• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သုံးရက်အတွင်း အိုက်စ် မူးယစ်ဆေး ၃ တန်ကျော် ဖမ်းမိ

by ဧရာဝတီ
24 June 2021
in သတင်း
A A
တာချီလိတ်မြို့တွင် ဇွန်လ ၈ ရက်က ဖမ်းမိသည့် မူးယစ်ဆေးဝါးသယ်ဆောင်သူများနှင့် မူးယစ်ဆေးဝါးများ

တာချီလိတ်မြို့တွင် ဇွန်လ ၈ ရက်က ဖမ်းမိသည့် မူးယစ်ဆေးဝါးသယ်ဆောင်သူများနှင့် မူးယစ်ဆေးဝါးများ

36.2k
VIEWS
Share on FacebookShare on Twitter

ကျိုင်းတုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့မှာ အိုက်စ် (မက်သဖက်တမင်း) မူးယစ်ဆေး ၃၂၉၀ ကီလို (သုံးတန်ကျော်) အား ၃ ရက်အတွင်း ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ တာကျောက်ရွာအနီးတွင် ဇွန် ၁၈ ရက် ညနေပိုင်းက မိုင်းဖြတ်မြို့ဘက်မှ သဲများ တင်ဆောင် မောင်းနှင်လာသည့် ယာဉ်တစီးအား စစ်ဆေးရာမှ တရုတ်လက်ဖက်ခြောက် တံဆိပ်ပါ အိတ်ခွံများဖြင့် ထည့်ထား သည့် အိုက်စ် ၁၇၁၀ ကီလိုအား ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ယင်းဖမ်းမိမှုတွင် ယာဉ်ပေါ်ပါသူ စိုင်းယီတစ်၊ အားလာနှင့် ဒီအယ် ဆိုသူတို့ကိုလည်း ၉ မမ ပစ္စတိုသေနတ် သုံးလက်နှင့်အတူ ဖမ်းမိခဲ့သည်။

အလားတူ ဇွန်လ ၂၀ ရက် မနက်ပိုင်းတွင်လည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ရှမ်းပြည် နယ်၊ သီပေါမြို့နယ်မှ ကရင်ပြည်နယ် မြဝတီမြို့သို့ ခင်မောင်မြင့်နှင့် ဇနီးဖြစ်သူ မသီရိ(ခ) အေးအေးခိုင်၊ အောင်ထူးတို့ လိုက် ပါ မောင်းနှင်လာသည့်ယာဉ်အား စစ်ဆေးရာ တရုတ်လက်ဖက်ခြောက် တံဆိပ်ပါ အိတ်ခွံများနှင့် ထုတ်ပိုးထားသည့် အိုက်စ် ၁၅၈၀ ကီလိုအား ထပ်မံ ဖမ်းမိခဲ့သည်။

သုံးရက်အတွင်း ဖမ်းဆီးရမိမှုတန်ဖိုး အနေဖြင့် ၁ ကီလို ကျပ်သိန်း ၄၀၀ ဖြင့် တွက်ချက်ပါက တန်ဖိုးကျပ် ၁၃၁.၆ ဘီလီယံ အထိ ရှိနေသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်ကလည်း တာချီလိတ်မြို့၊ ပါဆတ် ရပ်ကွက်ရှိ ရာဘာခြံအတွင်းဂိုထောင်မှ တန်ဖိုးကျပ် ၁၄.၃၆၆ ဘီ လီယံ တန်ဖိုးရှိ ဘိန်းဖြူ ၈၉၃.၉ ကီလို၊ စိတ်ကြွဆေးပြား ၁၈ သိန်းပြားနှင့် အခြား မူးယစ်ဆေးများ၊ ပစ္စတိုတလက်၊ မော်ယာဉ် မျိုးစုံ ၁၀ စီးတို့အား ဖမ်းမိခဲ့သေးသည်။

တရုတ် လက်ဖက်ခြောက် တံဆိပ် GUAN YIN WANG ၊ Refined Chinese Tea စသည့် တံဆိပ်ပါ အိတ်ခွံများဖြင့် ထုပ်ပိုးထား သည့် အိုက်စ် မူးယစ်ဆေးများအား ပြီးခဲ့သည့် နှစ်နှစ်အတွင်း တနင်္သာရီ ကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်းနှင့် လက်ခုပ်ကုန်း ကမ်းခြေတို့တွင် တန်နှင့်ချီ ဖမ်းမိခဲ့ကြသည်။

ရဲတပ်ဖွဲ့၏အဆိုအရ အဆိုပါ မူးယစ်ဆေးများသည် ရှမ်းပြည်နယ်အတွင်းမှ ပြည်ပနိုင်ငံများသို့ ရေကြောင်းမှတဆင့် တင်ပို့မည့် ပစ္စည်းများ ဖြစ်ကြောင်းလည်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
78
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
30
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
93

လက်ရှိ မြန်မာနိုင်ငံအတွင်း စစ်တပ် အာဏာသိမ်းမှုကြောင့် မငြိမ်မသက် ဖြစ်နေချိန်တွင် မူးယစ် ရာဇဝတ်ဂိုဏ်းနှင့် တိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့အချို့မှ မူးယစ်ဆေးဝါး ထုတ်လုပ်ကုန်ကူးခြင်းများ ပိုမိုပြုလုပ်လာနိုင်ကြောင်း ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ (UNODC) က ပြီးခဲ့သည့်လအတွင်း သတိပေး ပြောကြားထားသည်။

“အကျပ်အတည်း ကြုံရတဲ့ ကာလမျိုးမှာ ထုတ်လုပ်မှုတွေ တိုးအောင် လုပ်တာမျိုးတွေ ရှိနေပါတယ်။ ရှေ့လာမယ့် ၂ လ၊ ၃ လ၊ ရေတိုကာလမှာ ဖြစ်လာမယ်လို့လည်း ခန့်မှန်းပါတယ်။ ရှမ်းပြည်နယ်ကနေ ထုတ်လုပ်မှုတွေ တိုးလာတာမျိုး စပြီး တွေ့လာရ နိုင်ပါတယ်” ဟု UNODC အရာရှိ ဖြစ်သူ Jeremy Douglas က ဆိုထားပါတယ်။

အထူးသဖြင့် ရွှေတြိဂံဒေသအတွင်းမှ အိုက် (မက်သဖက်တမင်း) ထုတ်လုပ်ခြင်းနှင့် ထိန်းချုပ်ဓာတုဆေးဝါးများ ဖမ်းမိမှုများမှ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာလများအတွင်း နယ်စပ်နှင့်လမ်းကြောင်းများ ပိုမို ထိန်းချုပ် ပိတ်ပင်ခဲ့သော်လည်း ရပ် တန့်သွားခြင်း မရှိဘဲ ကပ်ရောဂါထိန်းချုပ်ရေး အာရုံစိုက်နေမှုကို မူးယစ်မှောင်ခိုများက အခွင့်အရေး ယူသည့် လက္ခဏာပင် ဖြစ်သည် ဟုလည်း UNODC က မကြာသေးမီက သတိပေးထားသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ တားဆီး ထိန်းချုပ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်းမှာလည်း ၂၀၁၉ ခုနှစ်ကထက် မူးယစ် ဆေးဝါးနှင့် ထိန်းချုပ် ဓာတုဆေးဝါများ ပိုမို ဖမ်းမိခဲ့ပြီး ၂၀၂၀ အတွင်း မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုဆေးဝါး တန်ဖိုးကျပ် ၁၄၃၆.၃၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဘီလီယံ) ဖမ်းမိခဲ့သည်။

ထိုဖမ်းမိမှုတွင် အိုက်စ် (မက်သဖက်တမင်း) ၁၇ တန် ကျော်ပါဝင်ပြီး ၂၀၁၉ ခုနှစ်ကထက် ၈ တန်နီးပါး ပိုများခဲ့သည်။ စိတ်ကြွ ဆေးပြားအနေဖြင့်လည်း ၂၀၂၀ တွင် ဆေးပြား ၃၂၈.၄၁ သန်းနှင့် စိတ်ကြွဆေးပြားအကြေမှုန့် ၂ တန်ကျော်ဖမ်းမိခဲ့ပြီး ၂၀၁၉ ခုနှစ်ထက် စိတ်ကြွဆေးပြား ၂၁၉ သန်းပြားကျော် ဖမ်းမိခဲ့သည်။

မူးယစ်မှောင်ခိုများ အနေဖြင့်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းအနေဖြင့် မူလသတ်မှတ်ထား သည့် စာရင်းတွင် မပါဝင်သည့် ဓာတုပစ္စည်းများအား ပြောင်းလဲ အသုံးပြုမှု ရှိလာသည့်အတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါး ကော်မရှင် (CND) က သတ်မှတ်သည့် ဓာတုပစ္စည်း ၃ မျိုးနှင့် မြန်မာနိုင်ငံ လိုအပ်ချက်အရ သတ်မှတ်သည့် ၇ မျိုးတို့အား ထိန်းချုပ် ဓာတုပစ္စည်းများအဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။

You may also like these stories:

တာချီလိတ်၌ မူးယစ်ဆေး ကျပ် ၁၄ ဘီလီယံကျော်ဖိုး ဖမ်းမိပြီးနောက် ခရိုင်ရဲရုံး ပစ်ခတ်ခံရ

ဆယ်ကျော်သက်တဦးကို လည်ပင်းအထိမြေမြှုပ်ပြီး ညှင်းဆဲဟု HRW ပြော

Your Thoughts …
Tags: ကျိုက်ထိုကျိုင်းတုံတရုတ် လက်ဖက်ခြောက်တံဆိပ်အိတ်မူးယစ်ဆေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.5k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

တြိဂံတိုင်းစစ်ဌာနချုပ် ကျိုင်းတုံကို တိုက်ခိုက်မည်မဟုတ်ဟု UWSA “ဝ”ထုတ်ပြန်

တြိဂံတိုင်းစစ်ဌာနချုပ် ကျိုင်းတုံကို တိုက်ခိုက်မည်မဟုတ်ဟု UWSA “ဝ”ထုတ်ပြန်

by ဧရာဝတီ
17 January 2024
8.5k

ရှမ်းပြည်မြောက်ပိုင်းဒေသတွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီထားမှုကို လက်နက်ကိုင်အဖွဲ့အားလုံးက လိုက်နာကြမည်ဟု မျှော်လင့်ကြောင်း

၂၀၁၉ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပသော ကရင့်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အခမ်းအနား  / AFP

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

by Bertil Lintner
9 May 2022
54.1k

DEA သည် မြန်မာနိုင်ငံတွင်းမှ မည်သူမျှ မကြားဖူးသည့် အပြောကောင်းသော ဂျပန် လူလိမ်တယောက်နှင့် ထိုင်း လူလိမ် သုံးဦးကို ဖမ်းမိခြင်းသာ ဖြစ်နိုင်သည်။

ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး ရှမ်းအရှေ့ ပြောင်းပြီလား

ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး ရှမ်းအရှေ့ ပြောင်းပြီလား

by ဧရာဝတီ
11 March 2024
3.5k

ကျိုင်းတုံ-မိုင်းလားလမ်းဟာ ၅၂ မိုင်သာ ရှည်ပြီး တရုတ်နိုင်ငံကနေ ရှမ်းပြည် အရှေ့ပိုင်းမြို့တော် ကျိုင်းတုံကိုဖြတ်ကာ ထိုင်း၊ လာအိုနိုင်ငံတွေနဲ့ ဆက်သွယ်ဖို့ အတိုဆုံးလမ်းကြောင်း ဖြစ်သလို ရှမ်းပြည်အရှေ့ပိုင်းဟာ တိုက်ပွဲတွေနဲ့ ယာယီ ကင်းလွတ် နယ်မြေလို့လည်း ဆိုနိုင်ပါတယ်။

၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်နေ့က ကျိုင်းတုံတွင် ဌာပနာပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဘုရားမှ ထူးခြားသော ရွှေရောင်ဆေးချယ်ထားသည့် ခေါင်းလောင်းတခုကို ကိုးကြိမ် တီးခတ်သည် / Cincds

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်

by ဧရာဝတီ
17 May 2023
23.5k

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကမ်းရိုးတန်းသို့ မေလ ၁၃ ရက်နေ့က ဆိုင်ကလုန်းမိုခါ ဝင်ရောက်ခါနီးတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဗေဒင်အရ ယတြာချေနေသည်။

ကျိုက်ထိုတွင် သတင်းသမား ၂ ဦး အပါအဝင် ၄ ဦး စစ်တပ်စီးနင်း သတ်ဖြတ်

ကျိုက်ထိုတွင် သတင်းသမား ၂ ဦး အပါအဝင် ၄ ဦး စစ်တပ်စီးနင်း သတ်ဖြတ်

by ဧရာဝတီ
23 August 2024
1.5k

တော်လှန်ရေးတပ်ဖွဲ့များ ရောက်နေသည်ဆိုသော သတင်းပေးမှုကြောင့် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်

Next Post
တရားရင်ဆိုင်ခြင်း ဆိုင်ရာ ဦးဆောင် ကော်မတီကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည့် ဦးဝဏ္ဏမောင်လွင်

စစ်ကောင်စီက ICJ ၌ တရားရင်ဆိုင်မည့် ဦးဆောင်ကော်မတီ ဖွဲ့စည်း

မော်စကိုပြန်

မော်စကိုပြန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved