• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖားကန့် မြေစာပုံပြိုမှု ၁၅ လောင်းရှာတွေ့၊ ၃၀ ကျော် ပျောက်ဆုံးနေ

by ဧရာဝတီ
1 March 2022
in သတင်း
A A
ပျောက်ဆုံးနေသူ အများစု ကျန်နေသေးသည့် မြေစာပုံပြိုကျမှု  / CJ

ပျောက်ဆုံးနေသူ အများစု ကျန်နေသေးသည့် မြေစာပုံပြိုကျမှု / CJ

3.2k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မမုံကျေးရွာအနီး ကျောက်စိမ်းရှာဖွေ တူးဖော်နေသည့် YTT အမည်ရ လုပ်ကွက် မြေ စာပုံ ပြိုကျမှုတွင် ရေမဆေးကျောက် ရှာဖွေသူ ၅၀ ကျော်ပျောက်ဆုံးနေသည့် အနက်မှ ၁၅ လောင်း တွေ့ရှိပြီဖြစ် ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၈ ရက်) ည ၉ နာရီခွဲခန့်က မြေစာပုံ ပြိုကျခဲ့ပြီး အဆိုပါ ကုမ္ပဏီ ဝန်ထမ်းများ အပါအဝင် ရေ မဆေးကျောက် ရှာဖွေသူ စုစုပေါင်း ၅၀ ကျော် ပျောက်ဆုံးကာ ယနေ့ နံနက်ပိုင်းတွင် ကုမ္ပဏီက ရှာဖွေမှုများ ပြုလုပ် နေခြင်း ဖြစ်ကြောင်း သိရသည်။

ဒေသခံ တဦးက “၁၅ လောင်း တွေ့ပြီ။ ကုမ္ပဏီက ရှာတာ။ အယောက် ၅၀ ကျော် ပျောက်တယ်။ မြေစာပုံက ၂ ဆင့် ကို အပေါ်ဆင့်က ပြတ်ပြီး ပြိုကျတာ။ ပြိုကျတဲ့ အခြေအနေက တော်တော် ဆိုးပါတယ်။ မြေစာပုံကလည်း တော်တော် လည်း မြင့်တဲ့အခါကျတော့ အန္တရာယ်လည်း များတယ်” ဟု ပြောသည်။

ထိုကဲ့သို့ ပြိုကျမှုတွင် ကုမ္ပဏီ ဘတ်ဟိုး ၃ စီးနှင့် ကား၂ စီးလည်း ပါသွားကြောင်း သိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
32
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
26
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
208

ဖားကန့် ကျောက်စိမ်း လုပ်ကွက်များကို ယခင်အစိုးရ အဆက်ဆက်ကတည်းက တရားမဝင် တူးဖော်မှုများရှိခဲ့ပြီး ယခု စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် လက်နက်ကိုင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ လိုင်စင် သက်တမ်း ကုန်သော်လည်း စက်ယန္တရားကြီးများဖြင့် ကုမ္ပဏီများက တူးဖော်နေကြခြင်း ဖြစ်သည်။

လက်ရှိ တူးဖော်နေသည့် လုပ်ငန်းရှင်များကို စစ်ကောင်စီ လက်အောက်ခံ တပ်မ ၃၃ က အဓိက ခွင့်ပြုထားပြီး ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) သို့ တူးဖော်ခွင့် လျှောက်ရကြောင်း လုပ်ငန်းရှင်များက ဆိုကြသည်။

ဖားကန့် ဒေသခံတဦးက “အဲဒီမှာ ရှိတဲ့ တပ်မတွေနဲ့ ဒေသမှာရှိတဲ့ လက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီးတော့ လုပ်နေကြ တာပေါ့။ ဒီကိစ္စကြီးက အမြဲတမ်း ဖြစ်နေတာ၂၀၂၀ တုန်းကလည်း ဝှေခါမှာ လူရာကျော် သေတယ်။ တချို့ဆို ကိုယ် အင်္ဂါ မစုံဘူး ပြန်ရတာ။ ကျမတို့ ပြည်သူတွေ အနေအထားနဲ့ကတော့ ဘာပြောလို့ ပြောရမယ်တောင် မသိတော့ဘူး။ လုံခြုံမှု မရှိတာက တကြောင်း” ဟု ပြောသည်။

ပျောက်ဆုံးနေသူ အများစု ကျန်နေသေးသည့် မြေစာပုံပြိုကျမှု (ဓာတ်ပုံ – CJ)

ဆက်လက်ပြီး ၎င်းက “ဘာမှလည်း ပြောပိုင်ခွင့် မရှိပါဘူး။ အခု လောလောဆယ်မှာတော့ အစိုးရ မရှိတဲ့ အခါကျတော့ အာဏာ ရှိတဲ့လူ၊ ပါဝါရှိတဲ့လူ၊ လက်နက်ကိုင်တဲ့လူ ပြောနိုင်ဆိုနိုင်တဲ့လူ ဒါတွေပဲ လုပ်ကိုင်နေကြတာပေါ့။ ကျမတို့ လည်း ဘာမှ ပြောခွင့်မရှိတော့ တော်တော်လေး ဒုက္ခ ရောက်နေတာပေါ့” ဟု ဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၇ ရက်ကလည်း ရှရော်ခနှင့် မနရွာအနီးရှိ ဦးချို လုပ်ကွက်ဟောင်း နွံကန်ပြိုကျ၍ ဆိုင်ကယ် အစီး ၂၀ ခန့်နှင့် လူနေအိမ် ၃ လုံး ပျက်စီးခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်က ကျောက်စိမ်း သစ်ရွက် ကုမ္ပဏီလုပ်ကွက် ဟောင်းအတွင်းရှိ နွံကန်ပေါက်ကျရာမှ အနီးရှိ ရေမဆေးကျောက် ရှာဖွေသူ ၂ ဦး သေဆုံးခဲ့သည်။

အလားတူပင် ဖေဖော်ဝါရီ ၂၂ ရက်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာအတွင်း တရား မဝင် ကျောက်တူးမှုများကြောင့် ကုမ္ပဏီလုပ်ကွက်တခုတွင် မြေစာပုံပြိုကျကာ ၈၀ ဦး ထက်မနည်း သေ‌ဆုံးခဲ့ကြောင်း သိရသည်။

You may also like these stories:

ဖားကန့်ဒေသ သယံဇာတ အရှုပ်တော်ပုံ အစိုးရ ကိုင်တွယ်နိုင်မလား

ဖားကန့်တွင် နွံကန်ကျိုးပေါက်မှုအပြီး မြေပြိုမှုများ ထပ်ဖြစ်၍ လူသေဆုံးထပ်တိုး

Your Thoughts …
Tags: ဖားကန့်မြေစာပုံရေမဆေးကျောက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

by ဧရာဝတီ
14 March 2024
8.9k

တောင်နှင့်မြောက်ဘက်တို့တွင် မြေပြင်လမ်းကြောင်းများ တစိတ်တပိုင်း ဖြတ်တောက်ခံထားရသည့် ဗန်းမော်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ရေကြောင်းမှတဆင့် စစ်ကူ၊ ရိက္ခာဖြည့်တင်းနိုင်သည့် အခြေအနေ ရှိသော်လည်း ထိုရေလမ်းသည် PDF များအားကောင်းရာ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့နယ်တို့အား ဖြတ်သန်းရမည်

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

by စောရယ်
1 October 2023
5.2k

ကချင်ပြည်နယ်တွင် တော်လှန်ရေး ပူးပေါင်းတပ်များအချင်းချင်း ချိတ်ဆက်မှုနှင့် စုဖွဲ့ပြင်ဆင်မှုများ အားကောင်းနေပြီး တိုက်စစ်အတွက် အသင့်အနေအထား ဖြစ်နေပြီ ဖြစ်ကြောင်း

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

by ဧရာဝတီ
28 February 2024
4.4k

ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် လမ်းပိုင်းများအား ဖြတ်တောက်ပိတ်ဆို့ပြီး ထိန်းချုပ်နိုင်ရေး ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

နန့်ယားစခန်းကို သိမ်း၍ ဖားကန့်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့ထိန်းချုပ်

နန့်ယားစခန်းကို သိမ်း၍ ဖားကန့်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့ထိန်းချုပ်

by ဧရာဝတီ
11 April 2024
3.4k

ကမ္ဘာ​ကျော် ကျောက်စိမ်းများထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့အား ဆက်သွယ်ထားသည့် လမ်းကြောင်းများပေါ်မှ တပ်စခန်းများကို ထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက် ဖားကန့်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ ပိတ်ဆို့ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း KIA နှင့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

by ဧရာဝတီ
4 June 2024
2.8k

ကျောက်စိမ်းရောင်းဝယ်ခြင်းများကို အွန်လိုင်း (We Chat)မှ တဆင့် ပြုလုပ်နေကြသော်လည်း တန်ဖိုးကြီး ကျောက်များအရောင်းအဝယ်ဖြစ်မှု အလွန်နည်းကြောင်း၊ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျောက်မျက်ဈေးတွင်လည်း We Chat အရောင်းအဝယ်များကိုပါ တရုတ်ရဲတပ်ဖွဲ့က မကြာခဏ ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်

စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖားကန့်ကို စစ်ဆင်

စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖားကန့်ကို စစ်ဆင်

by ဧရာဝတီ
24 April 2025
2.7k

ကာမိုင်း-ဖားကန့်လမ်းရှိ အရေးပါသော နန့်ယားစစ်တပ်စခန်းအား KIA ပူးပေါင်းတပ်များမှ ယမန်နှစ် ဧပြီ ၁၁ ရက်က တိုက်ခိုက် သိမ်းပိုက်ကာ ဖားကန့်အဝင်လမ်းအား ဖြတ်တောက်ပိတ်ဆို့ထားပြီး လတ်တလော စစ်ရေးတင်းမာမှုများကြောင့် ယင်းလမ်းကြောင်းအား စစ်တပ်ရော KIA တို့ နှစ်ဖက်...

Next Post
PDF တွေနဲ့ ယှဉ်ရင် စိတ်ဓာတ်ပိုင်း အရမ်းကွာနေပြီ (ရုပ်/သံ)

PDF တွေနဲ့ ယှဉ်ရင် စိတ်ဓာတ်ပိုင်း အရမ်းကွာနေပြီ (ရုပ်/သံ)

မင်းတပ်ဒေသအတွင်း တွေ့ရသည့် စစ်ရှောင် တချို့  / CJ

စစ်ကောင်စီ လမ်းပိတ်ထား၍ ချင်းတောင်ပိုင်း မြို့နယ်တချို့ စားနပ်ရိက္ခာ ပြတ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

19 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved