• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညို အဂတိ လိုက်စားမှုဖြင့် ထပ်မံ စွပ်စွဲခံရ

by ဧရာဝတီ
24 June 2021
in သတင်း
A A
နေပြည်တော်တွင် ပြုလုပ်သည့် အခမ်းအနားတခုသို့ တက်ရောက်လာသည့် ဒေါက်တာ အောင်မိုးညို  / ဧရာဝတီ

နေပြည်တော်တွင် ပြုလုပ်သည့် အခမ်းအနားတခုသို့ တက်ရောက်လာသည့် ဒေါက်တာ အောင်မိုးညို / ဧရာဝတီ

18.4k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)ပါတီမှ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်လည်း ဖြစ်၊ မကွေးတိုင်း ဝန်ကြီးချုပ် တာ ဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ အောင်မိုးညိုကို အာဏာသိမ်း စစ်ကောင်စီက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် ထပ်မံ စွပ်စွဲလိုက်ကြောင်း သိရသည်။

ဒေါက်တာ အောင်မိုးညိုသည် နိုင်ငံရေးရာထူး ရှိခဲ့စဉ်က လုပ်ငန်းရှင်တဦးက ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အကြောင်းပြ လှူဒါန်းခဲ့သည့် ကျပ် သိန်း ၅၀၀ ကို ရယူခဲ့ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စုံစမ်းစစ် ဆေးရေးအဖွဲ့၏ တွေ့ ရှိချက်အရ ပေါ်ပေါက်သည်ဟု စစ်ကောင်စီက ထိန်းချုပ်ထားသည့် ယနေ့ သတင်းစာများတွင် ဖော်ပြ ထားသည်။

ယင်းကျပ်သိန်း ၅၀၀ ကို ရယူပြီး ယင်းလုပ်ငန်းရှင်အတွက် မြေ ၁ ဧကကို စက်သုံးဆီဆိုင် ဖွင့်လှစ်နိုင်ရေးအတွက် လယ် ယာမြေမှ အခြားနည်း သုံးစွဲခွင့်ပြုပေးခဲ့ကြောင်း၊ ရာထူးတာဝန်ကို အလွဲသုံးစားလုပ်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲခဲ့ သည်။

ဒေါက်တာ အောင်မိုးညို၏ ရှေ့နေတဦး ဖြစ်သူ ဦးမြင့်အောင်က“ဝန်ကြီးချုပ်ကတော့ သူ့အမှုတွေကို ကျနော်တို့ကိုပဲ ဆက် လက် ဆောင်ရွက်ပေးဖို့တော့ ပြောပြီးသားပါ။ ထောင်ထဲမှာလည်း သတင်းစာ ဖတ်ခွင့်ပေးတယ်ဆိုတော့ ဒီအမှုကိုလည်း သိလောက်တယ်။ ပြီးတော့ အဂတိ ကော်မရှင်က စစ်ဆေးရေးအဖွဲ့တွေ လာစစ်နေတာဆိုတော့ သိနေပါပြီ။ အသေးစိတ် ကိုတော့ သိချင်မှ သိမှာပေါ့”ဟု ပြောသည်။

ဒေါက်တာ အောင်မိုးညိုကို ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ကလည်း နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် မကွေးမြို့ အကျဉ်းထောင်ရှိ အထူးတရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ယခုလို အာဏာသိမ်းခြင်းကို လက်မခံကြောင်း၊ CDM လှုပ် ရှားမှုကို လက်ခံကြောင်း ပြောဆိုခဲ့သည့် ဗီဒီယိုဖိုင်တခု လူမှုကွန်ရက်တွင် ထွက်ပေါ်လာခြင်းနှင့် NLD ဗဟို အလုပ် အမှု ဆောင် အဖွဲ့က ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာချက်အရ တာဝန်ရှိသည်ဟုဆိုကာ ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။

ယင်းသို့ ထောင်ဒဏ် ချမှတ်သည့်နေ့တွင် ဒေါက်တာ အောင်မိုးညိုကို သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် ထပ် တိုး အရေးယူရန် အာဏာသိမ်း စစ်ကောင်စီဘက်က ထပ်မံ ကြိုးပမ်းခဲ့သည်။

ဒေါက်တာအောင်မိုးညိုကို အမိန့်ချခဲ့သည့် မကွေးမြို့ ၊ ဗဟိုအကျဉ်းထောင်ထဲသို့ ပွင့်ဖြူမြို့နယ် တရားသူကြီး၊ မြို့နယ် ဥပဒေ အရာရှိနှင့် ရဲစခန်းမှူးတို့ ရောက်ရှိလာပြီး သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် ထပ်တိုး အရေးယူကြောင်း ပြောဆို ခဲ့သည်။

ဒေါက်တာ အောင်မိုးညိုသည် ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလတွင် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာတခုတွင် မဲ ဆွယ် စည်းရုံးရေး အခမ်းအနားတခုသို့ တက်ရောက်ခဲ့ခြင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် အောင်ပွဲ အခမ်းအနား ၃ ခုကို ကျေးရွာတချို့ တွင် တက်ရောက်ခဲ့ခြင်းတို့ကြောင်း ထပ်တိုးအရေးယူခြင်း ဖြစ်ကြောင်း ရှေ့နေ ဦးမြင့်အောင်က ပြော ပြသည်။

“ကိုဗစ် ကာလမှာ စည်းမျဉ်း၊ စည်းကမ်းနဲ့ မညီဘူးဆိုပြီးတော့မှ လူ ၃၀ ထက် ပိုတယ်ပေါ့။ ၅၀ ထက် ပိုတယ်ပေါ့။ အဲဒီလို စွပ်စွဲပြီးတော့မှ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ဆွဲတာပါ။ ရုံးချိန်းကတော့ ၄ ချိန်း လောက် တော့ ရှိပါပြီ။ မကွေးထောင်ထဲက အထူးတရားရုံးမှာပဲ”ဟု ၎င်းက ရှင်းပြသည်။

ဒေါက်တာ အောင်မိုးညိုနှင့်အတူ အဂတိ လိုက်စားမှုဖြင့် အမှုဖွင့်ခံရသူများမှာ မကွေးတိုင်း လွှတ်တော် ဥက္ကဌဟောင်း ဦး တာ၊ တိုင်းအစိုးရ အဖွဲ့ဝင် သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဟောင်း ဦးမြင့်ဇော်၊ လူမှုရေး ဝန်ကြီးဟောင်း ဒေါက်တာ ခင်မောင်အေး၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးတင်နွယ်ဦးတို့ ဖြစ် သည်။

မကွေးတိုင်း လွှတ်တော် ဥက္ကဌဟောင်း ဦးတာသည် တိုင်းလွှတ်တော် အဆောက်အဦး တည်ဆောက်ရေး ဒီဇိုင်းရေးဆွဲ မှုတွင် ကုမ္ပဏီက အခကြေးငွေ မယူဘဲ ရေးဆွဲဆောင်ရွက်ခဲ့သော်လည်း စာချုပ်ချုပ်ဆိုရာတွင် ပါဝင်ခြင်း မရှိသည့် ဒီဇိုင်း ရေးဆွဲခ အဖြစ် လွှတ်တော် (ပင်မ) စီမံကိန်း အဆောက်အဦ၏ ၂ ရာခိုင်နှုန်း ငွေကျပ် သိန်း ၈၄၀ ကျော်ကို ကုမ္ပဏီသို့ ထုတ်ပေး၍ လွှတ်တော် တက်သည့် ဗိုလ်ချုပ်ရုပ်ထု တည်ဆောက်ခိုင်းခဲ့၍ အဂတိမှုဖြင့် အရေးယူခံရခြင်း ဖြစ်သည်။

သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဟောင်း ဦးမြင့်ဇော် အရေးယူခံရခြင်းမှာ တိုင်းဖွံ့ ဖြိုးရေး ရန်ပုံငွေ အဖြစ် ရေနံစိမ်း တစည်လျှင် ကျပ် ၅၀၀၀ နှုန်း ကောက်ခံ၍ ရေနံစိမ်း သယ်ယူခွင့် မျှောစာများကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထုတ်ပေးခဲ့ကြောင်း၊ မြို့နယ် ၄ ခုမှ လက်ယက်တွင်း လုပ်ကွက် ၁၅ ခု၊ မြေဧက ၅၆၉ ဧက အတွက် မြေငှားရမ်းခ ကျပ်သိန်း ၃၀၀၀ ကျော် နစ်နာခဲ့မှု ဖြစ်သည်။

ဂန့်ဂေါမြို့နယ် NLD ပါတီရုံး ဆောက်လုပ်ရေးအတွက်လည်း ၂၀၁၉ ခုနှစ်ထဲတွင် ရေနံလုပ်ငန်းရှင် အသင်း ဥက္ကဌနှင့် အ
တွင်းရေးမှူးတို့ထံမှ ငွေကျပ် ၂၅ သိန်းကို ဝန်ကြီးဟောင်း ဦးမြင့်ဇော်က လက်ခံရယူခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

ဦးမြင့်ဇော်ကို အဂတိ လိုက်စားမှုအပြင် ယခင်ကတည်းက ပုဒ်မတချို့ တပ်၍ အရေးယူထားပြီး အာဏာသိမ်း စစ်ကောင် စီက ဝရမ်းပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။

ထို့ပြင် ဒေါက်တာ အောင်မိုးညို၊ ဝန်ကြီးဟောင်း ဒေါက်တာ ခင်မောင်အေး၊ ဝန်ကြီးဟောင်း ဦးတင်နွယ်ဦးတို့သည် တင်ဒါ ကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့သည့် ၁/၂၀၁၇ အမိန့် ကြေညာချက်ကို လိုက် နာခြင်း မရှိဘဲ တင်ဒါအောင်သည့် ကုမ္ပဏီများအစား အခြား ကုမ္ပဏီများကို ရွေးချယ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

လွှတ်တော် ဥက္ကဌဟောင်း ဦးတာနှင့် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးတင်နွယ်ဦးတို့သည် စလင်းမြို့နယ်ရှိ ကျေးရွာတရွာတွင် မီးလင်းရေးကိစ္စ သွားရောက်ခဲ့သဖြင့် ယခုအခါ သဘာဝဘေး စီမံခန့် ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲခံထားရပြီး ယခုအခါ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံ စွပ်စွဲခံရခြင်း ဖြစ်သည်။

လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာ ခင်မောင်အေးမှာ အစောပိုင်းတွင် အမှုတမှုမျှ မရှိသော်လည်း ယခု အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် ခံရပြီးနောက် ၎င်းနေထိုင်သည့် အိမ်တွင် ဇွန်လ ၂၂ ရက်နေ့က အဖမ်းခံခဲ့ရကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

“ဒေါက်တာ ခင်မောင်အေးကတော့ ၂၂ ရက်နေ့ကမှ ရဲစခန်းက လာဖမ်းပြီးတော့ ရမာန်ယူပြီးတော့မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အမှုဖွင့်လိုက်တာပေါ့။ သူက အရင်က ဘာအမှုမှ မရှိတော့ အပြင်မှာ နေနေတာပါ။ သူ့အမှုကို လည်း ကျနော်တို့ဆီကို ဆက်သွယ်ပြီး မိသားစုက အပ်ထားပါတယ်”ဟု ရှေ့နေ ဦးမြင့်အောင်က ပြောသည်။

နိုင်ငံရေးအမှုများဖြစ်သည့် ပုဒ်မ ၅၀၅ (ခ) အပါအဝင် တိုင်းအစိုးရ အဖွဲ့ဝင်ဟောင်းများ၏ အမှုအားလုံးကို မကွေး အကျဉ်း ထောင်ထဲရှိ အထူးတရားရုံးများတွင် စစ်ဆေးနေသော်လည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပုဒ်မဖြင့် အမှုဖွင့်ခံရသည့် အမှုများကို မကွေးတိုင်း တရားလွှတ်တော်တွင် စစ်ဆေးဖွယ်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မကွေးတိုင်း အစိုးရအဖွဲ့ တွင် တင်ဒါပြဿနာများ၊ မြေယာအမှုအခင်းများ၊ တရားမဝင် ရေနံချက်ဖို၊ တရားမဝင် ဓါတ်ဆီအရောင်းဆိုင် ကိစ္စများ ရှိခဲ့သည်မှာ မှန်သော်လည်း ယခုလို အမှုများစွာဖြင့် တမှုပြီးတမှု အရေးယူနေသည်မှာ မ ဖြစ်သင့်ကြောင်း၊ လုပ်နည်ကိုင်နည်း မှားယွင်းခဲ့မှုများအတွက် ဖြေရှင်းနိုင်သည့် အခြား နည်းလမ်းများလည်း ရှိကြောင်း မကွေးဒေသခံတဦးက ပြောသည်။

“မဟုတ်ဘူးလား ဆိုတော့လည်း တချို့ဟာတွေက ဟုတ်မှာပါ။ ဒါပေမယ့် ဒီလို ဒီအချိန်မျိုးမှာ စစ်တပ်က အခုလို အမှုတွေ တခုပြီးတခု ထပ်ပြီး စွပ်စွဲနေတာမျိုးကတော့ မကောင်းဘူး။ အစောပိုင်း အဖမ်းခံရကတည်းက ဒီလို ကိစ္စတွေနဲ့ပဲ အရေးယူ မယ်ဆိုရင်လည်း လုပ်ပေါ့။ အခုက အကုန်ဆွဲထည့်နေတော့ မြင်မကောင်းဘူး”ဟု မကွေးမြို့ မှ လူငယ်တဦးက ပြောဆိုခဲ့ သည်။

You may also like these stories:

စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ်

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် မန္တလေး PDF ၂ ဦးသေဆုံး၊ ၆ ဦး ဖမ်းခံရ

မော်လမြိုင်တွင် လူငယ်၂ ဦး စစ်ကောင်စီတပ် ပစ်ခတ်၍ သေဆုံး

Your Thoughts …
Tags: NLDစစ်ကောင်စီဒေါက်တာ အောင်မိုးညိုမကွေးတိုင်းအဂတိ လိုက်စားမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တာချီလိတ်မြို့တွင် ဇွန်လ ၈ ရက်က ဖမ်းမိသည့် မူးယစ်ဆေးဝါးသယ်ဆောင်သူများနှင့် မူးယစ်ဆေးဝါးများ

သုံးရက်အတွင်း အိုက်စ် မူးယစ်ဆေး ၃ တန်ကျော် ဖမ်းမိ

တရားရင်ဆိုင်ခြင်း ဆိုင်ရာ ဦးဆောင် ကော်မတီကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည့် ဦးဝဏ္ဏမောင်လွင်

စစ်ကောင်စီက ICJ ၌ တရားရင်ဆိုင်မည့် ဦးဆောင်ကော်မတီ ဖွဲ့စည်း

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved