• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပလက်ဝမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့သဖြင့် စာသင်ကျောင်းများ ပြန်ပိတ်

by ဧရာဝတီ
11 June 2021
in သတင်း
A A
ပလက်ဝမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း  / ပလက်ဝသတင်းများ Facebook Page

ပလက်ဝမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း / ပလက်ဝသတင်းများ Facebook Page

11k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု စစ်ဆေးတွေ့ရှိသည့်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း အားလုံးကို ဇွန် ၉ ရက်နေ့မှ စတင်ကာ ယာယီ ပြန်ပိတ်ထားပြီ ဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်အတွင်း ၁ ရက်တည်း၌ ကိုဗစ်ကူးစက်ခံရသူ ၇ ဦး တွေ့ရှိခဲ့သည့်အတွက် စာသင်ကျောင်းများတွင် ကိုဗစ် ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျောင်းများအားလုံးကို ယာယီ လုံးဝ ပိတ်ထားရန်နှင့် ပညာရေး ဝန်ထမ်းများ အနေဖြင့် လည်း ယခုကာလအတွင်း ခရီးသွားခြင်း လုံးဝ မပြုလုပ်ဘဲ တာဝန်ကျရာ ကျေးရွာများတွင်သာ နေထိုင်ကြရန် မြို့နယ် ပညာရေးမှူး ဦးကီးလောဟာက လက်မှတ်ရေးထိုးပြီး ညွှန်ကြားစာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
510
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
41
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
87

ပလက်ဝမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ ဦးကျော်ဝင်းနိုင်က “ကျောင်းပိတ်ထား ကတော့ ကိုဗစ်ရောဂါကြောင့် မြို့နယ်ပညာရေးမှူးက ညွန်ကြားတာပါ။ မြို့ပေါ်က လူတွေမှာ တွေ့တာတော့ မဟုတ်ဘူး။ သူတို့ က ချောင်းဖျား (မြစ်ဝ) ကနေ နေမကောင်းတဲ့ လူတယောက်ကို ဆေးရုံကိုလာပို့တဲ့အခါ အဲဒီလူနာမှာ ပိုးတွေ့လို့ ကျန် တဲ့လူတွေကို စစ်ဆေးတဲ့အခါ ပိုးတွေ့တာလို့ ပြောပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ပလက်ဝမြို့နယ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းပေါင်း ၃၉၀ ရှိပြီး အာဏာသိမ်း စစ်ကောင်စီက ဇွန် လ ၁ ရက်နေ့တွင် ကျောင်းများ စတင် ဖွင့်လှစ်ခဲ့ပြီးနောက် ၉ ရက်အကြာတွင် ပြန်ပိတ်လိုက်ရခြင်း ဖြစ်သည်။

ကိုဗစ်ပိုးတွေ့ရှိသည့် လူနာမှာ အိန္ဒိယနယ်စပ် မြစ်ဝကျေးရွာမှ အမျိုးသား ၁ ဦးဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က ၎င်းတွင် ကိုဗစ်ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ၎င်းစီးလာသည့် စက်လှေမောင်းသမား အပါအဝင် လိုက်ပါလာသူ များကို ဆက်လက်စစ်ဆေးရာ နောက်ထပ် ၆ ဦးထံတွင် ကိုဗစ်ကူးစက်မှု တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်ကူးစက်ခံရသူများအနက် မြို့နယ်အတွင်း တာဝန်ကျနေသော ကျောင်းဆရာ ၁ ဦး၊ ကျောင်းဆရာမ ၁ ဦးနှင့် ကျောင်းသူ ၁ ဦးတို့လည်း ပါဝင်နေသည်ဟု ဒေသခံများက ပြောသည်။

ပလက်ဝမြို့နယ် ဆမီးမြို့ပေါ်မှ ကျောင်းသားမိဘတဦးက “ကလေးတွေလည်း ကျောင်းမသွားဘူး။ ဆရာတွေလည်း ကျောင်း တက်တာမတွေ့လို့ ဆရာတယောက်ကို မေးကြည့်တော့ ရောဂါကြောင့် ကျောင်းပိတ်ထားတယ်။ ဘယ်နေ့ ပြန်ဖွင့်မယ်ဆိုတာ မသိဘူးလို့ ပြောတယ်။ ကျနော်တို့ဘက်က လူတွေက ရောဂါကူးစက်မှာကိုလည်း ကြောက်တယ်။ စစ်ပွဲပြန်ဖြစ်မှာကို လည်း ကြောက်နေရတဲ့ အနေအထားပါ” ဟု ပြောသည်။

လက်ရှိ အချိန်တွင် အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူ ၇ ဦးကို ပလက်ဝမြို့ပေါ် ပြည်သူ့ဆေးရုံတွင် ဆေးကုသ ပေးနေပြီး ၎င်းတို့ နေထိုင်ခဲ့သည့် ပလက်ဝမြို့ပေါ်မှ တည်းခိုးခန်းအားလည်း ချိတ်ပိတ်ထားကြောင်း သိရသည်။

ကိုဗစ်ကူးစက်မှု မြင့်တက်လာသည့်အတွက် Stay Home သတ်မှတ်ထားသော စစ်ကိုင်းအတွင်းရှိ တမူး၊ ကလေးမြို့နှင့် ချင်းပြည်နယ်အတွင်းရှိ တွန်းဇံ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်းနှင့် တီးတိန်မြို့နယ်များရှိ စာသင်ကျောင်းများကိုလည်း ဇွန် ၇ ရက်နေ့မှ စတင်ကာ ပြန်ပိတ်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန်လ ၁၀ ရက်၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် အတည်ပြု လူနာပေါင်း ၁၄၄,၈၇၆ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၃,၂၃၇ ဦး ရှိကြောင်း သိရသည်။

You may also like these story:

ကိုဗစ်တတိယလှိုင်းကြောင့် Stay at Home ၇ မြို့နယ်မှ စာသင်ကျောင်းများ ပြန်ပိတ်

Your Thoughts …
Tags: ကိုဗစ်စာသင်ကျောင်းပလက်ဝ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

by ဧရာဝတီ
14 January 2024
18.8k

စစ်တပ်ထဲသို့ ၁၉၉၃ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး အလုပ်သင်ဗိုလ် အပတ်စဉ် ၂၃ သင်တန်းဆင်းဖြစ်ကာ မိခင်တပ်ရင်းမှာ အမှတ် ၁၈ ခြေမြန်တပ်ရင်း ဖြစ်သည်

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

ရန်ကုန်မြို့ရှိ ကျောင်းတချို့၌ စစ်ကောင်စီ တပ်စွဲထားသဖြင့် ကျောင်းသားမိဘများ စိုးရိမ်

ရန်ကုန်မြို့ရှိ ကျောင်းတချို့၌ စစ်ကောင်စီ တပ်စွဲထားသဖြင့် ကျောင်းသားမိဘများ စိုးရိမ်

by ဧရာဝတီ
23 November 2023
6.8k

ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်၌ လူပျောက်ကြော်ငြာများကြောင့် ပေါ်တာဆွဲသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေပြီး ည ၈ နာရီ ၊ ၉ နာရီနောက်ပိုင်းတွင် လမ်းမပေါ်၌ လူအသွားအလာ နည်းပါးနေကြောင်း

မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား

မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား

by ဧရာဝတီ
23 August 2023
6.4k

စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ဆေးရုံ ၊ ဆေးခန်းများအား ပိတ်ထားသော်လည်း ဒေသခံ အများစုမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်ထားသော ကျောင်းများ၌ စာသင်ကြားခွင့်ရနေသလို CDM ဆရာဝန် ၊ ဆေးဝန်ထမ်းများ ဖွင့်လှစ်ထားသော ဆေးရုံ၊ ဆေးခန်းများတွင်...

AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

by စောလွင်
27 June 2024
6k

စစ်ကောင်စီက လမ်းကြောင်းများပိတ်ဆို့ထားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ အတွက် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများ၊ ဆေးဝါးများအတွက် အိန္ဒိယကုန်ပစ္စည်းများကို အဓိက အားထားနေရခြင်းဖြစ်ပြီး CYLA က လမ်းပိတ်ခြင်း၏ နောက်ဆက်တွဲကို ရခိုင်ပြည်သူများ ပိုမိုခံစားရသောကြောင့် AA...

ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများကို ပစ်မှတ်ထားကြောင်း ဖမ်းမိလေယာဉ်မှူး ဝန်ခံ

ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများကို ပစ်မှတ်ထားကြောင်း ဖမ်းမိလေယာဉ်မှူး ဝန်ခံ

by ဧရာဝတီ
21 December 2023
5.2k

"သူတို့က ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတွေကို တိုက်တယ်" ဟု ပြောပြီး ထိုလေယာဉ်မှူးများသည် မျိုးသူနှင့် နိုင်လင်းအောင်ဖြစ်ကြောင်း ဖော်ပြသည်။

Next Post
တနင်္သာရီတိုင်း ထားဝယ်ဒေသတွင် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ လုပ်ဆောင်နေသည့် လုပ်ငန်းများကို ဒေသအာဏာပိုင်များက ရပ်တန့်ရန် ညွှန်ကြားခဲ့သည် / MSF Myanmar

ထားဝယ်၌ MSF လုပ်ငန်းများ ရပ်ပါက HIV နှင့်တီဘီလူနာများအတွက် စိုးရိမ်ရဟုဆို

မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ရှောင်များအတွက် ရိက္ခာများ  / CJ

စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved