• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သူများအား အာဇာနည်အဖြစ် ဂုဏ်ပြုကြောင်း NUG ပြော

by ဧရာဝတီ
19 July 2022
in သတင်း
A A
ယခုနှစ် ဖေဖော်ဝါရီလ ကဖြစ်ပွားခဲ့သော မိုးဗြဲ တိုက်ပွဲတွင် ဒဏ်ရာရ ရဲဘော်တဦး  / Loikaw PDF

ယခုနှစ် ဖေဖော်ဝါရီလ ကဖြစ်ပွားခဲ့သော မိုးဗြဲ တိုက်ပွဲတွင် ဒဏ်ရာရ ရဲဘော်တဦး / Loikaw PDF

10.7k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင် တော်လှန်နေကြသည့် တော်လှန်ရေး ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) အားလုံးကို အာဇာနည် ခေါင်းဆောင်များနည်းတူ လေးစားဂုဏ်ပြုကြောင်း အမျိုးသား ညီ ညွတ်ရေး အစိုးရ (NUG)၊ ယာယီ သမ္မတ ဒူဝါလရှီးလက ပြောသည်။

NUG က ယနေ့ ဦးဆောင် ကျင်းပနေသည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား မိန့်ခွန်းတွင် ယာယီသမ္မတက ထို သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိအကျိုး၊ မိသားစုအကျိုးထက် တိုင်းပြည်နှင့် အများအကျိုးအတွက် အာဇာနည် စိတ်ဓာတ်ထားရှိကာ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်ကြရန်လည်း တိုက်တွန်း ပြောကြားခဲ့သည်။

ယာယီသမ္မတ ဒူဝါလရှီးလက “ကျနော်တို့ တိုင်းပြည်ဟာ တိုင်းတပါး နယ်ချဲ့အောက်မှာ မရှိတော့ပေမယ့် ပြည်တွင်းက အာ ဏာရှင်အောက်မှာ စစ်ကျွန်ဘဝကို ရောက်ရှိနေတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ လက်ရှိ အာဏာရှင်တွေဟာ တိုင်းတပါး နယ်ချဲ့တွေထက် များစွာ ရက်စက်ကြမ်းကြုတ်ပြီး ပြည်သူလူထုကို နေ့တိုင်း ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်နေတာ အားလုံး အသိ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ စစ်အာဏာရှင်ကို ကျနော်တို့ တော်လှန်တိုက်ခိုက်နေခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။

ယင်းပြင် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ပင် ၁၉၆၂ ခုနှစ်မှ စတင်ပြီး စစ်အာဏာ ရှင် အဆက်ဆက်အား ဆန့်ကျင် တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ရသည့် ရဟန်းရှင်လူ၊ ကျောင်းသားလူငယ်၊ တိုင်းရင်းသား ပြည် သူ အာဇာနည်များစွာ ပေါ်ပေါက်ခဲ့ကြောင်းလည်း NUG အစိုးရ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ယခု ပြည်သူ့ အာဏာလုယူရန် ကြိုးပမ်းနေသည့် စစ်ကောင်စီအား ဆန့်ကျင်တော်လှန်ရာတွင်လည်း Generation Z များ နှင့် အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အင်အားစု အသီးသီးက နွေးဦးတော်လှန်ရေး တပ်ဦးတွင် ခိုင်မာသည့် စိတ်ဓာတ်များဖြင့် ကိုယ်ကျိုးစွန့် ပါဝင်လျက်ရှိရာတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်စွန့်ခဲ့ကြသည့် ပြည်သူ့သားကောင်း အာဇာနည်များအပေါ်၏ ကျေးဇူးတရားကို ဂုဏ်ပြု၊ ဦးညွှတ်အလေးပြုကြောင်း လည်း ၎င်းက ဆိုသည်။

RelatedPosts

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

9 January 2026
2
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
59
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
160

၎င်းက “ရဟန်းရှင်လူ ကျောင်းသားလူငယ်တွေ အပါအဝင် တိုင်းရင်းသား ပြည်သူတရပ်လုံးဟာ မိမိတို့ရဲ့ လွတ်လပ်စွာ ရွေး ချယ်နိုင်ခွင့်နဲ့ အခွင့်အရေးတွေကို ပြည့်ဝစွာ ကျင့်သုံး၊ ပိုင်ဆိုင်နိုင်ဖို့ဆိုရင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမို ကရေစီစနစ် ထွန်းကား ရှင်သန်မှသာ ဖြစ်နိုင်မယ်ဆိုတာ ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။

NUG အနေဖြင့် ယနေ့ ကျရောက်သည့် အာဇာနည်နေ့ အခမ်းအနားအား အွန်လိုင်းမှတဆင့် ကျင်းပနေခြင်း ဖြစ်ပြီး NUG အစိုးရ တာဝန်ရှိသူများ၊ ကြားကာလ ပြည်နယ်ကောင်စီများ၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ နိုင်ငံရေး ပါတီအချို့နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ ကိုယ်စားလှယ်တို့ တက် ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ၇၅ နှစ်ပြည့် အာဇာနည်နေ့မှစ၍ အားလုံး မျှော်လင့်ထားကြသည့် နိုင်ငံဖြစ်တည်မှု၊ စည်းလုံးမှု၊ ညီညွတ် မှု၊ ဘုံသတ်မှတ်ထားရှိသည့် နိုင်ငံရေး ရည်မှန်းချက်များနှင့် တည်ဆောက်လိုသည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု နိုင်ငံကြီးတော်သစ်ဆီ အောင်မြင်သည်အထိ တိုက်ပွဲဝင်သွားကြရန်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) တွဲဖက် အတွင်းရေးမှူး-၂၊ ပဒိုစောလှထွန်းက တိုက်တွန်း ပြောကြားခဲ့သည်။

နိုင်ငံအနှံ့ရှိ တော်လှန်ရေးအင်အားစုများ၊ သပိတ် စစ်ကြောင်းများကလည်း ယနေ့ ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာ နည်နေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုချီတက်ခြင်းများကို နည်းမျိုးစုံဖြင့် ပါဝင်ဆင်နွှဲလျက်ရှိနေသည်။

You may also like these stories:

အာဇာနည်နေ့ကို ထောင်အတွင်းကသာ ဖြတ်သန်းရဦးမယ့် ဒေါ်အောင်ဆန်းစုကြည်

မမေ့နိုင်တဲ့ ၁၉ ဇူလိုင်

Your Thoughts …
Tags: NUGစစ်အာဏာရှင်အာဇာနည်နေ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
အဝေးရောက်သမီး

အဝေးရောက်သမီး

မိသားစုလိုက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် နေရာ  / SSPP Info

၆ နှစ်အရွယ် ကလေးနှင့် မိသားစုအား အာဏာသိမ်းတပ် ပစ်သတ်ဟု မိုင်းရှုးမြို့ခံများပြော

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved