• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်၏ နယ်နိမိတ်လုံခြုံရေး တိုးမြှင့်မှု နယ်စပ်ရှိ မြန်မာများ အခက်တွေ့

by ဧရာဝတီ
27 October 2021
in သတင်း
A A
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော မူဆယ်မြို့  / ဧရာဝတီ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော မူဆယ်မြို့ / ဧရာဝတီ

6.6k
VIEWS
Share on FacebookShare on Twitter

တရုတ်က ကုန်းတွင်းနယ်စပ်လုံခြုံရေး တိုးမြှင့်သည့် ဥပဒေတရပ်ကို အောက်တိုဘာ ဒုတိယပတ်က ပြဋ္ဌာန်းလိုက်ရသဖြင့် မြန်မာနယ်စပ် တလျှောက်ရှိ ကုန်သည်နှင့် ရွေ့ပြောင်းလုပ်သားများ အခက်အခဲများ ပိုကြုံတွေ့လာရကြောင်း သိရသည်။

အဆိုပါ ဥပဒေသည် တရုတ်ပြည်၏ အချုပ်ခြာအာဏာနှင့် နယ်နိမိတ်ကို ထိရောက်စွာ ကာကွယ်သွားရန်ဖြစ်ပြီး အိန္ဒိယနှင့် နယ်နိမိတ် အငြင်းပွားမှုများ၊ အာဖဂန်တွင် တာလီဘန်များ အာဏာပြန်ရပြီးနောက် ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက် လာနိုင်မှု၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံများမှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လာနိုင်သည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနိုင်ခြင်း စသည်တို့ကြောင့် နယ်စပ်လုံခြုံရေး တိုးမြှင့်ရန်အတွက် ပြဋ္ဌာန်းလိုက်ခြင်း လည်း ဖြစ်သည်။

မူဆယ်နယ်စပ် ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက “ဒီပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာလဲ ဆိုတော့ ကျယ်ဂေါင်မှာရှိတဲ့ ကားဂိတ်တွေကို ဒီလကုန်မှာ အပြီးရှင်းခိုင်းနေတယ်။ ကားဂိတ်နဲ့ ဂိုဒေါင်မှာ တွဲထားတဲ့ ပစ္စည်းတွေကို ပြန်သယ်ပါတဲ့။ သူတို့ အကြောင်းပြချက်ကတော့ ဂျယ်ဂေါင်ကို အဆင့်မြင့် ကုန်းတွင်း ကုန်သွယ်ရေးဇုန်တခု တည်ထောင်မှာ ဖြစ်တဲ့အတွက် ကားဂိတ်တွေ၊ ကားဂိတ်နဲ့ တွဲထားတဲ့ ကုန်ပစ္စည်းတွေကို တခြား ဂိုဒေါင်တွေကို ရွှေ့ခိုင်းနေ တယ်။ ရွှေ့ခိုင်းတော့လည်း တချို့ပစ္စည်းတွေက တရုတ်ပြည်ကို ဆက်သွားလို့ မရဘူး။ မြန်မာပြည်ကို ပြန်သယ်ရမှာ။ နယ် စပ်ဂိတ်က ပိတ်ထားတော့ အခက်အခဲက တော်တော်လေးကို ဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။

လတ်တလော မြန်မာကုန်သည်များ အနေဖြင့် ကျယ်ဂေါင်ရှိ ပိတ်မိနေသော မိမိပိုင် ကုန်ပစ္စည်းများကို ပြန်လည်သယ်ယူရန် အခက်အခဲ ဖြစ်နေသလို နယ်စပ်တလျှောက်ရှိ ရွှေ့ပြောင်းလုပ်သားများအား မြန်မာပြည်သို့ နှင်ထုတ်သည့် ပုံစံမျိုးများ လည်း ပြုလုပ်လာကြောင်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “ဝမ်တိန်တို့၊ ရွှေလီတို့ တလျှောက်မှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာဘက်ခြမ်းကို နှင်ထုတ်တဲ့ သဘောမျိုးတွေ လုပ်နေတယ်။ ပြန်ခိုင်းတယ်။ အိမ်တွေ လိုက်ဖျက်တယ်။ ဧည့်စာရင်းတွေ လိုက်စစ်တယ်။ တွေ့ရင် ပြန်ခိုင်း တယ်။ ဒါကြောင့် ရွှေလီတို့၊ ဝမ်တိန်တို့မှာ သွားပြီး အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေပါ အခက်အခဲတွေ တွေ့ကြုံနေရ တယ်” ဟု ဆိုသည်။

တရုတ်ပြည် ကျယ်ဂေါင်တွင် မြန်မာနိုင်ငံသားပိုင် ဂိုဒေါင်များအတွင်း၌ မြန်မာဘက်မှ တရုတ်သို့ ပို့မည့် ပဲတီစိမ်း အများ အပြား၊ ဆန်အိတ်ရေ သောင်းနှင့်ချီ၍ ရှိသလို တရုတ်မှ မြန်မာဘက်သို့ ပို့မည့် ဆိုင်ကယ်များ၊ ယာဉ်နှင့် ဆက်စပ်သုံး အပို စက်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများ ရှိနေပြီး လက်ရှိတွင် ပြန်လည် သယ်ယူရန် နယ်စပ်ဂိတ်များ ပိတ်ထားသဖြင့် အခက်တွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်က နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍ တရုတ်-မြန်မာ နှစ်ဖက်ဆွေးနွေးရာတွင် မြန် မာကုန်သည်နှင့် လုပ်ငန်းရှင်များဘက်က တရုတ်ဘက်မှ ကားအစီးရေ ၁၀၀၀ ဝင်လျှင် မြန်မာဘက်မှလည်း ကားအစီးရေ ၁၀၀၀ ကို ဝင်ရောက်ခွင့် ပြုရမည်ဟု ဆွေးနွေးထားသောကြောင့် တရုတ်ဘက်က အကြောင်းပြန်စာကို လက်ရှိအချိန်ထိ မရရှိသေးကြောင်း ကုန်သည်များက ပြောသည်။

ထို့ကြောင့် ကုန်ပစ္စည်းများ ပြန်လည် သယ်ယူရန် မြန်မာကုန်သည်များအတွက် အခဲအခက် ရှိနေခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် ကုန်းတွင်းနယ်နိမိတ်ချင်း ထိစပ်နေပြီး ပြီးခဲ့သည့် လပိုင်းက တရားမဝင် ဝင်ရောက် လာသူများထံမှ ကိုဗစ်-၁၉ ပြန်လည် ကူးစက်မှုများ တွေ့ရှိရပြီးနောက် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးများ ရပ် ဆိုင်းထားခဲ့သည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
7
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
62
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
21

ထို့နောက် ယခု ၈ လ ကျော် ကြာသည့်အချိန်တွင် တရုတ်က ယင်းဥပဒေပါ ပြဋ္ဌာန်းပြီး ထပ်မံ တင်းကျပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

နယ်စပ်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးသာမက အလုပ်အကိုင်များအတွက် နှစ်ဖက် ကူးလူးသွားလာနေကြသည်များလည်း ရှိရာ ယခုအခါ ကုန်းတွင်းနယ်စပ်လုံခြုံရေး တိုးမြှင့်သည့် ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူမည် ဖြစ်သောကြောင့် နယ်စပ်ကို မှီခိုပြီး လုပ်ကိုင်နေရသော ဒေသများအတွက်လည်း အခက်အခဲ ရှိလာနိုင်သည်ဟု မူဆယ်မြို့ ဒေသခံတဦး က ပြောသည်။

ထို့ပြင် တရုတ်နိုင်ငံက ၎င်းတို့ နိုင်ငံတွင်းသို့ မြန်မာနိုင်ငံသားများ ဝင်ရောက်မှု မရှိစေရန်အတွက် နယ်စပ် ခြံစည်းရိုးများ ကာရံရာတွင် မြန်မာဘက်သို့ ကျူးကျော်ကာရံမှုများ ရှိလာသောကြောင့် မြန်မာဘက်ရှိ ဒေသခံများနှင့် ပြဿနာတက် ခြင်း၊ ဒေသခံများက ကန့်ကွက်ခြင်းများလည်း ဖြစ်ပေါ်နေသည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့တွင် ဒေသခံများက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ် မူဆယ်မြို့နယ်၊ ပန်ခမ်းရွာ ဘက်တွင် တရုတ်ဘက်မှ နယ်နိမိတ် ကျူးကျော်ထားသည့် နယ်ခြားခြံစည်းရိုးကို ပြန်ဖျက်ပစ်လိုက်ကြောင်း သိရသည်။

တရုတ်ပြည်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများကို ကူညီဆောင်ရွက်ပေးနေသူ တဦးက “လုပ်ငန်း အတည်တကျ မရှိတဲ့သူ ရယ်၊ အလုပ်မရှိတဲ့သူရယ်၊ နောက်ပြီးတော့ သူတို့နေတဲ့ ရပ်ကွက်မှာ ရောဂါဖြစ်ပွားတာ တွေ့ရင် ပြန်လွှတ်တယ်။ ဒီနေ့ ဆိုရင် ၂၀၀ ကျော် ပြန်တယ်။ အခု ရက်ပိုင်းအတွင်းကတော့ ပြည်တော်ပြန်တွေ များမယ်” ဟု လက်ရှိ အခြေအနေ ကို ပြောပြသည်။

တရုတ်သည် ကိုဗစ်-၁၉ ကူးစက်မှုကို ကာကွယ်ရန်ဟူသည့် အကြောင်းပြချက်ဖြင့် မြန်မာ-တရုတ် နယ်စပ်မျဉ်း တလျှောက် တွင် ခြံစည်းရိုးများ အခိုင်အမာခတ်ခြင်း၊ CCTV များ တပ်ဆင်၍ စောင့်ကြည့်ခြင်း၊ ကျေးရွာလူထုအား လူစိမ်း ဝင်မလာစေ ရန် ဆုငွေပေး၍ စောင့်ကြည့်ခိုင်းခြင်း၊ တချို့နယ်စပ် စည်းမျဉ်းနားတွင် လုံခြုံရေးအစောင့်များထား၍ စောင့်ကြည့်ခြင်းများ နှင့် နယ်စပ်ကို လုံခြုံရေး တိုးမြှင့်ထားသည်မှာ ၂၀၂၀ နှစ်ကုန်ပိုင်းကတည်းက ဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲအတွင်း စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ကြား တိုက်ပွဲများကြောင့် မြန်မာ-တရုတ်နယ်စပ်အနီးသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များကိုလည်း နယ်စပ်စည်းမျဉ်းနား မကပ်ရန် တရုတ်ဘက်က လော်စပီကာဖြင့် အသံသွင်းထားသည့် ဖိုင်ကို နယ်စပ်ခြံစည်းရိုးတွင် ဖွင့်ထားမှုများလည်း ရှိသည်။

You may also like these stories:

ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားပိုင်ဆိုင်များ တရားဝင်လိုင်စင် လျှောက်ထားရမည်

အဝေးပြေးကုန်စည်ပို့ဆောင်ရေး ရပ်ဆိုင်းမည့် အခြေအနေနှင့် ရင်ဆိုင်နေရ

နယ်စပ်ပိတ်၍ တရုတ်သို့ ကြံတန်ချိန် ၇ သိန်းတင်ပို့ရန် အခက်ကြုံနိုင်

Your Thoughts …
Tags: ကျယ်ဂေါင်တရုတ်နယ်စပ်နယ်နိမိတ်လုံခြုံရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

by မိုးစက်ငြိမ်းချမ်း
5 December 2023
13.5k

များပြားသည့် လေကြောင်းပစ်ကူ ပေးနေသော်လည်း စခန်းများ၊ မြို့များ တခုပြီးတခု ကျနေပြီး မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများအား ဟန့်တားနိုင်ခြင်း မရှိပေ။

KIA ဗိုလ်ချုပ်ကြီး ဂမ်ရှောင် တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့မည်

KIA ဗိုလ်ချုပ်ကြီး ဂမ်ရှောင် တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့မည်

by ဧရာဝတီ
27 August 2024
10k

တရုတ်အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တိုက်ပွဲများ ရပ်တန့်ရေးအတွက် KIA၊ ညီနောင် မဟာမိတ်သုံးဖွဲ့ တို့နှင့် ထိတွေ့ဆက်ဆံမှုများရှိသကဲ့သို့ တဖက်ကလည်း နယ်စပ်ဂိတ်များ ပိတ်ခြင်း၊ ကုန်စည်ဝင်ထွက်မှုများ တင်းတင်းကျပ် ကျပ် ထိန်းချုပ်ခြင်းဖြင့် ဖိအားပေး

ပန်ဝါကို KIA သိမ်း၊ ထွက်ပြေးသည့် BGF နှင့် ပြည်သူ့စစ်တို့ကို လိုက်လံရှာဖွေနေ

ပန်ဝါကို KIA သိမ်း၊ ထွက်ပြေးသည့် BGF နှင့် ပြည်သူ့စစ်တို့ကို လိုက်လံရှာဖွေနေ

by ဧရာဝတီ
19 October 2024
3.9k

ပန်ဝါမြို့တွင်းနီးကပ်လာသည့် တိုက်ပွဲများကြောင့် ပန်ဝါမြို့ခံများနှင့် ဒေသတွင်းအလုပ်လာရောက် လုပ်ကိုင်နေသူများမှာ တရုတ်နယ်စပ်ဂိတ်အနီး ထွက်ပြေးတိမ်းရှောင်နေကြသော်လည်း တရုတ်ဘက်ကဂိတ်ပိတ်ကာ ဝင်ခွင့်မပြုသည့်အတွက် ဒေသခံရာနှင့်ချီ နယ်စပ်ဂိတ်အနီး စောင့်ဆိုင်းနေကြသည်။

မြန်မာ့မြေရှားအပေါ် အမေရိကန်သဘောထားက စိတ်ပျက်ဖွယ်ဖြစ်သည်

မြန်မာ့မြေရှားအပေါ် အမေရိကန်သဘောထားက စိတ်ပျက်ဖွယ်ဖြစ်သည်

by အောင်ဇော်
30 July 2025
3.4k

ထိုကိစ္စကြောင့် အမေရိကန် မူဝါဒတွင် အရေးပါသော အပြောင်းအလဲဖြစ်နေသည်ဆိုသည့် စိုးရိမ်မှုများ ဖြစ်စေသော်လည်း တစုံတရာ တိတိကျကျပြောရန် စောလွန်းနေသေးသည်။

စစ်ကောင်စီကဖမ်း တရုတ်က ပိတ်၍ ပြည်တွင်း၌ ကုန်စည်ပြတ်လပ်

စစ်ကောင်စီကဖမ်း တရုတ်က ပိတ်၍ ပြည်တွင်း၌ ကုန်စည်ပြတ်လပ်

by ဧရာဝတီ
27 October 2024
2.8k

စစ်ကောင်စီက ဖမ်းဆီးရာတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ် မော်လမြိုင်တို့တွင် ၁၂ ဘီး တွဲကားတစီးလျှင် ကျပ်သိန်းထောင်ချီပေး၍ ဒဏ်ငွေဆောင်ပါက ပြန်လည် ရွေးယူနိုင်ကြောင်း

နယ်ခြားစောင့်တပ်အား သိမ်းနိုင်ခြင်းက ပန်ဝါကို စစ်ဆင်ရန် ပိုမိုလွယ်ကူလာဟုဆို

နယ်ခြားစောင့်တပ်အား သိမ်းနိုင်ခြင်းက ပန်ဝါကို စစ်ဆင်ရန် ပိုမိုလွယ်ကူလာဟုဆို

by စောလွင်
15 October 2024
2.3k

ကချင်အထူးဒေသ တခုလုံးကို သိမ်းပိုက် ထိန်းချုပ်နိုင်ရန် ဖီမော်၊ ကန်ဖန် ၊ မန်ကျီ၊ ဝဆုပ်၊ ငေါ့ချန်း စသည့်ရွာများအပါအဝင် BGF နှင့် ပြည်သူ့စစ် ထိန်းချုပ်ထားရာ အနေအများအပြား ကျန်သေးသည်

Next Post
တင်းမရွာသားများ နေရပ်ပြန်နိုင်ရေး အစည်းအဝေးတရပ် ပြုလုပ်စဉ်

တင်းမရွာသားများ နေရပ်ပြန်ရန် ကြိုးပမ်းမှု စစ်ကောင်စီ ခွင့်မပြု

ယမန်နေ့က စစ်ကောင်စီတပ် အလုံးအရင်းဖြင့် ရွာများသို့ ဝင်ရောက်စီးနင်းလာသဖြင့် ညတွင်းချင်း ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြစဉ်  / CJ

မင်းကင်း၌ ရွာတချို့ စစ်တပ်က မကြာခဏစီးနင်းသဖြင့် ရွာသားများ တိမ်းရှောင်နေရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved