• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြင်းခြံတွင် NLD ပါတီဝင်နှင့် ဒေသခံ ၁၃ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

by ဧရာဝတီ
20 December 2022
in သတင်း
A A
သတ်ဖြတ်ခံခဲ့ရသည့် မြင်းခြံဒေသခံများ  /  MFP

သတ်ဖြတ်ခံခဲ့ရသည့် မြင်းခြံဒေသခံများ / MFP

4k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင် ဒီဇင်ဘာ ၆ ရက်မှ ၁၇ ရက်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များနှင့် ဒေသခံပြည်သူ ၁၃ ဦးကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့များက ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

နွားထိုးကြီးမြို့နယ်၊ သမန်းကန်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရသည့်ကိစ္စအပေါ် အငြိုးထား၍ သီတာယုမွန် ခေါင်းဆောင်သော မြင်းခြံပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယင်းကဲ့သို့ ဖမ်းဆီး သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုနေကြသည်။

နွားထိုးကြီးဒေသခံတဦးက “စစ်တပ်က အာဏာသိမ်းပြီးကတည်းက ကျနော်တို့ မြင်းခြံနယ်ထဲမှာ အပြစ်မဲ့တဲ့သူတွေ မကြာခဏ အဖမ်းခံရပြီး အသတ်ခံနေရတာ အတော်များနေပြီ၊ ဒီလထဲမှာတင် အသတ်ခံရတာ ၁၃ ယောက်ရှိသွားပြီ၊ အခြား အဖမ်းခံရတာတွေလည်း ရှိသေးတယ်၊ အဖမ်းခံရပြီးမှ သေဆုံးတာတွေလည်းရှိတယ်”ဟု ပြောသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့ ညပိုင်းက နွားထိုးကြီးမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ နီလာ အီလက်ထရောနစ်ဆိုင်မှ ဒေါ်လဲ့လဲ့ဦးအား သီတာယုမွန် ခေါင်းဆောင်သော ပျူစောထီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ကာ လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းအား သမန်းကန်ကျေးရွာအနီး၌ စွန့်ပစ်ခဲ့သည်။

နွားထိုးကြီး မြို့ခံတဦးက “လျှပ်စစ်ပစ္စည်းဆိုင်ကို ည ၁၀ နာရီကျော်မှာ စစ်တပ်နဲ့ ပျူတွေက ဝင်စီးပြီးတော့ ပိုင်ရှင်အမျိုးသားကို မတွေ့လို့ဆိုပြီး သူ့မိန်းမကို ဖမ်းခေါ်သွားကြတာ၊ နောက်နေ့မနက်ပိုင်းမှာ သမန်းကန်ရွာအနီးက လမ်းဘေးမှာ အလောင်းကို ပြန်တွေ့ခဲ့တာပဲ၊ ညတွင်းချင်းသတ်ပြီးမှ ပစ်သွားတဲ့ပုံစံမျိုးပဲ၊ အခုလို ရက်ရက်စက်စက် နှိပ်စက်ပြီး သတ်ဖြတ်ခံရတာ” ဟုဧရာဝတီသို့ ပြောသည်။

၎င်းကဆက်၍ “သမန်းကန်အုပ်ချုပ်ရေးမှူး အသတ်ခံရတာကို ကလဲ့စားချေတယ်လို့ ခန့်မှန်းရတာပဲ၊ ဘာကြောင့်လဲဆိုတော့ ဒလန်တွေ၊ အုပ်ကြီးတွေ အသတ်ခံရတိုင်း သီတာယုမွန်က အောက်တန်းကျတဲ့နည်းနဲ့ ပြည်သူတွေကို ကြောက်အောင် ခြိမ်းခြောက်နေတာပဲ” ဟု ပြောသည်။

ထို့အပြင် ဒီဇင်ဘာ ၁၆ ရက်နေ့ ညပိုင်းမှာပင် အမှတ်(၂) ရပ်ကွက်ရှိ နွားထိုးကြီးမြို့နယ် NLD အလုပ်အမှုဆောင် ဦးကျော်ခိုင် ၏ နေအိမ်ကို စီးနင်းခဲ့ရာ လူမတွေ့သဖြင့် အိမ်တွင်းပစ္စည်းများကို ဖျက်ဆီးကာ လမ်းပေါ်လွှင့်ပစ်ခဲ့ပြီး ညစ်ညမ်းစာများ ကပ်ခဲ့သလို ပြည်သူနှင့် PDF အဖွဲ့များအား ရန်တိုက်ပေးသည့် စာများကို မှုတ်ဆေးများဖြင့် ရေးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ဒီဇင်ဘာ ၁၄ ရက်နေ့ကလည်း ထိန်ပန်း ရွာသစ်ကျေးရွာမှ ကိုအောင်နိုင်ဝင်း၊ ကိုဇော်နိုင်ဝင်းအပါအဝင် အမျိုးသား ၆ ဦး၏ ရုပ်အလောင်းများကို မြင်းခြံမြို့နယ် ကံရွာ(ခေါင်းကွဲ) မြောက်ဘက် တံတားသစ်အနီး၌ ရုပ်အလောင်း ၂ လောင်း၊ မြင်းခြံနှင့် နွားထိုးကြီးနယ်အစပ် သင်ပြွန်းလမ်းခွဲအနီး၌ ရုပ်အလောင်း ၂ လောင်းနှင့် ရွာကြီးကျေးရွာအနောက်ဘက် သူကြီးကန်အနီး၌ ရုပ်အလောင်း ၂ လောင်း စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာ ၉ ရက်နေ့က ရွာသစ်ကျေးရွာသို့ ဝင်ရောက်ခဲ့သည့် အင်အား ၆၀ ခန့်ပါ တပ်မ ၈၈ လက်အောက်ခံ စစ်တပ်နှင့် ပျူစောထီးအဖွဲ့က ယင်းကျေးရွာသားများကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ပြီး ရုပ်အလောင်းများအား နေရာ ၃ နေရာခွဲ၍ စွန့်ပစ်ခဲ့ကြကြောင်းလည်း သိရသည်။

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တဦးက “သူကြီးကန်နားမှာ တွေ့တဲ့အလောင်းတွေက ရွာသစ်ကနေ စစ်တပ်က ဖမ်းခေါ်သွားတဲ့ NLD ပါတီဝင်တွေဖြစ်တဲ့ ကိုအောင်နိုင်ဝင်းနဲ့ ကိုဇော်နိုင်ဝင်းတို့ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်၊ တွေ့ရတဲ့ ရုပ်အလောင်း ၆ လောင်းလုံးက ရွာသစ် ရွာသားတွေပါ၊ ရွာသစ်ရွာကို ဝင်ခဲ့တဲ့ စစ်ခွေးတွေက ရွာကို ပိတ်ဆို့ ပြီး အိမ်တွေကိုလည်း ဖျက်ဆီး မီးရှို့တာတွေ လုပ်ခဲ့ကြသေးတယ်” ဟု ပြောသည်။

ဒီဇင်ဘာ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားသော နွားထိုးကြီးနယ်၊ မင်းရွာကျေး ရွာမှ ဦးကျော်ဆောင် (၆၃ နှစ်)၊ ဦးခင်မောင်စိန် (၆၃ နှစ်)၊ ဦးဟန်တင်(၄၂ နှစ်)၊ ကိုမင်းဇော်နှင့် ဒေသခံများဖြစ် သည့် ကိုစိုးပိုင်(၃၇နှစ်)၊ ကိုအောင်ကိုမင်း (၁၇ နှစ်)တို့အား သီတာယုမွန် ခေါင်းဆောင်သော မြင်းခြံပျူစောထီးအဖွဲ့က ညပိုင်း၌ နေအိမ်များတွင် ဝင်ရောက်ဖမ်းဆီးပြီးနောက် ဦးခေါင်းအား သေနတ်ဖြင့် တေ့ပစ်သတ်ကာ မင်းရွာနှင့် ကူကုန်း ကျေးရွာကြား ဇရပ်အနီးတွင် ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။

တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တဦးက“မင်းရွာထဲကို မြင်းခြံ သီတာယုမွန် ခေါင်းဆောင်တဲ့ ပျူတွေ ကား ၂ စီးနဲ့ ဝင်လာပြီး နာမည်စာရင်းနဲ့လိုက်ပြီး ဖမ်းခေါ်သွား ကြတာ၊ ပြီးတော့ ၃ ယောက် တတွဲစီနဲ့ ခေါင်းကို တေ့ပစ်သတ်သွားကြတာ၊ ဒါဟာ အရပ်သားတွေအပေါ်ကို ရက်ရက်စက်စက် ကျူးလွန်တာမျိုးပဲ၊ မျှော်လင့်လို့ မရပေမယ့် ဘယ်သူပဲလုပ်လုပ် ထိရောက်တဲ့ အရေးယူမှုမျိုးတော့ ရှိစေ ချင်တယ်”ဟု ပြောသည်။

ယင်းကဲ့သို့ သတ်ဖြတ်ခြင်းများအပြင် ဒီဇင်ဘာ ၁၀ ရက် မနက် ၃ နာရီခန့်ကလည်း နွားထိုးကြီးမြို့နယ်၊ အမှတ် (၇) ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးစိန်ကျော်မိုး ပိုင်ဆိုင်သော အောင်ပန်းဝေ ဘော်ဒါ ကျောင်းသားသီးသန့်ထားသော နှစ်ထပ်အဆောင်ကိုလည်း စစ်ကောင်စီမှ မီးရှို့ ဖျက်ဆီးသွားသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
29
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
45

ထို့အတူ ဒီဇင်ဘာ ၆ ရက်နေ့တွင် ထိန်ပန်းရွာအနီး၌ စစ်ကောင်စီတပ်များနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ထိန်ပန်းကျေးရွာမှ ရွာလုံးကျွတ် ထွက်ပြေးနေရချိန်တွင် ကျောက်ကန်ကျေးရွာမှ ပျူစောထီးလှမိုး၊ လယ်သစ်ကျေးရွာမှ ပျူစောထီး ငပေါက်တို့ ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းမှ တန်ဖိုးကြီးပစ္စည်းများကို ခိုးယူ သယ်ဆောင်သွား ကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် PDF အဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲပြီး ပျူစောထီးအဖွဲ့များက ဖမ်းဆီးသွားသော ဆုံရွာကျေးရွာမှ ကိုဉာဏ်မြင့်ဆိုသူမှာ မြင်းခြံထောင် စစ်ကြောရေးတွင် သေဆုံးခဲ့ရပြီး သေဆုံးကြောင်းကို တပတ်ကျော်အကြာမှ မိသားစုထံ အသိပေးအကြောင်းကြားခဲ့ကြောင်း၊ ဖမ်းဆီးခံရမှုတွင် ပါဝင်ခဲ့သော ဆုံရွာကျေးရွာမှ ကိုသက်၊ ကိုကျော့၊ ကိုစောတိုးအေး၊ ကွေ့ကြီးကျေးရွာမှ ကိုမြင့်ဌေး၊ ကိုငွေမြင့်တို့ကို ဆက်လက် ဖမ်းဆီးထားပြီး အကြမ်ဖက်မှု တိုက်ဖျက်ရေး ဥပဒေများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးနယ်တွင် ယခုနှစ် အောက်တိုဘာလဆန်းပိုင်းမှ ဒီဇင်ဘာလ ၁၉ ရက်နေ့ထိ ပျူစောထီး၊ သွေးသောက်အဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်ခံရသည့် NLD ပါတီဝင်များနှင့် ဒေသခံပြည်သူ ၃၀ ကျော်ထိ ရှိကြောင်း ဒေသတွင်း ကောက်ယူထားသော စာရင်းများအရ သိရသည်။

You may also like these stories:

NLD ပါတီဝင်များ ဆက်တိုက် သတ်ဖြတ်ခံနေရ

ပျူစောထီးသင်တန်းတက်ရန် ကန့်ဘလူဒေသခံများ ဖိအားပေးခံနေရ

ကန့်ဘလူနယ်မှ NLD ထောက်ခံသူတို့၏ အိမ်များ ပျုစောထီးများ ချိပ်ပိတ်

ကန့်ဘလူ မင်းကုန်း(ခ) ရွာတွင် ပျုစောထီးများက ဆက်ကြေးကောက်နေဟုဆို

Your Thoughts …
Tags: NLD ပါတီဝင်နွားထိုးကြီးပျူစောထီးရုပ်အလောင်းသတ်ဖြတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

by စွယ်တော်
23 May 2025
20k

ထိုမကျေနပ်မှုကြောင့် မိတ္ထီလာပြည်သူ့စစ်က ရုပ်သံကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပြီး မေလ ၂၂ ရက်တွင် မိတ္ထီလာပြည်သူ့စစ် ၁၇ ဦး နုတ်ထွက်တော့မည့်အကြောင်းလည်း ထွက်ပေါ်လာသည်။

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

by ဧရာဝတီ
28 July 2023
17k

ဒေသ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေ စိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထား လာကြတာလည်း ဖြစ်ပါတယ်။

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

by ဝတ်ရည်ခိုင်မာ
7 February 2025
12.5k

တကယ်တမ်းတွင် လက်ရှိ မြန်မာပြည်၌ ကျားဖြန့်များ ရှိနေသည်မှာ စစ်တပ် အုပ်ချုပ်နေသည့် နေရာများဖြစ်၏။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

Next Post
TNLA ကို စစ်ကိုင်းလို သွားလုပ်လို့ မရဘူး (ရုပ်/သံ)

TNLA ကို စစ်ကိုင်းလို သွားလုပ်လို့ မရဘူး (ရုပ်/သံ)

မန္တလေး ပဲနှမ်း ကုန်စည်ဒိုင်  / ဧရာဝတီ

ယခုနှစ် ပဲပေါ်ချိန်တွင် ဈေးကွက်ဝင်ရောက်မှု ထက်ဝက်ကျော် လျော့ကျ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved