• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသတွင် လယ်ယာစိုက်ပျိုးရေးများစတင်ရန် အခက်ကြုံနေ

by ဧရာဝတီ
17 June 2023
in သတင်း
A A
မိုခါမုန်တိုင်း ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ကျွဲနွားများ (ဓာတ်ပုံ- ဧရာဝတီ)

မိုခါမုန်တိုင်း ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ကျွဲနွားများ (ဓာတ်ပုံ- ဧရာဝတီ)

4.3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် လယ်ယာစက်ကိရိယာပစ္စည်းများ ရေနစ်မြုပ်ခြင်း၊ မျိုးစပါးများ ပျက်စီးခြင်း၊ ခိုင်းကျွဲနွားသေဆုံးခြင်းတို့အပြင် လယ်ယာမြေများအတွင်း ဆားငန်ရေများ ဝင်ရောက်မှုတို့ကြောင့် ဒေသခံလယ်သမားများ လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

မေလ ၁၄ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်တိုက်ခတ်သွားသည့်အတွက် မြို့နယ်အများစုမှာ ထိခိုက်ပျက်စီးခဲ့ရပြီး လူဦးရေ ရာနှင့်ချီ သေဆုံးခြင်းများ၊ နေအိမ်အဆောက်အအုံများ ပျက်စီးခြင်း၊ ကျွဲနွားများ သေဆုံးခြင်းများလည်း ဖြစ်ပေါ်ခဲ့သည်။

ပေါက်တောမြို့နယ်၊ ခြိမ်ခွေမော်ကျေးရွာမှ တောင်သူ ဦးသန်းဌေးက “ကျနော်တို့ဆီမှာတော့ အများစု လယ်မထွန်နိုင် ကြသေးဘူး။ လယ်ထွန်စက်ရှိတဲ့သူတွေမှာလည်း ရေနစ်သွားလို့ ပြန်ပြုပြင်နေကြတယ်။ စက်အပိုပစ္စည်းတွေလည်း ဈေးတွေကြီးလို့ တချို့လည်း မပြင်နိုင်ကြသေးဘူး။ တချို့လည်း မုန်တိုင်းမှာ ကျွဲ၊ နွားတွေ သေဆုံးသွားလို့ လယ်ထွန်ဖို့ ကျွဲ၊ နွား ဝယ်ယူဖို့ လိုက်ရှာနေကြတုန်းပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ပင်လယ်ကမ်းနှင့်နီးသော ပေါက်တောမြို့နယ်၌ လယ်မြေအများစု ဆားငန်ရေ ဝင်ရောက်ခြင်း၊ ဒေသခံများ၏ ငါးဖမ်းလှေများမှာလည်း ထိခိုက်ပျက်စီးသွားသည့်အတွက် စားဝတ်နေရေး တွင် ဘက်ပေါင်းစုံ အကျပ်ရိုက်လျက်ရှိကြောင်း ပေါက်တောမြို့နယ် ဒေသခံများက ပြောသည်။

အလားတူ ရသေ့တောင်မြို့နယ်တွင်လည်း မုန်တိုင်းကြောင့် မြို့နယ်တခုလုံးရှိ လူနေအိမ် ၉၀ ရာခိုင်နှုန်းအထိ ထိခိုက် ပျက်စီးသွားသလို ကျွဲ၊ နွားများလည်း သေဆုံးခဲ့သည့်အတွက် မုတ်သုံမိုးဝင်ရောက်သော်လည်း လယ်ယာလုပ်ငန်း မစတင်နိုင်သေးကြောင်း ရသေ့တောင်မြို့နယ်၊ စေတီတောင်ကျေးရွာမှ တောင်သူ ဦးမောင်စောဝင်းက ပြောသည်။

၎င်းက “အဓိကတော့ မုန်တိုင်းမှာ လူတိုင်းလိုလို အိမ်ပျက်စီးသွားတဲ့အတွက် လယ်ကွင်းကို လှည့်မကြည့်နိုင်သေးဘူး။ မိုးကလည်း ရွာလာပြီဆိုတော့ လူတွေက အိမ်ပြန်ဆောက်ဖို့ကိုပဲ ဦးစားပေးနေရတာပေါ့။ အိမ်တွေက ပြားပြားဝပ်သွား တော့ အိမ်ဆောက်တဲ့စရိတ်၊ နောက်တခါ လယ်တဲတွေဆိုလည်း အသစ် ပြန်ဆောက်ကြရတယ်ဆိုတော့ ကုန်ကျမှုက တော်တော်များတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်တွင် လူပေါင်း ၃၀ ကျော်အထိ သေဆုံးခဲ့ရပြီး ကျွဲ၊ နွားတိရစ္တာန် သေဆုံးမှုမှာလည်း ထောင်ချီရှိကာ ကျေးရွာအတွင်းတည်ရှိသည့် စပါးကြိတ်စက်မှာလည်း အားလုံးနီးပါး ပျက်စီးသွားခဲ့ ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဆန်စပါး အများစု ထွက်ရှိသည့် မြောက်ဦးမြို့နယ်တွင်လည်း မုန်တိုင်းကြောင့် လယ်ယာ စက်ကိရိယာများနှင့်အတူ မျိုးစပါးများထားရှိသည့် စပါးကျီများ ပြိုလဲပျက်စီးသွားသည့်အတွက် တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းခွင်သို့ ဝင်ရောက်ရန် အခက်ကြုံတွေ့နေရကြောင်း မြောက်ဦးမြို့နယ်၊ ကန်စောက်ကျေးရွာမှ တောင် သူ ဦးစိုးနိုင်က ပြောသည်။

၎င်းက “အခက်အခဲကတော့ ဘက်ပေါင်းစုံပါပဲ၊ အဲဒီအထဲမှာ မျိုးစပါးက အဓိက ပြဿနာပေါ့။ မျိုးစပါးထားတဲ့ စပါးကျီ တွေ အကုန်လုံးနီးပါး ပြိုလဲပြီးတော့ မိုးစိုသွားတယ်။ လူတိုင်းနီးပါး မျိုးစပါးက မရှိကြတော့ဘူး။ လိုက်ဝယ်မယ်ဆို လည်း ရှာမရဘူး။ တချို့ကတော့ မိုးစိုသွားတဲ့ မျိုးစပါးတွေကို နေလှန်းပြီးတော့ သိမ်းထားကြတယ်။ မျိုးအောင်မလား၊ မအောင်ဘူးလား ဆိုတာတော့ မသေချာဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းပြင် ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးဘဏ်က ၁ ဧက ကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ထုတ်ချေးသည့် စိုက်ပျိုးရေး ချေးငွေမှာ ပြီးခဲ့သော၂၀၂၀ ပြည့်နှစ် နောက်ပိုင်းကတည်းက စစ်ပွဲဒဏ်၊ ကိုဗစ်ဒဏ်ကြောင့် တောင်သူ ၈၀ ရာခိုင်နှုန်း ကျော်အထိ ပြန်လည် မပေးသွင်းနိုင်သဖြင့် ချေးငွေမရတော့ဘဲ အမည်ပျက်စာရင်းသွင်းခြင်းခံထားရကြောင်းလည်း လယ်သမားများက ဆိုသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအဖွဲ့မှ ဥက္ကဋ္ဌ ဦးကျော်ဇံကလည်း ရခိုင်ပြည်နယ်အတွင်း၌ တနှစ်ထက် တနှစ် စပါးစိုက်ဧကလျော့ကျလာမှုနှင့်အတူ စပါးအထွက်နှုန်းမှာလည်း တဖြည်းဖြည်းကျဆင်းလာနေသည့် အချိန်တွင် ယခု မိုခါမုန်တိုင်းကြောင့် စပါးအထွက်နှုန်း ထပ်မံပြီး ကျဆင်းလာနိုင်ခြေရှိကြောင်း သုံးသပ်ပြောဆိုသည်။

၎င်းက “မုန်တိုင်းကြောင့် လူတွေနေစရာ မရှိကြတော့ဘဲ အခက်အခဲ ဖြစ်နေတဲ့အချိန် လယ်ယာလုပ်ငန်းမှာ ရင်းနှီး မြှုပ်နှံဖို့ ဆိုတာ မလွယ်ကူတော့ဘူး။ ကျွဲ၊ နွားတွေ မရှိကြတော့ဘူး။ မျိုးစပါးတွေ မရှိကြတော့ဘူး။ တောင်သူတွေ စပါး တော့ တတ်နိုင်သလောက် စိုက်ပျိုးကြလိမ့်မယ်။ ဒါပေမယ့် သူတို့မှာရှိတဲ့ လယ်ယာမြေတွေကို အပြည့်အဝတော့ စိုက် နိုင်ကြမှာ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ဧက ၁၀ သိန်းကျော်ရှိကာ စပါးအထွက်နှုန်း တင်းသိန်းပေါင်း ၇၀၀ ကျော်ထွက်ရှိ ကြောင်း စာရင်းပြုစုထားသော်လည်း အမှန်တကယ်မြေပြင်ကွင်းဆင်းပြုစုချက်အရ စပါးစိုက်ဧက ၈ သိန်းခွဲကျော်ရှိပြီး စပါးအထွက်နှုန်းမှာလည်း တင်းသိန်းပေါင်း ၄၀၀ အောက်အထိ လျော့ကျနေကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းများအရ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူများအနေဖြင့် စစ်ပွဲဒဏ်၊ ကိုဗစ်ဒဏ်ကို ဆက်တိုက်ခံရမှုနှင့်အတူ ယခု တဖန် သဘာဝဘေးအန္တရာယ်ကိုပါ တပြည်လုံးအတိုင်းအတာဖြင့် ဆိုးဆိုးဝါးဝါး ခံရသည့်အတွက် ပြည်နယ်အတွင်း စပါး အထွက်နှုန်း ထပ်မံ သိသိသာသာ ကျဆင်းလာနိုင်ကာ ဝမ်းစာဖူလုံရေးပါ ထိခိုက်လာနိုင်သည့် အခြေအနေရှိ ကြောင်း လယ်သမားအရေး ဆောင်ရွက်သူများက သုံးသပ် ပြောဆိုသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
0
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
829

You may also like these stories:

မုန်တိုင်းကြောင့် မကွေးတိုင်းတွင် နှမ်းခင်းများ ပျက်စီး

မိုခါမုန်တိုင်းအပြီး တလအကြာ ရခိုင်ပြည်နယ်ကို အငတ်ဘေးနှင့် ပျက်ဆီးမှုများ ခြိမ်းခြောက်နေ

မုန်တိုင်းအလွန် ရခိုင် ပေါက်တောတွင် ဝမ်းလျှောနေကြ

နိုင်ငံတကာအဖွဲ့များ ရခိုင်သို့ သွားလာခွင့်ပိတ်မှု မုန်တိုင်းသင့်ပြည်သူများ အခြေအနေပိုဆိုးနိုင်

မုန်တိုင်းအလွန် ပြန်ရုန်းထဖို့ ကြိုးစားနေရတဲ့ ရသေ့တောင်မြို့နယ်က ဒုံးပိုက်ရွာ

ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်မှ ငါးဖမ်းကျေးရွာများ အကြီးအကျယ် ပျက်စီး

Your Thoughts …
Tags: စိုက်ပျိုးရေးမိုခါမုန်တိုင်းရခိုင်ပြည်နယ်လယ်ယာလုပ်ငန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.2k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
18k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
15k

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်သည် လက်ရှိ ရခိုင်ပြည်တွင် အရှုံးကြီးရှုံးနေ၏။

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

by အေးချမ်းဆု
2 April 2024
14.6k

ရခိုင်စစ်မျက်နှာတွင် စစ်ပွဲရပ်တန့်အောင် ကြိုးစားနေမှုများ ရှိနေသော်လည်း ရက္ခိုင့်တပ်တော်၏ တတိယအဆင့်ထိုးစစ် စတင်နေပြီဖြစ်၏။

Next Post
၂၀၂၃ ခုနှစ် ဧပြီလ နေပြည်တော်သို့ သွားပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့စဉ်

မြန်မာစစ်ခေါင်းဆောင်များနှင့် အာဆီယံ ပြန်ဆက်ဆံရေး သက်တမ်းကုန် ထိုင်းအစိုးရ စီစဉ်

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် / ဧရာဝတီ

ဟိုရှေးရှေးက သတင်းစာ တစောင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved