• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်တတိယလှိုင်းကြောင့် Stay at Home ၇ မြို့နယ်မှ စာသင်ကျောင်းများ ပြန်ပိတ်

by ဧရာဝတီ
7 June 2021
in သတင်း
A A
ယနေ့ ကျီခါးမြို့ တိုက်နယ်ဆေးရုံတွင် ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့သူများကို ဈာပန  / The Tedim Post

ယနေ့ ကျီခါးမြို့ တိုက်နယ်ဆေးရုံတွင် ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့သူများကို ဈာပန / The Tedim Post

97.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာသည့်အတွက် Stay at Home သတ်မှတ်ထားသည့် မြို့နယ် ၇ ခုမှ စာသင် ကျောင်းများ ပိတ်ထားပြီဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ တမူး၊ ကလေးမြို့နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ တွန်းဇံ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်းနှင့် တီးတိန် မြို့နယ်တို့ရှိ စာသင်ကျောင်းများကို ယနေ့ (ဇွန် ၇ ရက်) မှ စတင်ကာ ပိတ်လိုက်ခြင်း ဖြစ်သည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
511
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
1.7k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
369

ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက “Stay at Home မြို့နယ် ၇ မြို့နယ်မှာ ဆို ရင် ကျောင်းတွေ ပိတ်ပါတယ်။ ဒီ တနင်္လာက စပြီးတော့ ကျောင်းတွေလည်း ပိတ်လိုက်ပါပြီ။ ဒီလို လုပ်ဆောင်ခြင်းအားဖြင့် ကိုဗစ်ရောဂါ ဗိုင်းရပ်စ်ရဲ့ ကူးစက်နိုင်တဲ့ ကူးစက်မှု သံသရာကို ဖြတ်တောက်မှု ရည်ရွယ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မှ ပြန်လာသူများကိုလည်း ရန်ကုန်တိုင်း အဝင်တွင် Rapid Test Kit ဖြင့် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ဇွန်လ ၄ ရက်အထိ စစ်ကိုင်းတိုင်းတွင် ရောဂါပိုးတွေ့ရှိသူ ၅၂၈ ယောက်ရှိနေပြီဖြစ်ပြီး ချင်းပြည်နယ် တွင် ၃၁၉ ယောက်ရှိပြီး သေဆုံးသူ ၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှု ရာခိုင်နှုန်းအားဖြင့် မေလအတွင်း ကူးစက်မှုနှုန်း ၃ ရာခိုင်နှုန်းကျော်သာ ရှိရာမှ မေလ ၂၇ ရက်တွင် ပိုးတွေ့လူနာ ၉၆ ယောက်ဖြင့် ၅ ဒသမ ၃၇ ရာခိုင်နှုန်းအထိ တိုးလာခြင်းဖြစ်ပြီး ဇွန်လဆန်း ယခုရက်ပိုင်းအတွင်း ပိုးတွေ့နှုန်း ၈ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိ တက်လာသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

အဆိုပါ အခြေအနေကြောင့် မေလ ၂၇ ရက်က စတင်ပြီး မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေပြီ ဖြစ် ကြောင်း ဒေါက်တာ ခင်ခင်ကြီးက ဆိုသည်။

လက်ရှိတွင် ကိုဗစ်ဖြစ်ပွားမှုသည် စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ချင်းပြည်နယ်သည် ဒုတိယ အများဆုံး ဖြစ်နေကာ ရန်ကုန်တိုင်းတွင်လည်း ဖြစ်ပွားမှုများနေကြောင်း သိရသည်။ ထို့ပြင် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် အပြင် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်တွင်လည်း ပိုးတွေ့လူနာများလာသည်ကို တွေ့ရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သိရသည်။

တတိယလှိုင်းသည် ချင်းပြည်နယ်မှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံမှ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်မှု များက ဖြစ်ပွားလာခြင်း ဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ခန့်မှန်း သုံးသပ်ထားသည်။ မြန်မာနိုင်ငံ တွင် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်မျိုးရိုးဗီဇ စစ်ဆေးမှုကိုလည်း ပြုလုပ်ထားကြောင်း သိရသည်။

ဒေါက်တာ ခင်ခင်ကြီးက “လက်ရှိ၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာ ဖြစ်နေတဲ့ အိန္ဒိယနယ်စပ်ဖြစ်နေတဲ့ အတွက်ကြောင့် အိန္ဒိယနယ်စပ်ကနေ တရားမဝင် ဝင်ရောက်မှုတွေကနေ ကူးစက်လာနိုင်တဲ့ အခြေအနေမျိုး ရှိတယ်လို့ သုံးသပ်ပါတယ်။ ဒါဆိုရင်တော့ ဗီဇပြောင်းပိုးတွေလည်း ပါလာနိုင်တယ်။ ရှိလာနိုင်တယ်။ ဒီလိုရှိလာနိုင်တဲ့ ကိစ္စတွေကို ထိန်းချုပ်ဖို့ ဆောင် ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကျမတို့ဟာ ဒီဗိုင်းရပ်စ်ကို မရောက်သေးဘူးလို့ ပြောလို့ မရသလို၊ ရောက်ပြီလို့လည်း ပြောလို့ မရ ပါဘူး။ တိတိကျကျ အဖြေထွက်ပြီးမှသာ ကျမတို့ ပြောလို့ရမှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားအရတော့ ဗီဇပြောင်းပိုး သည် ကူးစက်မှုမြန်တဲ့ အတွက်ကြောင့် ဗီဇပြောင်းပိုးတွေ ဖြစ်နိုင်ခြေရှိတယ်လို့ပဲ ကျမတို့ ခန့်မှန်းလို့ရပါတယ်။ လက်ရှိ အနေအထားအရတော့ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဆဲ ဖြစ်ပါတယ်” ဟုဆိုသည်။

ဧပြီလ ၁၇ ရက်က စပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်က လာသည့် ခရီးသည်များကို တရားဝင် ပိတ်ထားပြီးဖြစ်ကာ မြန်မာ နိုင်ငံတွင်း တွင်လည်း ပြည်တွင်း လေကြောင်းလိုင်းများဖြစ်သည့် ကလေး၊ တာချီလိတ်၊ ထားဝယ်နှင့် ကော့သောင်း စသည့် ခရီးစဉ်များကို မေလ ၂၉ ရက်မှ စတင်ကာ ပိတ်သိမ်းထားသည်။

ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းများကို အာဏာသိမ်း စစ်ကောင်စီက ဆက်လက် ဆောင်ရွက်နေ သော်လည်း အဆိုပါ လုပ်ငန်းစဉ်တွင် ပြည်သူလူထု အများစုက ပူးပေါင်း ပါဝင်ခြင်း မရှိသလို အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်သည့် ကျန်းမာရေး ဝန်ထမ်းများကလည်း လုပ်ငန်းခွင် ပြန်ဝင်ခြင်း မရှိသေးပေ။

၂၀၂၀ မတ် ၂၃ ရက်မှ ၂၀၂၁ ဇွန်လ ၆ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၂,၆၃၀,၈၀၇ အနက်မှ အတည်ပြုလူနာ ၁၄၄,၃၁၇ ဦးရှိပြီး သေဆုံးသူ ၃,၂၂၅ ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၂,၄၅၂ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

ကိုဗစ်ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး တရက်တည်း ပိုးတွေ့သူ ၁၀၀ ကျော်ရှိလာ

ကိုဗစ်ကူးစက်မှုနှုန်း ပြန်မြင့်တက်လာ

Your Thoughts …
Tags: Stay at homeကိုဗစ်ချင်းပြည်နယ်စစ်ကိုင်းစာသင်ကျောင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

by ဧရာဝတီ
6 August 2023
15k

ပြီးခဲ့သည့်နှစ် မေလအတွင်းက စကခ- ၄ လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ ၇၀၈)သည် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှ အရပ်သား ၂၆ ဦးကို သတ်ဖြတ်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ဗိုလ်မှူးချုပ် ကြည်သိုက် တာဝန်ရှိကြောင်း ပြောဆို မှုများ...

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

by ဧရာဝတီ
30 October 2023
11.9k

ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျှောက်တွင် စစ်ဆင်ရေး စတင်သည့် အောက် တိုဘာ ၂၇ ရက်က စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.5k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

by Zachary Abuza
31 January 2024
9.7k

ပြည်တွင်းစစ်နှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ခံသည့် အားလုံး ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ နှစ်ခုလုံးအတွက် အရေးအပါဆုံးမှာ ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ဖြစ်သည်။

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

by စွယ်တော်
17 March 2025
8.7k

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြသည့် ထို နှစ်မြို့တွင် တိုက်ပွဲကာလအတွင်း စစ်ရှိန်လျှော့ချခြင်း၊ စစ်ဗျူဟာပြောင်းခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

by အေးချမ်းဆု
19 October 2023
7.5k

ကချင်ပြည်နယ်အတွင်းရှိ PDF များကို ကချင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) များအဖြစ် ဖွဲ့စည်းပြီး KIA က ဌာနတခုအသစ်ဖွင့်၍ တိုက်ရိုက် ကိုင်တွယ်သည်။

Next Post
၂၀၁၉ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် ကော့ဆက်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတခု / Getty Images

NUG ရိုဟင်ဂျာမူဝါဒ ရခိုင်တိုင်းရင်းသားများကို ကိုယ်စားမပြုဟု တုံ့ပြန်

"Master in the house" အစီအစဉ် / Chan Mya Mya Thaw's Facebook

"Master in the house" အစီအစဉ် အမြင့်ဆုံး ကြည့်ရှုနှုန်း စံချိန်တင်ခဲ့

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.2k

Most Read

  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate