စစ်ခေါင်းဆောင် ဖိတ်ခေါ်သည့် ဆွေးနွေးပွဲ တက်ရောက်မည့်ကိစ္စနှင့် ပတ်သက်၍ လားဟူ ဒီမိုကရက် တစ်အစည်းအရုံး (LDU) အဖွဲ့အစည်းအတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပွားနေသည်။
လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာခွန်ဆာနှင့် ဒု ဥက္ကဋ္ဌ ကျာဟား ကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်မဖြစ်သေးကြောင်း ကြိုတင်ပြင်ဆင်မှု အဆင်သင့်ဖြစ်မှသာ တက်ရောက်မည်ဟု ပြောကြားခဲ့သော်လည်း အတွင်း ရေးမှူး ကျာဆော်လမွန်ကမူ ဥက္ကဋ္ဌနှင့် ဒု ဥက္ကဋ္ဌ မပါဝင်ဘဲ အလုပ်မှုဆောင် အချို့နှင့် ဆွေးနွေးကာ စစ်ခေါင်းဆောင် ဖိတ်ခေါ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း မီဒီယာထံ ထုတ်ဖော် ပြောခြင်းဖြစ်ကြောင်းသိရသည်။
အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း ၎င်းတို့ ဖိတ်ခေါ်သည့် ဆွေးနွေးပွဲသို့ LDU အနေဖြင့် တက်ရောက်ရန် အကြောင်း ပြန်စာ ပေးပို့ထားကြောင်း ထုတ်ဖော်ပြောကြားထားသည်။
ထို့အတွက် စစ်ခေါင်းဆောင်၏ ကမ်းလှမ်းမှုအပေါ် အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်၏ ပြောကြားချက်မှာ LDU ၏ ဖွဲ့စည်းအုပ် ချုပ်ပုံ အဆင့်ဆင့်၊ စည်းမျဉ်း ဥပဒေများ၊ ပေါ်လစီများအပေါ် လေးစားလိုက်နာခြင်း မရှိဘဲ ကိုယ်ကျိုးအတွက် အလုပ်အမှု ဆောင်အချို့၏ ဆုံးဖြတ်ချက်များအား ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများအနေဖြင့် အသိအမှတ် မပြုကြောင်း ယမန်နေ့ ရက်စွဲဖြင့် LDU က ကြေညာချက် ထုတ်ပြန်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ကြားခဲ့သည့် ဆွေးနွေးရေး အစီအစဉ်အား လတ်တ လော နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များ မပါရှိဘဲ အဖွဲ့ ၁၀ ဖွဲ့သာ တက်ရောက် မည် ဟု စစ်ကောင်စီက ပြောဆိုထားသည်။
အဆိုပါ အဖွဲ့များသည် အရပ်သား အစိုးရအား ဖြုတ်ချအာဏာသိမ်းခဲ့သည့် စစ်ကောင်စီလက်ထက်တွင် ပြုလုပ်သည့် ဆွေး နွေးပွဲတိုင်း တက်ရောက်ခဲ့ကြသည့် အဖွဲ့များဖြစ်သည့်အပြင် လတ်တလော လူထုတော်လှန်ရေးအတွင်း စစ်ကောင်စီနှင့် ထိ တွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းလည်း ရှိမနေသော အဖွဲ့များဖြစ်သည်။
You may also like these stories:
စစ်ခေါင်းဆောင် ဖိတ်သည့် ဆွေးနွေးပွဲ ပဋိပက္ခဖြေရှင်းရေး ရလဒ် ထွက်ဖွယ် မရှိ
အာဏာသိမ်းခေါင်းဆောင်ဖိတ်သည့် ဆွေးနွေးပွဲသို့ တက်ရန် အပစ်ရပ် ၅ ဖွဲ့ဆုံးဖြတ်