• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အတိုက်အခံခေါင်းဆောင်ကို ကမ္ဘောဒီးယားအစိုးရ ထောင်ဒဏ် ၂၇ နှစ် ချ

by ဧရာဝတီ
6 March 2023
in သတင်း
A A
၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့က ဖနွမ်ပင်တွင် တရားရုံးသို့လာစဉ် မီဒီယာများကို နုတ်ဆက်နေသည့် အတိုက်အခံခေါင်းဆောင် မစ္စတာ ခမ်ဆိုခ / AFP

၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့က ဖနွမ်ပင်တွင် တရားရုံးသို့လာစဉ် မီဒီယာများကို နုတ်ဆက်နေသည့် အတိုက်အခံခေါင်းဆောင် မစ္စတာ ခမ်ဆိုခ / AFP

2.5k
VIEWS
Share on FacebookShare on Twitter

ထင်ရှားသော ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် မစ္စတာ ခမ်ဆိုခကို နေအိမ်အကျယ်ချုပ် နှစ်ရှည်ထောင်ဒဏ် ချမှတ်မှုအပေါ် နိုင်ငံတကာ ဝေဖန်ချက်များအား ကမ္ဘောဒီးယားအစိုးရက ပယ်ချလိုက်သည်။

ထင်ရှားသော ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် မစ္စတာ ခမ်ဆိုခကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် နေအိမ်တွင် ထောင်ဒဏ် ၂၇ နှစ် ချမှတ်လိုက်သည်။ မတ်လ ၃ ရက်နေ့တွင် အမိန့်ချသည့် ထိုအမှုသည် နိုင်ငံရေးပယောဂ မကင်းသည့် အမှုဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စုက ရှုတ်ချထားသည်။

အသက် ၆၉ နှစ်အရွယ် မစ္စတာ ခမ်ဆိုခကို ရွေးကောက်ပွဲဝင်ခြင်းနှင့် မဲပေးခြင်းတို့ကိုလည်း ပိတ်ပင်ကြောင်း မြို့တော် ဖနွမ်ပင်မှ တရားရုံးတွင် တရားသူကြီး ကွိုင်ဆောက်က ပြောသည်။

မစ္စတာ ခမ်ဆိုခကို ထောင်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဩစတြေးလျနှင့် ဗြိတိန်တို့က ပြောကြားထားသည်။

ကမ္ဘောဒီးယားကို ဆယ်စုနှစ် လေးခုကြာ အုပ်ချုပ်ခဲ့သည့် အာဏာရှင် ဟွန်ဆန်ကို ဖြုတ်ချရန် အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်းကြံစည်သည်ဟု စွပ်စွဲပြီး သူ့ကို ၂၀၁၇ ခုနှစ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဖျက်သိမ်းခံထားရသည့် ကမ္ဘောဒီးယားအမျိုးသား ကယ်တင်ရေးပါတီ (CNRP) ကို ဦးဆောင်သူ မစ္စတာ ခမ်ဆိုခက ထိုစွပ်စွဲချက်ကို ပယ်ချသလို အမေရိကန် ပြည်ထောင်စုကလည်း ထိုစွပ်စွဲချက်သည် လုပ်ဇာတ်သက်သက် ဖြစ်သည်ဟု ပြောသည်။

မစ္စတာ ခမ်ဆိုဆ၏ ရှေ့နေအဖွဲ့သည် ထိုစီရင်ချက်ကို အယူခံဝင်မည်ဖြစ်ကြောင်း သူ၏ရှေ့နေတဦးက ပြောသည်။

“သူ့ကို အကျယ်ချုပ်ချထားပြီး သူ့ရဲ့နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေကို လုံးဝရုတ်သိမ်းထားတယ်။ ဒါ တရားမျှတမှု မဟုတ်ဘူး” ဟု ရှေ့နေ အန်းအူဒွမ်က ပြောကြားပြီး နိုင်ငံရေးသမားများကသာ ထိုအမှုကို ဖြေရှင်းနိုင်မည်ဟု ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
391
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
56

တရားရုံးအနီးတွင် ထရပ်ကားများဖြင့် ရဲတပ်ဖွဲ့ဝင် အများအပြားချထားပြီး လုံခြုံရေးတင်းကျပ်ထားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ ဒဗလျူ ပက်ထရစ် မာဖီက ထိုအမှုသည် တရားမျှတမှုကို မျက်ကွယ်ပြုသောအမှုဖြစ်သည်ဟု ပြောသည်။

“ကမ္ဘောဒီးယားနိုင်ငံသားတွေကို လွတ်လပ်စွာ စုဝေး ဆန္ဒထုတ်ဖော်ခွင့်နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထူထောင်ရာမှာ ပါဝင်ခွင့်ပေးဖို့ အာဏာပိုင်တွေကို ကျနော်တို့ တောင်းဆိုတယ်” ဟု တရားရုံးပြင်ပတွင် သတင်းထောက်များကို အမေရိကန်သံအမတ်က ပြောသည်။

တရုတ်နှင့် နီးကပ်သောဆက်ဆံရေးရှိသည့် ကမ္ဘောဒီးယားအစိုးရသည် အမေရိကန် ဝေဖန်မှုများကို ပယ်ချလေ့ရှိသည်။

CNRP ကို ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပိတ်ပင်ပြီး ထိုရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဟွန်ဆန်၏ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) က အနိုင်ရသည်။

ထိုအချိန်မှစတင်ပြီး CNRP ကို အင်အားချိနဲ့အောင် လုပ်ဆောင်ခဲ့ပြီး အဖွဲ့ဝင်အများအပြား ဖမ်းဆီးခံရ၊ နိုင်ငံမှ ထွက်ပြေးနေရသည်။ ထိုလုပ်ရပ်သည် CPP ၏ အာဏာချုပ်ကိုင်မှုကို စိန်ခေါ်မှုများအား တားဆီးဖြိုခွဲခြင်းဖြစ်ကြောင်း အတိုက်အခံများက ပြောသည်။

ကမ္ဘောဒီးယားတွင် ရွေးကောက်ပွဲများ ဇူလိုင်လ၌ ကျင်းပရန်စီစဉ်ထားပြီး အတိုက်အခံများသည် လွန်ခဲ့သောနှစ်တွင် ဖယောင်းတိုင်မီးထွန်းပွဲများ ကျင်းပခဲ့ကာ CNRP အဖွဲ့ဝင်များကို ပြန်လည်စုစည်းခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း မစ္စတာ ဟွန်ဆန်ကို ဝေဖန်သည့် သတင်းဌာနအများအပြားကို ပိတ်ပစ်ခဲ့ပြီး အစိုးဆန့်ကျင်မှုများကိုလည်း ချေမှုန်းခဲ့သည်။

လွန်ခဲ့သောလက မစ္စတာ ဟွန်ဆန်သည် ကမ္ဘောဒီးယားမှ နောက်ဆုံးလက်ကျန် လွတ်လပ်သော သတင်းဌာနများအနက် တခုဖြစ်သော ဒီမိုကရေစီအသံ (Voice of Democracy) ကို ပိတ်ပင်ခဲ့သည်။ ထိုသတင်းဌာနသည် သူနှင့်သူ့သားကို ဝေဖန်တိုက်ခိုက်ပြီး နိုင်ငံကို ထိခိုက်စေသည်ဟု ၎င်းကပြောသည်။

ဇူလိုင်လရွေးကောက်ပွဲတွင် မစ္စတာ ဟွန်ဆန်သည် ရာထူးသက်တမ်း နောက်ထပ် ၅ နှစ် တိုးချဲ့မည်ဟု မျှော်လင့်ရသော်လည်း သူသည် သူ၏အကြီးဆုံးသား ရာထူးဆက်ခံရေးကို ထောက်ခံကြောင်း ယခင်က ပြောခဲ့ဖူးသည်။

သူ၏သား ဟွန်မန်နက်သည် ကမ္ဘောဒီးယား တော်ဝင်တပ်မတော် ဒုတိယအကြီးအကဲနှင့် ပူးတွဲ စစ်ဦးစီးချုပ်ဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ ဝက်စ်ပွိုင့်စစ်တက္ကသိုလ်မှ ကျောင်းဆင်းသူ ဖြစ်သည်။

ကိုးကား ။ ။ Reuters နှင့် Al Jazeera

လွတ်လပ်သော သတင်းဌာနကို ဟွန်ဆန် ပိတ်ပင်

ကမ္ဘောဒီးယား ရွေးကောက်ပွဲ အာဏာရပါတီ နေရာအားလုံး အနိုင်ရဟု ဆို

အတိုက်အခံပါတီဌာနချုပ်ကို သိမ်းပိုက်ရန် ကမ္ဘောဒီးယားတရားရုံး အမိန့်ချ

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သားမက်ဖြစ်သူကို ဒုရဲချုပ် ခန့်အပ်

Your Thoughts …
Tags: CNRPCPPကမ္ဘောဒီးယားခမ်ဆိုခနိုင်ငံတော်သစ္စာဖောက်မှုရွေးကောက်ပွဲဟွန်ဆန်အမေရိကန် ပြည်ထောင်စု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
မတ်လ ၅ ရက်နေ့တွင် လောင်သောမီးသည် တဲအိမ်အနည်းဆုံး ၂,၀၀၀ ကို လောင်ကျွမ်းပြီး လူထောင်ပေါင်းများစွာကို အိုးအိမ်မဲ့ဖြစ်စေသည် / UNHCR

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးအကြီးအကျယ်လောင်

စစ်ကောင်စီနှင့် တရုတ်ကုမ္ပဏီတို့ လေအားလျှပ်စစ်စီမံကိန်း သဘောတူညီမှု လက်မှတ်ရေးထိုးနေစဉ်

စစ်ကောင်စီနှင့်တရုတ်ပေါင်း၍ ရခိုင်တွင် လေအားလျှပ်စစ်ထုတ်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved