• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး တရက်တည်း ပိုးတွေ့သူ ၁၀၀ ကျော်ရှိလာ

by ဧရာဝတီ
2 June 2021
in သတင်း
A A
တွန်းဇံမြို့နယ် ကျီးခါးတိုက်နယ်ဆေးရုံတွင် ကိုဗစ်လူနာတချို့ကို ကုသပေးနေစဉ်  / Chin World

တွန်းဇံမြို့နယ် ကျီးခါးတိုက်နယ်ဆေးရုံတွင် ကိုဗစ်လူနာတချို့ကို ကုသပေးနေစဉ် / Chin World

28.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ကိုဗစ် ကပ်ရောဂါဆိုး ကြုံတွေ့နေရစဉ်အတွင်း စစ်ကောင်စီက အာဏာသိမ်းခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ ဖြစ်ပွားမှုသည် ပြန်လည်မြင့်တက်လာပြီး ဇွန်လ တရက်တည်း ပိုးတွေ့သူ ၁၂၂ ဦးအထိ ရှိခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ထိုသို့ ကူးစက်မှုနှုန်းပြန်လည် မြင့်တက်လာသည့်အတွက် ကိုဗစ် ပိုးတွေ့လူနာ များပြားနေသော ချင်းပြည်နယ် တွန်းဇံ မြို့နယ်နှင့် စစ်ကိုင်းတိုင်းရှိ တမူးမြို့နယ် ၂ မြို့ကို မေလ၂၉ ရက်က စတင်ပြီး Stay at Home မြို့နယ်များ အဖြစ် စစ် ကောင်စီက သတ်မှတ်လိုက်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
388
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
54

Stay at Home မြို့နယ် သတ်မှတ်ထားသည့် တွန်းဇံမြို့နယ်တွင် ကိုဗစ်ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိပြီး သေဆုံးမှု လည်း ရှိနေသော်လည်း ကျန်းမာရေး ဝန်ထမ်းအများစုသည် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့်အပြင် ဆေးဝါး ပြတ်လပ်မှုများလည်း တွေ့ကြုံနေသည့်အတွက် ကိုဗစ်ကုသရေးတွင် အခက်အခဲများ ရှိနေ ကြောင်း တွန်းဇံမြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ထန်ရှင်းခိုင် က ပြောသည်။

“ကုသရေးမှာက အားဆေးလေးတောင် ပေးစရာ မရှိတော့ဘူး။ နိုင်ငံရေး အခြေအနေနဲ့ ဌာနကို တင်တဲ့ဆေးတွေ လည်း ရောက်မလာတော့ဘူးလေ။ ဆေးဝါးကတော့ လုံးဝကို ပြတ်သွားပြီလို့ ပြောလို့ ရတယ်။ လူနာကို ဆိုင်က နေ ဝယ်ခိုင်းတာ တို့နဲ့ ဆရာဝန်တွေ ကိုယ့်ဘာသာ စုပြီး နည်းနည်းစီ ပိုက်ဆံစုပြီး ဝယ်ပေးလိုက်တာမျိုး ရှိတယ်” ဟု ၎င်းက ပြောသည်။

တွန်းဇံမြို့နယ်တွင် ကိုဗစ် ပိုးတွေ့ရှိသူ ၁၃၄ ဦး အထိရှိပြီး၂ ဦး သေဆုံးကြောင်း သိရသည်။ ယမန်နေ့ညက အသက် ၇၃ နှစ်အရွယ်ရှိ အမျိုးသား ၁ ဦး သေဆုံးခြင်းဖြစ်ကာ မေလ ၃၀ ရက်ကလည်း ကိုယ်ဝန် ၈ လ ရှိပြီ ဖြစ်သည့် အသက် ၃၈ နှစ်အရွယ်အမျိုးသမီး ၁ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်မှ ဇွန်လ ၁ ရက် ည ၈ နာရီအထိ ထုတ်ပြန်ချက်အရ ကိုဗစ် ရောဂါကြောင့် သေဆုံးသူ ၈၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

“လူတွေ သေလာပြီဆိုတော့ တအား စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သွားပြီပေါ့။ တခြားမြို့နယ်တွေ တခြားဒေသ တွေလည်း ဂရုစိုက်ကြပါ။ ကိုယ့်အိမ်အတွင်းမှာလည်း ရှိနိုင်ပါတယ်။ ဘယ်သူမဆို ကိုယ့်အသိစိတ်လေးနဲ့ ကိုဗစ် ကာကွယ်ရေး လုပ် ပေးဖို့ လိုအပ်ပါတယ်။ အခုလိုနိုင်ငံရေး အရှုပ်အထွေးကြားမှာ အရင်ကလို အာရုံ မစိုက်နိုင် တော့ဘူးလေ” ဟု ဒေါက်တာ ထန်ရှင်းခိုင်က သတိပေးပြောဆိုသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၃ ရက်တွင် ၂၆၃ ယောက်အထိ အမြင့်ဆုံး ကူးစက်ခံခဲ့ရရာမှ မတ်တွင် အမြင့်ဆုံး ကူးစက်ခံရမှု ၄၉ ယောက်၊ ဧပြီတွင် အမြင့်ဆုံး ကူးစက်ခံရမှုနှုန်း ၃၈ ယောက်အထိ ကျဆင်း ခဲ့ပြီး မေ ၂၇ ရက်မှ စတင်ကာ ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။

ကူးစက်မှု ရာခိုင်နှုန်းအားဖြင့်လည်း မေလအတွင်း ကူးစက်မှုနှုန်း ၃ ရာခိုင်နှုန်းကျော်သာရှိရာမှ မေလ၂၇ ရက်တွင် ၅ ဒသမ ၃၇ ရာခိုင်နှုန်းအထိ တိုးလာခြင်းဖြစ်ပြီး ဇွန်လ ၁ ရက်တွင် ၆ ဒသမ ၀၅ ရာခိုင်နှုန်းအထိ မြင့်တက် လာခြင်း ဖြစ်သည်။

ကိုဗစ်ဖြစ်ပွားမှုသည် လူဦးရေ ထူထပ်သည့် ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်ပြီး ဧရာဝတီ၊ မွန်၊ တနင်္သာရီ၊ ပဲခူးနှင့် စစ်ကိုင်းတိုင်း တို့တွင်လည်း ဖြစ်ပွားမှုများ ရှိနေကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းများကို အာဏာသိမ်း စစ်ကောင်စီက ဆက်လက် ဆောင်ရွက်နေ သော်လည်း ပြည်သူလူထုက အယုံအကြည် မရှိသဖြင့် စစ်ကောင်စီ၏ အဆိုပါ လုပ်ငန်းစဉ် များတွင် ယနေ့အချိန်ထိ ပူး ပေါင်း ပါဝင်ခြင်း မရှိသလို CDM ပြုလုပ်သည့် ကျန်းမာရေး ဝန်ထမ်းများကလည်း လုပ်ငန်းခွင် ပြန်ဝင်ခြင်း မရှိသေးပေ။

၂၀၂၀ မတ်လ၂၃ ရက်မှ၂၀၂၁ ဇွန်လ ၁ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၂,၆၂၃,၄၂၉ အနက်မှ အတည်ပြုလူနာ ၁၄၃,၇၅၁ ဦးရှိပြီး သေဆုံးသူ ၃,၂၁၇ ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၂,၃၆၀ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

အဆိုတော် ဘင်ဂျမင်ဆုမ်း COVID-19 ကူးစက်ခံရ

ကိုဗစ်ကူးစက်မှုနှုန်း ပြန်မြင့်တက်လာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်ပိုးရှိသူ ၄ ဦး တွေ့

Your Thoughts …
Tags: ကာကွယ်ဆေးကိုဗစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
1.1k

လူအမြောက်အမြား သေဆုံးထိခိုက်မှုတွေရှိနေတဲ့ လက်ရှိ ငလျင်ဘေးမှာ ဒေါ်အောင်ဆန်းစုကြည်သာလုပ်ကိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်တွေကို အများကြီးကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NLD အစိုးရလက်ထက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

စာပေ၊ ဂီတ အနုပညာရှင်များ

ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ

by ဧရာဝတီ
17 August 2021
31.8k

၁၉၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မိန့်ခွန်းပြောနေတဲ့ ဓာတ်ပုံကို ရိုက်ကူး မှတ်တမ်းတင်ခဲ့သူ ဖြစ် ပြီး အရေးအခင်း လှုပ်ရှားမှုတွေကို ရုပ်သံရိုက်ကူးကာ အမေရိကန် သံရုံးမှတဆင့် ကမ္ဘာကို ချပြခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင် / SoeLwin / Facebook

သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူပိုများလာတယ်

by လဲ့လဲ့
26 December 2018
55.1k

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်သောအခြေအနေများ၊ ကြိုတင်စစ်ဆေးနိုင်မှုများနှင့် ဓာတ်ရောင်ခြည် ကုသမှု၊ ခွဲစိတ်ကုသမှုအခြေအနေများ၊ သတိပြုရမည့်အချက်များနှင့်ပတ်သက်ပြီး ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်အား ဧရာဝတီသတင်း ထောက် လဲ့လဲ့မှ တွေ့ဆုံမေးမြန်းထားသည်။

တရုတ်ကွန်မြူနစ်ခေါင်းဆောင်များ၏ ဓာတ်ပုံများ တန်းစီချိတ်ဆွဲထားသည်

တရုတ်ကွန်မြူနစ်ပါတီ၏ ခေတ်သစ်တခုအစပြုခြင်း

by သက်ထားမောင်
29 October 2022
7.5k

ရှီကျင့်ဖျင် တခေတ် စတင်တည်ဆောက်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ ၅ နှစ်ကာလသည် အလွယ်တကူတော့ မဟုတ်ပေ။

ပုဂံခေတ်ကတည်းက သန္ဓေတည် ပေါက်ဖွားလာခဲ့တဲ့ ယွန်း ပညာကြီး တိမ်ကောသွားမှာ ပုဂံသားတွေ စိုးရိမ်နေကြပြီ / ဇော်ဇော် / ဧရာဝတီ

ပုဂံ ယွန်းထည်လုပ်ငန်း အသက်ငင်နေပြီ

by ဇူးဇူး
25 July 2020
8.5k

ယွန်းထည်ဈေးကွက်ဟာလည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပေါ်မှာပဲ ရာနှုန်းပြည့်နီးပါး အမှီသဟဲ ပြုနေရတာပါ။

၂၀၁၉ ခုနှစ်ဇွန်လ က သားမက်ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း သိန်းနိုင်၏ နာရေးတွင် တွေ့ရသူ ဦးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်

ဦးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် တို့တွင် ကိုဗစ်ပိုးတွေ့

by ဧရာဝတီ
13 August 2021
72.5k

တပ်မတော်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ကို နေပြည်တော်ရှိ ခုတင် ၁၀၀၀ စစ်ဆေးရုံတွင် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ

Next Post
Gen Z Burma အဖွဲ့ဝင် ကိုဟန်ဇော်လတ်  / Han Zaw Latt's Facebook

“လက်နက်ကိုင်တဲ့ ရည်ရွယ်ချက်က ရမ်းကားဖို့ မဟုတ်ဘူး”လို့ ဟန်ဇော်လတ် ပြော

ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည့် ကိုအောင်ကျော်နှင့် ကိုဇော်ဇော်

မြိတ်အခြေစိုက် သတင်းထောက် နှစ်ဦး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved