• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၆ နှစ်အရွယ် ကလေးနှင့် မိသားစုအား အာဏာသိမ်းတပ် ပစ်သတ်ဟု မိုင်းရှုးမြို့ခံများပြော

by ဧရာဝတီ
19 July 2022
in သတင်း
A A
မိသားစုလိုက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် နေရာ  / SSPP Info

မိသားစုလိုက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် နေရာ / SSPP Info

14.2k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ် မြောက်ဘက်တွင် အာဏာသိမ်းစစ်တပ်က အသက် ၆ နှစ်အရွယ် ယောကျ်ားလေးအပါအဝင် ၎င်း၏ မိခင်နှင့် ဖခင်ဖြစ်သူကိုပါ ဇူလိုင်လ ၁၈ ရက်က ပစ်သတ်လိုက်ကြောင်း မိုင်းရှူးဒေသခံများက ပြောသည်။

ကလေး၏ မိဘများမှာ မိုင်းရှုးမြို့နယ်မြောက်ဘက်ရှိ တောင်ဟျိုဝ်းရွာနေ ရှမ်းတိုင်းရင်းသားများဖြစ်သော စိုင်းသီဟနှင့် နန်းဆိုင်းလူတို့ဖြစ်ပြီး ၎င်းတို့သည် မိုင်းရှူးမြို့မှ ကားဖြင့် ပြန်လာစဉ် ဟွေလွတ်ရွာအနီး မိုင်းရှုး တန့်ယန်း ကားလမ်းပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် မိုင်းရှုးမြို့ခံ တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “သူ့ဇနီးရယ်၊ ကားမောင်းတဲ့ စိုင်းသီဟရယ်၊ ဒါက စစ်တပ်ဘက်က ပစ်တဲ့အနေအထားပဲ။ ကားလမ်းပေါ်မှာ က စစ်တပ်စခန်းရှိတယ်လေ။ ဖြစ်တာကတော့ ညနေပိုင်း ၇ နာရီမှာ ဖြစ်တာ။ မောင်းသွားတာကို မသင်္ကာလို့ ပစ်တဲ့ သဘောဖြစ်မှာပေါ့။ ဒါက လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင်ခြင်မဲ့ ပြည်သူလူထုအပေါ် ရိုင်းရိုင်းစိုင်းစိုင်းပြုမူတဲ့ သဘောတခုပါပဲ” ဟု ဆိုသည်။

စိုင်းသီဟတို့ မိသားစု ပစ်ခတ်ခံရသည့် နေရာအနီးရှိ ဟွေလွတ်ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ် လက်အောက်ခံ အမှတ် ၅၂၄ ခြေလျင်တပ်ရင်းအခြေစိုက်တပ်စွဲထားသဖြင့် အဆိုပါစစ်ကောင်စီတပ်ကပင် ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက တွက်ဆပြောဆိုကြသော်လည်း ဧရာဝတီက သီးခြားအတည်မပြုနိုင်ပေ။

ပစ်ခတ်ခံရမှုကြောင့် နန်းဆိုင်းလူနှင့် ၎င်း၏ သားဖြစ်သူမှာ ကားပေါ်၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
ဖခင်ဖြစ်သူ စိုင်းသီဟကမူ မိုင်းရှူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခံရပြီးနောက် ည ၁၁ နာရီတွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရသူ စိုင်းသီဟ (ဓာတ်ပုံ – SSPP Info)

နောက်ထပ် မိုင်းရှူးမြို့ခံတဦးကလည်း မိုင်းရှူးမြို့နယ်တွင် ယခုကဲ့သို့ လက်နက်မဲ့ အရပ်သားများကို လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုများသည် ယခင်ကလည်း ဖြစ်ခဲ့ဖူးပြီး ပစ်ခတ်သတ်ဖြတ်မှုများနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမှ အရေးယူဆောင်ရွက်မှုမရှိကြောင်း ပြောသည်။

အဆိုပါ မြို့ခံက “အခုက အနက်ရောင်နယ်မြေသဘောလို ဖြစ်နေတဲ့အတွက်ကြောင့် ပြည်သူလူထုက နေရထိုင်ရတာတွေက လုံခြုံမှုမရှိတဲ့ အနေအထားမှာရှိတာပေါ့။ မိုင်းရှူးက လက်နက်ကိုင်အဖွဲ့တွေ မင်းမူနေတဲ့ ဧရိယာဖြစ်တာကိုး။ ပြည်သူလူထုက ဘာမှကို အကာအကွယ်မရှိဘူး။ ဘယ်သူမှလည်း အကာအကွယ်ပေးနိုင်တဲ့ အနေအထားမရှိဘူး။ တခုခုဖြစ်ရင် ပြည်သူကပဲ နစ်နာဆုံးရှုံးရတဲ့ အနေအထားဖြစ်နေတာပေါ့။ သေကြေရတယ်ပေါ့။ ဘယ်သူမှလည်း တာဝန်ယူဆောင်ရွက်တာ မကြားရဘူး” ဟု ဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
91

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် နန်းဆိုင်းလူနှင့် သားဖြစ်သူကို တောင်ဟျိုဝ်းရွာဒေသခံများက ဒေသဓလေ့ထုံးတမ်းအရ ဇူလိုင်လ ၁၈ ရက်တွင် သင်္ဂြိုလ်လိုက်ပြီး ဖခင်ဖြစ်သူ စိုင်းသီဟကိုမူ ဇူလိုင်လ ၁၉ ရက်တွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်မြောက်ဘက် လွယ်နိုင်းဒေသတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က တပ်စခန်း ၃ ခု အခြေချ တပ်စွဲထားပြီး အာဏာသိမ်းစစ်ကောင်စီတပ်က အဆိုပါတပ်စခန်း ၃ ခုကို ဇူလိုင်လ ၂၁ ရက် နောက်ဆုံးထားကာ ဖယ်ရှားပေးရန် SSPP ထံတောင်းဆိုထားသည်။

SSPP ဘက်ကလည်း စစ်ကောင်စီ၏ တောင်းဆိုချက်ကို လိုက်လျောမှုမရှိသဖြင့် မိုင်းရှူးမြို့နယ် မြောက်ဘက်သည် ၂ ဘက်တပ်များအကြား စစ်ရေးတင်းမာနေသည့် ဒေသလည်း ဖြစ်သည်။ ထိုသို့ စစ်ရေးတင်းမာနေသည့် ဒေသတွင် အရပ်သားမိသားစုတစု ပစ်ခတ်သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။

Your Thoughts …
Tags: မိုင်းရှူးရှမ်းပြည်နယ်အာဏာသိမ်းတပ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

စစ်ရှုံးသော်လည်း ရမခ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ရာထူးတိုး

စစ်ရှုံးသော်လည်း ရမခ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ရာထူးတိုး

by ဧရာဝတီ
2 February 2024
21.8k

ရာထူးတဆင့်တိုးသွားသော ဗိုလ်ချုပ် နိုင်နိုင်ဦးသည် စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ် တာဝန်နှစ်ခုအား ထမ်းဆောင်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် စစ်တက္ကသိုလ်တပတ်စဉ်ထဲ တက်ရောက်ခဲ့သူ ဖြစ်သည်။

လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

by အေးချမ်းဆု
8 December 2023
21.5k

တပ်အင်အား မလုံလောက်၍ စုပေါင်းစပ်ပေါင်းတပ်များ အသုံးပြုခြင်းသည် မိုးထဲရေထဲတွင် မခံနိုင်သကဲ့သို့ စိတ်ဓာတ်ကျဆင်းနေသည့် စစ်တပ်သည်လည်း ဦးကျိုးနေသည်သာ ဖြစ်၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
18k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

Next Post
အသက် ၈၁ နှစ်အရွယ် ထိုင်းနိုင်ငံသား အသတ်ခံရမှု  / พรชัย เอี่ยมโสภณ

ရနောင်းလူသတ်မှုဖြင့် အလိုရှိနေသည့် မြန်မာ ၂ ဦးကို ဖမ်းမိဟုဆို

ရန်ကုန်မြို့လယ်ရှိ မီးရထားရုံးချုပ်ဟောင်း နေရာက ဆောက်လုပ်လက်စ ရိုးမစင်ထရယ် (Yoma Central) ဟိုတယ်နှင့် အထပ်မြင့်အိမ်ရာ စီမံကိန်း /  Nikkei Asia

မြန်မာ့စီးပွားရေး ထိုးရပ်တော့မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved