• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

နိုင်/ကျဉ်းများအား ထောင်တွင်းအကြမ်းဖက်ဖိနှိပ်မှု ဆိုးရွားလာနေ

by ဧရာဝတီ
2 June 2023
in Human Rights
A A
၂၀၂၀ ခုနှစ်က တွေ့ရသည့် မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို) / ဧရာဝတီ

၂၀၂၀ ခုနှစ်က တွေ့ရသည့် မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို) / ဧရာဝတီ

7k
VIEWS
Share on FacebookShare on Twitter

စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သဖြင့် ဖမ်းဆီးခံခဲ့ရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားများ အပေါ် စစ်ကောင်စီ၏ ထောင်တွင်းအကြမ်းဖက်ဖိနှိပ်မှုများ ပိုမိုဆိုးရွားလာနေကြောင်း နိုင်/ကျဉ်းများအရေး ကူညီဆောင် ရွက်ပေးနေသူများက ပြောသည်။

မေ ၁၈ ရက်က တောင်ငူထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀ ဦး ထွက်ပြေးသည့် ဖြစ်စဉ်အပြီး ထောင်တွင်းအကြမ်းဖက် ဖိနှိပ်မှုများ ဆက်တိုက်ပြုလုပ်လာရာ ထိုသို့လုပ်ရန်အတွက်လည်း စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာန အား ညွှန်ကြားချက်ထုတ်ပြန်ကာ ခိုင်စေထားခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ တာဝန်ရှိသူတဦးက “တောင်ငူထောင်ကနေ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ဖောက်ထွက်ပြေးတဲ့အမှုကြောင့် အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှု တွေ ပိုပြီးလုပ်လာတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ရုံးထုတ်ရင် အရင်ကထက် ပိုတင်းကျပ်မှုတွေ လုပ်လာသလို နိုင်ငံရေး အကျဉ်းသားတွေကို ဒေါက်ခတ်ပြီးမှ ရုံးထုတ်တော့တယ်လို့ သိရတယ်။ အဲဒီလိုတွေလုပ်ဖို့ စစ်ကောင်စီက အကျဉ်းဦးစီးဌာ နကို ညွှ့န်ကြားချက်ထုတ်ပြီး ပိုမိုဖိနှိပ်ခိုင်းနေတာ ဖြစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေ ၂၁ ရက်မှစ၍ မေ ၂၄ ရက်အတွင်း မြင်းခြံထောင်မှ နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်ဇင်ဦး၊ ကိုဥက္ကာ၊ ကိုအောင်မျိုးသန့်၊ ကိုကျော်မျိုးတင့်၊ ကိုဇော်လှိုင်း၊ ကိုစိုးရာဇာထွန်းလွင်၊ ကိုမင်းရဲထွေး(ခ)ကိုမင်းသွေး၊ ကိုကျော်စိုးတင့်တို့ကို အသုတ်လိုက်ခွဲ၍ ခေါ်ထုတ်သွားပြီးနောက် ထောင်ပိုင်ရုံးခန်းအတွင်း ကြိုးတုပ်ကာ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က “အခုတော့ ခေါ်ထုတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အိပ်ဆောင်တွေထဲ ပြန်ပို့ထားပြီ၊ ကျဆုံးသွားပြီလို့ သတင်းထွက်နေတဲ့ ကိုဥက္ကာလည်း သေလုမျောပါး ရိုက်နှက်ခံရပေမယ့် အသက်သေဆုံးမှုမရှိဘူးလို့ သိရတယ်။ အကုန်လုံးကို ကြိုးတုပ်ပြီး ဒူးဆစ်၊ လက်ဆစ် တွေကို ရိုက်တာလို့ ကြားရတယ်” ဟု ၎င်းရရှိထားသည့် သတင်းအချက်အလက်များကို ကိုးကားပြီး ပြောဆိုသည်။

ထိုသို့ မြင်းခြံထောင်မှ နိုင်ငံရေးအကျဉ်းသားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ထုတ်သွားမှုကြောင့် ကျန်ရှိနေသည့် နိုင်/ကျဉ်းများက မေလ ၂၂၊ ၂၃ ရက်များတွင် အစာငတ်ခံ ဆန္ဒပြခဲ့ကြောင်း၊ ယင်းရက်များ၌ နိုင်/ကျဉ်းများ၏ အိပ်ဆောင် များအား တန်းဖွင့်ပေးခြင်းမရှိဘဲ သော့ခတ်ပိတ်လှောင်ခဲ့သလို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အုတ်ရိုးအတွင်း၌ တပ်စွဲ ထားပြီး လုံခြုံရေးတင်းကျပ်ခဲ့ကြောင်းလည်း သိရသည်။

ခေါ်ထုတ်သွားခဲ့သည့် နိုင်/ကျဉ်းများကို မေလ ၂၈ ရက်နေ့ထိ ခေါ်ယူနှိပ်စက်ပြီးမှ မေလ ၂၉ ရက်တွင် အိပ်ဆောင်များအ တွင်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာများအား ဆေးကုသခွင့်မပေးသလို အခြားနိုင်ငံရေးအကျဉ်းသားများနှင့် ခွဲထုတ်ကာ တိုက်ပိတ်ထားခြင်းများ ပြုလုပ်ထားကြောင်းလည်း ကိုရှင်းသန့်က ဆိုသည်။

ဆက်လက်၍ ၎င်းက “ထောင်ဖောက်ပြေးဖို့ ကြံစည်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခေါ် ထုတ်ပြီး ရိုက်နှက် နှိပ်စက်ခဲ့ကြတယ်။ အိပ်ဆောင်တွေကို ပြန်ပို့တော့လည်း မသေရုံတမယ်နှိပ်စက်ခံရလို့ ရတဲ့ဒဏ်ရာတွေ ကို ဆေးကုခွင့်မရဘူး။ တခြား နိုင်/ကျဉ်းတွေနဲ့ခွဲထုတ်ပြီး တိုက်ပိတ်ထားတယ်လို့ သိရတယ်။ အထဲမှာ ရောက်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေက သူတို့လက်ခုပ်ထဲကရေပါ။ ပေးဆပ်ရတာတွေ အင်မတန်များလွန်းလှပါပြီ။ ပေးဆပ်ရတာတွေ က မတန်မရာတွေချည်းမို့ စကားဝိုင်းမြိန်ရုံပြောနေကြဖို့ မဟုတ်ဘူးဆိုတာ ဦးဆောင်သူတွေ သိစေချင်ပါတယ်” ဟုလည်း ပြောသည်။

လက်ရှိတွင် မြင်းခြံထောင်၌ အိပ်ဆောင်ဖွင့်ချိန်ပိတ်ချိန်များ ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နေပြီး ထောင်လုပ်ငန်းစဉ် များ ပုံမှန်လည်ပတ်နေသော်လည်း ထောင်ဝင်စာလက်ခံပေးမှုအား ၁ လ ပိတ်ထားကြောင်း သိရသည်။

မြင်းခြံထောင်မှ အမည်မဖော်လိုသည့် ထောင်အရာရှိတဦးက “မြင်းခြံထောင်တာဝန်ခံအရာရှိ ဦးတင်ချိုက မင်းတို့ PDF တွေကို ‌စောက်ဂရုမစိုက်လို့လုပ်တာကွာ၊ ဘာဖြစ်ချင်လဲလို့ အမြဲပြောတယ်။ ပြီးတော့ ဦးစီးမှူး ဦးဝင်းကြိုင်ကလည်း မိန်းဂျေးလ်မှာထိုင်ပြီး အပြစ်သေးသေးကြီးကြီး ခေါ်ရိုက်မှာလို့ ပြောထားတယ်။ အရင်ကလည်း ထောင်မှူး မြတ်ကျော်သူက ထောင်ပိုင်က ခွင့်ပြုထားတာ မင်းတို့နိုင်/ကျဉ်းတွေကို ငါ ကြိုက်တာလုပ်လို့ရတယ်လို့ ပြောထားတာတွေရှိတော့ ရှေ့ ဒီထက်ပိုပြီး ဖိနှိပ်မယ့်အနေအထားတွေပဲ” ဟု ဧရာဝတီကို ပြောသည်။

မြင်းခြံထောင်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ တောင်သာတို့မှ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ရှိနေပြီး မန္တလေးအိုးဘိုထောင်နှင့် မုံရွာအကျဉ်းထောင်တို့မှ နိုင်ငံရေးအကျဉ်းသားများကို ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက မြင်းခြံထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “တောင်ငူထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဖောက်ထွက် ပြေးပြီးတဲ့နောက်ပိုင်း ထောင်တွေမှာရှိတဲ့ နိုင်/ကျဉ်းရုံးထုတ်တွေ ပိုပြီးတင်းတင်းကျပ်ကျပ် လုပ်လာကြတယ်။ အဆိုးဆုံးက ဒေါက်ခတ်ပြီးမှ ရုံးထုတ်တဲ့အတွက် နေရတာ ဘယ်လိုမှအဆင်မပြေကြတော့ဘူး။ ပြီးတော့ ထောင်တွင်းတရားရုံးမှာ အမှု စစ်တာဆိုတော့ အမှုလိုက်ပေးတဲ့ရှေ့နေတွေ ထောင်ထဲအဝင်ကတည်းက ဖုန်းတွေသိမ်း၊ စစ်ဆေးတာတွေ လုပ်လာကြ တယ်။ တော်တော်ဆိုးရွာတဲ့ အနေအထားတွေလို့ သုံးသပ်ရမှာပေါ့” ဟု မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်ကလည်း ပဲခူးတိုင်း၊ သာယာဝတီထောင်တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ပုဒ်မ-၄၃၆ တို့ဖြင့် ထောင် ၇ နှစ် ချမှတ်ခံထားရသည့် အသက် ၂၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးဝင်းဆိုသူ သေဆုံးခဲ့ သည်ဟု မိသားစုဝင်များကို ထောင်အာဏာပိုင်များက အကြောင်းကြားခဲ့သော်လည်း ရုပ်အလောင်းပြန်မပေးခဲ့သလို မြင် တွေ့ခွင့်ပင် မရခဲ့ကြောင်း သိရသည်။

ကိုပြည့်ဖြိုးဝင်းသည် အဆုတ်ထဲပိုးဝင်သည့်ရောဂါဖြင့် သေဆုံးခဲ့သည်ဟု ထောင်အာဏာပိုင်များက ပြောဆိုသော်လည်း မိသားစုဝင်များအား ရုပ်အလောင်းပြန်မပေးသည့်အပြင် ကြည့်ခွင့်ပါမရသောကြောင့် ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခြင်း သာဖြစ်နိုင်ကြောင်း ၎င်းတို့မိသားစုနှင့်နီးစပ်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက သုံးသပ်ပြောဆိုသည်။
တောင်ငူထောင်မှ နိုင်ငံရေးအကျဉ်းသားများ ထောက်ဖောက်ထွက်ပြေးသည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် သာယာဝတီထောင် မှ နိုင်ငံရေးအကျဉ်းသား ၉ ဦးအား ထောင်ပြင်ပသို့ခေါ်ထုတ်ကာ ညှဉ်းပန်းနှိပ်စက်ခံရမှုတွင် ကိုပြည့်ဖြိုးဝင်း ပါဝင်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အလားတူ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ ကျိုက်စကောအကျဉ်းထောင်တွင်လည်း မေလ ၂၅ ရက်မှစတင်ကာ နိုင်ငံရေး အကျဉ်းသား၊ အချုပ်သား ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆောင်များအတွင်းမှခေါ်ထုတ်ကာ စစ်ကြောရေး သို့ခေါ်ဆောင်ပြီး ရိုက်နှက် နှိပ်စက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ပဲခူး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “တောင်ငူထောင်ဖြစ်စဉ်နောက်ပိုင်းမှာ ၃ ယောက်တတွဲ စစ်ကြောရေးကို ခေါ် သွားကြတယ်လို့သိရပြီး ဘယ်နေရာမှာဆိုတာတော့ အတိအကျ မသိရသေးဘူး။ ပဲခူးပကဖအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး အဖမ်းခံထားကြရတဲ့သူတွေများတယ်။ ဆက်တိုက်ခေါ်ထုတ်နေတာဆိုတော့ ကျန်တဲ့သူတွေ စိုးရိမ်စိတ်တွေနဲ့ နေနေကြ တယ်လို့ သိရတယ်။ အထဲကသတင်းတွေကို ကြားနေရတဲ့ အပြင်က မိသားစုဝင်တွေ ကလည်း စိုးရိမ်စိတ်ပူနေကြရတယ်” ဟု ပြောသည်။

ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ ၄၀ ကျော်ရှိကြောင်း၊ ထောင် အတွင်းမှစစ်ကြောရေးသို့ ခေါ်ဆောင်သွားခံရသူများအနက် ၃ ဦး သေဆုံးသည်ဟုလည်း သတင်းများထွက်ပေါ်နေရာ မိသားစုဝင်များမှာလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၇၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၇၊ ၂၀၂၆

7 January 2026
83
ကြိုတင်မဲ မသမာမှုတွေကို အရေးမယူဘဲ ကျေအေးလိုက်ကြရ (ရုပ်/သံ)

ကြိုတင်မဲ မသမာမှုတွေကို အရေးမယူဘဲ ကျေအေးလိုက်ကြရ (ရုပ်/သံ)

7 January 2026
68
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
546

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၃ မေလ ၃၁ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၂၂,၈၄၂ ဦးအနက် ၆,၁၁၂ ဦး ထောင်ဒဏ်ချခံထားရသလို ၁၈,၅၂၂ ဦးထိ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ မျက်ကွယ်သေဒဏ်ချခံရသူ ၄၂ ဦး အပါအဝင် ၁၅၆ ဦးထိ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံထားရသည့် သေဒဏ်ချခံရသူ ၁၁၄ ဦးထိ ရှိကြောင်း၊ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ ၃,၅၉၆ ဦး ရှိကြောင်း သိရသည်။

You may also like these stories:

မြင်းခြံထောင်မှ ခေါ်ထုတ်သွားသည့် နိုင်/ကျဉ်းများ၏ အသက်အန္တရာယ် စိုးရိမ်နေရ

နာမည်ဆိုးနဲ့ ကျော်တဲ့ အိုးဘိုးထောင်

အင်းစိန်ထောင် ပေါက်ကွဲမှုအပြီး နိုင်/ကျဉ်းများ အငြိုးထားဖိနှိပ်ခံရ

မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများ နှိပ်စက်ခံနေရ

Your Thoughts …
Tags: AAPPစစ်ကောင်စီထောင်တွင်းအကြမ်းဖက်ဖိနှိပ်မှုနိုင်ငံရေးအကျဉ်းသား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ချင်းအမျိုးသား တပ်မတော်(CNF/CAN ) တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ် / CNF Headquarters

CNF ဌာနချုပ်ကို စစ်ဆင်ရေးလုပ်ရန် စစ်ကောင်စီ ပြင်ဆင်နေဟုဆို

စာရေးဆရာကြီး နန္ဒာသိန်းဇံ

စောင်းတလက်၏ ဒဏ္ဍာရီ

No Result
View All Result

Recommended

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

1 day ago
662

Most Read

  • ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

    ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0
  • အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

    shares
    Share 0 Tweet 0
  • မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved