• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုက်ပွဲပြင်းထန်ခြင်းနှင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် စစ်အရာရှိသေဆုံးမှု မြင့်တက်

by ဧရာဝတီ
28 April 2023
in သတင်း
A A
နေပြည်တော် စစ်ရေးပြပွဲတခု

နေပြည်တော် စစ်ရေးပြပွဲတခု

12.1k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ခုခံတော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုများအတွင်း ရွေးကောက်ပွဲ အရာရှိတဦးနှင့် စစ်တပ် တပ်မှူးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးသည်။

ဧပြီလ ၂၁ ရက်နေ့မှ ၂၃ ရက်အတွင်း အဆင့်မြင့် ရွေးကောက်ပွဲအရာရှိတဦးနှင့် အခြားအရာရှိတဦး ရန်ကုန်တွင် သတ်ဖြတ်ခံရပြီး လက်ရှိတာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိ ၄ ဦးသည် ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးကြောင်း မီဒီယာသတင်းများနှင့် ခုခံတော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ဒုဗိုလ်မှူးကြီးဟောင်း စိုင်းကျော်သူကို စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ရန်ကုန်ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့က ဧပြီလ ၂၂ ရက်နေ့တွင် ပစ်သတ်လိုက်သည်။ စစ်ကောင်စီက ထိုတိုက်ခိုက်မှုကို စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက ပြုလုပ်ခြင်းဖြစ်ကြောင်း အတည်ပြုသည်။

စိုင်းကျော်သူသည် စစ်ကောင်စီခန့် UEC ဥက္ကဌ ဦးသိန်းစိုး၏ ညာလက်ရုံးဖြစ်သည်။ အရပ်သားသမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်တပ်က တရားစွဲဆိုရာတွင် စိုင်းကျော်သူသည် အရေးပါသည့် သက်သေတဦးဖြစ်သည်။

ရန်ကုန်တွင် စိုင်းကျော်သူ အသတ်ခံရသည့် တနေ့တည်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ကာရာအိုကေတခုကို ဝင်ရောက် စီးနင်းပြီး စစ်ကောင်စီ ဗိုလ်မှူးတဦးနှင့် ၎င်းနှင့်အတူ လိုက်ပါလာသူ ၄ ဦးကို ပစ်သတ်ခဲ့သည်။

အသတ်ခံရသူများမှာ ဗိုလ်မှူး ဇော်မောင် ခေါ် ဇော်မှိုင်း၊ သူ၏ အမျိုးသမီးအဖေါ်၊ ရဲအရာရှိတဦးနှင့် သူ၏ဇနီးနှင့် ဒေသခံ ကျောက်စိမ်းစီးပွားရေးသမား ၂ ဦးဖြစ်ကြောင်း ခုခံတော်လှန်ရေး အင်အားစုများက ဗိုလ်မှူး ဇော်မောင်ပုံနှင့်တကွ ထုတ်ပြန် ကြေညာထားသည်။

“ဗိုလ်မှူး ဇော်မောင်က တပ်မ ၃၃ က။ သူက အကျင့်ပျက်ခြစားပြီး လွန်ခဲ့တဲ့ တနှစ်လောက် ကတည်းက ကျောက်စိမ်း တူးတဲ့ကိစ္စမှာ ပါဝင်နေတယ်။ ငွေလည်း အရမ်းရတယ်” ဟု ဖားကန့်မှ KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုပြောသည်။

မြို့ပြဒေသများတွင် အရာရှိများ ပိုမို ပစ်မှတ်ထားခံနေရချိန်တွင် စစ်ကောင်စီတပ်များသည် ရှေ့တန်း စစ်မျက်နှာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs) နှင့် PDFများနှင့် ဖြစ်ပွားသော မကြာသေးမီက တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးခဲ့ရသည်။ ထိုသေဆုံးမှုများတွင် အရာရှိ အများအပြားလည်း ပါဝင်သည်။

ဧပြီလ ၂၁ ရက်နေ့တွင် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် (PPDF) သည် ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ် အနီးတွင် စစ်ယာဉ်တန်းတခုကို ခြုံခိုတိုက်ခိုက်သောကြောင့် စစ်ဗိုလ်တဦးနှင့် စစ်သားတဦး သေဆုံးပြီး ဗိုလ်မှူးတဦးနှင့်အခြား ၂ ဦးလည်း ဒဏ်ရာအပြင်းအထန် ရသည်ဟု PPDF ကပြောသည်။

တချိန်တည်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ် PDF တပ်များသည် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားစဉ် စစ်ကောင်စီဘက်က စစ်သား ၂၁ ဦးသေဆုံးသည်။ သေဆုံးသူများတွင် ဒု-တပ်ရင်းမှူတဦးပါဝင်ပြီ သူ၏ စစ်အရာရှိ မှတ်ပုံတင်ကဒ်ပြားကို ကြေညာချက်တစောင်နှင့်အတူ ထုတ်ပြန်ခဲ့သည်။

“ကျနော်တို့က စစ်ကောင်စီရဲ့ ရန်ကြီးအောင်၊ညောင်ကုန်း၊ နောင်ကုန်းနဲ့ ကျွန်းစခန်း စခန်းတွေကို တိုက်တယ်။ ဒုတပ်ရင်မှူးတဦးအပါအဝင် စစ်ကောင်စီစစ်သား အနည်းဆုံး ၂၁ ဦး သေတယ်” ဟု ကရင်အမျိုးသား အစည်းအရုံး၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော KNLA လက်အောက်ခံ နွေဦးစစ်သည်တော်များ စစ်ကြောင်းမှ အဖွဲ့ဝင်တဦးပြောသည်။

ထိုနေ့တွင်ပင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး)တို့ နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ် နယ်စပ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်မှူးတဦးနှင့် တပ်ဖွဲ့ဝင်များ သေဆုံးသွားသည်။

သူ၏ ခန္ဓာကိုယ်တွင်တွေ့ရသည့် စစ်မှတ်ပုံတင်အရ သူသည် အမှတ် ၁၄၇ ခြေလျှင်တပ် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြတ်မင်းထွန်းဖြစ်ကြောင်း သိရသည်။ သူသည် သူ့တပ်ရင်း၏ ဗျူဟာစခန်းသို့ ကားမောင်းလာစဉ် PDF များထံမှ ထွက်ပြေးရန်ကြိုးစားရင်း ပစ်သတ်ခံရသည်။

ဧပြီလ ၂၃ ရက်နေ့တွင် ထားဝယ်ခရိုင် PDF တပ်ရင်း ၁၊ ဒရုန်းတပ်ဖွဲ့၊ DRGF ၊ မိုင်းတပ် PDF နှင့် အခြားခုခံတော်လှန်ရေး အင်အားစုများသည် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှ စစ်တပ်စစ်ဆေးရေး စခန်း ၂ ခုကို တိုက်ခိုက်ရာ တပ်ရင်းမှူး တဦးအပါအဝင် စစ်သားအနည်းဆုံး ၁၅ ဦးသေဆုံးသည်။

“အဲဒီတိုက်ပွဲမှာ သေဆုံးသွားတဲ့ အရာရှိအမည်က ခြေလျှင်တပ်ရင်း ၄၀၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်သူဆွေဖြစ်တယ်။ ကျနော်တို့ဘက်က အများအပြားလည်း ဒဏ်ရာရတယ်၊ ဒါပေမယ့် အရာရှိအပါအဝင် စစ်ကောင်စီစစ်သားအများအပြားကို သုတ်သင်ရေး ရည်မှန်းချက် အောင်မြင်ခဲ့တယ်” ဟု ထားဝယ် PDF (DGRF) အဖွဲ့ဝင်တဦးပြောသည်။

You may also like these stories:

စစ်ကောင်စီတပ်က ကြောက်နေရတဲ့ ဒရုန်းတိုက်ခိုက်မှုများ

ပဇီကြီးရွာတဝိုက် တပတ်ကြာ စစ်ကြောင်းထိုးမီးရှို့ကာ ဒေသခံများကို ဖမ်းဆီး

လှူဒါန်းထားသော သင်္ဘောများကို စစ်တပ်က သုံးနေသောကြောင့် ဂျပန်က ကန့်ကွက်

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
90
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ဖမ်းဆီးခံရသည့် သရက်ချောင်းဒေသခံများ ပြန်လွတ်လာ

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

Your Thoughts …
Tags: EAOPDFစစ်အရာရှိသေဆုံးမှု မြင့်တက်တိုက်ပွဲပြင်းထန်ခြင်းပစ်မှတ်ထား တိုက်ခိုက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
စစ်ကောင်စီတပ် စစ်ကြောင်းထိုး၍ မီးရှို့ခံထားရသည့် စစ်ကိုင်းမြို့နယ်၊ မူးသာကျေးရွာ (ဓာတ်ပုံ- CJ)

စစ်ကိုင်းနှင့် ဝက်လက်နယ်မှ ဖမ်းဆီးခဲ့သူများကို PDF ဟုဆိုကာ စစ်ကြောရေးပို့

Cobra စစ်ကြောင်းသို့ ၂၀၂၂ ခုနှစ်အတွင်းက CDM ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သားတချို့ (ဓာတ်ပုံ- Cobra Column )

သင်္ကြန်အပြီး စစ်ကောင်စီတပ်မှ CDM ဝင်သူ များလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved