• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝက်လက် စစ်ရှောင်ရွာများတွင် အိမ်တွင်းပစ္စည်းများ အခိုးခံရ

by ဧရာဝတီ
19 October 2022
in သတင်း
A A
ယခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ကိုင်းတိုင်း၊ တလိုင်းကျွန်းကျေးရွာ

ယခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ကိုင်းတိုင်း၊ တလိုင်းကျွန်းကျေးရွာ

2.2k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ကျေးရွာများမှ တန်ဖိုးရှိ ပစ္စည်းများကို စစ်ကောင်စီတပ်နှင့် ပျုစောထီးအဖွဲ့များပေါင်းကာ ခိုးယူသယ်ဆောင်နေကြကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

ဘုရားလေးကုန်း၊ ငါးပတ်ချောင်း၊ ကူကြီး၊ သစ်ဆိမ့်၊ အောင်သပြေသာကျေးရွာများရှိ နေအိမ်များမှ ပစ္စည်းများကို မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ထုံးကြီး၊ တောင်အင်၊ ရေတော်၊ ဆီသည်ပျုစောထီးအဖွဲ့များနှင့် သပိတ်ကျင်းအခြေစိုက် အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးတပ်တို့မှ ခိုးယူနေကြခြင်းဖြစ်သည်ဟု ဝက်လက်မြို့နယ် စစ်ဘေးရှောင် ကူညီနေသူတဦးက ပြောသည်။

၎င်းက “ရွာတွေကို ဝင်စီး မီးရှို့ပြီး ရွာထဲက အိမ်တွေကို ရိုက်ဖျက်တာတွေ လုပ်တယ်၊ ပြီးတော့ အိမ်ထောင်ပရိဘောဂ၊ ဆိုင်ကယ်အစ တန်ဖိုးရှိပစ္စည်းတွေကို သယ်ပြီး စုတယ်၊ ပြီးတော့ ပျု ဒလန် သတင်းပေး လက်ပါးစေ ဝင်းညွှ့န့်ဦးဆောင်ပြီး ဝင်ညွန့်ပိုင်တဲ့ စက်လှေ ၂ စီးတွဲထားတဲ့ ဗျက်ဖောင်ရယ်၊ ချောဆွဲထားတဲ့ ကျော်ဆန်းဝေ၊ အောင်ချမ်းသာမော်တော်တွေနဲ့ ပစ္စည်းတွေကို ၃ ခေါက်အနည်းဆုံး ကဲ့ယူသွားကြတယ်” ဟု  ဧရာဝတီသို့ ပြောသည်။

အဆိုပါကျေးရွာများသို့ ဝင်ရောက်လာသည့် ပျုစောထီးအဖွဲ့များ ပါဝင်သော စစ်ကြောင်းသည် ဝက်လက်မြို့နယ်အတွင်းသို့ ဧရာဝတီမြစ်အတွင်းမှ လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အင်အား ၁၂၀ ခန့်ပါဝင်သော စစ်ကြောင်းတွင် ပျုစောထီး အင်အား ၈၀ ခန့်ပါဝင်ကြောင်း သိရသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
131
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
60

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်မြေသြဇာက “အဓိတော့ စစ်ရှောင်ကြရတဲ့ရွာတွေက ပစ္စည်းတွေကို လိုချင်ကြလို့ လုပ်ကြတာ၊ လက်ရှိအခြေအနေတွေအရ သုံးသပ်ရမယ်ဆိုရင် စစ်တပ်က တိုက်ခိုက်မယ်၊ ရွာတွေကို မီးရှို့မယ်၊ ဖျက်ဆီးမယ်၊ သံသယနဲ့ ရွာသားတွေကို ဖမ်းမယ်ဆိုတာက ပိုများတယ်၊ ပစ္စည်းယူတာ အတော်နည်းတာကို သတိထားမိတယ်၊ အခုက ပျုတွေက ပစ္စည်းတွေကို ခိုးဝှက် လုယက်ယူနေကြတာ များတယ်” ဟု ပြောသည်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းသို့ အောက်တိုဘာ ၁၃ ရက်နေ့ ညပိုင်းမှ စတင်ကာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ရွှေတိုက်တောင်၊ သန်းချပ်၊ ဇီးဖြုကျင်း၊ ရုံးပင်ကုန်း၊ စတောင်နီ၊ အင်ဘဲကြီး၊ တောင်ကုန်း၊ အင်ကြင်ပင်၊ မင်းကုန်း၊ ဆင်မ၊ မင်းရွာ၊ ဝက်လက်ရွဲ၊ ဖိုဝင်းတပ်၊ ရွှေကျင်၊ ဘုရားလေးကုန်း၊ ငါးပတ်ချောင်း၊ ကူကြီး၊ သစ်ဆိမ့်၊ အောင်သပြေသာ၊ ချောင်းမြီးတို၊  ထနောင်းကိုင်း၊ မန်းကျည်းသုံးပင်စသည့်ကျေးရွာများမှ ဒေသခံ ၂၃၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ကိုင်းတိုင်း၊ တလိုင်းကျွန်းကျေးရွာ

ဝက်လက်မြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုး ဝင်လာသည့် စစ်ကြောင်းမှာ တပ်မ (၃၃) လက်အောက်ခံ ရွှေဘိုမြို့အခြေစိုက် ခမရ (၁၁)၊ ခလရ (၄၂) နှင့် လေ့ကျင့်ရေး(၈) တပ်များဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်နေ့တွင် ပိတောက်ခြုံကျေးရွာမှ နေအိမ် ၅ လုံး၊ အောက်တိုဘာ ၁၆ ရက်နေ့တွင် ဆင်နင်းကျေးရွာမှ နေအိမ် ၂၀ ခန့်၊ အောက်တိုဘာ ၁၇ ရက်နေ့တွင် သစ်ဆိမ့်၊ ကူကြီးကျေးရွာများမှ နေအိမ် ၄၀ ခန့်ထိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင် ကူညီနေသူတဦး က “ကူကြီး၊ သစ်ဆိမ့်၊ ငါးပတ်ချောင်းရွာက အရင်တခေါက်ကလည်း အခုလို ပစ္စည်းတွေကို သယ်သွားကြသေးတယ်၊ တန်ဖိုးရှိ ပစ္စည်းတွေအပြင် စားအိုးစားခွက်ကအစ အကုန်ယူကြတာ၊ ပြီးတော့ ပျုတွေက အားလုံးကို ခွဲဝေယူ ရောင်းစားကြတာ၊ ပြောရမယ်ဆိုရင် ကျနော်တို့ ဝက်လက်နယ်က စစ်ရှောင်နေကြရတဲ့ ပြည်သူတွေရဲ့ပစ္စည်းတွေ အတင်းအဓမ္မ ခိုးယူသွားကြတာဖြစ်တဲ့အတွက် မဝယ်ကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောသည်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းသို့ အောက်တိုဘာ ၈ ရက် နေ့လယ် ၁၂ နာရီကျော်ကလည်း  ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီး၊ Mi 35 ၂ စီး၊ Mi 17 ၄ စီးတို့ဖြင့် လေကြောင်း ပစ်ခတ်မှုများ ပြုလုပ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ချထားခဲ့ရာ စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံပြည်သူများနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

Your Thoughts …
Tags: ခိုးယူစကစစစ်ရှောင်ရွာထွက်ပြေးတိမ်းရှောင်ပျူစောထီးဝက်လက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သမဝါယမ တပ်ချုပ်ကြီးနှင့် ရှောင်လင် ခရိုနီများ

သမဝါယမ တပ်ချုပ်ကြီးနှင့် ရှောင်လင် ခရိုနီများ

by ကြာဖက်နှင်း
3 August 2024
24.5k

“ဦးသန်းရွှေ၊ ဦးမောင်အေး လက်ထက်မှာ ချမ်းသာအောင် လုပ်ပေးခဲ့တဲ့ ခရိုနီတွေက ကျေးဇူး ကန်းတယ်လို့ သူက မြင်နေပုံ ရတယ်”

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

by စွယ်တော်
23 May 2025
20k

ထိုမကျေနပ်မှုကြောင့် မိတ္ထီလာပြည်သူ့စစ်က ရုပ်သံကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပြီး မေလ ၂၂ ရက်တွင် မိတ္ထီလာပြည်သူ့စစ် ၁၇ ဦး နုတ်ထွက်တော့မည့်အကြောင်းလည်း ထွက်ပေါ်လာသည်။

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

by ဧရာဝတီ
28 July 2023
17k

ဒေသ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေ စိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထား လာကြတာလည်း ဖြစ်ပါတယ်။

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

by ဝတ်ရည်ခိုင်မာ
7 February 2025
12.5k

တကယ်တမ်းတွင် လက်ရှိ မြန်မာပြည်၌ ကျားဖြန့်များ ရှိနေသည်မှာ စစ်တပ် အုပ်ချုပ်နေသည့် နေရာများဖြစ်၏။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

Next Post
မန္တလေး ဗဟို အကျဉ်းထောင်

မန္တလေးထောင်၌ ထောင်ဝင်စာပို့ခွင့် ပိတ်

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက တရုတ်နိုင်ငံ လေကြောင်းပြပွဲတွင် ပြသထားသော FTC-2000G ဂျက်တိုက်လေယာဉ်  / Flight Global

စစ်ကောင်စီက တရုတ်ဂျက်တိုက်လေယာဉ်များ ဝယ်ယူထား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved