• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ခုံရုံးက အမိန့်ချသည့် နိုင်ငံရေးအကျဉ်းသားတချို့ နယ်ထောင်များသို့ ပြောင်းရွှေ့ခံရ

by ဧရာဝတီ
2 September 2021
in သတင်း
A A
နယ်ထောင်များသို့ပြောင်းရွှေ့ခံရသည့် အထဲတွင်ပါဝင်သည့် ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချော

နယ်ထောင်များသို့ပြောင်းရွှေ့ခံရသည့် အထဲတွင်ပါဝင်သည့် ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချော

20.8k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တွင် ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲကာ စစ်ခုံရုံးက ပြစ်ဒဏ်အမိန့် ချမှတ်ပြီးသူ နိုင်ငံရေးအကျဉ်းသား ၃၀ ဦးခန့်အား အင်းစိန်ထောင်မှ နယ်ဘက်အကျဉ်းထောင်များသို့ ပြောင်းရွှေ့ ပို့ဆောင်လိုက်ကြောင်း ရှေ့နေများထံမှ သိရသည်။

အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသူများအား အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေတဦးက “ပြီးခဲ့တဲ့ ၂ ရက်လောက်ကပဲ ပို့လိုက်တာပါ။ သရက်ထောင်၊ သာယာဝတီထောင်နဲ့ မြင်းခြံထောင်တွေလို့ သိရတယ်။ အားလုံး ၃၀ ဦးပါ။ ဘယ်သူတွေပါသလဲ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြောသည်။

ထိုသို့ ပြစ်ဒဏ်ချမှတ်ပြီးသား အကျဉ်းသား၊ အကျဉ်းသူများအား ထောင်ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ ဌာနတွင်း ကိစ္စရပ်များသာ ဖြစ်သည့်အတွက် ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိကြောင်း အကျဉ်းဦးစီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ ဦးချမ်းအေးကျော်က ပြောသည်။

၎င်းက “ဒီလိုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေ အနေနဲ့ အင်းစိန်အကျဉ်းထောင်ကို စာနဲ့ ဆက်သွယ်လို့ ရပါ တယ်။ သူတို့ကို ဘယ်မြို့နယ်မှာ တရားစွဲတယ်၊ ဘယ်မှာရှိတယ်၊ ဘယ်လိုဆိုတာ ဆက်သွယ် မေးမြန်လို့ရပါတယ်” ဟု ပြောဆိုသည်။

လတ်တလော ထွက်ပေါ်နေသည့် သတင်းများအရ နယ်ဘက်အကျဉ်းထောင်များသို့ ပြောင်းရွှေ့ခံရသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ် စားလှယ်ဟောင်းဖြစ်သူ ဒေါ်နီနီမေမြင့်နှင့် ၂၀၂၀ ရွေးကောက် ပွဲ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ ပါဝင်နေကြောင်း သိရသည်။

ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့မှာ မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့တွင် ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံရကာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသည်ဟု ကြားသိထားရကြောင်း ဒေါ်နီနီမေမြင့် ၏ ခင်ပွန်းဖြစ်သူက ပြောသည်။

၎င်းက “သူ့ကို (ဒေါ်နီနီမေမြင့်) ထောင် ၃ နှစ် ချလိုက်တယ်လို့ သိထားတယ်။ အခု သရက်ထောင်ကို ပြောင်းရွှေ့တယ် လို့ သိရပေမယ့် မိသားစုကို တရားဝင် အသိပေး အကြောင်းကြားတာတော့ မရှိသေးဘူး။ သူလည်း ဆက်သွယ်ဖို့ မရ လိုက်ဘူး ထင်ပါတယ်။ ဒေါ်ချစ်ချစ်ချောကတော့ မြင်းခြံထောင် ပါသွားတယ်လို့ သိရတယ်။ ပြောင်းတာ သူတို့အပါ ဆို ပုဒ်မ ၅၀၅-က အမျိုးသမီးတွေချည်းပဲ လူ ၃၀ လောက် ရှိတယ်လို့လည်း သိရပါတယ်။ အခု ပိုပြီးသေချာအောင် ထပ် ပြီးတော့ စုံစမ်းနေပါတယ်” ဟု ဆိုသည်။

မိသားစုဝင်များ အနေဖြင့် ဒေါ်နီနီမေမြင့်နှင့် ပတ်သက်၍ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်က စာအဆက်အသွယ် ဖြင့် နောက်ဆုံးအကြိမ် အဆက်အသွယ်ရခဲ့ပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း သိခဲ့ရသော်လည်း နောက်ပိုင်းတွင် မည်သည့် အဆက်အသွယ်မှ မရတော့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံရေးကာလ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း NLD လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချောနှင့် တောင်ကုတ်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်တို့မှာ တောင်ကုတ်မြို့မှ ၁၅ မိုင်ခန့်အကွာ ဖောင်းကားရွာသို့ စည်းရုံးရေး သွားရောက်စဉ် ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့ရာ ၇၉ ရက်ကြာ ချုပ်နှောင်ထားပြီးနောက် ၂၀၂၁ ဇန်နဝါရီ ၁ ရက်နေ့တွင်မှ ပြန်လွှတ်ပေးခဲ့သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
53
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
65

နိုင်ငံရေး အမှုများဖြင့် တရားစွဲဆိုခံရပြီး ပြစ်ဒဏ်အမိန့် ချမှတ်ခံရပြီးသည့် နိုင်ငံရေး အကျဉ်းသားများအား ယခုကဲ့သို့ နယ်ဘက်အကျဉ်းထောင်များသို့ ရွှေ့ပြောင်းပို့ဆောင်ခြင်းမှာ ယခင်စစ်အစိုးရများ လက်ထက်ကလည်း လုပ်ဆောင်ခဲ့ ကြကြောင်း ရှေ့နေတဦးက ပြောသည်။

၎င်းက “ဟိုတုန်းကလည်း နိုင်ငံရေးအကျဉ်းသားတွေကို ဒီလိုမျိုး နယ်ဘက်ထောင်တွေကို ပို့ခဲ့တာတွေ ရှိပါတယ်။ မိသားစုတွေ အတွက်တော့ အရမ်းဝေးသွားတဲ့အတွက် အခက်အခဲတွေ ကြုံတွေ့ရတာတော့ ရှိမှာပါပဲ” ဟု ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ စစ်တပ် အာဏာသိမ်းခဲ့ သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စက်တင်ဘာ ၁ ရက်နေ့အထိ စစ်ကောင်စီ တပ်များ၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှု ကြောင့် ကလေးငယ်များ အပါအဝင် သေဆုံးသူ ၁,၀၄၁ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာရင်းသည် AAPP အနေဖြင့် ကောက်ယူရရှိထားသည့် စာရင်းသာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူ အရေ အတွက်မှာ ပိုများနေနိုင်ကြောင်းလည်း AAPP က ဆိုသည်။
ထို့ပြင် AAPP ၏ ထုတ်ပြန်ချက်အရ အကျဉ်းထောင်များအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဦးရေမှာ ၆,၁၀၇ ဦးရှိပြီး ၎င်းတို့ထဲမှ ၂၆၀ ဦးမှာ ထောင်ဒဏ် ချမှတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

ထောင်ဒဏ် ချမှတ်ခံထားရသူများအနက် အသက် ၁၈ နှစ် ကလေး ၂ ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံရ ခြင်းဖြစ်ပြီး ဖမ်းဝရမ်း ထုတ်ခံထားရသူူများထဲမှ ၃၉ ဦးမှာလည်း မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသည့် အတွက် စုစုပေါင်း သေဒဏ်ချမှတ်ခံရသူ ၆၅ ဦး ရှိပြီ ဖြစ်သည်။

You may also like these stories:

Mizzama အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်အမှု တရားလိုဘက် စတင် စစ်ဆေး

ဟားခါးတွင် တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားနေ၊ စစ်သား ၁၀ ဦး ထပ်မံ ကျဆုံးဟု ဆို

ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ

တရားဥပဒေ စိုးမိုးရေး ဖျက်ဆီးရန် အာဏာသိမ်းစစ်အုပ်စု ကြိုတင်ပြင်ဆင်ခဲ့

Your Thoughts …
Tags: စစ်ခုံရုံးနိုင်ငံရေးအကျဉ်းသားပုဒ်မ ၅၀၅ (က)အင်းစိန်ထောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

by ဧရာဝတီ
31 October 2023
26.6k

ဒီအမှုမှာစစ်မယ်ဆိုရင် ကစထမှူး (ဒုဗိုလ်ချုပ်ကြီး တေဇကျော်) ထိ ပါဝင်ပတ်သက်မှုရှိမှာပေါ့။ ဒါပေမယ့် မင်းအောင်လှိုင်က ဘယ်လောက်မှာပဲ ဖြတ်လိုက်ဆိုတော့ တိုင်းမှူးနဲ့ အောက်ကအရာရှိတွေပဲ အရေးယူခံရတာ

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

by ဧရာဝတီ
3 January 2025
15k

ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာဆွေးနွေးပွဲကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တဦးဖြစ်သူ ဦးမြအေး အပါအဝင် စုစုပေါင်း ၃၉ ဦး...

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ

စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ

by ဝေမင်းထွန်း
16 August 2024
12.6k

ထို့ပြင် မင်းအောင်လှိုင်သည် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ကဲ့သို့ အရှင်ထွက် ထွက်နိုင်သည့် အရည်အချင်း မရှိပေ။ သူ့အတွက် အသေထွက် ထွက်ဖို့သာရှိ၏။

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၁

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၁

by အေးချမ်းဆု
28 May 2024
11.1k

စစ်ရေးအရ ရှုံးနိမ့်မှု အကျိုးဆက်အဖြစ် စစ်ကောင်စီသည် တနိုင်ငံလုံးအနှံ့ မြို့ပေါင်း ၆၀ ကျော်ခန့် လက်လွှတ်ခဲ့ရပြီဖြစ်၏။

Next Post
ရခိုင်ပြည်နယ် မောင်တောမြို့

မောင်တောတွင် လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့ တိုက်ခိုက်မှုကြောင့် ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

ကျေးဇူးတော်ရွာ  / ယွားဗျုဒိုကျေးရွာဖေ့စ်ဘုတ်

စစ်ကောင်စီတပ်များ၏ ခြိမ်းခြောက်ခြင်းခံရသည့် ကျေးဇူးတော်ရွာသားများ နေရပ်မပြန်ရဲသေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved