• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထားဝယ်၌ MSF လုပ်ငန်းများ ရပ်ပါက HIV နှင့်တီဘီလူနာများအတွက် စိုးရိမ်ရဟုဆို

by ဧရာဝတီ
11 June 2021
in သတင်း
A A
တနင်္သာရီတိုင်း ထားဝယ်ဒေသတွင် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ လုပ်ဆောင်နေသည့် လုပ်ငန်းများကို ဒေသအာဏာပိုင်များက ရပ်တန့်ရန် ညွှန်ကြားခဲ့သည် / MSF Myanmar

တနင်္သာရီတိုင်း ထားဝယ်ဒေသတွင် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ လုပ်ဆောင်နေသည့် လုပ်ငန်းများကို ဒေသအာဏာပိုင်များက ရပ်တန့်ရန် ညွှန်ကြားခဲ့သည် / MSF Myanmar

16.2k
VIEWS
Share on FacebookShare on Twitter

တနင်္သာရီတိုင်း ထားဝယ်ဒေသတွင် ကျန်းမာရေးအတွက် ကူညီနေသည့် မြန်မာနိုင်ငံဆိုင်ရာ နယ်စည်းမခြား ဆရာဝန် များအဖွဲ့ (MSF) အား လုပ်ငန်းများ ရပ်တန့်ရန် အာဏာပိုင်များက အကြောင်းကြားခဲ့ရာ ထိုသို့ ရပ်လိုက်ရပါက HIV နှင့်တီဘီလူနာ ၂ ထောင်ကျော်အတွက် စိုးရိမ်ရကြောင်း ယင်းအဖွဲ့က ဇွန်လ ၁၀ ရက်က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်က ထားဝယ်ဒေသတွင် MSF က ဆောင်ရွက်နေသော ကျန်းမာရေး အကူအညီပေးသည့် လုပ်ဆောင်မှုများရပ်တန့်ရန် ဒေသအာဏာပိုင်များက စာပေးပို့ အကြောင်းကြားလာခြင်း ဖြစ်သည်။

ထိုသို့သော အာဏာပိုင်များ၏ လုပ်ရပ်သည် လူနာများ၏ အသက်ကို ခြိမ်းခြောက်နေပြီး ယခုလုပ်ရပ်ကြောင့် နောက်ထပ် ကူးစက်ပြန့်ပွားလာမည့် ရောဂါများအတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း MSF အဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“လူနာအသစ်များ ရောဂါရှာဖွေခြင်းနှင့် ကုသမှုခံယူဖို့ တားဆီးရာ ရောက်နေပါတယ်။ ဒါ့အပြင် ကုသမှုရယူဖို့ အလွန် အရေးပါတဲ့ စိတ်ပိုင်းဆိုင်ရာ၊ နှစ်သိမ့်ဆွေးနွေးပေးခြင်းများကိုလည်း ထိခိုက်စေနိုင်ပါတယ်” ဟု MSF က ဆိုသည်။

MSF အနေဖြင့် တနင်္သာရီတိုင်း ဒေသအာဏာပိုင်များက မည့်သည့်အတွက် ကျန်းမာရေးကူညီမှု လုပ်ငန်းများ ရပ်တန့်ခိုင်း သည်ကို ဖော်ပြခြင်း မပြုသော်လည်း လူနာများအတွက် ကျန်းမာရေး အကူအညီလိုအပ်နေသည့် ယခုလိုအချိန်တွင် လုပ်ငန်းရပ်နားခြင်း မပြုနိုင်ရေး ဆွေးနွေး အဖြေရှာသွားမည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီက ဒေသခံများထံမှ စုံစမ်းသိရသည်က တနင်္သာရီတိုင်းရှိ ဒေသအာဏာပိုင်များသည် အစိုးရမဟုတ်သော အရပ် ဘက်အဖွဲ့များကို အကြောင်းအရင်းမယ်မယ်ရရ မရှိဘဲ လုပ်ငန်းများ ရပ်တန့်ခိုင်းပြီး ၎င်းတို့အဖွဲ့ဝင်များကို အဖွဲ့အစည်း အသီးသီး၏ ရုံးချုပ်တွင် ပြန်လည်စုရုံးခိုင်း ထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရန် တနင်္သာရီတိုင်း လူမှုဝန်ထမ်း ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်က ညွှန်ကြားထားသော ဇွန်လ ၂ ရက်နေ့ ရက်စွဲဖြင့် စာတစောင်လည်း Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

အဆိုပါစာနှင့် ပတ်သက်၍ ထိုသို့ ညွှန်ကြားထားခြင်းရှိမရှိ သိနိုင်ရန် တနင်္သာရီတိုင်း လူမှုဝန်ထမ်းဦးစီးဌာနကို ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျအရာရှိတဦးက ထိုသို့ ညွှန်ကြားထားခြင်းမရှိကြောင်း ငြင်းဆိုသည်။

“ကျမတို့က ဘာမှတော့ ညွှန်ကြားထားတာမရှိပါဘူး။ သူတို့က သူတို့ဘာသာ လောလောဆယ်ရပ်ထားတာပါ။ ကျမတို့နဲ့ MoU ထိုးထားတာတွေကတော့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

လူနာများအနေနှင့် ၎င်းတို့ထံ ဆက်သွယ်လာပါက နိုင်ငံပိုင် ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးသွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း လူမှုဝန်ထမ်းဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက် တာခင်ခင်ကြီးကလည်း ၎င်းတို့အနေနှင့် NGO ၊ INGO များမှ ဝန်ထမ်းများ မြေပြင်တွင် လက်တွေ့ အလုပ်လုပ်ကိုင်မှု ရှိမရှိ သိရှိနိုင်ရန် စာရင်းကောက်ယူမှုရှိသော်လည်း တနင်္သာရီတိုင်းတွင် INGO ၊ NGO များကို လုပ်ငန်းများရပ်ဆိုင်းထားရန် ညွှန်ကြားထားသည့်ကိစ္စကို သေချာမသိကြောင်း ဧရာဝတီသို့ပြောသည်။

ထားဝယ်မြို့ ဒေသခံတဦးကမူ ထားဝယ်တွင် နိုင်ငံတကာ အရပ်ဘက်အဖွဲ့များ၏ ကျန်းမာရေးကူညီသည့် လုပ်ငန်းများ ရပ်ဆိုင်းသွားမည်ဆိုပါက လူနာများအတွက်အကြီးအကျယ် အခက်အခဲတွေ့နိုင်ကြောင်း ရှင်းပြသည်။

“HIV လူနာက ထားဝယ်လောက်ပဲ မဟုတ်ဘူးဗျ။ ရေးတို့ ၊ သံဖြူဇရပ်တို့ဘာတို့က လူတွေလည်း ထားဝယ်မှာပဲ လာကုကြတာ။ နယ်ကျော်ပြီး လာကုရတဲ့သူတွေပါ အကုန်ဒုက္ခရောက်သွားနိုင်တယ်” ဟု ၎င်းက သုံးသပ်သည်။

ထို့အပြင် တီဘီရောဂါခံစားနေရသူများအတွက်လည်း လုံလောက်သည့် ဆေးမရပါက ပတ်ဝန်းကျင်ကိုပါ ရောဂါကူးစက်မှု ပျံ့သွားနိုင်ကြောင်း ထားဝယ်မြို့ဒေသခံတဦးက သတိပေးသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

“တီဘီကျတော့ ပြဿနာရှိတယ်။ သူတို့ကဆေးဆက်မသောက်ဘူး တဝက်တပျက်နဲ့ ရပ်လိုက်ရင် ရောဂါက ဆေးယဉ်ပါး သွားနိုင်တယ်။ ပြီးရင်သူက လေထဲက တဆင့်ပျံ့နိုင်တာဆိုတော့ တခြားလူတွေကို ကူးသွားပြီး တီဘီရောဂါ ထပ်ဖြစ်လာမှာ ပေါ့” ဟု ၎င်းက ပြောဆိုသည်။

You may also like these stories:

ကိုဗစ်တတိယလှိုင်းကြောင့် Stay at Home ၇ မြို့နယ်မှ စာသင်ကျောင်းများ ပြန်ပိတ်

ကျောင်းအပ်လက်ခံနေသည့် ထားဝယ်မှ ကျောင်းတချို့ မီးလောင်၊ ဗုံးပေါက်

ထားဝယ်မှာလည်း ပုန်ကန်ထကြွတော့မလား

Your Thoughts …
Tags: HIVMSFတနင်္သာရီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တနင်္သာရီနှင့် ရခိုင်မှ ပြည်တွင်းလေကြောင်းဖြင့် ခရီးသွားသူများ ထောက်ခံစာလို

တနင်္သာရီနှင့် ရခိုင်မှ ပြည်တွင်းလေကြောင်းဖြင့် ခရီးသွားသူများ ထောက်ခံစာလို

by ဧရာဝတီ
12 February 2024
2.1k

ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ စသည့်မြို့များမှ ရန်ကုန်သို့ လေကြောင်းဖြင့် သွားမည့် ခရီးသည်များ သည် ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ပါရမည်ဖြစ်ပြီး ကျန်းမာရေးမကောင်းသည့်သူများ၊ ကျောင်းတက်နေ သည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ခွင့်ပြုချက် ရရှိထားသည့် ဌာနဆိုင်ရာ...

HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

by ဧရာဝတီ
27 February 2025
1.9k

လက်ရှိအချိန်တွင် HIV ပိုး ရှိ မရှိ သွေးစစ်ပေးခြင်း၊ Viral load စစ်ပေးခြင်း (ပိုးကောင်ရေစစ်ဆေးမှု)၊ CD4 count စစ်ခြင်း (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်ဆေးမှု)များကို စစ်ဆေးခြင်းများကို ရန်ကုန်၊...

HIV နှင့် ဆေးယဉ်ပါးတီဘီ ဖြစ်နေသူများ စစ်မှုထမ်းရန် ခေါ်ခံရ

HIV နှင့် ဆေးယဉ်ပါးတီဘီ ဖြစ်နေသူများ စစ်မှုထမ်းရန် ခေါ်ခံရ

by ဧရာဝတီ
18 September 2024
1.3k

ယခုအခါ စစ်မှုထမ်း အပတ်စဉ် ၅ အတွက် မန္တလေးမြို့တွင် လူစုဆောင်းခြင်းများ ပြုလုပ်လျက်ရှိရာ တာဝန်ထမ်းဆောင်ဆဲ အုပ်ချုပ်ရေးမှူးအချို့ငြင်းဆိုခြင်းများ ရှိလာသဖြင့် ဒုတိယဗိုလ်မှူးကြီးအဆင့် ဦးဆောင်ကာ အုပ်ချုပ်ရေးမှူးများကိုပင် ကြိုတင်အသိပေးခြင်းမရှိဘဲ ရှောင်တခင် ဝင်ရောက်စီးနင်းခြင်းများလည်း ပြုလုပ်လျက်ရှိသည်

ART ဆေး ထုတ်ပေးမှု စစ်ကော်မရှင် ကန့်သတ်

ART ဆေး ထုတ်ပေးမှု စစ်ကော်မရှင် ကန့်သတ်

by ဧရာဝတီ
9 August 2025
1.1k

HIV/AIDS ကူးစက်ရောဂါ ဖြစ်ပွားသူများအား ရောဂါသက်သာစေပြီး သက်တမ်းစေ့နေနိုင်ရေးအတွက် နေ့စဉ် သောက်သုံး နေရသည့် ART ဆေးကို ဩဂုတ် ၈ ရက်မှစတင်ကာ စစ်ကော်မရှင်၏ ကျန်းမာရေးဌာနများတွင်သာ ထုတ်ယူနိုင်မည်ဟု ကန့် သတ်လိုက်ရာ ဆေးသောက်နေရသူများအတွက် အခက်အခဲဖြစ်စေကြောင်း...

ထားဝယ်မြို့

ထားဝယ်မြို့

by ဧရာဝတီ
4 May 2025
1.1k

နာမည်ကျော် မောင်းမကန် ကမ်းခြေ စခန်းဟာ ထားဝယ်မြို့ အနောက်မြောက်ဘက်ရှိ ပင်လယ် ကမ်းခြေမှာ တည်ရှိပါတယ်…မောင်းမကန် ကမ်းခြေဟာ မြန်မာနိုင်ငံမှာ အရှည်ဆုံးနဲ့ အဖြောင့်တန်းဆုံး ကမ်းခြေ ဖြစ်ပါတယ်…

တနင်္သာရီမြို့နယ်၌ လူနာတင်ယာဉ်များ ညဘက်သွားလာခွင့် ပိတ်ပင်

တနင်္သာရီမြို့နယ်၌ လူနာတင်ယာဉ်များ ညဘက်သွားလာခွင့် ပိတ်ပင်

by ဧရာဝတီ
6 September 2023
977

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အဝင်အထွက် လမ်း၊ တံတားများတွင် ည ၈ နာရီမှ နံနက် ၄ နာရီထိ လူနာတင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က စက်တင်ဘာလဆန်းပိုင်းမှစပြီး ပိတ်ပင်တားမြစ်မှုများ ပြုလုပ်လာကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။

Next Post
မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ရှောင်များအတွက် ရိက္ခာများ  / CJ

စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

NUG-PDF ၏ ပထမပတ် စစ်သင်တန်းဆင်းပွဲ/ NUG  / NUG

PDF ဘာလဲ ဘယ်လဲ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved