• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၇ရက်တိုင် ၂၄ နာရီ မီးဖြတ်မည်ဆိုသဖြင့် ရန်ကုန် စက်ရုံအချို့ ယာယီရပ်နားရန် ပြင်

by ဧရာဝတီ
7 March 2022
in သတင်း
A A
ရန်ကုန်မြို့ သာကေတ သီတာ ၂ ဓာတ်အားလိုင်း ပြုပြင်မှုများ ပြုလုပ်နေစဉ်  / YESC

ရန်ကုန်မြို့ သာကေတ သီတာ ၂ ဓာတ်အားလိုင်း ပြုပြင်မှုများ ပြုလုပ်နေစဉ် / YESC

8.2k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတဝှမ်း လျှပ်စစ်မီးအား မတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ ၇ ရက်ကြာ (၂၄ နာရီ) ဖြတ်မည် ဆိုသည့် ထုတ်ပြန် ချက်ကြောင့် ရန်ကုန်မြို့ရှိ စက်ရုံအချို့ ရက်ပိုင်း ရပ်နားရန် ပြင်ဆင်နေကြောင်း စက်မှုဇုန် လုပ်ငန်းရှင်များထံက သိရသည်။

အာဏာသိမ်း စစ်ကောင်စီက ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းအတွင်း တွင်းသစ် ၂ ခုအား ရေ အောက်ပိုက် လိုင်း ဆက်သွယ်ခြင်း လုပ်ငန်းများကို မတ်လ မှ ၁၈ ရက်အထိ ဆောက်ရွက်မည် ဖြစ်၍ ယင်းကာလအတွင်း ၂၄ နာရီပတ်လုံး လျှပ်စစ်ဝန်အား လျော့ချထားရမည်ဟု မတ်လ ၆ ရက်တွင် ထုတ်ပြန် ထားသည်။

ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန် လုပ်ငန်းရှင်တဦးက “အခု အခက်အခဲကတော့ ကျနော်တို့က မီးပျက်တဲ့အချိန် အတိအကျ မသိလို့ ဆုံးရှုံးမှုတွေ ပိုများနေတာပေါ့။ မီးပျက်မယ့်အကြောင်း ဇုန်တွေကို အကြောင်း ကြားတာမျိုးတော့ မရှိဘူး။ အရင်တခါကပဲ အလှည့်ကျ မီးဖြတ်တော့ပါမယ်ဆိုတာပဲ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ထားပါ တယ်။ တကယ်ပျက်မယ် ဆိုရင် တရက်တန်သည်၊ နှစ်ရက် တန်သည် စက်ရုံလည်ပတ်မှုကို နားဖို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။

ယခုလို လျှပ်စစ်မီးများ ၂၄ နာရီ တပတ်ကြာ ပြတ်တောက်မည်ဆိုပါက ဆုံးရှုံးမှု ကုန်ကျစရိတ်သက်သာရန် စက်ရုံ လည်ပတ်မှု ခေတ္တ ရပ်နားခြင်းကသာ ပို၍ အဆင်ပြေမည် ဖြစ်သဖြင့် ရက်ပိုင်း ရပ်နားရန် ပြင်ဆင် ထားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
505
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
83

“မီးပျက်တာက ဘယ်လောက် အတိုင်းအတာအထိ လာမယ်ဆိုတာ မသိတာ။ ပြီးတော့ လောင်စာဆီဈေးကလည်း အရင်ထက် တဆကျော်လောက် ပိုကုန်ကျတယ်။ လျှပ်စစ်မီးကလည်း ဈေးမတက်ဘူးဆိုပေမယ့် လာမှ မလာတာ။ မီးလာနေတဲ့ အချိန်မှာလည်း ကုန်ကျစရိတ်က လျော့သွားတာမှ မရှိတာ။ အဲဒီမှာ လောင်စာဆီဈေးက တက်သွားတော့ အနည်းဆုံးတော့ ၃၀ ရာခိုင်နှုန်းလောက် အပိုဆောင်း ကုန်တယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ၂၄ နာရီပတ်လုံး တပတ်ကြာ မီးပျက်မည့် နေရာဒေသများအား အာဏာသိမ်း စစ်ကောင်စီက မည်သည့် နေရာ၊ မည်သည့်အချိန် အတိုင်းအတာအထိ ဖြတ်မည်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေ။

ထိုသို့ လျှပ်စစ်မီး ပြတ်တောက်ပါက ရန်ကုန်မြို့ရှိ စက်မှုဇုန် လုပ်ငန်းများက နှစ်ရက်၊ သုံးရက်ခန့် ခေတ္တရပ်နားရန် ပြင် ဆင်ထားပြီး လက်ရှိ မီးပြတ်တောက်မှုမှာလည်း အချိန်အားဖြင့် ၅ နာရီ၊ ၇ နာရီ ကြာမြင့်ခြင်း၊ လောင်စာဆီဈေး မြင့် တက်မှုများကြောင့် စက်ရုံတရုံ၏ လည်ပတ်မှုမှာ ယခင်ထက် ကုန်ကျစရိတ် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းက အပို ဆောင်း ကုန်ကျနေကြောင်း စက်မှုဇုန် လုပ်ငန်းရှင်များထံက သိရသည်။

အထည်ချုပ် စက်ရုံပိုင်ရှင် တဦးက “အလှည့်ကျပေးတာက အရင်တုန်းကလည်း ပေးခဲ့ဖူးတာပဲ။ ဒီတော့ ပြတ်ပြတ်သား သားပေါ့။ သူတို့ အလှည့်ကျပေးနိုင်တဲ့ အနေအထားကို တခါတည်း သတ်မှတ်ပေးပြီး လုပ်လိုက်ရင် ပိုကောင်းသွားမှာ။ ဒါဆို စီစဉ်ရတာ ပိုအဆင်ပြေတယ်။ အခုက အဲဒီလိုမျိုး မဖြစ်တော့ ကျနော်တို့မှာက ဘယ်လောက်ထိ ဘယ်လို စီစဉ်ရ မလဲ မသိဘူး ဖြစ်နေတာပေါ့” ဟု သုံးသပ် ပြောဆိုသည်။

လျှပ်စစ်မီးဖြတ်မည့် အချိန်ကို စစ်ကောင်စီအနေနှင့် စက်မှုဇုန် လုပ်ငန်းရှင်များထံသို့ ကြိုတင် အသိပေး အကြောင်း ကြားခြင်းမျိုး မရှိသဖြင့်လည်း လုပ်ငန်းများ လည်ပတ် လုပ်ကိုင်ရာတွင် အခက်အခဲများစွာ ဖြစ်ပေါ်ပြီး ဆုံးရှုံးမှုမှာလည်း ယခင်ထက် နှစ်ဆနီးပါး ဆုံးရှုံးမှုများ ရှိနေကြောင်း သိရသည်။

https://burma.irrawaddy.com/wp-content/uploads/2022/03/275391523_355545086441346_3672906844928599060_n-1.mp4

ရန်ကုန်မြို့ စက်မှုဇုန်တခုရှိ ရေသန့် လုပ်ငန်းရှင် တဦးက “အခုကတော့ ကျနော်တို့ လုပ်ငန်းတွေက ဝန်ထမ်းတွေ အဆင်ပြေအောင် လုပ်ငန်း လည်ပတ်သလောက်ပဲ ရှိတယ်။ မီးကလည်း ပျက်ရင် အချိန်မမှန်သလို ပျက်ချင်သလို ပျက်တယ်။ ပျက်တဲ့ အချိန်ကလည်း အရမ်းကြာတော့ ကျနော်တို့ လျှပ်စစ်မီးနဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းတွေက ဘယ်လိုမှ အဆင်အပြေဘူး။ ပြီးလို့ရှိရင် မီးစက်နှိုးတဲ့ အခါကျတော့လည်း ဆီဈေးတွေကအရမ်းမြင့်တက်နေတော့ အခက်အခဲတွေက ဖြစ်နေတယ်” ဟု ပြောပြသည်။

ထိုအခြေအနေများကြောင့် လုပ်ငန်းများ လည်ပတ်နိုင်သည်ဆိုရုံနှင့် လည်ပတ်နေပြီး ယခုအချိန်တွင် စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကြေညာချက်ကြောင့် လုပ်ငန်းရှင်များနှင့် ပြည်သူများအကြား စိုးရိမ်စိတ်များ ဖြစ် ပေါ်နေကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ လုပ်ငန်းတွေဆိုရင် မီးလုံးဝပျက်ရင် ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ဟာတွေ မေးကြတယ်။ အမှန်အတိုင်း ပြောရင် ဒီနေ့ မီးဘယ်နှစ်နာရီ လာမလဲ ဆိုတာ ခန့်မှန်းလို့ မရတဲ့အခြေအနေမှာ မနက်ဖြန်အတွက်ကိုတောင် ပြောလို့ မရဘူး။ အဆင်ပြေအောင်ပဲ ကြည့်ပြီး လုပ်ရမယ့် အပိုင်း ဖြစ်နေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လုပ်ငန်းထိန်းနိုင်ဖို့ ၃၀ ရာခိုင်နှုန်းလောက်ပဲ လည်ပတ်နိုင်တော့တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ရေသန့်လုပ်ငန်း လုပ်ကိုင်သူများ လျှပ်မီး ရရှိမှု အချိန်မမှန်သောကြောင့် ရပ်သွားသည့် စက်ရုံများ ရှိသလို ထပ်မံ ရပ်ဆိုင်းရန် စဉ်စားနေသည့် စက်ရုံများလည်း ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ သီလဝါ အထူးစီးပွားရေးဇုန်မှ လုပ်ငန်းရှင် တဦးက “ကျနော်တို့ သီလဝါမှာတော့ လျှပ်စစ်မီးရရှိမှု က မဆိုး ဘူးလို့ ပြောရမှာပေါ့လေ။ လက်ရှိ စက်ရုံတွေကတော့ ပုံမှန်လေး လည်ပတ်နေပါတယ်။ ဒါပေမယ့် လျှပ်မီး ပြတ် တောက်မယ့် အချိန်မှာလည်း မီးစက် ဆောင်ထားဖို့ အရင်ထဲက ပြောထားတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့တွင် လက်ရှိ ၅ နာရီနှင့်အထက် တရက် ၂ ကြိမ်၊ ၃ ကြိမ်ခန့် မီးပျက်နေပြီး၊ ယခုကဲ့သို့ လျှပ်စစ်မီးအချိန်ပြည့် ပြတ်တောက်မည် ဆိုသည့် ကြေညာချက်ကြောင့် နောက်ဆက်တွဲ ပြဿာနာ ဖြစ်သည့် ရေပြတ်လပ်မည့် အရေးကို စိုးရိမ်ပူပန်နေကြပြီး အိမ်ရှိ ထည့်နိုင်သမျှ ရေပုံး၊ အိုးခွက်များနှင့်လည်း ရေများ ဖြည့်ထားရကြောင်း သိရသည်။

စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးကမူ တာဝါတိုင်များ ပျက်စီးခြင်းနှင့် LNG ဓာတ်ငွေ့ရည် ဈေးနှုန်း မြင့်နေသဖြင့် ဝယ်ယူရန်အခက်အခဲဖြစ်နေခြင်း၊ ထုတ်လုပ်မှု မဂ္ဂါဝပ် လျော့ကျနေခြင်းတို့ကြောင့် မီးပျက် နေရခြင်း ဖြစ်ကြောင်း မတ်လ ၅ ရက်နေ့က လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း အစည်းအဝေးတခုတွင် ပြောဆို သွားသည်။

ထို့ပြင် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်တွင် လျှပ်စစ်မီးမှာ တပတ်လုံးပျက်မည် မဟုတ်ဘဲ ပိုက်လိုင်း ပြင်ချိန် တပတ်ကြာမည် ဖြစ်ပြီး အချိန်ပိုင်းလိုက် ခွဲ၍ မီးပေးသွားမည်ဖြစ်၍ မစိုးရိမ်ကြရန်လည်း ပြောဆိုထားသည်။

You may also like these stories:

အာဏာသိမ်းစစ်ကောင်စီ လုံလောက်အောင် မီးမပေးနိုင်တော့

မီးတွေ ပြန်ပျက်တဲ့အခါ

လျှပ်စစ်မီး တွေ အရင်လို ပြန်ပြတ်တော့မလား

Your Thoughts …
Tags: စက်ရုံအလုပ်ရုံစစ်ကောင်စီလျှပ်စစ်မီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မန္တလေး ဗဟို အကျဉ်းထောင်

အိုးဘိုထောင်၌ ကိုဗစ်လက္ခဏာဖြင့် ဖျားနာနေသူများ ဆေးကုသမှု မရဟုဆို

TNP ဥက္ကဋ္ဌ မိုင်းနုမ်ဟန် အသတ်ခံခဲ့ရသလား (ရုပ်/သံ)

TNP ဥက္ကဋ္ဌ မိုင်းနုမ်ဟန် အသတ်ခံခဲ့ရသလား (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved