• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဇာနည်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရန် မသေချာ

by ဧရာဝတီ
17 July 2021
in သတင်း
A A
၂၀၁၆ ခုနှစ် အာဇာနည်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပန်းခွေချစဉ် / ဧရာဝတီ

၂၀၁၆ ခုနှစ် အာဇာနည်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပန်းခွေချစဉ် / ဧရာဝတီ

18k
VIEWS
Share on FacebookShare on Twitter

အာဇာနည်နေ့သည် ဇူလိုင်လ ၁၉ ရက်နေ့ဖြစ်ပြီး ဖခင် ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေး လှုပ်ရှားမှု လုပ်ဖေါ်ကိုင်ဖက်များ ၁၉၄၇ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံရခြင်း အထိမ်းအမှတ် အာဇာနည် နေ့အခမ်းအနားသို့ ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို တက်ခွင့်ပေးမည် မပေးမည်ကို မသိရသေးပေ။

၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၇၅ ခုနှစ် နိုင်ငံတော်ကာကွယ်ရေး ဥပဒေဖြင့် နေအိမ်တွင် ပထမဆုံး ဖမ်းဆီးသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အကြား နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီခေတ်အတွင်း ၁၅ နှစ်ကြာနေအိမ်တွင် ဖမ်းဆီးခံရပြီး ထိုကာလအတွင်း ခေတ္တမျှ ပြန်လွှတ်ထားပေးသည်လည်း ရှိသည်။

ထိုစဉ်က ဒီမိုကရေစီခေါင်းဆောင်ကို ပြည်သူလူထု တွေ့မြင်ခွင့်ရသည့် အချိန်မှာ အရောင်ဖျော့ လက်ရှည်ဘလောက်စ် အင်္ကျီ၊ အမဲရောင်လုံချည်နှင့် ပုဝါတို့နှင့် ရန်ကုန်ရှိ အာဇာနည်ဗိမာန်တွင် အလျှင်အမြန် ပန်းခွေချသည်ကို ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ချိန် ဖြစ်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို သူမကို ဖမ်းဆီးထားရာ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ သို့ ပြန်ခေါ်သွားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင်ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးပြီး တနှစ်တကြာ ၂၀၁၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနား တက်ရောက်သည့် ဓါတ်ပုံများကို အစိုးရ သတင်းစာများတွင် ပထမဆုံးအကြိမ်ဖေါ်ပြသည်။

စစ်တပ်က တိုင်းပြည်ကို သိမ်းပိုက်ထားစဉ် ထိုအခမ်းအနားသို့ ဝန်ကြီးများ သို့မဟုတ် ရန်ကုန်မြို့တော်ဝန် တို့သာ တက်ရောက်လေ့ရှိသည်။ ဆယ်စုနှစ် ၅ ခုအတွင်း ပထမဆုံး နိုင်ငံတော်အဆင့် အာဇာနည်နေ့အခမ်းအနားကို ၂၀၁၂ ခုနှစ်က အရပ်သားတပိုင်း အစိုးရအောက်တွင် ဒုသမ္မတက ဦးစီးကျင်းပသည်။

အာဇာနည်နေ့အခမ်းအနားကို သမ္မတက ပထမဆုံးအကြိမ် တက်ရောက်သည်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၆ ခုနှစ်တွင် အာဏာရပြီး ၃ နှစ်အကြာ ၂၀၁၉ ခုနှစ်တွင်ဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
296
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
124
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖခင်နှင့် အခြားအာဇာနည်များ လုပ်ကြံခံရခြင်း နှစ်ပတ်လည် အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ရှိ သူမ၏နေအိမ်တွင် ဆွမ်းကပ်သောအခါ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ သွားရောက်သည်။ ၁၉၈၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဒေါ်ခင်ကြည်ဈာပနတွင် ဗိုလ်ချုပ်မှူးကြီးစောမောင်က ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ သွားရောက်ပြီးနောက်ပိုင်း စစ်တပ်အကြီးအကဲတဦးက ထိုအိမ်သို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည်။

ထိုနောက်နှစ်များတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်ခန့် ဒု သမ္မတတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့နှင့်အတူ အာဇာနည်နေ့အခမ်းအနားများကို တက်ရောက်ပြီး လွမ်းသူ့ပန်းခွေချကြသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းယူမှုအပြီး ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းလိုက်ပြီး တပ်ခန့် ဒု သမ္မတ ဦးမြင့်ဆွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာလွှဲသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ လူမသိသူမသိနေရာတွင် ဖမ်းဆီးခံထားရပြီး ၇၅ နှစ်အထိ ထောင်ကျနိုင်သည့် စွပ်စွဲချက်အမျိုးမျိုးကို ရင်ဆိုင်နေရသည်။

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်တိုင်းကျရွေးချယ်ခဲ့သော စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား တက်ခွင့်ပေးမပေးကို စောင့်ကြည့်ရမည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Uncertainty Over Whether Suu Kyi Will Attend Martyrs’ Day Event ကို ဘာသာပြန်သည်။)

You may also like these stories:

အာဏာသိမ်းည ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအဖွဲ့များရှိမနေ

မြန်မာ့ဆယ်လီဘရစ်တီများ သေဆုံးခြင်း

မြန်မာ့အော်ဝဲလ် ခေတ်သစ်

Your Thoughts …
Tags: တက်ရန် မသေချာဒေါ်အောင်ဆန်းစုကြည်ဗိုလ်ချုပ်အောင်ဆန်းအာဇာနည်နေ့အခမ်းအနား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
လူသတ်ပိုးမွှားများ အလိုမရှိ

လူသတ်ပိုးမွှားများ အလိုမရှိ

အဆိုတော် ကော်နီ  / Tun Connie's Facebook

ကိုယ်ခံအားနည်းနေချိန်မှာ COVID-19 ကူးစက်ခံခဲ့ရတဲ့ ကော်နီ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved