• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သရုပ်ဆောင် ရဲတိုက်နှင့် ပိုင်တံခွန် အင်းစိန်ထောင်တွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိ

by ဧရာဝတီ
2 September 2021
in သတင်း
A A
သရုပ်ဆောင် ရဲတိုက်နှင့် ပိုင်တံခွန်

သရုပ်ဆောင် ရဲတိုက်နှင့် ပိုင်တံခွန်

25.4k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာရှင်ကို ပြည်သူများနှင့် တသားတည်း ဆန့်ကျင်ခဲ့ကြသည့် အနုပညာရှင်များထဲမှ သရုပ်ဆောင် ရဲတိုက်နှင့် ပိုင်တံခွန်သည် အင်းစိန် အကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရပြီး ထောင်အတွင်း ကျန်းမာရေး ကောင်းမွန်လျက်ရှိ ကြောင်း ၎င်းတို့၏ ရှေ့နေများထံက သိရသည်။

“ပိုင်တံခွန်တို့ ရဲတိုက်တို့နဲ့ ပတ်သက်လို့ကတော့ အကျဉ်းထောင် တာဝန်ခံတွေနဲ့ အဆက်မပြတ် မေးမြန်းချက်အရ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိထားတယ်။ ထိန်းသိမ်းခံထားရတဲ့ သူတွေကလည်း သူတို့ မိသားစုဝင်တွေနဲ့ စာ အဆက်အသွယ်ရပြီး ကျန်းကျန်းမာမာ ရှိနေတယ်လို့ ပြောကြတယ်။ လတ်တလောအနေနဲ့ ကူးစက်မှုတွေ မရှိဘူးလို့ သိရတယ်” ဟု ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။

ကိုဗစ်ကူးစက်မှုကြောင့် ထောင်တွင်း ထိန်းသိမ်းခံရသူများနှင့် ပြင်ပလူများ၏ တွေ့ဆုံမှုကို တားမြစ်ထားသည့်အတွက် ပစ္စည်းပို့ခွင့်နှင့် စာချင်း ဆက်သွယ်ခွင့်သာ ရရှိကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့၏ အမှုများကို စစ်ဆေးမှု ရပ်ဆိုင်းထားပြီး ယခင် သတ်မှတ်ထားသည့် ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ် စစ်ဆေးမှု အစီအစဉ်လည်း ပျက်ပြယ်ကြောင်း သိရသည်။

ဦးခင်မောင်မြင့်က “မူလကတော့ ရုံးချိန်းတွေကို အတိအကျ သတ်မှတ်ထားတာ ရှိတယ်။ အသေးစိတ် စီစဉ်ထားတာ စွဲ ချက်တင်တဲ့ အခြေအနေအထိပေါ့။ ကြားထဲမှာ အင်းစိန်ထောင်က လော့ဒေါင်း ချလိုက်တာရယ် နစက က ရုံးပိတ်ရက် တွေ ကြေညာထားလိုက်တာရယ်။ ဒါတွေကြောင့် ကျနော်တို့ စီစဉ်ထားတာတွေက ပျက်ပြယ်သွားပြီပေါ့” ဟု ပြောသည်။

သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်အား ဧပြီလ ၈ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံနေအိမ်တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့ ကြခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅- က ဖြင့် တရားစွဲဆိုထားကာ အဆိုပါ အမှုအား တရားရုံး စွဲတင်ခဲ့သည့် မေလ ၄ ရက်မှ စတင်၍ ရက်ပေါင်း ၁၈၀ အတွင်း အပြီး စစ်ဆေးသွားမည် ဖြစ်ကြောင်း သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် ရဲတိုက်ကို လသာမြို့မ ရဲစခန်းတွင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားပြီး မရမ်းကုန်းမြို့မ ရဲစခန်းတွင် မူး ယစ်ပုဒ်မ ၁၆(ဂ) ဖြင့် တရားစွဲဆိုထားပြီး ၎င်း၏အမှု ၂ ခုကိုလည်း ၁ မှုလျှင် ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးသွားရန် သတ်မှတ်ထားခဲ့သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
68
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

အင်းစိန်ထောင်တွင်း ကိုဗစ်ကူးစက်မှု အခြေအနေများကြောင့် ထောင်တွင်း ရုံးထုတ်စစ်ဆေးမှုများကို ဇူလိုင်လ ၈ ရက်မှ စတင်ပြီး စက်တင်ဘာလ ၁၀ ရက်ထိ ရပ်ဆိုင်းထားသည်။

အင်းစိန်ထောင်တွင်း ထိန်းသိမ်းခံထားရသူများနှင့် ပြင်ပမှ မိသားစုများ တွေ့ဆုံမှုအား ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်၍ တားမြစ်ထားပြီး ပစ္စည်းပို့ခွင့်၊ စာရေးသားခွင့်သာ ရှိကြောင်း ရှိကြောင်း သိရသည်။

You may also like these stories:

ကိုဗစ်ကူးစက်ပျံ့နှံ့မှုများကြောင့် အင်းစိန်ထောင်တွင်း ရုံးထုတ် စစ်ဆေးမှု ယာယီရပ်ဆိုင်း

ပိုင်တံခွန် မလွတ်သေးတာကြောင့် မိသားစုဝင်များ စိတ်မကောင်းဖြစ်နေ

၅၀၅ (က) ဖြင့် တရားစွဲခံရသည့် အနုပညာရှင်တချို့ အဖမ်းမခံရစေရန် ခံဝန်ရေးထိုး

Your Thoughts …
Tags: ကိုဗစ်ရောဂါပိုင်တံခွန်ပုဒ်မ ၅၀၅ (က)ရဲတိုက်အင်းစိန်ထောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

by ခင်နဒီ
29 February 2024
5.1k

"၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု အများဖြစ်တယ်" ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

လျှို့ဝှက်သော ထောင်တိုးချဲ့မှုများ ဂြိုဟ်တုမှ တွေ့ရ

လျှို့ဝှက်သော ထောင်တိုးချဲ့မှုများ ဂြိုဟ်တုမှ တွေ့ရ

by ဧရာဝတီ
2 February 2024
3.6k

အာဏာသိမ်းပြီးကာလ ထောင်စနစ်တိုးချဲ့ခြင်းသည် နိုင်ငံရေး အတိုက်အခံများ၊ သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများကို အစုလိုက်အပြုံလိုက်ဖမ်းဆီးချိန်နှင့် တိုက်ဆိုင်နေသည်။

စာရေးဆရာမ ဒေါ်သန်းမြင့်အောင်  / ဧရာဝတီ

ပရဟိတ မိခင်ကြီး စာရေးဆရာမ ဒေါ်သန်းမြင့်အောင်

by ဧရာဝတီ
11 February 2022
13.1k

ပရဟိတ မိခင်ကြီးအဖြစ် လူအများက လေးစားချစ်ခင်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှာ ၂၀၂၁ ဖေဖော် ဝါရီ ၁ ရက် စစ်တပ်က အာဏာစသိမ်းကတည်းက ဖမ်းဆီးခံခဲ့ရပြီး ယင်းနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ပုဒ်မ ၅၀၅-က...

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

by ဧရာဝတီ
18 October 2024
730

ဖမ်းဆီးခံလိုက်ရသည့် သပိတ်အဖွဲ့ဝင် ကိုရှိန်းဝေအောင်နှင့် ကိုပိုင်ဖြိုးမင်းတို့ ၂ ဦးတို့ကို လက်ရှိအချိန်ထိ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်ပြီး ကိုရှိန်းဝေအောင်၏ မိသားစုဝင် ၃ဦးလည်း ဖမ်းဆီးခံထားရကြောင်း

တပတ်အတွင်း အကျဉ်းသား ရာနှင့်ချီ ထောင်ပြောင်းရွှေ့မှုများလုပ်နေ

တပတ်အတွင်း အကျဉ်းသား ရာနှင့်ချီ ထောင်ပြောင်းရွှေ့မှုများလုပ်နေ

by ဧရာဝတီ
25 June 2024
316

ပြောင်းရွှေ့လိုက်သည့် ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်တို့မှာ နိုင်ငံရေး အကျဉ်းသားများအား ဖိနှိပ်မှုအများဆုံးနှင့် အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုများတွင် နာမည်ကြီးသည့် အကျဉ်းထောင်များ ဖြစ်

မဝတ်ရည်အောင် သေဆုံးမှုရဲ့ နောက်ကွယ် (ရုပ်/သံ)

မဝတ်ရည်အောင် သေဆုံးမှုရဲ့ နောက်ကွယ် (ရုပ်/သံ)

by ဧရာဝတီ
26 July 2025
302

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (DUSU) ရဲ့ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်ဟာအင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရစဉ် ၂၀၂၅ ခုနှစ်ဇူလိုင်လ ၂၀ ရက်နေ့မှာ သေဆုံးသွားခဲ့ရပါတယ်။

Next Post
နယ်ထောင်များသို့ပြောင်းရွှေ့ခံရသည့် အထဲတွင်ပါဝင်သည့် ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချော

စစ်ခုံရုံးက အမိန့်ချသည့် နိုင်ငံရေးအကျဉ်းသားတချို့ နယ်ထောင်များသို့ ပြောင်းရွှေ့ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့

မောင်တောတွင် လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့ တိုက်ခိုက်မှုကြောင့် ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved