• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အရပ်ဘက်အသင်းအဖွဲ့များအား ပိုမိုထိန်းချုပ်ရေး စစ်ကောင်စီဥပဒေပြဌာန်း

by ဧရာဝတီ
4 November 2022
in သတင်း
A A
၂၀၂၁ ဖေဖော်ဝါရီ  ၂ ရက်နေ့က မန္တလေးမြို့ပေါ်တွင်မြင်တွေ့ရသည့် စစ်ကောင်စီတပ်များ  / ဧရာဝတီ

၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့က မန္တလေးမြို့ပေါ်တွင်မြင်တွေ့ရသည့် စစ်ကောင်စီတပ်များ / ဧရာဝတီ

6.3k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပြည်တွင်း၊ ပြည်ပအရပ်ဘက်အဖွဲ့အစည်းများအား ပိုမိုထိန်းချုပ်နိုင်ရေးအတွက် တင်းကျပ်သည့် စည်းကမ်းချက်များပါဝင်သည့် “အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ” အား အောက်တိုဘာ ၂၈ ရက်နေ့ရက်စွဲဖြင့် ကြေညာပြဌာန်းခဲ့သည်။

ယင်းဥပဒေအရ အသင်းအဖွဲ့များအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး (သို့မဟုတ်) သာသနာရေးရာ ကဏ္ဍများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရောယှက်ခြင်းမရှိစေရန် ကန့်သတ်ထားပြီး ပြည်တွင်းရေးနှင့် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်လည်း တားမြစ်ထားသည်။

စစ်ကောင်စီအနေဖြင့် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ်တွင် ပြဌာန်းထားသည့် ဥပဒေအား ပယ်ဖျက်ကာ တင်းကျပ်သည့် စည်းကမ်းချက်များ၊ ထောင်ဒဏ်များထည့်သွင်းကာ ဥပဒေသစ်ပြဌာန်းလိုက်ခြင်းသည် ယင်းအား ဆန့်ကျင့်တော်လှန်နေသည့် အမျိုးသား ညီညွှတ်ရေး အစိုး (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ လုပ်ငန်းများတွင် ဒေသခံအဖွဲ့အစည်းများ ပါဝင်မှုကို ထိန်းချုပ်တားမြစ်လိုသည့် လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း ဥပဒေဆိုင်ရာကျွမ်းကျင်သူတဦးက ပြောသည်။

၎င်းက “အခုက NUG၊ CRPH၊ PDF တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးအရ ပြိုင်ဆိုင်တာကနေ စစ်ရေးအရ ပြိုင်ဆိုင်မှုက ပိုပြီးကြီးမားပြင်းထန်လာတယ်၊ ကျယ်ပြန့်လာတယ်၊ အသင်းအဖွဲ့တွေက ချိတ်ဆက်ပြီးတော့ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ NUG ကကြေညာထားတဲ့ အပြီးသတ်တိုက်ပွဲဆိုတာကို ဖြစ်လာမလားပေါ့၊ အဲဒါကို ကြိုတင်ပြီးတော့ ထိန်းချုပ်တယ်လို့မြင်ပါတယ်၊ လက်တွေ့အရေးယူပြတာတွေလည်း ရှိလာနိုင်ပါတယ်” ဟု ပြောသည်

RelatedPosts

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
3
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
3
အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

11 January 2026
14

အထူးသဖြင့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်တွင် စစ်ကောင်စီအား နိုင်ငံရေး၊ စစ်ရေးအရ ခုခံတိုက်ခိုက်နေသည့် အဖွဲ့များနှင့် ဆက်သွယ်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ပါက ငါးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး အသင်းအားဖျက်သိမ်းကာ အသင်းပိုင်ငွေကြေးနှင့်ပစ္စည်းများအား သိမ်းဆည်းရမည်ဟုဆိုထားသည်။

ယခင်ဥပဒေအရ အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထားမှုအား ရပ်ကွက်၊ မြို့နယ် အဆင့်တွင် ဆန္ဒအလျောက်သာ ဆောင်ရွက်ရန် ခွင့်ပြုထားသော်လည်း စစ်ကောင်စီ လက်အောက်တွင် ပြဌာန်းလိုက်သည့် ဥပဒေတွင်မူ လူငါးဦး (သို့မဟုတ်) ငါးဦးထက် ဖွဲ့စည်းဆောင်ရွက်ပါက မဖြစ်မနေမှတ်ပုံတင်ရန်လိုအပ်မည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းမရှိဘဲ ဆောင်ရွက်ပါက သုံးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ဆယ်သိန်းထက်မပိုသည့် ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်သည်။

ယင်းအပြင် စစ်ကောင်စီက အသင်းအဖွဲ့မှတ်ပုံတင်ကြေးများကိုလည်း တိုးမြှင့်လိုက်ပြီး ပြည်တွင်းအဖွဲ့အစည်းအနေဖြင့် ပြည်ထောင်စု အဆင့် မှတ်ပုံတင်ပါက ကျပ်သုံးသိန်း၊ တိုင်း/ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အဆင့် မှတ်ပုံတင်ပါက ကျပ်တသိန်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း၊ ခရိုင်အဆင့်တွင် ကျပ်ငါးသောင်းနှင့် မြို့နယ်အဆင့် ကျပ်သုံးသောင်းသတ်မှတ်ထားသည်။

ယခင်ဥပဒေတွင်မူ ပြည်ထောင်စုအဆင့် ကျပ်တသိန်း၊ တိုင်း/ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အဆင့် ကျပ်သုံးသောင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်တို့အတွက် မှတ်ပုံတင်ကြေ ပေးသွင်းစရာမလိုအပ်ပေ။

အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGOs) နှင့် ပတ်သက်၍လည်း ယခင်မှတ်ပုံတင်ကြေး တသိန်းအစား ကျပ်ငါးသိန်းသို့ တိုးမြှင့်လိုက်ပြီး အမှုဆောင်အဖွဲ့တွင် မြန်မာနိုင်ငံသားအနည်းဆုံး ၄၀ ရာခိုင်နှုန်း ပါဝင်ရမည် ဖြစ်ကြောင်းလည်း သတ်မှတ်ခဲ့သည်။

ယင်းအပြင် မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့များအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်အား သုံးလတကြိမ် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြရမည်ဖြစ်ပြီး လိုအပ်ပါက အသင်းစာရွက်စာတမ်း၊ ငွေကြေးရှင်းတမ်းနှင့်ပစ္စည်းများအား လိုအပ်သလို စုံစမ်းစစ်ဆေးခြင်းခံရမည် ဖြစ်ကြောင်းလည်း စစ်ကောင်စီက ပြဌာန်းထားသည်။

အသင်းအဖွဲ့များ အနေဖြင့် မှတ်ပုံတင်ရာတွင် သက်ဆိုင်သည့် အစိုးရဌာနများ၏ ထောက်ခံချက် ရယူမည်ဆိုသည့် အချက်အပါအဝင် တင်းကျပ် ကန့်သတ်ချက်များကြောင့်လည်း ဒေသအလိုက်၊ ရပ်ကွက်အလိုက်ဆောင်ရွက်နေသည့် အရပ်ဘက်အသင်းအဖွဲ့များ လျော့နည်းသွားနိုင် ကြောင်းလည်း လူမှုကူညီရေးဆောင်ရွက်နေသူတဦးက ပြောသည်။

ရန်ကုန်အခြေစိုက် လူမှုကူညီရေးဆောင်ရွက်နေသူတဦးက “စည်းမျဉ်း၊ စည်းကမ်းတွေကတော့ ပိုမိုတင်းကျပ်လာတာပေါ့၊ ကျနော်တို့က နဂိုကတည်းက ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းလုပ်နေရတာဆိုတော့ သိပ်တော့ပြဿနာမရှိပါဘူး၊ တချို့အဖွဲ့ အစည်းတွေ အတွက်တော့ အခက်အခဲရှိလာနိုင်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီက အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြဌာန်းခြင်းနှင့်ပတ်သက်ပြီး အသိအမှတ်ပြုလိုက်နာမည်မဟုတ် ကြောင်းနှင့် စစ်ကောင်စီလက်အောက်ခံ မည်သည့်ဌာန၊ အဖွဲ့အစည်းနှင့်မျှ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း မန္တလေးအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများက ယမန်နေ့က သတင်းထုတ်ပြန်လိုက်သည်။

၎င်းတို့က “ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များကိုလုပ်ဆောင်နေသည့် တရားမဝင်သည့် အကြမ်းဖက် စစ်တပ်မှ ထုတ်ပြန်ကြေညာခဲ့သည့် အဆိုပါအသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအား အသိအမှတ် မပြုကြောင်းနှင့် လိုက်နာသွားမည်မဟုတ်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်” ဟု ဆိုထားသည်။

ယင်းအပြင် စစ်ကောင်စီအနေဖြင့် ပြည်သူလူထုအား လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အဟန့်အတားဖြစ်စေသည့် အပြင် လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်နေသူများအား အကြမ်းဖက် ဖမ်းဆီးမှုများ လုပ်ဆောင်နေသည့်အတွက် ၎င်းတို့ပြဌာန်းသည့် ဥပဒေအား UN၊ အာဆီယံနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသည့်အဖွဲ့အစည်းများအနေဖြင့် လျစ်လျူရှု မနေသင့်ကြောင်းလည်း မန္တလေးအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် နာရေးကူညီမှု အသင်း၊ ပြေတီဦးဖောင်ဒေးရှင်းစသည့် လူမှုရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းရုံးခန်းများသို့ ဝင်ရောက်ကာ အသင်းဝင်များအား ဖမ်းဆီးခြင်း၊ အသင်းပိုင်ပစ္စည်းများအား မွှေနှောက်ရှာဖွေ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။

You may also like these stories:

ဆိုက်ဘာလုံခြုံရေး ဥပဒေကြမ်းကို အရပ်ဘက် အဖွဲ့အစည်း၂၀၀ ကျော် ကန့်ကွက် ရှုတ်ချ

ဆန္ဒဖော်ထုတ်သည့် အလုပ်သမားများကို မခြိမ်းခြောက်ဖို့ ILO ပြော

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မဖိတ်

စစ်ကောင်စီက ဖမ်းဆီးထားစဉ် ညှင်းဆဲသတ်ဖြတ်ခံရသူများ

Your Thoughts …
Tags: စစ်ကောင်စီထိန်းချုပ်အရပ်ဘက်အသင်းအဖွဲ့ မှတ်ပုံတင်ဥပေဒ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၁ ခုနှစ် တပ်မတော်(လေ)ဖွဲ့စည်းမှု ၇၄နှစ် မြောက် အခမ်းအနား / CINCDS

အရပ်ဘက်လေယာဉ်သုံး လောင်စာဆီများ မြန်မာလေတပ်က အသုံးပြုနေဟု AI ဆို

ဒီအတိုင်းဆိုရင် စစ်ကောင်စီကို အာဆီယံက ရွာအပြင်ထုတ်ထားဦးမှာပဲ (ရုပ်/သံ)

ဒီအတိုင်းဆိုရင် စစ်ကောင်စီကို အာဆီယံက ရွာအပြင်ထုတ်ထားဦးမှာပဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved