးတဦးကို လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးသွား

Your Thoughts …
Tags: စစ်ကြောရေးဖမ်းဆီးခံရမြစ်ကြီးနားသတင်းဂျာနယ်သတင်းထောက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

by ဧရာဝတီ
13 May 2024
8.7k

အဖွဲ့ဝင်အမျိုးသမီး ၂ ဦးထဲမှ ၁ ဦးအား မေလ ၉ ရက်နေ့ညက ရန်ကုန်မြို့ရှိ နေအိမ်အပြန်လမ်းတွင် ဖမ်းဆီးခဲ့ပြီးနောက် ၁ ဦးအား ယင်းနေ့ ညသန်းခေါင်အချိန် ၎င်းနေထိုင်ရာအဆောင်၌ ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း

၂၀၂၁ ခုနှစ်၊ မတ်လက ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ စစ်ထောက်လှမ်းရေး အစည်းအဝေး တက်ရောက်နေသည့် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး  / Cincds

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

by ဧရာဝတီ
11 October 2022
19.9k

စစ်ထောက်လှမ်းအဖွဲ့ဝင်များကဲ့သို့ပင် စရခ အဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများထံမှ သတင်းရယူရန် ညှဉ်းပန်းနှိပ်စက်သည့်နည်းကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။

ဆရာတော် ဦးသောဘိတ ပျောက်ဆုံးနေ (ရုပ်/သံ)

ဆရာတော် ဦးသောဘိတ ပျောက်ဆုံးနေ (ရုပ်/သံ)

by ယဉ်မွန်
5 July 2024
6.4k

စစ်တပ်နဲ့ အမျိုးဘာသာ၊ သာသနာ ထိမ်းသိမ်းစောင့်ရှောက်ရေး (မဘသ) အဖွဲ့တွေကို ဝေဖန်မိန့်ကြားလေ့ရှိတဲ့ ဆရာတော် ဦးသောဘိတ (အင်္လကာကြယ်) ပျောက်ဆုံးနေတာ တနှစ်ကျော်ရှိနေပါပြီ။

ခွာစစ်၊ ပြေးစစ်၊ ပြေးမဟာဗျူဟာနဲ့ ပြေးနိုင်မှ လွတ်မယ်

ခွာစစ်၊ ပြေးစစ်၊ ပြေးမဟာဗျူဟာနဲ့ ပြေးနိုင်မှ လွတ်မယ်

by ကြိုးကြာ
7 July 2024
6.2k

ရန်ကုန်မှာလည်း စီးပွားရေးသမားတွေကြား၊ ခရိုနီတွေကြား စစ်ကြောရေးမှာ နေနည်း၊ ဖြေနည်း၊ ချော့နည်းများ အပြင် ပြေးပေါက် ရှာနေကြသည်။

ဒီတော်လှန်ရေး မပြီးသေးဘဲ အနာဂတ်ကို မျှော်လင့်လို့ မရဘူး

ဒီတော်လှန်ရေး မပြီးသေးဘဲ အနာဂတ်ကို မျှော်လင့်လို့ မရဘူး

by ဧရာဝတီ
22 January 2024
3.2k

သတင်းထောက်ဆိုတာမျိုးက တိုင်းပြည်ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍမျိုးမှာရှိတယ်။ ဒီလိုတိုင်းပြည် အချိုးအကွေ့ အကြီးကြီးဖြစ်သွားတဲ့ အချိန်မှာ လဲကျနေလို့ မဖြစ်ဘူး။ ကျမတို့က ဆက်လုပ်ရမှာပဲ။

ဖမ်းဆီးခံ ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ အသက်အန္တရာယ် စိုးရိမ်ရ

ဖမ်းဆီးခံ ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ အသက်အန္တရာယ် စိုးရိမ်ရ

by စောလွင်
20 November 2024
3.2k

ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ ဖမ်းဆီးခံထားရသည့် ဖြစ်စဉ်ကို ကြားသိထားပြီး လောလောဆယ် မှတ်ချက်မပေးနိုင်သေးကြောင်း၊ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးအဖွဲ့နှင့် ဆက်သွယ်ပြီးနောက် ပြည့်ပြည့်စုံစုံ အကြောင်းပြန်ပေးမည်ဖြစ်ကြောင်း ပြောသည်။

Next Post
အာဏာသိမ်း စစ်ကောင်စီ၏လက်တွင် စွန်းထင်းနေသော သွေးများကြောင့် ထိပ်သီးအစည်းအဝေးသို့ မဖိတ်သင့်ဟု ဝေဖန်ဖိအားပေးမှုများ ရှိနေသည် 

ဂျကာတာက စောင့်နေမယ်

တောင်ကိုရီးယား အကူအညီဖြင့် တည်ဆောက်နေသော ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း / ဧရာဝတီ

အခြေခံအဆောက်အဦး ဆောက်လုပ်ရေး ရံပုံငွေ တောင်ကိုရီးယား ယာယီရပ်ဆိုင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved