• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးတွင် တပတ်အတွင်း ရှေ့နေ ၅ ဦး ဖမ်းခံရ

by ဧရာဝတီ
14 February 2023
in သတင်း
A A
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မန္တလေးမြို့ပေါ်တွင် မြင်တွေ့ရသည့် ဆန္ဒပြပွဲများ / ဧရာဝတီ

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မန္တလေးမြို့ပေါ်တွင် မြင်တွေ့ရသည့် ဆန္ဒပြပွဲများ / ဧရာဝတီ

2.3k
VIEWS
Share on FacebookShare on Twitter

မန္တလေးတွင် နိုင်ငံရေးအမှုများအား လိုက်ပါဆောင်ရွက်နေသည့် အလုပ်သင်ရှေ့နေ ၁ ဦး အပါအဝင် ရှေ့နေ ၅ ဦးကို ယခု တပတ်အတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်း ထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းအောင်၊ အထက်တန်းရှေ့နေ ဦးဝင်းကျော်စိုး၊ ဒေါ်ယဉ် မာဝင်းနှင့် အမည်စုံစမ်းဆဲ အထက်တန်းရှေ့နေနှင့် အလုပ်သင်ရှေ့နေ အမျိုးသမီး ၂ ဦးတို့ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်က ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် တရားလွှတ်တော်ရှေ့နေတဦးက ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
1
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
6
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
22

၎င်းက “နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးခံရသူတွေဘက်ကနေ လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေပါ။ ဘာကြောင့် ဖမ်းတယ် ဆိုတာ အတိအကျတော့မသိဘူး။ အမှုလိုက်ရှေ့နေ ကိုသန်းထွန်းအောင်၊ စာချုပ်ရှေ့နေ မယဉ်မာဝင်းနဲ့ အထက်တန်းရှေ့နေ ကိုဝင်းကျော်စိုးတို့က ချမ်းအေးသာစံခရိုင်တရားရုံးကို အမှုစစ်ဖို့အသွားမှာ အဖမ်းခံလိုက်ရတာ။ နောက် နှစ်ယောက်က မဟာအောင်မြေတရားရုံးကနေ အထွက်မှာ အဖမ်းခံလိုက်ကြရတာ” ဟု ဆိုသည်။

အဆိုပါ တရားရုံးများရှေ့ အိမ်စီးကားဖြင့် ရောက်လာသည့် အရပ်ဝတ်များက ၎င်းတို့ ၅ ဦးကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ် ကြောင်းနှင့် ဖမ်းဆီးသည့် အကြောင်းအရင်းကို မသိရှိရသေးသလို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို လည်း မသိရှိရသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

အထက်တန်းရှေ့နေများမှာ စစ်လော်ဘီများ၏ ချောက်တွန်းမှုကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ တပတ်အတွင်း ရှေ့နေ ၅ ဦး ဖမ်းဆီးခံရခြင်းမှာ စစ်ကောင်စီ အနေဖြင့် နိုင်ငံရေးအမှုများအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများအပေါ် ပစ်မှတ်ထားလာခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံရသည့် အထက်တန်းရှေ့နေအမျိုးသမီးနှင့် နီးစပ်သူတဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သည် ဟုဆိုကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ ၅၀၅(ခ)၊ ၁၂၄(က)၊ အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေ စသည့် နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုခံရသူများအတွက် လိုက် ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများ ပစ်မှတ်ထား ဖမ်းဆီးခံလာရခြင်း ဖြစ်ပြီး ထိုသို့ ဖမ်းဆီးရာတွင်လည်း သက်ဆိုင်ရာ တရားရုံးများမှအပြန်တွင် စောင့်ကြိုဖမ်းဆီးခြင်းမျိုး ဖြစ်ကြောင်းလည်း မန္တလေးရှေ့နေအသိုင်းအဝိုင်းက ဆိုသည်။

နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေကြီး တဦးကလည်း “အခုက နိုင်ငံရေးအမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတိုင်းကို ပစ်မှတ်ထားလာတာမျိုးပေါ့။ အချို့ နိုင်ငံရေးအမှုတွေက အကြောင်းမဲ့ အဖမ်းခံကြရတာမျိုးတွေ ဆိုတော့ ရှေ့နေတွေက အမှုလိုက်တဲ့အခါမှာ အပြစ်မရှိကြောင်း ပေါ်လွင်အောင် ဥပဒေ အကိုး အကားတွေနဲ့ ချေပတာမျိုးတွေ လုပ်ရတယ်။ ဆိုလိုချင်တာက အမှုက လွှတ်ပေးရမယ့် အနေအထားမျိုးထိ ဖြစ်လာတော့ အမှုဆက်လိုက်လို့ မရအောင် အခုလိုမျိုး ဖမ်းလိုက်ကြတာပေါ့” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “နောက်တခုက နိုင်ငံရေးအမှုတွေကို လိုက်တဲ့အခါ တရားခံလို့ စွပ်စွဲခံရသူမှန်သမျှ ထောင်ချခံနေရ တယ် ဆိုပေမယ့် ရှေ့နေပါတဲ့အတွက် အမှုနဲ့သက်ဆိုင်တဲ့ ထွက်ဆိုချက်တွေ၊ စာရွက်စာတမ်းတွေ မိတ္တူကူးလို့ရတယ်။ အဲဒီ လိုမျိုးတွေက နောင်တချိန်အတွက် သမိုင်းမှတ်တမ်းတွေဆိုတော့ အဲဒါတွေပါ လက်စဖျောက်ချင်လို့ ရှေ့နေတွေကို ပစ်မှတ် ထားလာတယ်လို့ သုံးသပ်ရမှာပေါ့” ဟု မှတ်ချက်ပြုသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ရှေ့နေများအား ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် အဆက်အသွယ်ရှိပြီး ကူညီထောက်ပံ့ ခြင်းများ ပြုလုပ်မှုကြောင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များ၌ သတင်းဖြန့်ဝေလျက် ရှိသည်။

ပြီးခဲ့သည့်နှစ် ဇွန် ၂၉ ရက်ကလည်း အိုးဘိုထောင်တွင်း တရားရုံးတွင် ပုဒ်မ ၅၀၅-က ဖြင့် တရားရင်ဆိုင်နေရသူများ၏ အမှုအား လိုက်ပါဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးသုတ၊ ဦးတင်ဝင်းအောင်၊ ဒေါ်သဲစုနိုင်တို့လည်း ထောင်တွင်းတရားရုံးမှ ပြန်အထွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသလို ဇူလိုင် ၂ ရက်ကလည်း တရား လွှတ်တော်ရှေ့နေများ ဖြစ်သည့် ဦးအောင်မင်းသူနှင့် ဒေါ်သန်းသန်းလွင်တို့ကို ၎င်းတို့၏ နေအိမ်များတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးခဲ့သေးသည်။

ထို့ပြင် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်သည်လည်း ပြီးခဲ့သည့်နှစ် ဧပြီ ၂၇ ရက်တွင် မန္တလေးအိုးဘိုထောင် အတွင်းရှိ အထူးတရားရုံး၌ ဒေါက်တာဇော်မြင့်မောင်၏ အမှုအား ရုံးထုတ်စစ်ဆေးပြီးအပြန်၌ ဖမ်းဆီးခံခဲ့ရပြီးနောက် ဒီဇင်ဘာ ၂၈ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပုဒ်မ ၅၀(ည) ဖြင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရသည်။

လက်ရှိ အခြေအနေတွင် မန္တလေးမြို့၌ ဖမ်းဆီးခံရသည့် ရှေ့နေ ၂၀ ကျော်ထိ ရှိပြီဖြစ်ကာ အများစုကို ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တသက်တကျွန်းထိ ချမှတ်ခံရနိုင်သည့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) ဖြင့် တရားစွဲထား သလို အချို့အား စွပ်စွဲခံရသည့် ပုဒ်မများ၏ အမြင့်ဆုံး ပြစ်ဒဏ်များဖြင့် အမိန့်ချမှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ရှေ့နေဒေါ်ရွက်နုအောင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်

ဖိနှိပ် ခြိမ်းခြောက်မှုများကြားက ကာကွယ်ပေးသူ ရှေ့နေများ

အမှုကို ကိုယ်တိုင်ခုခံချေပသွားမည်ဟု ရှေ့နေဒေါ်ရွက်နုအောင်ဆို

PDF ထောက်ပံ့သည်ဆိုကာ ရှေ့နေဒေါ်ရွက်နုအောင်ကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်

Your Thoughts …
Tags: စစ်ကောင်စီနိုင်ငံရေးအမှုမန္တလေးရှေ့နေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပြည်သူကို သတ်လို့ မသေရင် ငတ်သေအောင် လုပ်နေတာ (ရုပ်/သံ)

ပြည်သူကို သတ်လို့ မသေရင် ငတ်သေအောင် လုပ်နေတာ (ရုပ်/သံ)

အသတ်ခံရသည့် ထိုင်းမိသားစု အလောင်းများ / Thai PBS World

ထိုင်းမိသားစု အသတ်ခံရမှု သံသယရှိသူ မြန်မာ ၃ဦးအား အပူတပြင်း ရှာဖွေနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved