• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တနိုင်းပြည်သူ့စစ်စခန်း KIA တိုက်ခိုက် ဖျက်ဆီး

by ဧရာဝတီ
19 December 2022
in သတင်း
A A
တနိုင်း၊ လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအခြေစိုက်သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ  / kachinnews

တနိုင်း၊ လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအခြေစိုက်သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ / kachinnews

4.1k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ လမုန်းကျေးရွာတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီ လက်အောက်ခံ ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်စခန်းကုန်းတခုအား ကချင်အမျိုးသား လွတ်လပ်ရေး တပ်မတော် (KIA) က တိုက်ခိုက် သိမ်းပိုက်ကာ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

အဆိုပါ စခန်း တိုက်ခိုက် ဖျက်ဆီးမှုအား ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက် တွင်လည်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၂၉၇ တပ်ရင်းစခန်းရှိရာ တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ကျေးရွာသို့ အစည်း အဝေးတက်ရန် သွားရောက်သည့် ဦးရွှေမင်း ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့ကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒေသခံတဦးက “လမုန်းကျေးရွာနဲ့ တဝမ်ခါတို့၊ တဝမ်ပူးတို့ဘက်မှာ ပြည်သူတွေ တောင်ယာသွားရင်တောင် ပြည်သူ့ စစ်တွေက တော်တော်လေး အစစ်အဆေး ကြမ်းနေတာ၊ အခုက လမုန်းစခန်းကို သိမ်းလိုက်တဲ့အခါကျတော့ တောင် ယာစိုက်ခင်းတွေကို ကောင်းကောင်း သွားနိုင်ပြီပေါ့။ ဒီဘက်မှာက လီဆူးပြည်သူ့စစ်တွေပဲ ရှိတယ်၊ ရှထူးဇွပ်ဘက်မှာ လည်း ချုံခိုတိုက်ခိုက်တာတွေလည်း ဖြစ်ခဲ့တာ မှန်ပါတယ်” ဟု ပြောသည်။

KIA နှင့် နီးစပ်သည့် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း လမုန်းကျေးရွာရှိ ပြည်သူ့စစ်စခန်းအား တိုက်ခိုက် ဖျက် ဆီးရာတွင် လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းမိခဲ့ကြောင်းနှင့် ရှထူးဇွပ်ရွာရှိ စစ်စခန်းအား အစည်းအဝေးတက် ရန်နှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ရန် သွားရောက်သည့် အင်အား ၃၀ ခန့်ပါ ပြည်သူ့စစ်အဖွဲ့အား ကြားဖြတ် တိုက်ခိုက်ရာတွင်လည်း ပြည်သူ့စစ်အဖွဲ့က ၄ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားကြသည်။

သို့သော် အဆိုပါ တိုက်ခိုက်မှုများအတွင်း ထိခိုက် သေဆုံးမှုများနှင့် ပတ်သက်ပြီး ဧရာဝတီအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
230
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဝိုင်းမော် မြို့နယ်၊ ဝူယာန်ကျေးရွာအနီးတွင် စစ်ဆေးရေးဂိတ်ဖွင့်ပြီး လီဆူပြည်သူ့စစ် (ဝူယာန်ပြည်သူ့စစ်) အနေဖြင့် ရပ်တည်၍ KIA စခန်းအချို့အား စစ်ကောင်စီနှင့် ပူးတွဲကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် ပြီးခဲ့သည့် နိုဝင်ဘာလက စတင်ကာ လီဆူလူမျိုးများအများစုနေထိုင်သည့် တနိုင်းမြို့နယ်၊ လမုန်းကျေးရွာ ဘက်တွင်ပါ စတင်အခြေချကာ လှုပ်ရှားလာခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လတ်တလော လမုန်းကျေးရွာရှိ ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ဧရာဝတီအနေဖြင့် ဦးရွှေမင်းနှင့် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)တို့ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။

အာဏာသိမ်း စစ်ကောင်စီနှင့် KIA ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့် ဖားကန့်မြို့နယ်၊ မှော်စီစာမှော်အတွင်း လုပ်ကိုင်နေသည့် ကချင်လူငယ် ၅ ဦးအား စစ်ကောင်စီဘက်က ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက ဝင်ရောက် ဖမ်းဆီး သွားပြီး လက်ရှိတွင် တဦးသာ ပြန်လည် လွတ်မြောက်လာသေးကြောင်းလည်း ဖားကန့်မြို့နယ်၊ ကချင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “အခုက ဘာအကြောင်းပြချက်မှ မရှိဘူး၊ ဒီလိုပဲ ဝင်ဖမ်းသွားတာပဲ၊ လက်ရှိ အဲဒီလေးယောက်ကို ဗျူဟာကုန်း မှာ ဖမ်းထားတယ်လို့ ကြားရတယ်၊ ဘယ်လိုလိုက်ရမှန်းလဲ မသိ ဖြစ်နေတယ်။ မိသားစုတွေက တော်တော်လေး စိုးရိမ် နေကြတယ်” ဟု ပြောသည်။

ယခင်က မှော်စီစာမှော်အတွင်း ကျောက်စိမ်း ရှာဖွေတူးဖော်မှုအား ညဘက်တွင်သာ လုပ်ကိုင်ကြရန် ညှိနှိုင်းထားမှုများ ရှိသော်လည်း လက်ရှိတွင် အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးမှုနှင့် ခြိမ်းခြောက်မှုများကြောင့် ငြိမ်သက်နေကြောင်း လည်း သိရသည်။

You may also like these stories:

BGF အသွင်ပြောင်းတော့မည်ဆိုသော ပြောဆိုချက်များ ALP ငြင်း

စစ်ကောင်စီနှင့် အပစ်ရပ် ၇ ဖွဲ့ တွေ့ဆုံ ဆွေးနွေးရေး မအောင်မြင်

Your Thoughts …
Tags: KIAတနိုင်းပြည်သူ့စစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

by စွယ်တော်
16 December 2024
24.2k

စစ်ကောင်စီဘက်ကမူ နှုတ်ပိတ်ရန်အတွက် AA ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟု ယူဆရ‌သောနေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နိုင်သည်။

Next Post
ရသေ့တောင်မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန  / ဧရာဝတီ

ရခိုင်ပြည်နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ ဆက်တိုက် နုတ်ထွက်လာ

အာဂျင်တီးနားအသင်းဟာ ဗိုလ်လုပွဲကို ထိုက်တန်တဲ့ခြေစွမ်းပြပြီး ရောက်ခဲ့သလို ဗိုလ်လုပွဲမှာလည်း ချန်ပီယံခြေစွမ်းပြပြီး ဗိုလ်စွဲခဲ့တာပါ။

ကမ္ဘာ့ဖလားပွဲ ပြီးတော့ ဘာတွေကျန်ခဲ့လဲ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved