• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ ရောင်းသည့် မြေကွက်များ ဝယ်ယူပါက ပြည်သူပိုင် သိမ်းမည်ဟု NUG သတိပေး

by ဧရာဝတီ
19 January 2022
in သတင်း
A A
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ  နိုင်ငံဝန်ထမ်းအိမ်ရာစီမံကိန်းမြေနေရာအား စစ်ကောင်စီ၏ စီမံကိန်းတခု လုပ်ဆောင်ရန် ပြင်ဆင်နေကြစဉ်  / ဧရာဝတီ

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နိုင်ငံဝန်ထမ်းအိမ်ရာစီမံကိန်းမြေနေရာအား စစ်ကောင်စီ၏ စီမံကိန်းတခု လုပ်ဆောင်ရန် ပြင်ဆင်နေကြစဉ် / ဧရာဝတီ

19.9k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ၏ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီများက မြေကွက်အရောင်းအဝယ် ဆိုင်ရာ ဂရန်ထုတ်ပေးခြင်းသည် တရားဝင် မဟုတ်သဖြင့် ယင်း မြေကွက်များကို ဝယ်ယူပါက ပြည်သူ့အစိုးရ တက်လာချိန် တွင် ပြည်သူပိုင် သိမ်းမည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က သတိ‌ပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် စည်ပင်သာယာပိုင် မြေများကို ရောင်းချခြင်း၊ ဂရန်ဖောက်ခြင်းများကို စီစဉ်ဆောင်ရွက်နေ သဖြင့် နိုင်ငံပိုင်မြေ၏ မူလပိုင်ရှင်သည် နိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသော နိုင်ငံသူနိုင်ငံသားများ ဖြစ်သည့်အတွက် ပြည်သူလူထုအား ကိုယ်စားပြုမှု မရှိသည့် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ အနေ ဖြင့် မြေများအား စီမံခန့်ခွဲ ရောင်းချနိုင်ခြင်း မရှိကြောင်း သတိပေးထားသည်။

ထို့ကြောင့် ပြည်သူ့ အာဏာ ပြည်သူ့လက်ဝယ် ပြန်ရချိန်တွင် အထက်ပါမြေများကို ပြန်လည် သိမ်းသွားမည်ဖြစ်ပြီး ဝယ်ယူသူများ၊ ရောင်းချသူများနှင့် တကွ ပူးပေါင်းဆောင်ရွက်သူများ အားလုံးကို ဥပဒေနှင့် အညီ အရေးယူသွားမည် ဖြစ်ကြောင်း NUG က ဆိုထားသည်။

ပြည်တွင်း အိမ်ခြံမြေလုပ်ငန်းရှင် တဦးက “အခုကတော့ ကျနော်တို့က ပါမစ်အဟောင်းကိုပဲ အရောင်းအဝယ် လုပ်တယ်။ နောက်ထုတ်တဲ့ ပါမစ်တွေ၊ ဂရန်တွေကို အရောင်းအဝယ် မလုပ်ဘူး။ ဝယ်တဲ့သူကလည်း ခပ်ရှားရှားပဲ အရောင်းအဝယ် ဖြစ်တာတော့ သိပ်မရှိဘူး။ အရင်က အဟောင်းပေါ့။ နိုင်ငံတော်က ချထားတာကိုပဲ အရောင်းအဝယ် လုပ်ကြတယ်။ အခု နောက်ပိုင်းဟာတော့ အရောင်းအဝယ် မလုပ်ကြဘူး။ မြေအကွက်သစ်ကိုတော့ မလုပ်ဘူးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ယခု NUG အစိုးရ၏ သတိပေးချက်သည် အိမ်ခြံမြေဈေးကွက်ကို ထိခိုက်မှု မရှိနိုင်သော်လည်း ရောင်းသူ၊ ဝယ်သူများအနေ နှင့် ရှေ့နေနှင့် သေချာစွာ တိုင်ပင်ပြီးမှ အရောင်းမှား၊ အဝယ်မှား မရှိရန် အရောင်းအဝယ်ပြုလုပ်ရမည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ရောင်းချသော မြေကွက်များသည်လည်း များသောအားဖြင့် လတ်တလောတွင် ရှိနေသော်လည်း ဈေးကွက် အတွင်း အများအပြား မရှိသဖြင့် ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းကသာ ဝယ်ယူမှုများ ရှိနိုင်သည်ဟု ပြောဆိုကြ သည်။

ပြည်တွင်း အိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ် ယခင်ထက် အေးသော်လည်း ဈေးနှုန်းအနေနှင့် အတက်၊ အကျမရှိ ဈေးတန်းတခုတွင် ငြိမ်နေသည့် သဘောရှိကြောင်း၊ အရောင်းအဝယ်အားဖြင့်လည်း ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ်၊ ဒဂုံအရှေ့ စသည့် နေရာများတွင် အဝယ်လိုက်နေကြောင်း ၎င်းက ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
524
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
44
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
91

“ဘာတွေက အဝယ်လိုက်နေလဲဆိုရင် ကွင်းထဲဘက် မြေကွက်တွေက အဝယ်လိုက်တယ်။ ရပ်ကွက်ကြီးတွေကတော့ နည်း နည်း အေးတယ်။ အပြင်ပိုင်းကတော့ ကျပ်သိန်း ၄၀၊ ၅၀၊ ၆၀ ကနေ ကျပ်သိန်း ထောင်ချီ သောင်းချီအထိ ရှိတယ်။ အစား စားပေါ့ ကွင်းထဲဘက်ကျတော့ မြေကွက်ကို ဝယ်ရောင်းသမားတွေက ဝယ်ကြတယ်။ ရပ်ကွက်ကြီးတွေကတော့ နေမယ့်သူ တွေက ဝယ်တယ်” ဟု လက်ရှိ ဈေးကွက်အခြေအနေကို ၎င်းက ပြောဆိုသည်။

ယခုအချိန်တွင် နိုင်ငံရေး အပြောင်းအလဲကို အခွင့်ကောင်းယူကာ သက်ဆိုင်ရာနှင့် ပူးပေါင်းပြီး မြေအရောင်းအဝယ်ဈေး ကွက်တွင် ဝင်ရောက်လုပ်ကိုင်နေသူများလည်း ရှိကြောင်း ဈေးကွက်အတွင်း၌လည်း ထုတ်ရောင်းသည့် ပုံစံအနည်းငယ် ရှိနေသည်ဟု အိမ်ခြံမြေ ဝယ်ရောင်းသမားများထံက သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင် တဦးက “နိုင်ငံပိုင် လုပ်ငန်းတွေ ရောင်းတာဝယ်တာတွေက‌တော့ ဒီအချိန်မှာ ဖိအားများ တယ်။ ဒါပေမယ့်လည်း လုပ်နေကြတာတော့ ရှိပါတယ်။ ဒါကတော့ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သူတွေပေါ့” ဟု ပြောသည်။

လတ်တလောတွင် NUG အစိုးရက ထုတ်ပြန်ချက် ထုတ်ထားခြင်းမျိုးကို သိရှိရသော်လည်း မည်သည့်နေရာများတွင် ရောင်းချနေသည်ကို သိသိသာသာ တွေ့ရသည်မျိုး မရှိကြောင်း သို့သော် ဈေးကွက်အတွင်း ရောင်းကြ၊ ဝယ်ကြသည်မှာ အနည်းငယ် ရှိနေသည် ဟု လုပ်ငန်းရှင် အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

အာဏာသိမ်း စစ်ကောင်စီအနေနှင့် စည်ပင်ပိုင်မြေကွက်များ သာမက ပြီးခဲ့သည့် ဇွန် ၂၆ ရက်စွဲဖြင့်လည်း စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MOPF) က ဝက်ဘ်ဆိုက်နှင့် ကြေးမုံသတင်းစာတွင် ယခင် NLD အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သော ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် လက်ဝယ်ရှိ နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ ၂၂ လုံး၊ နိုင်ငံပိုင် သို လှောင်ရုံ ၆ ရုံတို့အား ရောင်းချမည်ဖြစ်ကြောင်း ကြေညာထားခြင်းများလည်း ရှိခဲ့သည်။

You may also like these stories:

ရွှေ ဒေါ်လာနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေ

အာဏာသိမ်း မြန်မာတွင် ဂျပန်လုပ်ငန်း ၇၀ ရာခိုင်နှုန်း ဆက်လက်လုပ်ကိုင်နေ

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းများ အမြန်ဆုံးပြန်စရန် စစ်ကောင်စီ မျှော်လင့်

Your Thoughts …
Tags: NUGစစ်ကောင်စီပြည်သူပိုင်အိမ်ခြံမြေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက် စစ်ရေးပြအခမ်းအနား / ဧရာဝတီ

ဦးပိုင် စီဒီအမ် လုပ်သွားပြီလား

လေကြောင်းမှ ပစ်ခတ်ခံရအပြီး ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည်စခန်းတခု ထပ်မံရွှေ့ပြောင်းရပြန်သည် / ကန္တာရဝတီတိုင်းမ် 

ဗုံးခိုကျင်းများ တူးရန် ကယားအရပ်သားများကို တိုက်တွန်းထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved